This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 29, 2008

သုတပဒေသာ(ရိုးရိုးသိပ္ပံ)၊ ပြဇာတ် စာပေနှင့် နိုင်ငံရေး စာပေတို့အတွက် အမျိုးသားစာပေဆုများချီးမြှင့်နိုင်ခြင်းမရှိကြောင်း နအဖစာပေစီစစ်ရေးမှ ကြေညာ

နအဖပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ အများသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၀၇ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ရာ အမျိုးသားစာပေဆုချီးမြှင့်ရန်ရွေးချယ်ခြင်းခံရသောစာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
အမျိုးသားစာပေဆုတွင် ဘာသာရပ် ၁၄မျိုးရှိသည့်အနက် သုတပဒေသာ(ရိုးရိုးသိပ္ပံ)၊ ပြဇာတ်စာပေနှင့် နိုင်ငံရေးစာပေတို့အတွက် ဆုများချီးမြှင့်နိုင်ခြင်း မရှိကြောင်းလည်း နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
၂၀၀၇ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီးဆင်ဖြူကျွန်းအောင်သိန်း(ဦးကြည်အေး)အား ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။


Thursday, November 27, 2008

ထေရဝါဒ မြန်မာဘုန်းတော်ကြီးကျောင်း ၂ဝဝ၉ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ပထမဆုံး ပေါ်ထွန်းတော့မည်

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၂၇။
သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ ဓါတ်ပုံ-သန်းဝင်း(BDA Group)

ပေါ်ထွန်းလာတော့မည့် ၃ ထပ်တိုက်မြန်မာဘုန်းကြီးကျောင်းပုံစံ

ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားတို့၏ ထေရဝါဒကိုယ်ပိုင်ဘုန်းတော်ကြီးကျောင်းတခုကို အများ စုပေါင်းလှူတန်းအားထုတ်မှုဖြင့် ၂ဝဝ၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တိုကျိုမြို့၌တည်ထောင်နိုင်တော့မည် ဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်များ၏ ပြောပြချက်အရသိရသည်။
''လွန်ခဲ့တဲ့(၆)နှစ်လောက်ကတည်းက တရားပွဲတွေဒီမှာ(တိုကျိုမှာ)ကျင်းပကြရင်း မြန်မာတို့ရဲ့ထေရဝါဒ ကိုယ်ပိုင်မြန်မာဘုန်းကြီးကျောင်းတခုပေါ်လာ နိုင်ခဲ့ရင်ကောင်းမယ်လို့ ရည်ရွယ်ထားခဲ့ကြတာ...''ဟု ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်သူ ဦးအောင် သက်နိုင်(ခေါ်)ကိုအီးစိန်မှရှင်းပြသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ခဲ့သည့် ၂ဝဝ၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ကြွရောက်စဉ် မြန်မာအများက ဆရာတော်ကြီးထံ၌ (၁)နှစ်အတွင်း မြန်မာဘုန်းတော်ကြီးကျောင်းတခုပေါ်ပေါက်အောင် ကြိုးစားကြမည်ဟုကတိခံခဲ့ကြကြောင်း၊ ဆရာတော်ကြီး ကိုယ်တိုင်မှလည်း ကျောင်းဖြစ်မြောက်လာမည်ဆိုပါက အမေရိကန်ဒေါ်လာ(၅ဝ,ဝဝဝ)ငါးသောင်းကို ထောက်ပံပေးမည်ဟုမိန့်ကြားထားခဲ့ခြင်းကြောင့် အားလုံး၏ စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ကြိုးစားလှူတန်းမှုကြောင့် ကျောင်းဖြစ်မြောက်လာမှာမည်ဖြစ်ကြောင်းသိရသည်။

''အခုပေါ်ထွန်းလာတော့မယ့်ဘုန်းကြီးကျောင်းဆိုတာ ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးများရဲ့ စုပေါင်းလှူတန်းတဲ့ငွေကြေးနဲ့မ,တည်ပြီး ဝယ်လိုက်တဲ့ကျောင်းပါ။ အားလုံးပိုင်တဲ့ကျောင်းပါ။ ဆက်လက်ပြီး တည်တံ့အောင်၊ ထေရဝါဒဗုဒ္ဒသာသနာတော် ဂျပန်နိုင်ငံမှာ ထွန်းကား လာအောင်လည်း အားလုံးက ဝိုင်းလုပ်ကြရမှာပါ...''ဟု ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်လာအောင်ကြိုးပမ်းခဲ့သူတဦးဖြစ်သော ဦး မောင်မောင်လှကရှင်းပြသည်။

ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေပေးအပ်နေသော မြန်မာမိသားစုတစု

ကျောင်းတည်နေရာမှာ တိုကျိုမြို့အနောက်ဘက်၊ မြန်မာများနေထိုင်သည့်နေရာနှင့်မနီးမဝေး၊ အီခဲဘုကုရို(Ikebukuro)ဘူတာမှ တိုးဘု တိုးဂျိုး(TobuTojo Line)ရထားဖြင့် (၄)ဘူတာသာစီးရသည့် (Naka Iitabashi)အရပ်တွင်တည်ရှိမှာဖြစ်ကြောင်း၊ ဘူတာမှလမ်းလျှောက် လျှင် (၃)မိနစ်ခန့်သာကြာမြင့်ပြီး အထပ်(၃)ထပ်နှင့် အပေါ်ဆုံး၌ အထပ်ပို(၁)ထပ်ပါရှိသည်ဟုသိ ရသည်။ အကျယ်အားဖြင့် အထပ်တိုင်း သည် (ဂျပန်အခေါ် ဖျာ-၁၂ချပ် အခန်း) ပေ(၂ဝ)ပတ်လည်ခန့် ကျယ်ဝန်းသည်ဟုဆိုကြသည်။

''ပထမထပ်ကို ဝေယျာဝစ္စဆောင်ပေါ့၊ ဒုတိယထပ်ကိုတော့ တရားဟောခန်းမနဲ့၊ တတိယထပ်ကိုတော့ သံဃာတော်တွေသီတင်းသုံးဖို့ အတွက်ဆိုပြီး ယာယီသတ်မှတ်ထားပါတယ်။ အဲဒီ့အပြင် အပေါ်ဆုံးက အထပ်ပိုကိုတော့ သိမ်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်...''ဟု ကိုအီးစိန်မှပင် ဆက်လက်ရှင်းပြသည်။ ဝယ်ယူမှုအားလုံးပြီးစီး၍ နောက်ဆုံးရေစက်ချက်လှူဒါန်းပြီးပါကလည်း ကျောင်း၏စည်းကမ်းသတ်မှတ်ချက်နှင့်ညီညွှတ်သည့် မည်သည့် သံဃာတော်ကိုမဆို သီတင်းသုံးတည်းခိုနိုင်မှာဖြစ်ပြီး အပတ်စဉ်တရားပွဲများနှင့် အလှူအတန်းများကို လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်မှာ ဖြစ်သည်ဟု ဖြစ်မြောက်ရေးတာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်စန်းရီမှဆိုသည်။

