This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဆရာတင်မိုး အမှတ်တရ. Show all posts
Showing posts with label ဆရာတင်မိုး အမှတ်တရ. Show all posts

Wednesday, February 10, 2010

ဆရာတင်မိုး( ၃ ) နှစ်

ကမြဲဇကျမ်း မောင်ဘဂျမ်း

လွမ်းစရာ့ သူ့အမည်

တည်ပေသည့် သူ့စိတ်ဓာတ်

မြင့်မြတ်လို့ ခိုင်ခိုင်မာ

ဘာသာနဲ့ တိုင်းပြည်ကျိုး

တင်မိုးလို့ အမည်ယဉ်

ကလောင်တွင် လွန်ကျော်ဇော

သူ့သဘော သူ့အကြံ

သူ့ဟန်ပန် သူအပြော

သူ့မနော လူတိုင်းသိ

အေးချမ်းဘိ မြတ်ဆရာ

သူ့စေတနာ လွန်ထင်ရှား

ထားရစ်ခဲ့ အတိတ်ကြွင်း

သင်းပျံ့လို့ ကြိုင်ကြိုင်လှိုင်

နိုင်ငံရဲ့ အနာဂတ်

မြင့်မြတ်တဲ့ သူ့စာပေ

မှာချွေခဲ့ သူ့စာတမ်း

သူမရှိပေမဲ့

လူသိစေ အမွေကျန်လို့

စာပေသံ ညံ မဆိတ် လေဘူ့

အတိတ် ဟိုယခင်သို့

နိုင်ငံတွင် စံတင်သိစေတဲ့

ဆရာရှင် ဖြူစင်ရစေငဲ့

အမျှ ရေစင်ကြယ်နဲ့

ညွှန်းဆိုရွယ် ကုသိုလ်ပြု ကြတယ်

ကောင်းသာဓုပွဲ။

31 – 01 – 2010 တနင်္ဂနွေနေ့

ပြင်သစ် - ပါရီမြို့ ဦးကုမာရ ကျောင်းတွင် ရေစက်ချ အမျှဝေသည်

အမှတ်တရ - ကဗျာ (ဘုန်းသီ -လန်ဒန်)

Wednesday, January 27, 2010

ဆရာမိုးအတွက် လွမ်းသ၀ဏ်(ကြိုင်လှမောင်မောင်)

ပြည်သူ့ကဗျာဆရာ

အဖိနှိပ်ခံပြည်သူအတွက်

ကလောင်လက်နက်

ထက်မြက်စွာသွေး

သွက်လက်ကာမနှေး

အချက်အလက်ဖြာ ကဗျာစီရေး

ဇာမဏီသွေးနဲ့ တိုက်ပွဲဝင်ခဲ့

ပြည်သူတွေလွတ်ကြောင်းထောက်လို့

ပြည်သူတွေအထွဋ်ကောင်းရောက်ဖို့

ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ ကဗျာစပ်ဖွဲ့

စာပေသဒ္ဓါဖြိုးတဲ့

ဆရာမိုးရဲ့ စာနုရင်ပြင်

ကဗျာဥယာဉ်နန်းမှာ

ကဗျာပန်းတကာတွေဟာ

လန်းဖြာဝေဆာ

ပြည်ရွာအနှံ့

ရနံ့လှိုင်နေဆဲ

ဆရာမိုးရဲ့လက်ရာ

အခက်ဖြာ ကဗျာပန်းတွေကလှသမို့

လွမ်းနေရပ ထာဝစဉ်အမြဲ

ကြိုင်လှမောင်မောင်
၂၀၁၀-၀၁-၂၂

Sunday, January 24, 2010

ဆရာတင်မိုးကွယ်လွန်ခြင်း(၃)နှစ်ပြည့်အမှတ်တရ(ပို့စကဒ်)


ဖန်တီးသူ-Ko Myoe

ဆရာတင်မိုး အမှတ်တရပုံရိပ်များ(သက္ကရာဇ် ၂၀၀၂)



