This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label နိုင်ငံတကာလှုပ်ရှားမှုသတင်းများ(USA Movement News). Show all posts
Showing posts with label နိုင်ငံတကာလှုပ်ရှားမှုသတင်းများ(USA Movement News). Show all posts

Wednesday, February 24, 2010

အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထည့်သွင်းပေးရေး စာပို့တောင်းဆိုသွားမည်

နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

Tuesday, April 29, 2008

စင်္ကာပူတွင် မဲပေးခွင့်ရက်တိုးမြှင့်ကြောင်း တရားဝင်စာကပ်ဖိတ်ခေါ်ထား


စင်္ကာပူနိုင်ငံရှိနအဖစစ်အခွန်ရုံးကတော့ ဂျပန်နိုင်ငံကနအဖစစ်အခွန်ရုံးလို ခိုးကြောင်ခိုးဝှက်မလုပ်ပဲ မဲမပေးရ သေးသောစင်္ကာပူနိုင်ငံရောက်မြန်မာများအတွက် မဲပေးရက်ကိုထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း အခွန် ရုံးဝင်းတံခါးဝတွင် တရားဝင်စာကပ်ထားတယ်လို့သိရပါတယ်။
အခွန်ရုံးဝန်ထမ်းများ၏ပြောဆိုချက်အရ အထက်ကညွန်ကြားသည့်အတိုင်း ဧပြီ ၃၀ ရက်၊ မေ ၁ ရက်နေ့ နှင့် မေ ၂ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟုရေးသားထားသော ကြေညာစာရွက်ကို စင်္ကာပူရှိ မြန် မာအခွန်ရုံးတံခါးဝမှာ ပုံတွင်မြင်ရသည့်အတိုင်း ချိတ်ဆွဲထားပါတယ်။


ဆန္ဒမဲပေးခြင်းကိစ္စများကိုဆောင်ရွက်နေစဉ် သံရုံးလုပ်ငန်းများခေတ္တရပ်ဆိုင်းထားမည်ဖြစ်သောကြောင့် မြန်မာ နိုင်ငံသို့သွားရောက်လိုသည့် ဗီဇာလျှောက်ခြင်း၊ နိုင်ငံသားများအခွန်ဆောင်ခြင်းနှင့် ပတ်စ်ပို့ သက်တမ်းတိုးခြင်း တို့ကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
ထို့ကြောင့် စင်ကာပူရှိမျိုးချစ်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများ ရဲရဲဝံ့ဝံ့နှင့် တက်တက်ကြွကြွသွားရောက် ၍ ကန့်ကွက်ဆန္ဒမဲပေးကြပါရန်တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။
(ကိုးကား-မျိုးချစ်မြန်မာဘလောက်မှ)

Monday, April 28, 2008

စင်ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့် “နိုး” (ကြက်ခြေခတ်) ပေး


ယနေ့ ၂၇၊ ၀၄၊ ၂၀၀၈-တနင်္ဂနွေနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ စင်္ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့်တို့ဟာ အနာဂတ် အမိမြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားစေရန် စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲကို လက်မခံနိုင်ကြောင်း ပြသသည့်အနေဖြင့် “နိုး” တံဆိပ်ပါ အင်္ကျီနီနဲ့ ဦးထုပ်နီတို့ကို ၀တ်ဆင်ကာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးသို့ စည်းကမ်းတကျ သွားရောက်ခဲ့ကြပါတယ်။