''ကျမတို့ကတော့ နိုင်ငံရေးလုပ်တဲ့ဘုန်းကြီးမတည်းရဘူးလို့ ဘယ်တော့မှမသတ်မှတ်ခဲ့ဘူး။ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းအားထုတ်နေတဲ့ ပြည်တွင်း/ပြည်ပက သံဃာတော်တွေကို အမြဲပင့်ဆောင်သွားမှာပါ။ ကျောင်းစည်းကမ်းဆိုတာကလည်း ဘုန်းကြီးကဗေဒင်ဟောတာတို့၊ ဓါတ်ဆင်-ဓါတ် ရိုက်လုပ်တာတို့စတဲ့ ရဟန်းသိက္ခာပုဒ်တော်နဲ့မညီတဲ့ကိစ္စတွေကို ကျောင်းမှာခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကလည်း အရင်ကတည်းကချမှတ်ထားတာပါ....''ဟုရှင်းပြသည်။
''အခုကျောင်းဖြစ်လာမဲ့အဆောက်အဦက ဂျပန်ယန်း(၃၂၀)သိန်း အမေရိကန်ဒေါ်လာနဲ့ဆိုရင်(၃၂ဝ,ဝဝဝ)ကျပါတယ်။ ဒါပေမဲ့ ကျမတို့က နိုင်ငံခြားသား တွေဆိုတော့ ဝယ်ယူနိုင်ဖို့အတွက် အဆင်ပြေအောင်ရှေ့နေငှားခ၊ ဝန်ဆောင်ခတွေနဲ့ ဘုန်းကြီးကျောင်းပုံစံဖြစ်အောင် ပြင် ဆင်စားရိတ်နဲ့ပါပေါင်းလိုက်ရင် အားလုံးယန်း(၃၅၀)သိန်း(ယန်းသောင်း ၃,၅ဝဝ)လောက်ဖြစ်သွားတယ်။ အခုကောက်ခံရရှိထားပြီးတာက ယန်း(၁၅)သိန်းနဲ့ ပီနန်ဆရာတော်ကြီးက ထောက်ပံ့မှာနဲ့ဆိုရင် ယန်းသိန်း(၂ဝ)ပဲရပါသေးတယ်။ နိုဝင်ဘာ(၂၄) ရက်နေ့က ပထမဆုံး ရံအဖြစ် (၁ဝ)ရာခိုင်နှုန်းကိုပေးချေပြီးပါပြီ။ ကျန်တဲ့(၉ဝ) ရာခိုင်နှုန်းကိုတော့ လာမယ့် ၂ဝဝ၉ ခုနှစ်၊(၂)ပိုင်းထဲမှာအပြီးပေးချေရပါမယ်။ ဒါကြောင့် နောက်ထပ်ယန်း(၂၅၀)သိန်းလောက်ကလိုနေပါသေးတယ်...''ဟု ဒေါ်ခင်စန်းရီမှပင်ဆက်လက်ပြောပြသည်။ လက်ရှိအခြေအနေတွင်တည်ရှိနေသေးသော ဘုန်းကြီးကျောင်းဆိုသည်မှာ လူနေအိမ်ခန်းကျဉ်းတခုကိုငှား ရမ်းပြီး အသုံးပြုထား ခြင်းသာဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံ၌ တခြားဘာသာဝင်တို့၏ ကိုးကွယ်ရာဘာသာရေးကျောင်းများ အစီအရီပေါ်ထွန်းနေသည်မှာ ဆယ်စုနှစ်(၂)စုနီးပါး ရှိနေပြီဖြစ်သော်လည်း ၂ဝဝ၉ ခုနှစ်မှစ၍ မြန်မာတို့၏ စေတနာသဒ္ဒါတရားထက်သန်မှုနှင့် မဖြစ်မနေကြိုးစားအားထုတ်မှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ပိုင်မြန်မာဘုန်းတော်ကြီးကျောင်းပေါ်ပေါက်လာခဲ့မည်ဆိုပါက အတိုင်းထက်အလွန်ဝမ်းသာစရာပင်ဖြစ်ကြောင်း မိုးသောက်ကြယ်မှ မင်္ဂလာသတင်း ဆောင်းပါးရေးသားလိုက်ရပါသည်။

ထေရဝါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးဖြစ်မြောက်ရေးအတွက် အလှူတော်ငွေများ လှူတန်းလိုပါက

ဦးမောင်မောင်လှ- ၀၉၀ ၉၀၀၈ ၂၁၁၃ ဦးတင်အောင်- ၀၉၀ ၃၂၁၂ ၈၉၆၃

ဒေါ်ခင်စန်းရီ- ၀၈၀ ၅၅၃၀ ၁၉၈၈ ဦးမောင်မောင်သန်း- ၀၉၀ ၈၁၀၃ ၉၈၃၄

ဒေါ်ခင်ခင်မိုး- ၀၉၀ ၅၅၅၉ ၇၀၁၇ ဒေါ်နွဲ့နွဲ့ကျော်- ၀၈၀ ၃၄၅၈ ၀၆၉၇

ဦးအောင်သက်နိုင်(ခ)ကိုအီးစိန်- ၀၇၀ ၆၉၈၃ ၉၀၉၂ ဦးစိုးမြင့်ရွှေ-၀၉၀ ၃၅၀၂ ၀၀၅၂

အိုးစုခဓမ္မာရုံ- ၀၃ ၃၉၁၆ ၁၉၅၆

ဘဏ်မှတဆင့် အလှူငွေပေးပို့လိုပါက-

MIZUHO BANK

(MCWA)

AC/NO: 193 2115650

Monday, November 24, 2008

Freedom from Fear

This short film (10 min.) is a poetic and political essay about the beauty and tragedy of Burma. It is inspired by the book "Freedom From Fear" by Nobel Peace Laureate and Burmese opposition leader Daw Aung San Suu Kyi, who has been under house arrest for 12 of the last 18 years.

