This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဉာဏ်ဦးမောင်ဆောင်းပါးများ(Nyan Oo Maung Article). Show all posts
Showing posts with label ဉာဏ်ဦးမောင်ဆောင်းပါးများ(Nyan Oo Maung Article). Show all posts

Wednesday, March 5, 2008

ရွှေတံခါးက သနားစရာ့ သူတို့အကြောင်း

အမေ့အိမ်တံခါးပေါက်ကိုရောက်တော့ လွမ်းလောက်စရာ့ ဒေါနတောင်တန်း ကြီးကို မှိုင်းပျပျလှမ်းလို့မြင်ရတယ်။ အော် ဒီမြေဟာအမိမြေ၊ ဒီရေဟာအမိရေ၊ ဒီလေကလည်း အမိလေလို့မှန်းဆမိတော့ လွမ်းစိတ်ကပိုမိတယ်။ ဒီဒေါနတောင်တန်းကြီးမှာ တို့ညီအကိုမောင်နှမတွေ ဘယ်လောက်များ အသက်တွေစတေးသွားခဲ့ကြရပြီလဲလို့ တွေးမိပြန်တော့ ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်။
တမြေထည်းနေ တရေထဲသောက်၊ သွေးရင်းသားရင်း ညီနောင်အချင်းချင်း၊ နှစ်ပေါင်းရှည်ကြာ စစ်တွေခင်းလာလိုက်ခဲ့ကြရတာက ခုတိုင်မပြီးဆုံးနိုင်စွာ အဖြေကိုရဖို့ အဆုံးမရှိမှန်းသိနေတဲ့နည်းတွေနဲ့ အချိန်တွေကို ဖြုန်းတီးနေကြတာ တိုက်ခိုက်ခြင်းတွေ ခြေမှုန်းခြင်းတွေအငြင်းပွားခြင်းတွေ၊ အချင်းများခြင်းတွေ ရန်ကြားမှာ မြေစာပင်ဖြစ်ကြရတဲ့သူအများစုက ကလေးသူငယ်လူမမယ်တွေ သက်ကြီးရွယ်လွန် ဇရာကျွန်တွေ၊ ပွင့်သစ်သွေးစို မိန်းမပျိုတွေ။

