Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့မှာ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စာကလေး ၆၃ ကောင်ကို လွှတ်ပြီး ဆုတောင်းနေစဉ် စွမ်းအားရှင်လို့ ယူဆရသူများဟာ ကား ၁၀ စီးခန့်နဲ့ ရောက်ရှိလာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် များကို ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးသွားကြကြောင်း သိရ ပါတယ်။ မြန်မာပြည်ဆိုင်ရာသတင်းများမှာ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။
အခုလို စွမ်းအားရှင်လို့ ယူဆရသူများက တရားမဲ့ ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အမျိုးသား ညွန့်ပေါင်း အစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းရဲ့ သဘောထားကို မေးမြန်း ကြည့်ရာ “စွမ်းအားရှင် ဆိုတာ မရှိသင့်ဘူး ဗျ။ စွမ်းအားရှင် ဆိုတာ ဘာလဲ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းလား၊ ဒါမှမဟုတ် စစ်တပ်၊ ရဲ အဖွဲ့အစည်းလား၊ ဘာတွေလဲ။ လူမိုက်တွေကို မြှောက်ပင့်ပေးပြီး ပြည်သူလူထုဆိုတဲ့ အမည်တပ်ပြီးတော့ နအဖ ခိုင်းသမျှ လုပ်တဲ့ လူတွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။ ဒါဟာ တရားဥပဒေနဲ့ မညီဘူး။ (လူငယ်စကားနဲ့ ပြောရင်) လူမိုက် ဆန်တယ် ပေါ့ဗျာ။” လို့ မှတ်ချက်ပေးပါတယ်။
၂၀၀၇ စက်တင်ဘာ အရေးအခင်းမတိုင်မီက ဓါတ်ဆီဈေး ကြီးမြင့်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် ရိုက်နှက် ထိုးကြိတ်ခဲ့ရာ စစ်အစိုးရရဲ့ လူမှုရေးအဖွဲ့ အမည်ခံ ကြံ့ဖွံ့အဖွဲ့ဝင်များပါ ပါဝင်ပတ်သက်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သာမာန်ကြံ့ဖွံ့အဖွဲ့ဝင်များက အဲဒီလို ဝေဖန်မှုတွေကို ဒီ လုပ်ရပ်တွေဟာ သူတို့နဲ့ မပတ်သက်ကြောင်း၊ အခုလုပ်ရပ်ဟာ စစ်အစိုးရ တာဝန်ရှိသူ များ သီးသန့် ဖွဲ့စည်းထားတဲ့ စွမ်းအားရှင်ဆိုသူများက လုပ်ကိုင်တာဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဘားမားတူဒေးမှ ကောက်နုတ်ဖော်ပြသည်။