The narrator is 81 year old Burmese spiritual leader the Venerable U Kovida, who was once arrested and tortured by the Burmese regime. He is the founder of Sasana Moli, The International Burmese Monks Organization (IBMO), and one of the leaders of the peaceful "Saffron Revolution". This is a film about "Metta Sutta", the Buddhist prayer of loving-kindness and its power.
THE LONG VERSION OF THE FILM IS NOW IN PRODUCTION. LOOK AT TRAILER 4min.









(NLD-LA)ဂျပန်ဌာနခွဲမှ ၈၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပ






မှတ်တမ်းဓါတ်ပုံ(မင်းညိုဝမ်း-မိုးသောက်ကြယ်)

Sunday, November 23, 2008

ဗမာပြည်မှ အာဇာနည်များ

စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း

စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင်
၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင်
၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း
အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး
အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့်
ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်
၉၉ ဇာဂနာ ၂၁ နိုဝင်ဘာ
နိုင်ငံကျော်လူရွှင်တော်။ (၄၅)နှစ်
၁၀၀ အရှင်ဂမ္ဘီရ ၂၁ နိုဝင်ဘာ
သံဃာတပ်ပေါင်းစုခေါင်းဆောင်။ (၆၈)နှစ်

Thursday, November 20, 2008

အိုဘားမားဂိမ်း အင်တာနက်တွင် ကစားနိုင်

Planet Newsမှ

အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတဖြစ်လာသူ အိုဘားမားအား ဂုဏ်ပြုသောအားဖြင့် အမေရိကန် ကုမ္ပဏီင်္ Zen Softမှ ဂိမ်းပညာရှင် (၃)ဦးက ဂိမ်းတစ်ခုကို ရေးဆွဲထားကြောင်း သိရှိရသည်။ အမေရိကန်၏ (၄၄)ယောက်မြောက် သမ္မတဖြစ်လာသူ အိုဘားမား၏ ဂိမ်းကို Super Obama World ဟု အမည်ပေးထားပြီး (၁၉၉၀)ပြည့်လွန်နှစ်များက အလွန်ရေပန်းစားခဲ့သည် Super Mario ညီအစ်ကိုများဂိမ်းကို အခြေခံပြီး ဖန်တီးထားခြင်း ဖြစ်သည်။ အိုဘားမား၏ ရွေးကောက်ပွဲမှစပြီး အနာဂါတ်ကာလတွင် အားပြိုင်လာရဖွယ်ရှိသော ပြိုင်ဘက်များကို အနိုင်ယူတိုက်ခိုက်ရန် missionများ ရေးဆွဲထားပြီး အိုဘားမားအနေနှင့် ဂိမ်းတစ်ခုလုံး အောင်မြင်စေရန် ရီပတ်ပလစ်ကင် ဒုတိယ သမ္မတလောင်း ဆာရာပါလင်း၊ ရုရှားစစ်သားများ၊ လောဘကြီးသော ရေနံကုမ္ပဏီများ အစရှိသည့် ပြိုင်ဘက်များကို ကျော်ဖြတ်အနိုင်ယူရမည် ဖြစ်သည်။
အဆိုပါဂိမ်းသည် အပျော်သဘောမျိုး ဖန်တီးထားခြင်းသာဖြစ်ကြောင်း ဂိမ်းဖန်တီးသူများက ပြောကြားခဲ့သော်လည်း အမေရိကန် ရွေးကောက်ပွဲများအတွင်း အလှကုန်ပစ္စည်းများ ၀ယ်ယူရန်အတွက် စတာလင်ပေါင် (၇၅၀၀၀)ဖိုးခန့် အသုံးပြုခဲ့သော ဆာရာပါလင်းကို နောက်ပြောင်ထားကြောင်း တွေ့ရသည်။ အိုဘားမားဂိမ်းသည် ကစားရန်လွယ်ကူပြီး keyboardမှ Arrow Keyလေးခုနှင့် Space Barတို့ကိုသာ အသုံးပြုရသည်။ အဆိုပါဂိမ်းကို www.superobamaworld.com တွင်ဝင်ရောက်ကစားနိုင်ပြီး ဂိမ်းကစားရန်အတွက် Adobe Flash Player Version 9.0နှင့်အထက် လိုအပ်ကြောင်း သိရသည်။