သံဃာတော်အချို့ကလည်း ကိုယ်တိုင်မဲပေးခွင့် မရှိပေမဲ့ တရားမျှတမှုရှိစေရန် ကူညီ စောင့် ရှောက်ပေးတော်မူခဲ့ကြပါတယ်။ မျိုးချစ်မြန်မာတို့ စည်းကမ်းရှိသလောက် သံရုံးဝန်ထမ်းတွေရဲ့ မဖွယ် မရာ ပြုမူဆက်ဆံမှုတွေကြောင့် အားလုံးစိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ အထူးသဖြင့် ဆန္ဒမဲ လာရောက်ပေးကြတဲ့ ပြည်သူတွေကို အစပိုင်းတွင် ပတ် (စ်) ပို့-ပါရမယ်ပြောသဖြင့် ပတ် (စ်) ပို့ကို ပြကြပါတယ်။ အဲဒီအခါ အခွန်ဆောင်ထားတဲ့ ပြေစာပြရမယ်-လို့ ဆိုလာပြန်ပါတယ်။ ဒီလိုမျိုး တဖက် က လုပ်နေသလို အချို့သံရုံးဝန်ထမ်းများအနေနဲ့ ခိုးကြောင်ခိုးဝှက် မှတ်တမ်း ဗွီဒီယိုများ ရိုက်ကူးခြင်း၊ စင်္ကာပူရဲကို ကြိုအကြောင်းကြားကာ ရိုက်နှက်ဖြိုခွင်းမဲ့ဟန်ပြင် ဆင်ခြင်း-စသည်ဖြင့် လူတွေကို ခြိမ်းချောက် သွေးတိုးစမ်းခဲ့ပါသည်။
သို့သော် မျိုးချစ်မြန်မာများအနေဖြင့် တဖက်က ယုတ်ကန်းသလို ပြန်လည်မတုံ့ပြန်ပဲ စည်းကမ်းတကျ စိတ်ရှည်လက်ရှည်ဖြင့် ညနေ ၅ နာရီလောက်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါ့ကြောင့် မည်သည့်ဆူမှုမှ မဖြစ်ခဲ့ပဲ အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါတယ်။ မဲမပေးကြရသေးတဲ့ မျိုးချစ် မြန်မာများအနေနဲ့လဲ နောက်နေ့ (၂၈ တနင်္လာနေ့) မှာ ဆက်လက် လာရောက်ပေးကြမယ်-လို့လဲ သိရှိ ခဲ့ရပါတယ်။ အထူးသဖြင့် ဒီနေ့မှာ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့သူတွေဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ကြပါတယ်။
မည်သို့ပင်ဆိုစေ အခုလို စည်းကမ်းရှိကြတဲ့ မျိုးချစ်မြန်မာများအတွက် လေးစား ကျေနပ်မိပါ ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား…..
နီသွေး
(ဧပြီလ ၂၇၊ ၂၀၀၈)

Sunday, April 27, 2008

သီဟိုဠ်ကျွန်းငယ်ပေါ်က လမ်းပြကြယ်

သီရီလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဘလောက်မှ


ခရစ်နှစ်သစ် ၂၀၀၈၊ မြန်မာ့နှစ်သစ် ၁၃၇၀-ပြည့်နှစ် စသည်ဖြင့် နှစ်သစ်မင်္ဂလာအသီးသီး ဆင်နွှဲခဲ့ကြတဲ့အတွက် ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ သွေးများအေးသွားပြီလား.. မေ့များသွားပြီလား-လို့ အတွေး ပွားနေစဉ်…
သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ န အ ဖ-ဖက်ဆစ်စစ်အုပ်စုရဲ့ ၂၀၀၈၊ မေလ (၁၀) ရက်နေ့တွင် ပြုလုပ်မဲ့ မတရားတဲ့“ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း”အတည်ပြုနိုင်ရေးဆန္ဒခံယူပွဲကို ပြည်သူများအနေနဲ့ ကန့်ကွက်မဲ(ကြက်ခြေခတ်)ပေးကြဖို့ ရဲရဲရင့်ရင့် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ကို “lanka.msma.blogspot.com” ကနေကြည့်လိုက်ရတဲ့အခါ အံ့သြဘနန်း ကြက်သီးမွေး ညှင်းထမိသလို ဒီအရှင်မြတ်တွေရဲ့ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို မကြည်ညိုပဲ မနေ နိုင်အောင်ဖြစ်ရပါတယ်။

တကယ်တော့ သာမန်အသိဥာဏ်ကင်းမဲ့သူတွေအမြင်နဲ့ ကြည့်ရင်တော့ “ဒါဟာ ဘုန်းကြီးတွေနဲ့ ဘာဆိုင်လဲ” လို့ တာဝန်မဲ့ ပြောကောင်းပြောပါလိမ့်မယ်။ အဲဒီလို ပြောတဲ့သူရှိမယ်ဆိုရင်တော့ အဲဒီလူဟာ အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်ကိုသာမက မြတ်ဗုဒ္ဓကိုပင်စော်ကားသူ-လို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲ-ဆိုရင် မြတ်ဗုဒ္ဓကိုယ်တိုင် ရောဟိဏီအရေးကို ဖြေရှင်းပေးတော်မူခဲ့ကြောင်း ပိဋကတ်စာပေမှာ အထင်အရှားရှိနေလို့ပါပဲ။ ထို့အတူ မြန်မာ့သမိုင်း အဆက်ဆက်မှာလဲ အရှင် ဒိသာပါမောက္ခ၊ စကြို-သူမြတ်၊ ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရ-စသည့် သာသနာ့ဇာနည် အရှင် မြတ်များမှသည် ဆရာတော် ဦးဇောတိက (မန္တလေး ရဟန်းပျိုဥက္ကဋ္ဌ)၊ ဦးရေ၀တ (သံဃသာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးဂမ္ဘီရ (သံဃာ့တပ်ပေါင်းစု ဥက္ကဋ္ဌ- ယခု မတရားဖမ်းဆီးခံ) တို့ဟာလဲ ဆက်လက်ပြီး သမိုင်းတင်ခဲ့သည် မဟုတ်လော။