သက္ကရာဇ် ၂၀၀၂ နိုဝင်ဘာတုန်းက ဆောင်းဦးအတွေး စာဟောပြောပွဲခေါင်းစဉ်နဲ့ ဂျပန်မှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဆရာတင်မိုးရယ်၊ ဆရာဦးဝင်းဖေရယ်၊ ဦးဝင်းခက်တို့က လာရောက်ဟောပြောပါတယ်။
ဒီတခေါက်တော့ ဆရာက ကျနော်တို့အိမ်မှာ ၂ လနီးပါးနေသွားတော့ ဆရာ့ပုံစုံစုံလင်လင်လေး အလွမ်းပြေကြည့်လို့ရအောင် ဘလောက်ပေါ်တင်လိုက်တာပါ။
တခြားသူတွေဆီမှာလည်း ဆရာ့ပုံတွေရှိခဲ့မယ်ဆိုရင် ကျနော်တို့ဆီကို အီးမေးလ်ပို့ပေးပါလားခင်ဗျား….

စိုးဝင်းရှိန်(၀၉၀ ၄၁၂၈ ၄၇၂၅)
moethaukkye@gmail.com

ဆရာတင်မိုး အမှတ်တရပုံရိပ်များ(သက္ကရာဇ် ၂၀၀၁)


သက္ကရာဇ် ၂၀၀၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲလုပ်ပါတယ်။
ဆရာတင်မိုးနဲ့ ဆရာမောင်စင်ကြယ်တို့ လာရောက်ဟောပြောပါတယ်။ အလွမ်းပြေကြည့်ရှုနိုင်အောင် ရသလောက်ပုံလေးတွေစုပြီး ဘလောက်ပေါ်တင်ပေးလိုက်တာပါ။
တခြားသူတွေဆီမှာရှိခဲ့မယ်ဆိုရင် ကျနော်တို့ဆီကို အီးမေးလ်ပို့ပေးပါလားခင်ဗျား….

စိုးဝင်းရှိန်(၀၉၀ ၄၁၂၈ ၄၇၂၅)
moethaukkye@gmail.com

Saturday, January 23, 2010

ဆရာမကွယ်လွန်သေးဘူး(တင်မောင်သန်း)

(ကဗျာဆရာတင်မိုးဈာပနတွင် ပြောကြားခဲ့သော စကားကောက်နှုတ်ချက်)
မိုးမခ၀်က်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

ကဗျာဆရာကြီးတင်မိုးကို လာရောက်ဂါရဝပြုကြတဲ့၊ စာပေချစ်သူများ၊ အမှန်တရား၊ တရားမျှတမှု ငြိမ်းချမ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးကြသူများ . . . . ။

ကဗျာဆရာတိုင်း၊ စာရေးဆရာတိုင်းဟာ လူတိုင်းရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ခတ်နိုင်ကြတာမဟုတ်ပါဘူး။ အဲသလို လူထုနှလုံးသားကို ဆွဲကိုင်လှုပ်ခပ်နိုင်တဲ့ ဆရာဆိုတာက မြန်မာစာပေလောကမှာ လက်ချိုးရေတွက်လို့ ရပါတယ်။

အဲသလို ဆရာအနည်းစုထဲမှာ ကဗျာဆရာကြီးတင်မိုးတယောက်ပါဝင်တယ်ဆိုတာ ကျွန်တော် အထူးအထွေ ပြောဖို့မလိုပါဘူး။ ဒါပေမယ့် ဆရာနဲ့ပတ်သက်လာတဲ့အခါ ထူးထူးခြားခြား ပြောထိုက်တယ်ဆိုတဲ့အချက်ကတော့ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားသူတချို့ မိသားစုတွေရဲ့ နှလုံးသားကပါ လှုပ်ခတ်သွားတယ်ဆိုတဲ့ အချက်ပါပဲ။

ဆရာ့ကိုဖမ်းဆီးတဲ့အခါ ပထမဆုံးအချုပ်မှာထားပါတယ်။ အဲသလိုအချုပ်ကျနေတုံး ထူးဆန်းလှတဲ့ ငါးဆင့်ချိုင့်ကြီးတချိုင့်ဟာ စားစရာသောက်စရာအစုံအလင်နဲ့ အချုပ်ခန်းထဲက ဆရာ့ဆီကို နေ့တိုင်း ရောက်လာတတ်ပါတယ်။