Source: DailyMail

သမတဖြစ်မည့် အိုဘားမားနှင့် ဖိလိပိုင်သမတတို့ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

RFA သတင်းမှ-

အမေရိကန်သမတအဖြစ် ရွေးကောက်ခံထားရတဲ့ မစ္စတာ ဘားရတ် အိုဘားမားနဲ့ ဖိလိပိုင်သမတတို့ ပထမဆုံး တယ်လီဖုန်းနဲ့ စကားပြောကြရာမှာ မြန်မာနိုင်ငံ အရေးလည်း ထည့်ပြီးဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်သမတ ပြောခွင့်ရသူက နိုဝင်ဘာ ၁၉ရက် ဒီကနေ့ ပြောပါတယ်။


အမေရိကန်သမတသစ် ဖြစ်လာမဲ့ မစ္စတာ အိုဘားမားနဲ့ ဖိလစ်ပိုင်သမတ မစ္စ ဂလိုရီယာ အာရိုယို တို့ တယ်လီဖုန်းနဲ့ အပြန်အလှန် ဆွေးနွေးရာမှာ ဒုတိယ ကမႝာစစ်အတွင်း အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းပြီး ဖက်ဆစ်ဂျပန်ကို အတုတော်လှန်ခဲ့တာက အစ နှစ်နိုင်ငံအကြား အလေးထားတဲ့ ကမႝာ့ရာသီဥတု ပြောင်းလဲမှုပြဿနာ၊ စားနပ်ရိက္ခာပြဿနာ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ အာဆီယံအဖွဲ့ အနာဂတ် အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားက အင်္ဂါနေ့ မနက် ၃ နာရီမှာ ဖိလစ်ပိုင်သမတကို တယ်လီဖုန်းဆက်ပြီး စကားပြောတာဖြစ်ကြောင့်း သမတပြောခွင့်ရသူ မစ္စတာ ဂျီဆတ်စ် ဒါရုဆာက ပြောပါတယ်။ မစ္စတာ အိုဘားမားဟာ သမတအဖြစ် အရွေးကောက်မခံရခင် ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဖိလစ်ပိုင် သမတဆီ စာတစောင် ရေးသားပေးပို့ဖူးပါတယ်။ အဲဒီ စာမှာ နှစ်နိုင်ငံအကြား ကာကွယ်ရေး ပြုပြင်ပြောင်းလဲရေးနဲ့ မြန်မာနိုင်ငံက အာဏာ ဆက်လက်ယူထားဆဲ စစ်အစိုးရအကြောင်း ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။
မစ္စတာ အိုဘားမားက ဖိလစ်ပိုင်သမတဆီ ဖုန်းခေါ်တာဟာ ရွေးကောက်ပွဲအပြီး ဖိလစ်ပိုင်သမတက ဖုန်းဆက်ပြီး ဂုဏ်ယူကြောင်း ပြောခဲ့တာကို ပြန်လည်တုံ့ပြန် ခေါ်ဆိုတာ ဖြစ်ပါတယ်။မစ္စတာအိုဘားမား အလားတူပဲ ဂျော်ဂျီယာသမတ မစ်ခေလ်း ဆာကတ်ရှ် ဗီလီ၊ တူရကီသမတ အဗဒူလာ ဂူးလ်တို့ဆီကိုလည်း တယ်လီဖုန်းဆက်ပြီး နိုင်ငံတကာဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Wednesday, November 19, 2008

မိုးသောက်ကြယ်ဥယျာဉ်မှူးကြီးသို့....



ဆရာရေ...
အကယ်၍များ ဆရာသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် ဒီနေ့(နိုဝင်ဘာ ၁၉ ရက်)ဟာ ဆရာရဲ့ ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့မင်္ဂလာပါ...
ဆရာကိုချစ်တဲ့လူတိုင်းက မွေးနေ့ပွဲကလေးတွေ နေရာအနှံ့မှာကျင်းပပေးနေကြမှာဖြစ်သလို ပကာသနကင်းတဲ့ဆရာကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အားလုံးကိုနှုတ်ခွန်းဆက်ခွန်းတုံ့ပြန်နေမယ်ဆိုတာ မြင်ယောင်မိပါတယ်...
ဆရာမရှိတော့ပေလည်း ဆရာပျိုးခဲ့၊ စိုက်ခဲ့၊ ကိုယ်တိုင်လည်း နာမည်ပေးကင်ပွန်းတပ်ခဲ့တဲ့ 'မိုးသောက်ကြယ်'ဆိုတဲ့ စာကြည့်တိုက်ကလေးကတော့ ဆရာထုံး နှလုံးမူပြီး ကြိုးစားနေဆဲပါဆရာ...

