This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မြ၀တီရဲခေါင်ဆောင်းပါးများ(Myawaddy U Ye Khaung). Show all posts
Showing posts with label မြ၀တီရဲခေါင်ဆောင်းပါးများ(Myawaddy U Ye Khaung). Show all posts

Sunday, March 16, 2008

လူငယ်များတွက် မြ၀တီရဲခေါင်၏ဆုံးမစကား



ဘ၀နီတိ (အပိုင်း ၁)

၁။ ညီညွှတ်ရေးကို တကယ်လိုလားသူမှန်သမျ မိမိဘက်မှ လျော့သင့်သောအချက်ကို အလျော့ပေး စွန့်လွှတ်ခြင်းတည်းဟူသော အရင်းအနှီးကိုမပြုလုပ်ပဲ ညီညွှတ်ခြင်းတည်းဟူသော အကျိုးအမြတ်ကို မည်သည့်အခါမျှ ရလိမ့်မည်မဟုတ်ပါ။


၂။ ခေါင်းဆောင်ကောင်းဖြစ်လိုသူမှန်သမျှ မိမိပတ်ဝန်းကျင်နှင့် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ပထမဆုံးလိုအပ်ချက်မှာ အမှား၊ အမှန်နှင့် အကောင်းအဆိုးကို ဝေဖန်သိမြင်ရေးပင်ဖြစ်၏။
ယင်းသို့သိပြီးနောက် ဒုတိယလိုအပ်ချက်မှာ အမှန်တရားနှင့်ကောင်းသည့်ဘက်မှ ရဲဝံ့စွာ ရပ်တည်သွားရေးဖြစ်ကာ၊ ထိုသို့ရပ်တည်ရာ၌လည်း တတိယလိုအပ်ချက်အနေဖြင့် အမှန်တရားနှင့်ကောင်းကျိုးအတွက် အဘက်ဘက်မှ စွန့်လွှတ်အနစ်နာခံရေးပင် ဖြစ်သည်။ ဤအချက်၌မူ သာမန်လူတို့သည် မလုပ်ဝံ့ကြတော့ချေ။
စစ်ဗိုလ်စစ်သားများပင်ဖြစ်လင့်ကစား ဤအချက်ကိုရင်ဆိုင်ရသည့်အခါ၌ ကြောက်ရွံ့ရင်ခုန်လျက် ဒူးတုန်၊ လက်မြှောက်၊ လူသာမန်များဘ၀သို့ ရောက်သွားကြတော့သည်။

၃။ မျဉ်းကြောင်းတခု၏ နှစ်ဘက်စွန်းသည် ဆန့်ကျင်ဘက်ဖြစ်နေသော်ငြားလည်း ထိုမျဉ်းကြောင်းကို စက်ဝိုင်းအဖြစ်သို့ပြောင်းလိုက်သောအခါ တသားတည်း အတူတူဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် ငါတို့သည် ပြည်နယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ၊ ပါတီပေါင်းစုံ၊ ဘက်ပေါင်းစုံ ပါဝင်သော စက်ဝိုင်းနှင့်တူသည့် အမျိုးသားညီလာခံကြီးကို တရားမျတ သဘာဝကျကျ မဖြစ်မနေ ကြိုစားအားထုတ် ပြုလုပ်သွားရပါလိ့မ္မည်။

၎။ ဤလောက၌ အကောင်းနှင့်အဆိုးကို လူတဦးချင်း၏ ကိုယ်ပိုင်ဆန္ဒအရ မိမိတဦးတည်းအနေဖြင့် ဆုံးဖြတ်နိုင်ကြသော်လည်း… (အမှားနှင့်အမှန်) ကိုမူ နိုင်ငံတော်အတွင်း၌ ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုနှင့်သာ နှိုင်းယှဉ်ဆုံးဖြတ်ကြရပါလိမ့်မည်။

၅။ ဘီလူးမတယောက်၏အလှကို ဘ၀မတူသော ကျွန်ုပ်တို့ လူသားများက ဆုံးဖြတ်ခြင်းသည် လုံးဝမမှန်ပဲ…၊ သူတို့ဘ၀တူ ဘီလူးအချင်းချင်း ဆုံးဖြတ်ခြင်းကသာ တရားမျှတ သဘာဝကျကာ မှန်ကန်ပါလိမ့်မည်။ အလားတူပင်-

