Tuesday, March 18, 2008

နအဖက ဒါတွေလုပ်နေပြီ



မေလမှာကျင်းပတော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံ
ယူပွဲ ကျင်းပရေး၊တိုင်းနှင့်ပြည်နယ်အသီးသီးမှကော်မရှင်အဖွဲ့ခွဲများလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရသိရှိရသည်။



ကချင် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ်လ (၉) ရက်ကကျင်းပခဲ့
ရာသက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ တက်ရောက်လာကြသူများက မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊မဲရုံသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်းသတင်းရရှိပါသည်။

ကယားပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ (၈) ရက်
က၊ ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ တက်ရောက်လာကြသူများကမဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲပေးခြင်း၊ မဲရုံသတ်မှတ်ခြင်း၊ အထွေထွေကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြကြောင်းသတင်းရရှိပါသည်။

ကရင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈) ကို မတ်လ (၁၂)ရက်
က ကရင်ပြည်နယ်မြို့နယ်ကောင်စီအစည်း အဝေးခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ ကော်မရှင်အဖွဲ့ဝင်ဦးလန်းဇုန်းက ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ကော်မရှင်အဖွဲ့ဝင်ဦးစောဘလှိုင်က မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များနှင့်လည်းကောင်းစပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၈)ရက်က
ကျင်းပခဲ့ရာတက်ရောက်လာကြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ(၈)ရက်က ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှမ်းပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲ ဥပဒေ နှင့် နည်းဥပဒေများ ကိုလည်းကောင်း၊အတွင်းရေးမှူးက ခရိုင်နှင့်မြို့နယ် ကော်မရှင် အဖွဲ့ခွဲများဖွဲ့စည်း တာဝန်ပေးအပ်ထားမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၁၀)ရက်ကကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကစစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက် လာကြသူများကအထွေထွေ ကိစ္စရပ်များကိုလည်းကောင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ (၉) ရက်က ကျင်းပရာသက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းမှုနှင့်ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာကြသူများက မဲစာရင်းပြုစုပြီးစီးမှုအခြေအနေများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈) ကို မတ်လ(၁၀) ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပဲခူးတိုင်းကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးဥပဒေ နှင့်နည်းဥပဒေများကိုလည်းကောင်း၊ အတွင်းရေးမှူးကခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကိုမတ်လ(၁၀)ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။တက်ရောက်လာကြသူများကအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါ သည်။

မကွေးတိုင်းကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၀၈)ကို မတ်လ (၈) ရက်ကကျင်းပခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။တက်ရောက်လာကြသူများကအထွေထွေကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါ သည်။

မန္တလေးတိုင်း ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ်လ(ရ)ရက်ကကျင်းပခဲ့ရာသက်ဆိုင်ရာ တာန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးရဲအောင်မြင့်ကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးဘိုရွှေက မဲစာရင်းပြုစုရေးရှင်းလင်းဆွေးနွေးခဲ့ရာ မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မဲရုံ ပုံစံနှင့်ဆန္ဒမဲပေးပုံတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၀၈)ကို မတ်လ(၁၀)ရက်က ကျင်းပခဲ့ရာသက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ၊န ည်းဥပဒေများကိုလည်းကောင်း၊ အဖွဲ့ခွဲအတွင်းရေးမှူးက ခရိုင်ကော်မရှင်အဖွဲ့ခွဲနှင့်
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၀၈) ကိုမတ်လ (၉)ရက်ကကျင်းပရာ သက်ဆိုင်ရာ တာန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြည်တွင်းသတင်းစာများတွင်ဖော်ပြထားပါသည်။


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More