ဆရာသိပ်ချစ်တဲ့ အညာ...
ဆရာလိုချင်တဲ့ လွတ်လပ်တဲ့ဘဝ....
ဆရာဖြစ်စေချင်တဲ့ လူငယ်တွေရဲ့ ထွန်းပြောင်တဲ့အနာဂတ်...
ဆရာမျှော်လင့်တောင့်တနေတဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး...
ဆရာပြန်ချင်တဲ့ မြန်မာပြည်...
အဲဒီဆုံမှတ်မှာ ကျနော်တို့အားလုံးစုံရပ်နိုင်ဖို့ ကြိုးစားနေဆဲပါဆရာ...
ယနေ့ထက်တိုင် ဆရာ့ကိုလွမ်းဆွတ်သတိရနေကြတဲ့

မိုးသောက်ကြယ်စာကြည့်အဖွဲ့သားများ







Tuesday, November 18, 2008

အသက်(၈ဝ)ပြည့်သွားပြီဖြစ်တဲ့ ဆရာကြီးဦးမင်္ဂလာ၊ မွေးနေ့မင်္ဂလာပွဲကို တပည့်များနှင့်ပျော်ရွှင်စွာဆင်နွဲ



မြန်မာလူမျိုးများကို အစဉ်တစိုက်ကူညီအားပေးနေပြီး ''မင်္ဂလာ''ဂျပန်စာသင်ကျောင်းတည်ထောင်သူ ဆရာကြီး ဦးမင်္ဂလာ(ခေါ်)Nishida Sanသည် ယခုနှစ်နိုဝင်ဘာ(၁၁)ရက်နေ့တွင် အသက်(၈ဝ)ပြည့်မြောက်သွားပြီဖြစ် ကြောင်းသိရသည်။
ကြည်လင်သောအပြုံး၊ နှစ်လိုဖွယ်ကောင်းသောမျက်နှာထားဖြင့် အမြဲရွင်ရွင်လန်းလန်းနေတတ်သည့်ဆရာကြီး ဦးမင်္ဂလာ၏ မွေးနေ့ပွဲကို တိုကျိုမြို့၊ ကိုးအန့်ဂျိ(koenji)အရပ်ရှိ ကုရိုးရှိအိုး(kuro shio)စားသောက်ဆိုင်တွင် ယခုလ (၁၆)ရက်က တပည့်များနှင့်အတူ ပျော်ပျော်ပါးပါးဆင်နွဲကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း၏နာယကတစ်ဦးလည်းဖြစ်သူ ဆရာကြီးဦးမင်္ဂလာ သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသည့်မြန်မာလူမျိုးများကို လဝကအချုပ်တွင် အဖမ်းခံနေရစဉ်အ ချိန်အတွင်း သွားရောက်တွေ့ဆုံအားပေးခြင်း၊ တွေ့ဆုံချိန်တွင် ဂျပန်စာကိုပါ သင်ကြားပေးသည့်အပြင် ''ကာလီ ဟိုးမင့်''ခေါ် ယာယီခံဝန်ချုပ်ဖြင့် ပြန်လည်လွတ်မြောက်နိုင်ရန်အတွက်ပါ အာမခံပြုလုပ်ပေးသည့်အထိ ကူညီ ပေးနေသူလည်းဖြစ်သည်။
''ဆရာကြီးက အဖေအမေမက တကယ့်ဖခင်ရင်းအလားကျေးဇူးရှိပါတယ်၊ ကတယ့်ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက်ကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဆရာကြီးရဲ့နှလုံးသား၊ ဆရာကြီးပျော်ရွင်အောင်လို့၊ သက်ကျော်ရာ ကျော်ရှည်အောင်လို့ အကုန်လုံးကိုယ်စား၊ စားတာသောက်တာကအစ အားလုံးတာဝန်ယူပြီးတော့၊ လက် ဆောင်ပေးတာကအစ တာဝန်ယူပြီးလုပ်ပေးတာပါ''ဟု တာဝန်ယူကျင်းပပေးသည့်တပည့်များထဲမှ မလှလှဝေ နှင့်မအိဖြူထွေးတို့ကပြောပြသည်။

