Thursday, October 2, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့်ပစ်နိုင်ပါပြီ

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့်ပစ်၍ကစားနိုင်သည့် အင်တာနက်ဂိမ်းတခုကို မိုးမခအင်တာနက် စာမျက်နှာတွင် ဝင်ရောက်ကစားနိုင်ကြောင်းသိရသည်။
'သန်းရွှေကိုဘယ်လိုဆော်ရမလဲ'ဟုအမည်ပေးထားသည့် အဆိုပါဂိမ်းကို ကာတွန်းဆရာဘိရုမာက မိုးမခပရိတ်သတ်များအတွက် မြန်မာဆန်ဆန်တီထွင်လိုက်ခြင်းဖြစ်ပြီး ကစားမိသူတိုင်း နှစ်သက်သဘောကျလိမ့်ဖြစ်သည်။
၎င်းဂိမ်းသည် ခမောက်ဆောင်းကာ လွယ်အိတ်ကိုစလွယ်သိုင်းလွယ်ထားသည့် ဘုန်းကြီးကျောင်းသားငယ်တဦးက ကောင်းကင်မှ ထီးတလက်ဖြင့် ကိုရိုးကားယားပြုတ်ကျလာသည့် ဗိုက်ပူနံကားဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့်ချိန်ရွယ်ကာ အားပါးတရ ပစ်ခတ်ရသည့်ကစားနည်းဖြစ်သည်။



အဆိုပါကစားနည်းကို တီထွင်ပြုလုပ်ရခြင်းမှာ နအဖစစ်အုပ်စု၏ဖိနှိပ်မှုကြောင့် မြန်မာစာပေအနုပညာရှင်များ မွန်းကြပ်နေရခြင်းကို ပျက်ရယ်ပြုကာ သရော်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် မိုးမခမီဒီယာဝိုင်းတော်သားတဦးဖြစ်သည့် ကိုမောင်ရစ်က ဧရာဝတီအင်တာနက်သတင်းဌာနတွင်ပြောကြားသည်။

သံဃာသတ်သည့်သန်းရွှေကို လေးဂွနှင့်ပစ်ချင်သူများ၊
တိုင်းသူပြည်သားဆင်းရဲဒုက္ခရောက်အောင်လုပ်နေသည့် ဗိုက်ပူနံကားသန်းရွှေကို လေးဂွနှင့်ဆော်ချင်သူများ၊
http://moemaka.com/images/berumagame01.htm
အင်တာနက်စာမျက်တွင် သွားရောက်လက်တည့်စမ်းနိုင်ပါကြောင်း။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More