၆။ ဘာသာတရားဟူသမျှသည် နိုင်ငံရေးမဟုတ်၊ ထို့အတူ နိုင်ငံရေးဝါဒ ဟူသမျှသည်လည်း ဘာသာတရားမဟုတ်၊ ထို့ပြင် ဘာသာရေးကျင့်စဉ်များကို လူတဦးချင်းကျင့်၍ရသော်လည်း၊ နိုင်ငံရေးကျင့်စဉ်များမှာမူ လူတဦးချင်းကျင့်၍မရ၊
ထို့ကြောင့် ဘာသာရေးဆိုင်ရာ အကျိုးတရားများသည် ကိုယ်လုပ်မှသာကိုယ်ရနိုင်သော်လည်း… နိုင်ငံရေးဆိုင်ရာ အကျိုးတရားများမှာမူ ပြည်သူလူထုအများစုက တင်မြှောက်လိုက်သော အစိုးရအဖွဲ့အစည်းတရပ်ပေါ်၌သာ လုံးဝတည်ပေတော့သည်။

၇။ သစ္စာဖေါက်၊ အချောင်သမား၊ ရန်သူများအား ပြန်လည်၍ ချဉ်းကပ်စည်းရုံးလျက် အသုံးချရခြင်းသည် မြွေပွေးခါးပိုက်ပိုက်၍ ကျားပါးစပ် လက်နှိုက်ရသကဲ့သို့ လွန်စွာ အန္တရာယ်ကြီးမားလှပါ၏။
သို့ရာတွင် မြွေပွေး၏အဆိပ်သည်ပင်လျင် ဆေးဘက်ဝင်၍၊ ကျားယဉ်ကိုလည်း ဆပ်ကပ်ပြနိုင်သည်ဆိုအံ့။ ထိုမြွေကို အစွယ်ချိုးလျက် လူကို ပြန်ဟပ်ကျားပါးစပ်ကိုလည်း သံမီးပူကပ်ကာ လိမ္မာအောင်ပြုလုပ်ကြရသည်သာတည်း။

၈။ ဘုန်းကြီးလူထွက်၊ စစ်သားလူထွက်နှင့် သူပုန်လူထွက် ဤလူ ၃မျိုးလုံးသည် လူ့လောကသို့ ပြန်လည်ဝင်ရောက်စတွင် အံဝင်ခွင်ကျမဖြစ်ပဲ (သွားလာ၊ နေထိုင်၊ လုပ်ကိုင်၊ပြောဆို) ပုံများမှ အစ ဟန်နှင့်အသံ အမူအရာအားလုံး တမျိုးတဖုံ ဖြစ်နေကြရခြင်းမှာ၊ သူတို့တချိန်က ကျင်လည်ခဲ့ရသည့် ထိုလောက ၃ပါးလုံး၏ သီးခြားဖြစ်တည်နေသော လူနေမှုစနစ်နှင့် အလေ့အထများသည်လည်းကောင်း၊ သူတို့၏ ခံယူချက်နှင့်ကျင့်စဉ်များသည်လည်းကောင်း၊ သူတို့၏ ဘ၀အတွေ့အကြုံများသည်၊ အရပ်သားလောက ပြည်သူတို့နှင့် လုံးဝမတူပဲ ကွဲလွဲခဲ့ကြသောကြောင့်ဖြစ်၏။ သို့သော် ထိုလူ ၃ ပါးလုံး၌ တထေရာတည်းတူညီသောအချက်မှာ စီးပွားရေးကို စိတ်မ၀င်စားခြင်းနှင့် မကျွမ်းကျင်ကြခြင်းပင် ဖြစ်၏။