ရက်အနည်းငယ်ကြာတဲ့အခါ အမျိုသမီးတယောက်က အချုပ်ခန်းမှာ ဆရာ့ကိုလာဂါရဝပြုပါရော။ ဒီအမျိုးသမီးကတော့ ဆရာ့ကို ချုပ်နှောင်ထားသူတွေထဲက အရာရှိတယောက်ရဲ့ဇနီးပါပဲ။ ဆရာစားသောက်ဖို့ ငါးဆင့်ချိုင့်ပို့နေသူကလည်းသူပါပဲ။ သူတင်လား၊ မဟုတ်ပါဘူး။ သူ့သမီး တက္ကသိုလ်ကျောင်းသူကလေးကလည်း ဆရာ့ကိုလာတွေ့ပြီး သူ့မုန့်ဖိုးစုငွေထဲက ကန်တော့သွားပါသေးတယ်။ သူ့အမေ တက္ကသိုလ် ကျောင်းသူလေးရဲ့အဖွားကလည်း ဆရာ့ကိုလာတွေ့ပြီး ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ ဆုတောင်းပါသတဲ့။

ဒီလိုနဲ့ အချုပ်ခန်းကနေ ထောင်ကို ဆရာရောက်သွားပါတယ်။ ထောင်ရောက်တဲ့အခါ ဆက်ဆံပုံက လုံးဝပြောင်းလဲသွားပါတော့တယ်။ ဆရာပုံစံထိုင်ရတယ်။ ပုံစံထိုင်နေတုန်း “ကဗျာဆရာဆိုတာ ဘယ်သူလဲကွ” လို့ မိုက်မိုက်ရိုင်းရိုင်း မေးသံခံရပါတယ်။ “အသက်ကြီးမှ တောင်ရေးမြောက်ရေး ရေးတာ ခင်ဗျားလား” လို့လည်း အကြိမ်းခံရပါတယ်။ တန်းဖြုတ်တော့ “ကဗျာဆရာနေခဲ့”လို့လည်း အမိန့်ပေးခံရပြန်ပါသတဲ့။ ဆရာ့စိတ်ထဲမှာတော့ မိုက်ရိုင်းလှချေရဲ့လို့ ဒေါသတွေ တဟုန်းဟုန်းထနေခဲ့ပါတယ်။ တခြားသူတွေ ရှင်းသွားတဲ့အခါ အဲဒီ မိုက်မိုက်ရိုင်းရိုင်း ပြောသူက ဆရာ့အနားကပ်လာပြီး ဆရာ့လက်ထဲကို ကြွပ်ကြွပ်အိတ်တလုံး ထည့်လိုက်ပါတယ်။
ပြီးတော့ ဆရာ့ကို နှစ်ကိုယ်ကြား တိုးတိုးလေးပြောလိုက်ပါသတဲ့။ “ဆရာ . . . ဟောဒီမှာ ဆရာ့အတွက် ဆေးလိပ် ၂စည်း၊ ထောင်ထဲမှာ ဒါကပိုက်ဆံပဲဆရာ” လို့ ဆိုလိုက်ပါသတဲ့။

ကဗျာဆရာရဲ့စာဟာ သံတိုင်တွေကိုဖြတ်ပြီး အချုပ်ခန်းဟိုဘက်က မိသားစုတစုဆီ ရောက်သွားတယ်။ နှလုံးသားတွေကိုကိုင်လှုပ်လိုက်တာ မျိုးဆက်တဆက်တည်းမဟုတ်ဘူး။ ကြည့်စမ်း. . . . မျိုးဆက် ၃ဆက်၊ မြေးတက္ကသိုလ်ကျောင်းသူ၊ အမေ အရာရှိဇနီး၊ ပြီးတော့. . . အဘွား။

ကဗျာဆရာရဲ့ စာဟာ အုတ်နံရံကို ဖြတ်ပြီး၊ အကျဉ်းထောင်ထဲက သူ့ကို ဖမ်းဆီးရသူရဲ့ နှလုံးသားထဲ ရောက်သွားတယ်။ အကျဉ်း အကျပ်ထဲမှာ ကဗျာဖတ်သူက ဆေးလိပ် ၂စည်းနဲ့ ကဗျာဆရာကို သူ ပူဇော်တယ်။

ဘယ်လောက်မင်္ဂလာရှိလိုက်လေသလဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီး ဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ မြန်မာ့ မင်္ဂလာတရား တရပ်ပေပဲပေါ့။

ကဗျာဆရာကြီး တင်မိုးဟာ မင်္ဂလာတရားကို အချုပ်ခန်းနဲ့ အကျဉ်းထောင်အထိ သယ်ဆောင်သွားသူတယောက်ဖြစ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီးဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ….