ထို့အတူပဲ ပြည်ပမှာဆိုရင် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ကြီး၏ ပဓာနာစေရ)၊ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဆရာတော် ဦးဥတ္တရ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့အတွင်းရေးမှူး [ပြည်ပ])၊ ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ)၊ ဦးဝါသေဋ္ဌ (လက်ရှိ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌ) စတဲ့ ဆရာတော်တွေဟာလဲ အခက်အခဲတွေကြားကနေ တိုင်းပြည်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်နေတော်မူကြသလို နောင်အနာဂတ်မျိုးဆက်သစ် သံဃာတော် အရှင်မြတ်တွေအနေနဲ့လဲ ဆက်လက်လက်ဆင့်ကမ်း ထမ်းဆောင် သွားကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ-လို့ ယုံကြည်မိပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ဆက်စပ်နေတယ်လို့ ဆိုရပါမယ်။ တနည်းပြောရရင် တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောပါတယ်။ နိုင်ငံရေး မတည်ငြိမ်ပဲ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောတဲ့နိုင်ငံ ဘယ်ကမ္ဘာမှာမှ မရှိပါဘူး။ နိုင်ငံရေး မတည်ငြိမ်ခြင်းရဲ့ရလဒ်ကတော့ ပြည်သူတွေ မွဲတေမယ်၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်မယ်-ဆိုတာ မြန်မာနိုင်ငံရဲ့လတ်တလောအခြေအနေက သက်သေခံလျှက်ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုအောက်မှာ ရောက်နေတဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသော်လဲ သူတို့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာ၊ သူတို့ ဘာလုပ်ရ မယ်-ဆိုတာ သိရှိနေကြပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ပြည်သူလူထုဟာ ဘယ်တုန်းကမှ အရွေး မမှားခဲ့သလို အခုလာမဲ့ ၂၀၀၈၊ မေ (၁၀) ရက်မှာ ပြုလုပ်မဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလဲ ပြည်တွေရဲ့ ဦးနှောက်ထဲက မဲပြားလေးတွေဟာ ကြက်ခြေခတ်လေးတွေ ဖြစ်မယ်ဆိုတာကတော့ ဗေဒင်နဲ့ နတ်မေးရင်တောင် အချိန်နဲ့ငွေ ကုန်နေပါဦးမယ်။
အဲဒီလို အခြေအနေကြားမှာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ရဲ့ သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲဟာဖြင့် မြန်မာ့အရေးဟာ သွေးအေးမသွားဘူး။ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ပျောက်ပျက်မသွားဘူး..၊ အမြဲထာဝရရှိနေတယ်-လို့ အသိပေးနေတာဖြစ်သလို..၊ အနာဂတ်မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ထွန်းကားဖို့အတွက် “သီဟိုဠ်ကျွန်းငယ်လေးပေါ်က လမ်းပြကြယ်” လို့ပင် တင်စားဂုဏ်ပြုလိုက်ပါ ကြောင်း….
(ဓမ္မသည် အဓမ္မကို အောင်စမြဲ)
သကျကုလ
(၂၀၀၈၊ ဧပြီလ- ၂၇)
MSMA

မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း ‘နိုး‘ပဲတဲ့…



မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လုံးဝမထောက်ခံကြောင်း ယခုလိုပြသခဲ့ကြတယ်လို့ မောင်ဖုန်းမြင့်ဘလောက်ပိုင်ရှင်က သတင်းမှတ်တမ်းဓါတ်ပုံပေးပို့ပါတယ်။

Tuesday, March 18, 2008

မိုင် ၃၀၀၀ ခရီးရှည်ချီတက်ပွဲသတင်း

၁၆ ရက်မြောက် ခရီးရှည် ချီတက်ခြင်း




အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော် ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၁၆)ရက် မြောက် ရှိခြဲ့ပီး မိုင်ပေါင်း(၃၃၀)ကျော်ကို ဖြတ်သန်းခဲ့ပါပြီ။


(၁၆)ရက်နေ့မှာတော့(East Oregon)ရဲ့(Baker City)မြို့တော်ခမ်းမရှေ့မှာ မြန်မာပြည်ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရရှိရေးတို့အတွက် ဆန္ဒ ပြခဲ့ကြပါတယ်။ ထိုဆန္ဒပြပွဲသို့ ၀ါရှင်တန်ပြည် နယ်က ကိုသီဟ ဦးဆောင်တဲ့မြန်မာမိသားစု(၅)ဦးကလာရောက်ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြ ပါတယ်။ ထိုမြန်မာမိသားစုထဲမှာ ယ္ခင်က ရန်ကုန်မှော်ဘီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူး တဲ့ ရဲဘော်ဟောင်းတဦးကလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။