၉။ ဘုရားဟောအရ မွေးရာပါ စရိုက် ၆ပါး ကွဲပြားလာသူများအတွက် ပထမအဆင့်ညီညွတ်ရေးမှာ အကျင့်တူ၊ ၀ါသနာတူ လူအချင်းချင်း ရှေးဦးစွာစည်းရုံးရေးဖြစ်၍၊ ထို့နောက်တွင်မှ ယုံကြည်ချက်နှင့် ဦးတည်ချက်တူ၊ ဘ၀တူလူအချင်းချင်း ဒုတိယအဆင့်ညီညွတ်ရေးဖြစ်ကာ၊ တတိယအဆင့်ညီညွတ်ရေးမှာမူ တနေရာတည်း၌ ဆိုးတူကောင်းဘက် စုပေါင်းနေထိုင်လျက် တိုက်ပွဲဝင်ခြင်းပင်ဖြစ်သည်။

၁၀။ တခါမှားလျင် ခိုင်းသူအပြစ်၊ နှစ်ခါမှားလျင်လုပ်သူအပြစ်၊ သုံးခါမှားလျင် အများ၏ အပြစ်၊ ထို့ကြောင့် ဝေဖန်ရေးကို လက်မနှေးကြပါနှင့်၊ ပြောပါ၊ ရေးပါ၊ သတိပေးပါ၊ ဆန္ဒပြပါ၊ ကန့်ကွက်ပါ၊ ‘အယုံအကြည်မရှိ’အဆိုတင်ပါ၊ ခေါင်းဆောင်နေရာနှင့် မထိုက်တန် အပြစ်ကို ၀န်မခံရဲသောသူများအား ၀ိုင်းဖယ်ပါ၊ အဆက်ဖြတ်ပါ၊ ဆက်မသုံးပါနှင့်။
(ဆက်လက်ဖော်ပြပေးပါမည်)

Sunday, March 9, 2008

ပြည်ပရောက် လူငယ်များအတွက်(မြ၀တီရဲခေါင်)



သံဟာ မီးကိုဖြတ်တဲ့အခါ...
နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့လူငယ်တွေ၊ နိုင်ငံခြားကိုထွက်ဘို့လုပ်နေတဲ့လူငယ်တွေ၊ ပြည်တွင်းမှာလှုပ်ရှားရုန်းကန်နေရတဲ့သူတွေကို(ဘ၀မှာလုပ်ကိုင်ခဲ့ရတဲ့၊ တွေ့ခဲ့ရတဲ့၊အတွေ့အကြုံကိုအခြေခံပြီး)ပြောချင်တာက
(၁) ခံနိုင်ရည်ရှိပြီး ကာဗိုဒ်နှင့်ပေါင်းတတ်ရင် ကာဗိုဒ်သံမဏိ(Carbide Steel)ဖြစ်လာမယ်
(၂) ခံနိုင်ရည်ရှိတဲ့အဆင့်လောက်ဆိုရင်တော့ သံမဏိ(Steel)ဖြစ်လာမယ်
(၃) ခံနိုင်ရည်မရှိရင်တော့ရင် အရည်ပျော်သွားတဲ့သံ(Molten Iron)ဖြစ်လာမယ်
(၄) အရည်အချင်းကျဆင်းလာခဲ့ရင် ခဲသတ္ထု(Lead)ဖြစ်လာမယ်
(၅) လူ့ကျင့်ဝတ်-သိက္ခာချို့ယွင်းခဲ့ရင် ခဲ-ပုတ်(Lead Oxide)ဖြစ်လာမယ်
(၆) ဘာမှကြိုးစားအားထုတ်မှုမလုပ်ဘဲ အလျော့ပေးလာရင် ရေ(Water)ဖြစ်လာမယ်
(၇) ရည်မှန်းချက်မရောက်ခင် သေဆုံးသွားရင်တော့ ရေငွေ့(Water Vapour)ဖြစ်လာမယ်

ဖော်ပြပါအတွေးအခေါ်က ဓာတုဖြစ်စဉ်တရားများကိုဆိုလို(ဇွဲ၊ လုံ့လ၊ ၀ိရိယ)ကို မီးမောင်းထိုးပြခြင်းသာဖြစ်ပါတယ်။
ကဲ(လူငယ်၊ လူလတ်)တို့ရေ ငါ-ဘယ်အဆင့်မှာရောက်နေမလဲလို့ ကိုယ့်ကိုယ်ကိုဆန်းစစ်ပြီး ထပ်ကြိုးစားဘို့ပါပဲ။

Twitter Delicious Facebook Digg Stumbleupon Favorites More