ထောင်ကထွက်ပြီး လအနည်းငယ်လေးမှာပဲ ကဗျာဆရာကြီး တင်မိုးနဲ့ မန္တလေးတက္ကသိုလ် မြန်မာစာဌာနကို ကျွန်တော် လိုက်သွားဖူးပါတယ်။ ဆရာက ကျောင်းထိုင်ဘုန်းကြီး၊ ကျွန်တော်က ဘုန်းကြီးကျောင်းသားလေးလို။ ခန်းမကြီးတဖက်မှာ ဆရာမကြီးတွေက အလုပ်လုပ်ကြတယ်။ ခန်းမငယ်မှာ ဆရာငယ်တွေက စားပွဲရှည်ကြီးမှာ အလုပ်လုပ်နေကြတယ်။ ဆရာမကြီးတယောက်က ကျွန်တော်တို့ကို ခန်းမကြီးတဖက်ကို ခေါ်သွားပါတယ်။ ဆရာမကြီးနောက်က ဆရာ၊ ဆရာ့နောက်က ကျွန်တော်၊ ဆရာငယ်တွေရဲ့ စားပွဲထိပ်နားအရောက်မှာ ဆရာမကြီးတယောက်က ဟောသလိုကြေညာလိုက်တယ်။

“ဒါ . . . . ကဗျာဆရာကြီး တင်မိုး”

ငုံ့နေတဲ့ ဆရာငယ်တွေရဲ့ခေါင်းတွေ ဆတ်ကနဲမော့လာတယ်။ ပိတ်နေတဲ့ပါးစပ်တွေ ပွင့်သွားတယ်။ “ သြော်. . .ဆိုတဲ့ အံ့သြတဲ့၊ လေးစားတဲ့၊ အနှစ်နှစ် အလလက ရင်းနှီးပြီး တွေ့ဖူးချင်တဲ့ပုဂ္ဂိုလ်ကို ရုတ်ခြည်းတွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားတဲ့ အသံတိုးညှင်းညှင်းတွေ ကျနော် ကြားလိုက်ရပါတယ်။ ပြီးတော့ ဘယ်သူကမှ မခိုင်းစေ မမှာကြားရပါဘဲ အလိုအလျောက်ပါပဲ ဆရာငယ်တွေဟာ ထိုင်နေရာက မတ်တပ်ရပ်လိုက်ကြတယ်။ ကဗျာဆရာကြီး တင်မိုး သူတို့ရှေ့မှာ ဖြတ်လျောက်နေပြီကိုး။

ဆရာက ခေါင်းတညိတ်ညိတ်၊ အပြုံးနဲ့ ပြန်နှုတ်ဆက်လို့။ ကျနော်ကတော့ ဆရာငယ်တွေရဲ့ ကြိုဆိုပုံကို အံ့အားသင့်၊ ဝမ်းသာ၊ ကြည်နူး . . .ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊ ရင်ထဲမှာ ကျနော်ကျူးရင့်လိုက်မိတယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊ လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ။

ဆရာမကြီးတွေနဲ့ ကဗျာဆရာကြီးတင်မိုး ရှေးဟောင်းနှောင်းဖြစ်ပြောပြီးတဲ့အခါ လာလမ်းအတိုင်း ကျနော်တို့ ပြန်ကြပါတယ်။ ဒီအခါမှာတော့ ဆရာမကြီးက ဒါ ကဗျာဆရာကြီး တင်မိုးလို့ မကြေညာတော့ပါဘူး။ ဆရာငယ်တွေလည်း တပြိုင်တည်း မရပ်ကြတော့ဘူး။ ဒါပေမဲ့ သူတို့ရပ်တယ်၊ ထိပ်ဆုံးမှာ ရှိတဲ့ ဆရာငယ်က သူ့ရှေ့ကို ကဗျာဆရာကြီး ဖြတ်တဲ့အခါ၊ မတ်တပ်ရပ်လိုက်တယ်။ ကျော်သွားပြီးတော့ သူပြန်ထိုင်တယ်၊ သူထိုင်ချိန်မှာ သူနဲ့ကပ်လျက် ဆရာငယ်က မတ်တပ်ရပ်နေပြီ။