မင်္ဂလာစာသင်ကျောင်းတွင် ဆရာကြီးနှင့်အတူလက်တွဲလုပ်ဆောင်နေသည့် တပည့်ရင်းတဦးလဲဖြစ်သူ မနီနီစိုး ကတော့ ''ကျနော်ကတော့ အခုလိုပေါ့နော်၊ ဆရာကြီးလိုလူမျိုးရှိတဲ့အတွက်ကြောင့် ကျနော်တို့တွေအကုန်လုံး၊ ဒီနန်းမင်း(Refugee)တွေ၊ ဘာတွေမပေါ်ခင်ကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဝလုံးတွေအဖမ်း ခံရရင် သွားတွေ့တာမျိုး၊ လေယာဉ်လက်မှတ်ခတွေထုတ်ပေးတာမျိုး၊ လိုအပ်တဲ့အသုံးအဆောင် ခြေအိတ် အ နွေးထည်ကအစ သူ့ပိုက်ဆံနဲ့ဝယ်ပြီး အားလုံးကိုကူညီပေးခဲ့တယ်။ ကျနော်တို့အတွက်ကတော့ ဒီလိုဒုက္ခရောက် တဲ့ ကိုယ်လူမျိုးအချင်းချင်းတွေကိုတောင် အဲ့လိုကူညီနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အဲ့တော့ ကျနော်တို့ရဲ့ ဘဝမှာ၊ မြန်မာလူမျိုးတွေရဲ့ဘဝမှာ တသက်မှာတယောက်ဆိုသလိုတန်ဖိုးထားမိတယ်။ ဆရာကြီးလဲ ကျန်းကျန်း မာမာချမ်းချမ်းသာသာနဲ့ဆက်လက်နေထိုင်သွားနိုင်ပါစေလို့ဆန္ဒပြုပါတယ်...''လို့ဆုမွန်ကောင်းစကားဆိုသည်။

ဆရာကြီးဦးမင်္ဂလာသည် တက္ကသိုလ်ပြီးသည့်အချိန်မှစ၍ ကုမ္မဏီအလုပ်ကို အသက်(၆ဝ)အထိလုပ်ကိုင်ခဲ့ကာ အနားယူပြီးသည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်မှ အခုအချိန်အထိ မြန်မာလူမျိုးများကိုကူညီရင်း မင်္ဂလာဂျပန်စာသင် ကျောင်းကို လျှပ်စစ်မြို့တော်ဟုခေါ်တွင်သော(Akihabara)ရပ်ကွက်တွင် အခန်းငှား၍ ဖွင့်လှစ်သင်ကြားပေးနေ သည်။

မြန်မာစကားအနည်းငယ်ပြောတတ်၍ မြန်မာပြည်သို့ ၄ ကြိမ်တိတိသွားရောက်လည်ပတ်ဖူးပြီး ဆရာကြီး၏ မင်္ဂလာစာသင်ကျောင်းမှ ဂျပန်စာသင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် မြန်မာကျောင်းသူ/သားပေါင်း မရေတွက် နိုင်လောက်အောင် ထူးချွန်ပေါ်ထွန်းခဲ့သည်။ ဆရာကြီး၏ စေတနာ့ဝန်ထမ်းလုပ်ရပ်ကို အားကျသည့် ဂျပန် လူငယ်-လူလတ်ပိုင်းမှ ကုမ္မဏီဝန်ထမ်းသား/သူများကလည်း အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မင်္ဂလာစာသင် ကျောင်းတွင် အခမဲ့သင်ကြားပို့ချပေးလျက်ရှိသည်။ လက်ရှိအချိန်အထိ ဆရာကြီးနှင့်အတူလက်တွဲ၍ စာသင် ကြားပို့ ချ ပေးနေသည့် ဂျပန်လူမျိုး ဆရာ/မပေါင်း ၂၀ ကျော်ရှိပြီး ကျောင်းသူ/သား ၇၀ ကျော်ရှိသည်။ မင်္ဂလာမဂဇင်းစာအုပ်ကို ဂျပန်-မြန်မာနှစ်ဘာသာတွဲ၍ ၃ လတကြိမ်ထုတ်ဝေပြီး မြန်မာလူမျိုးတို့၏ဓလေ့ထုံးစံ များ၊ သာရေးနာရေးအကြောင်းများအပြင် မြန်မာပြည်အခြေအနေများကိုလည်း ဂျပန်မျိုးများသိရှိအောင် ဖြန့်ချိ ပေးနေလျက်ရှိသည်။

