This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Saturday, July 24, 2010

စွန့်ဖို့လား၊ စားဖို့လား(အရှင်သံဝရာလင်္ကာရ -ဓမ္မပိယဆရာတော်))

မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ၀ါဆိုလည်း ၀ါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ 'ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ' ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့်...

Monday, July 19, 2010

အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲကျင်းပ

တိုကျို၊ ဇူလှိုင်(၁၉)သတင်း-သန့်မျိုးထွေး ဇူလှိုင်(၁၉)ရက်နေ့တွင်ကျရောက်သည် (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီနိုင်ငံတခုဖြစ်ပေါ်လာစေရန် မျှော်မှန်းထားချက်များနှင့် ယနေ့ခေတ်နအဖစစ်အစိုးရလက်ထက် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏အခြေအနေ ကွာခြားနေမှုများကို နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲအဖြစ် တိုကျိုမြို့၊ မိနားမိအိုးစုခ ခန်းမတွင် ဇူလှိုင်(၁၈)ရက်နေ့ညနေက ပြုလုပ်ခဲ့ကြသည်။ စာတမ်းဖတ်ပွဲ၏ ခေါင်းစဉ်ကို ``အာဇာနည်ခေါင်ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် မြန်မာနိုင်ငံ´´ဟု ပေးထားပြီး လွန်ခဲ့သည့်နှစ် ၂၀ ကျော် ကာလများအထိဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်စိတ်ဓါတ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို သိရှိပြောဆိုနိုင်ခွင့်ရှိခဲ့သော်လည်း...

Wednesday, July 7, 2010

(၄၈)နှစ်ပြည့် ၇ ဇူလိုင် အထိမ်းအမှတ်အခမ်းအနားကျင်းပ(နန်းအိမွန်ချစ်)

View allGet your ownမြန်မာနိုင်ငံတွင် စစ်တပ်မှအုပ်ချုပ်သော စစ်အာဏာရှင်စနစ်အား ပထမဦးစတင်ဆန့်ကျင်တော်လှန်ခဲ့သည် ဇူလိုင်လ (၇) ကျောင်းသားအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားကို SHINAGAWA ရပ်ကွက်ရှိ နအဖ စစ်အခွန်ရုံးရှေ့တွင်ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှဦးဆောင်ကာ ယနေ့ညနေ (၃) နာရီ မှ (၄း၃၀) အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။အခမ်းအနားမှုးအဖြစ် ကိုမြတ်သူကတာဝန်ယူကျင်းပပေးခဲ့ပြီး ”ဇူလိုင်လ (၇) ရက်အရေး တော်ပုံသည် ဗမာပြည်သမိုင်းတွင် စစ်အာဏာရှင်စနစ်ကို တက်လျှင်တက်ချင်း အစောဆုံးဆန့်ကျင်ခဲ့သည့် သပိတ်တိုက်ပွဲဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အောက်တွင် ကျောင်းသားတို့ပထမဆုံးသွေးမြေကျခဲ့ ရသည့် ကျောင်းသားတိုက်ပွဲဖြစ်ကြောင်း ” ဟု ဇူလိုင်လ (၇) ရက်အရေးတော်ပုံအကြောင်းကိုရှင်းပြခဲ့ပါသည်။ အခမ်းအနားတွင်...

Monday, July 5, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်

နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။ကိုကြီးပေါ်...

Sunday, July 4, 2010

ခမောက်ရောင်းသမားနဲ့ မျောက်သန်းရွှေ

တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်…။...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More