ဒီလိုနဲ့ ကဗျာဆရာကြီးတင်မိုး ဖြတ်လျောက်နေတဲ့အချိန်တွေမှာ ဆရာ၊ ဆရာမငယ်တွေက ထလိုက် ထိုင်လိုက်နဲ့။ လှိုင်းလုံးကြီးတလုံးဟာ နိမ့်လိုက် မြင့်လိုက် ဖြတ်သွားနေသလိုပါပဲ။

အဲဒီ မန္တလေးတက္ကသိုလ်ထဲက လှိုင်းလုံးကြီးဟာမြန်မာပြည်အနှံ့။ ဟော . . .အခု နိုင်ငံတကာအနှံ့။ ဒါ လူထုကဗျာဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေ ပွင့်၊ ထိုင်ရာက ထကြ၊ လှိုင်းလုံးကြီးတွေ လိမ့်တက်။ ဒါ လူထုကဗျာဆရာ ဖြစ်တယ်။

ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊
ရင်ထဲမှာ ကျွန်တော် ကျူးရင့်လိုက်မိတယ်။
ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊
လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။

ဘယ်က ဆရာ အားတွေရသလဲ ကျွန်တော် စဉ်းစားကြည့်တယ်။

ကဗျာဆရာရဲ့နှလုံးသားဆိုတာ တိမ်တွေနဲ့တူတယ်။ နူးညံ့တယ်။ ဖြူဖွေးတယ်။ လွင့်မျောတယ်။ ကောင်းကင်မှာနေတယ်။ အဲဒီ နှလုံးသားတိမ်တွေက လူတွေရဲ့ စိတ်ကူးနဲ့ အဇ္ဈတ္တကို နှိုးဆွ၊ နိုးထ စေတယ်။

ဒါပေမယ့် တိမ်တွေက တခုနဲ့တခု တူတာမဟုတ်ဘူး။ တချို့က တစ . . .နှစ်စ၊ တချို့က တဆုပ် . . .နှစ်ဆုပ်၊ တချို့က တအုပ် နှစ်အုပ်၊ တချို့က ဖြူတလှည့် ညိုတလှည့်။

အဲသလို အမျိုးမျိုးရှိကြတဲ့ တိမ်တွေကြားမှာ ဆရာ့ရဲ့ နှလုံးသားကတော့ တိမ်တိုက်ကြီး ဖြစ်တယ်။ အမျိုးသားရနံ့နဲ့ လွင့်မျောနေတယ်။ မိခင်ရဲ့ နှလုံးသားလို နူးညံ့တယ်။ ကလေးရဲ့အပြုံးလို ဖြူစင်တယ်။ ကောင်းကင်မှာ ဖန်မီးအိမ်တလုံးနဲ့ လမင်းကို ဂီတဆက်ကပ်တယ်။

ကောင်းကင်မှာနေတဲ့အခါ လောကကို အပူဒဏ်ကလွတ်အောင် အဲဒီနှလုံးသားတိမ်တိုက်ကြီးက ပြည်သူကို ကာကွယ်ပေးတယ်။ အမှောင်ချဉ်းလာတဲ့အခါ ပြည်သူအပေါ် အလင်းကို ဖွင့်ပေးတယ်၊ ခပ်မဆိတ် ငြိမ်သက်နေတဲ့အခါ ထစ်ချုန်းခေါ်သံ ဆင့်တယ်။ လူသားနဲ့ လောကကို စော်ကားလာကြတဲ့အခါ အဲဒီတိမ်တိုက်ကြီးက မုန်တိုင်းဖြစ်သွားတတ်တယ်။