အသက်(၈ဝ)ပြည့်မွေးနေ့နှင့်ပါတ်သက်၍ဆရာကြီး၏ ရင်တွင်းစကားအဖြစ် 'အခုလိုမြန်မာတပည့်တွေနဲ့ ကျနော့်ရဲ့မွေးနေ့ကို ပျော်ပျော်ရွင်ရွင်ဆင်နွဲရတာ အရမ်းကိုပျော်ပါတယ်...။ ကျနော်ကလူချောဆိုတော့ မချော လေးတွေ ကဂုဏ်ပြုတာပေါ့ဗျာ...''ဟု ဟာသနှော၍ပြောပြခဲ့သည်။

လက်ရှိမြန်မာပြည်အခြေအနေကိစ္စနှင့်ပတ်သက်ပြီး ''ကျနော်က ဒုတိယကမ္ဘာစစ်ကိုလည်းမှီခဲ့တယ်။ ဂျပန် တိုင်းပြည်ကို စစ်ဝါဒီတွေ၊ ခင်ဗျားတို့အခေါ် ဖက်ဆစ်ဝါဒီတွေအုပ်ချုပ်တာကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဂျပန်စစ်ဝါဒီတွေက ကိုယ့်လူမျိုးအချင်းချင်းကို ဘယ်တော့မှမညှင်းဆဲ၊ မရက်စက်၊ မသတ်ဖြတ် ဘူး။ ကိုယ့်ပြည်သူတွေကောင်းစားဖို့ တခြားနိုင်ငံကိုပဲကျူးကျော်ခဲ့တာ။ ရက်စက်ခဲ့တာ။ ယခုမြန်မာစစ် ၀ါဒီတွေက ကိုယ့်လူမျိုးကို နှိပ်စက်၊ သတ်ဖြတ်တယ်။ ဘုန်းတော်ကြီးတွေအထိပါ ရိုက်နှက်သတ်ဖြတ် နေတာတွေ့ရတော့ ဒီလူတွေမှဟုတ်ရဲ့လားလို့တောင်ထင်မိတယ်။ တော်တော်ဆိုးတဲ့အစိုးရပဲ...''ဟု မှတ်ချက်ပေးခဲ့သည်။
(ဆရာကြီးဦးမင်္ဂလာနှင့် မိုးသောက်ကြယ်အဖွဲ့သားများ အင်တာဗျူးထားသည်ကို ၂ဝဝ၈ ခုနှစ် သြဂုတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၈ တွင် ဖတ်ရှုနိုင်ပါသည်)
မြန်မာလူမျိုးအားလုံးကို မိမိသားသမီးလိုသဘောထားပြီး အမြဲကူညီစောင့်ရှောက်ပေးနေလျှက်ရှိသော မင်္ဂလာစာသင်ကျောင်း၏ဥယျာဉ်မှူး Nishida Sanခေါ် မြန်မာအမည်ဦးမင်္ဂလာ အသက် (၈ဝ)ပြည့်မွေးနေ့ မင်္ဂလာမှသည် နောင်နှစ်ပေါင်း (၁၂ဝ)တိုင် ပျော်ရွှင်သောဘဝများစွာရရှိပိုင်ဆိုင်နိုင်ပါစေ...ဟု မိုးသောက်ကြယ် စာကြည့်တိုက်အဖွဲ့သားများက ဆုတောင်းပေးလျက်-

Monday, November 17, 2008

မိုးသောက်ကြယ်စာကြည့်တိုက် (၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် မင်္ဂလာတရားတော်နှင့်အညီ သက်ကြီးပူဇော်ပွဲပြုလုပ်




သက်ကြီးပူဇော်ပူပြုလုပ်နေကြစဉ်





ကြာဇံဟင်းခါးဖြင့်တည့်ခင်းဧည့်ခံစဉ်

မှတ်တမ်းဓါတ်ပုံ-
မင်းညိုဝမ်း(မိုးသောက်ကြယ်)
သန့်မျိုးထွေး(မိုးသောက်ကြယ်)

Twitter Delicious Facebook Digg Stumbleupon Favorites More