သားနာမည်ဆိုတော့ ‘တရန်ဆပ်’တဲ့။ ဘာဖြစ်လို့သားကဗမာဖြစ်ပြီး ဗမာနာမည်မမှည့်တာတုံးဆိုတော့ “ဗမာနာမည်ကိုမကြိုက်ဘူး…”တဲ့။ ဗမာစစ်စစ် ဗမာကလေးတယောက်က ဗမာနာမည်ကို မုန်းသတဲ့လေ။ ဘယ်လောက်များနာကျည်းစရာဖြစ်ရပ်ပါလဲ။ ဗမာနာမည်ကို မုန်းဖို‹နှလုံးသားနုနုလေး မှာ ဘယ်လိုဒဏ်တွေများသင့်ခဲ့ပါသလဲ။
“သားကျောင်းမတက်ဘူးလား…”ဆိုတော့ “ကျောင်းတက်ဖို့ပိုက်ဆံမရှိဘူး…”တဲ့။
“ပိုက်ဆံရှိရင်ကောတက်မှာလား…”ဆိုတော့ ”ရှိရင်တော့တက်မယ်…”တဲ့။
၇ နှစ်သားအရွယ် ဗမာကလေးတစ်ယောက်ရဲ့အဖြေပါ။ အဖေနာမည်မသိ။ အမေခေါ်စရာလည်းမရှိ။ သူ့အဖွားလို့သူထင်နေတဲ့ အဖွားအိုနဲ့သာနေရရှာတဲ့ ကလေးတယောက်ရဲ့ နှုတ်ကထွက်အံကျလာတဲ့ အရိုးသားဆုံး စကားများပါ။
မြန်မာပြည်တံခါးဝ ‘မဲဆောက်’ဆိုတဲ့ ထိုင်းမြို့လေးရဲ့သောင်ရင်းမြစ် ကမ်းစပ်မှာတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ ဘ၀ပုံရိပ်တစ်စပါ။ ညစ်ပတ်ပေရေနေ တဲ့ ဘောင်းဘီတိုလေးကိုဝတ်ပြီး အထက်ပိုင်းကိုယ်ဗလာနဲ့ ကလေးတစ်ယောက်ရဲ့ပုံကို မြင်ကြည့်လိုက်စမ်းပါ။ ဒါ လူသားတစ်ယောက်ရဲ့ဘ၀တဲ့လား…။
စားစရာအစာမရှိ၊ နေစရာအိမ်မရှိ၊ ကုန်ကုန်ပြောရလျင် ပြေးလွှားကစားစရာတောင်မှ မြေမရှိရှာတဲ့ ကလေးငယ်တစ်ယောက်ရဲ့ဘ၀။ ကိုယ်တိုင်မကြုံခဲ့လျင် ပုံပြင်တပုဒ်အလားထင်မှတ်မှားစရာပါ။ “သားဘယ်မှာနေလဲ…”ဆိုတော့ “ဒီမှာပဲနေတယ်…”တဲ့။
ထိုင်းနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းစက လူသွားကွန်ကရိစင်္ကြံအောက်ကနေ မိုးမလုံတဲ့သုံးပေလောက်မြေနေရာလေးကို လက်ညှိးထိုးပြတယ်လေ။ ဒါ ကလေးငယ်တစ်ယောက်ရဲ့နားခိုရာတဲ့။ ဒါတောင် ဒီမှာရှိတဲ့ထိုင်းရဲက နားလည်မှုပေးထားလို့ နေခွင့်ရှိတာတဲ့။ ကွန်ကရိစင်္ကြံပေါ်မှာထိုင်ပြီး လာသမျခရီးသည်တွေကို စီးကရက်နဲ့အရက်ရောင်းနေတဲ့ ဒေါ်မြကရှင်းပြတယ်။
“အမတို့ဒီလိုရောင်းနေတော့ ရဲကမဖမ်းဘူးလား…”ဆိုတော့ “ရဲလာရင် သောင်ရင်းမြစ်ထဲဆင်းပြီး ခဏရှောင်နေလိုက်တာပေါ့…”တဲ့။ ဒီနေရာ ဒီဒေသဟာ လူကြီးအတွက်ပဲဖြစ်ဖြစ် ကလေးအတွက်ပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတဲ့ အရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့်ဒီနေရာကနေ တဖက်ခြမ်းမှာရှိတဲ့ ‘မြ၀တီ’အမည်ရှိတဲ့ နာမည်လှလှမြို့လေးနဲ‹စာလျင်တော့ ၀မ်းဗိုက်အတွက် အစာလေးနည်းနည်းဖြည့်တင်းဖို့ အခွင့်အလမ်းပိုတာမို့ နေရတာပါတဲ့ ။ “ဗမာပြည်ဘက်မပြန်ဘူးလား…”လို့ တရန်ဆပ်ကိုမေးကြည့်တော့ “ဗမာပြည်ဘက်မှာ စားစရာမရှိဘူး၊ မပြန်ဘူး…”တဲ့ လေ။
ဒီမြေဟာတို့မြေ၊ မြေကြီးကရွှေသီးတယ်လို့ ၀ံ့ကြွားခဲ့ကြတဲ့မြေ။ ကျောက်သံပတ္တမြားတွေပေါများ၊ ရေနံနဲ့ဓာတ်ငွေ့တွေကလည်းအလျံပယ်။ ကျွန်းသစ်နဲ့ တောထွက်ပစ္စည်းတွေနဲ့ပြည့်ဝပြီး အာရှရဲ့ဆန်အိုးကြီးလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ရွှေနိုင်ငံတော်ကြီး ဒီနိုင်ငံကြီးဘက်မှာ ဘာမှစားစရာမရှိဘူးတဲ့။ ၇ နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ဘ၀ပေးအသိနဲ့ပြောခဲ့တဲ့ အဖြူရောင်စကား။ ကြားရတော့ ရင်ထဲမှာအတိုင်းအဆမရှိ နာကျင်မိတယ်။
“သားမှာသူငယ်ချင်းတွေရောမရှိဘူးလား…”ဆိုတော့ “သူတို့စားဖို့သွားရှာနေကြတယ်…” တဲ့။
ဟော ညနေကျောင်းဆင်းချိန် ခမ်းနားထည်ဝါလှတဲ့ အဆောက်အဦကြီးထဲက ၀တ်စုံအပြည့်နဲ့ကျောင်းသားတွေ ထွက်လာကြတယ်။ ကျောင်းဝင်းအ၀မှာ အဖိုးတန်ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ မိဘတွေက လာရောက်ကြိုဆိုကြလို့ ကျောင်းထဲကထွက်လာကြတဲ့ သူတို့လေးတွေရဲ့ မျက်နှာနုနုလေးတွေမှာတော့ ပြုံးလို့ပျော်လို့ အပူမရှိ သောကမရှိ။ အေးချမ်းမှု အပြည့်၊ သူတို့တွေက ထိုင်းနိုင်ငံသားစစ်စစ်လေးတွေလေ။

(ဒေါက်တာလွမ်းဆွေဘလောက်မှ)

အခြားတဖက်မှာတော့ မှားမယ်ထင်ပြီး မေးကြည့်မနေပါနဲ့။ ရွှေပြည်အ၀င် မဲဆောက်ဆိုတဲ့ နယ်စပ်မြို့လေးက အမှိုက်ပုံတွေမှာ လမ်းဘေးတစ်နေရာရာမှာ ခွက်ကောက်ဘူးကောက် ပလစ်စတစ်ကောက်နေတဲ့ ကလေးငယ်တွေ။ ဘယ်ကလဲလို့ မမေးနေပါနဲ့။ သူတို့တွေ ရွှေနိုင်ငံကလာကြတဲ့ ရွှေစစ်စစ်လေးတွေပါ။ ပညာရေးလည်းမရှိ။ ကျန်းမာရေးလည်းမရှိ ။ စားစရာလည်း မရှိ။ နေစရာလည်းမရှိ။ ဆွေမရှိ၊ မျိုးမရှိ။ ဆင်းရဲခြင်းကလွဲလို့ ဘာမှမရှိ။ ပူပင်မှုအပြည့်။ သောကအပြည့်။ ဒါတွေကို ဘယ်သူတွေ ဖန်တီးခဲ့ကြပါသလဲ…။ ဖန် တီးနေကြပါသလဲ…။ သူတို့လေးတွေ ကိုယ်တိုင် ဖန်တီးခဲ့ကြတာ မဟုတ်တာတော့ လုံးဝသေချာပါတယ်။ တကယ်ကိုမှ နက်နက်ရှိုင်းရှိုင်းရင်နာမိပါတယ်။ ။
ဥာဏ်ဦးမောင်

Twitter Delicious Facebook Digg Stumbleupon Favorites More