ဒါတင်မကဘူး။ အဲဒီ တိမ်တိုက်ကြီးက မိုးအဖြစ်လည်း မြေကို ဆင်းတတ်ပေသေးရဲ့။

ဖိနှိပ်ရက်စက်မှုတွေ ကြမ်းရမ်းလာတဲ့အခါ အဲဒီ မိုးက ဒေါသမျက်ရည်ဖြစ်တယ်။

မြေပက်ကြားအက်၊ ခေါင်ချက် ရက်ဆက်လာတဲ့အခါ၊ အဲဒီ မိုးက ပင်ပျိုရွက်နု သစ်စေတယ်။

ဆာလောင်မွတ်သိပ်မှုနဲ့ ကလေးတွေ ငိုညည်းနေတဲ့အခါ၊ အဲဒီ မိုးက ကာရန် ပုလဲပုတီးစေ့တွေ သီတယ်။

စာသင်ကျောင်းတွေမှာ မြန်မာကျောင်းသားတွေ ရှင်သန်နေတဲ့အခါ အဲဒီ မိုးက ဝမ်းသာမျက်ရည်တွေ ဖြစ်သွားပြန်တယ်။
မြန်မာကဗျာဆရာကြီးတင်မိုး ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ကမ္ဘာ ရုပ်လောကမှာ ဘာဝဓမ္မနဲ့ လျောညီစွာ သူ့သက်တမ်းက အကန့်အသတ် ရှိခဲ့ရတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ စိတ်ကမ္ဘာ၊ စိတ်လောကမှာတော့ ကဗျာဆရာကြီးတင်မိုးရဲ့သက်တမ်းက အကန့်အသတ်မဲ့၊ အန္တိမဖြစ်တယ်။ ရုပ်ကမ္ဘာ၊ ရုပ်လောကမှာ ကဗျာဆရာကို ဝေဒနာရောဂါက ရုတ်ခြည်းတိုက်ခိုက် သတ်ပစ်နိုင်တယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ နှလုံးသားကမ္ဘာ၊ နှလုံးသားလောကမှာတော့ အမှန်တရား၊ တရားမျှတမှု၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ဘယ်မိစ္ဆာမှ သတ်လို့ မရသလိုပဲ၊ ကဗျာဆရာကြီး တင်မိုးက ရှင်သန်နေဆဲ ဖြစ်တယ်။

ဒါကြောင့် . . . .

ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။

(မိုးမခစာဖတ်ခန်း ဝ၂၊ ၂၂၊ ၂ဝဝ၇- အမှတ်တရမှတ်တိုင်များ)

သာမန်အဖိုးကြီး(မိုးချိုသင်း)


(မမိုးချိုသင်းဘလောက်မှ)
ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၁၊ ၂၀၁၀
အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။

ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။

သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။

ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။

တင်မိုး
၁၄၊၉၊၂၀၀၃


ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။

အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။

မိုးချိုသင်း

Friday, January 22, 2010

မိုးသောက်ကြယ်စာကြည့်တိုက် ဥယျာဉ်မှူးကြီးအတွက်…..



ဆရာရေ…
ဆရာကွယ်လွန်သွားခဲ့တာ ဒီနေ့ဆိုရင် ၃ နှစ်ပြည့်သွားခဲ့ပြီနော်….
ဆရာ့အတွက်ရည်စူးပြီး ကျနော်တို့ ထိုင်းနိုင်ငံ၊ နောင်ဘွားကျေးရွာမှာရှိတဲ့ ”သွေးသစ်”စာသင်ကျောင်းလေးမှာရှိတဲ့ ကလေးအယောက် ၂၅၀ အတွက် မနက်စာထမင်း အတွက် ကောင်းမှူကုသိုလ်ပြုလုပ်လိုက်ပါတယ်။ ဆရာက ကလေးချစ်တယ်မဟုတ်လား။ အထူးသဖြင့် ကလေးဆိုးကြီး(ကျနော်အပါအ၀င်ပေါ့)တွေကိုပေါ့...
ဒီကျောင်းလေးကို ကျနော်တို့တာဝန်ယူပြီး လုပ်လာတာ အခုဆို ၅ နှစ်ဝန်းကျင်တောင်ရှိတော့မယ်ဆရာ။