(၁၅)ရက်နေ့ကလည်း (Oregon )ပြည်နယ်(Port Land) မြို့က ယ္ခင် မကဒတ ရဲဘော်ဟောင်းများ ဖြစ်ကြတဲ့ ရဲဘော်ပံသု၊ ရဲဘော် ဦးမှတ်ကြီးနဲ့ ရဲဘော်ထွန်းထွန်းတို့ ဦးဆောင်ပြီး ခရီးရှည်ချီတက်နေတဲ့ ရဲဘော်နှစ်ဦးအတွက် လိုအပ်တဲ့ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေကို လာရောက်ပေးပို့ထောက်ပံ့ပါတယ်။



ရာသီဥတုကတော့ဆိုးနေဆဲပါ၊(IDAHO)ပြည်နယ်ကိုတော့ (၃)ရက်ခန့်၊ ခရီးဆက်လိုက်လျှင် ရောက်နိုင်ပြီလို့ဆိုပါတယ်၊ သူတို့ နှစ်ဦးကတော့ ဆက်လက်ချီတက်နေမြဲပါ၊ကျနော်တို့လည်း ထိုရဲဘော်နှစ်ဦးရဲ့ အခြေအနေတွေကို မြန်မာပြည်သူများသိအောင် တတ်နိုင်သမျှ သတင်းပေးပို့ပါမယ်၊ အားလုံးဝိုင်းဝန်းထောက်ခံကြဖို့ အကြောင်းကြားလိုက်ပါတယ်

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး

Sunday, March 16, 2008

မိုင် ၃၀၀၀ ခရီးရှည်ချီတက်ပွဲသတင်း

၁၄ ရက်မြောက် ခရီးရှည်ချီတက်ခြင်း



အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ငြိမ်းချမ်းရေး တို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော်ချီ တက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေသင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင်(၁၄) ရက် မြောက် ရှိခဲ့ပြီး မိုင်ပေါင်း(၂၇၀)ကျော်ကို ဖြတ်သန်းခဲ့ပါတယ်။

Oregonပြည်နယ်၊(Emigrant Mountain)ကိုစတင်ဖြတ်ကျော်စမှာပဲ၊ နှင်းမိုးတွေသဲသဲမဲမဲ ရွာတာနဲ့ ကြုံရပါတယ်၊ သွေးခဲမတတ်အေးစိမ့် နေကြောင်း ကြားသိရပါတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို တည်းခိုစရာ မြို့ ရွာတွေနဲ့ ဝေးနေတဲ့အတွက် လမ်းဘေးက လူမနေတဲ့ အိမ်ငယ်လေးမှာ အိပ်စက်ခဲ့ရကြောင်း သိရပါတယ်၊ ရာသီဥတုကတော့ ယနေ့အထိ ဆိုးနေဆဲ နှင်းကျနေမြဲပါ၊ မြူတွေကျနေလို့ လမ်းရှေ့ ခပ်လှမ်းလှမ်းကိုတောင် မမြင်ရဘူးလို့ဆိုပါတယ်။



ရာသီဥတုက ဆိုးနေတဲ့အတွက် ၃/၄ ရက်လောက်အနားယူဖို့ အခြားရဲဘော်များက ဖုန်းနဲ့ ဆက်သွယ်ပြီး အကြံပြုပြောဆိုကြပေမယ့် ရဲဘော်အေသင်တို့ကတော့ မရပ်မနား ဆက်လက်ချီတက်မှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို အပင်ပမ်းခံ ဒုက္ခခံနေတာဟာ အမိမြန် မာနိုင်ငံနဲ့ ပြည်သူလူထုအတွက်ဖြစ်ကြောင်း ပြောပါတယ်။ ယခု လှူပ်ရှားချီတက်နေမှုဟာ နအဖ စစ်အာဏာရှင် အစိုးရရဲ့ရက်စက် ကောက်ကျစ် ယုတ်မာလှည့်စားနေမှုကို ကမ္ဘာက ပိုမိုအာရုံစိုက် သိရှိလာဖို့နဲ့၊ မကြာမီ ကျင်းပတော့မယ့် တရုတ်အိုလံပစ် အားကစား ပွဲတော်ကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တာလည်း ဖြစ်ကြောင်းပြောပါတယ်။
သူတို့နှစ်ဦးကတော့ မလျှော့သော ဇွဲ လုံ့လ ၀ရိယတွေနဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်နေဆဲပါ။ မြန်မာပြည်သူများအနေဖြင့် သူ တို့ရဲ့ခရီးရှည် ချီတက်နေမှုကို ၀ိုင်းဝန်းထောက်ခံကြဖို့ သတင်းပေးပို့ပါတယ်။

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

(ခရီးရှည်ချီတက်နေသူများကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အောက်ပါလိပ်စာတွင်ဝင်ရောက်၍ အားပေးလက်မှတ်ထိုးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်)

http://www.petitiononline.com/walkfree/petition.html

Twitter Delicious Facebook Digg Stumbleupon Favorites More