နောက်ပြီး မဲဆောက်မှာ မြန်မာတွေအတွက် တရားပွဲတခုကို HRDB အဖွဲ့ကလုပ်မယ်တဲ့။ ဆရာ့အတွက်ရည်စူးပြီး ဆရာ့နာမည်နဲ့ တရားလေး စည်စည်ကားကားဖြစ်မြောက်သွားအောင် ငွေပဒေသာပင်စိုက်လိုက်ပါတယ်။
ရေးချင်တာတွေတော့ အများကြီးပဲဆရာ။ ဆောင်းပါးလည်းရေးချင်သေးတယ်။ မိုးသောက်ကြယ်ဂျာနယ်အတွက် ဆရာရေးပေးခဲ့တဲ့ ”လူငယ့်ကြေးမုံ”ဆောင်းပါးတွေကိုလည်း အမြန်ဆုံးထုတ်ချင်ပါသေးတယ်။ ဆရာ ကျနော်တို့ဆီမှာ နေသွားတုန်းက ရေးစပ်ထားခဲ့တဲ့ ဆရာ့ရဲ့လက်ရေးမူကဗျာတွေကိုလည်း စာအုပ်ထုတ်ချင်ပါသေးတယ်။ ဆရာဖြစ်စေချင်တဲ့ ဆန္ဒနှစ်ခု(ဆေးလိပ်ဖြတ်ဖို့ကဗျာနှင့် ဖန်မီးအိမ်ဖောင်ဒေးရှင်းကိစ္စ)ကို ဖြစ်မြောက်အောင် လုပ်ဆောင်နေဆဲပါဆရာ။
ဆရာကိုယ်တိုင်နာမည်ပေးပြီး မွေးထားခဲ့တဲ့ ”မိုးသောက်ကြယ်စာကြည့်တိုက်”ကတော့ ထွန်းလင်းတောက်ပြောင်နေဆဲပါ…

လွမ်းတယ်ဆရာ…
လွမ်းလို့ ဆရာဂျပန်ကို ရောက်ခဲ့စဉ်ကပုံတွေနဲ့ ရောက်တိုင်း ကျနော်တို့အိမ်မှာနေခဲ့စဉ်တုန်းက အမှတ်တရရိုက်ယူထားခဲ့တဲ့ပုံတွေကို တင်လိုက်ပါတယ်….
ကောင်းကင်ဘုံက ဆရာတစ်ယောက် ကဗျာတွေစပ်ရင်း ကြည်နှူးနိုင်ပါစေ…

ဆရာတင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အမှတ်တရ

tnmvrf;u q&m*srf;

wefcl;av wrm&eH@eJ@

oif;ysH@aewJh tnmajr

wrmawGeJ@ a0aew,f?

zkHvkH;}uD;awG wazG;azG;

vSnf;av;ay:rSm aw;qdk

aendKndK naecsrf;

vGrf;p&mh tnmvrf;?

vuf,ufwGif;rSm a&cyf

tnm&yf&J@ jrefrmh"avh

woufrarhwJh tvSw&m;

aus;vufyef;csDum;?

ta0;rSm yJhwifxyf

qefzGyfwJh armif;eif;oH

pnf;0g;rSefrSef qdkwD;u

r+iD;EdkifwJh aw;*Dw?

xef;&Guftdrf xef;yifawm

vGrf;armzG,f onf+rdKifOD;u

&omxl;wJh yifus&nf

b}uD;+zdK;&J@ t}udKufay?

vif;=uufi,f wGefusL;

&GmOD;u ukvm;wuf

qGrf;cHxGufzdk@ tcsufay;

qGrf;awmfAsdK@ qGrf;awmfAsdK@av;?

omat;wdk@ uav;wodkuf

qGrf;cHvdkuf&if; acsmfvJ

oydwfwdkuGJ 'l;vJ+yJ

vGifhpifoGm;wJh qGrf;awmfyGJ?

OD;a&$&kd;eJ@'dk;ywf0dkif;

vlwdkif;u ESpf+cdKuf

ckefvdkufuvdkuf trlydkc|J

0gu|wf uxdefyGJ?

tnmvrf;u wrmwef;

q&m*srf; trSwfw&rsm;pGm

v&moDawG ajymif;vdk@a&$@

q&m*srf;udk wdk@rarh

wrmwef;eJ@ tnm"avh ³ ³ ³ ?

udkouf

Twitter Delicious Facebook Digg Stumbleupon Favorites More