Sunday, March 16, 2008

မိုင် ၃၀၀၀ ခရီးရှည်ချီတက်ပွဲသတင်း

၁၄ ရက်မြောက် ခရီးရှည်ချီတက်ခြင်း



အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ငြိမ်းချမ်းရေး တို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော်ချီ တက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေသင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင်(၁၄) ရက် မြောက် ရှိခဲ့ပြီး မိုင်ပေါင်း(၂၇၀)ကျော်ကို ဖြတ်သန်းခဲ့ပါတယ်။

Oregonပြည်နယ်၊(Emigrant Mountain)ကိုစတင်ဖြတ်ကျော်စမှာပဲ၊ နှင်းမိုးတွေသဲသဲမဲမဲ ရွာတာနဲ့ ကြုံရပါတယ်၊ သွေးခဲမတတ်အေးစိမ့် နေကြောင်း ကြားသိရပါတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို တည်းခိုစရာ မြို့ ရွာတွေနဲ့ ဝေးနေတဲ့အတွက် လမ်းဘေးက လူမနေတဲ့ အိမ်ငယ်လေးမှာ အိပ်စက်ခဲ့ရကြောင်း သိရပါတယ်၊ ရာသီဥတုကတော့ ယနေ့အထိ ဆိုးနေဆဲ နှင်းကျနေမြဲပါ၊ မြူတွေကျနေလို့ လမ်းရှေ့ ခပ်လှမ်းလှမ်းကိုတောင် မမြင်ရဘူးလို့ဆိုပါတယ်။



ရာသီဥတုက ဆိုးနေတဲ့အတွက် ၃/၄ ရက်လောက်အနားယူဖို့ အခြားရဲဘော်များက ဖုန်းနဲ့ ဆက်သွယ်ပြီး အကြံပြုပြောဆိုကြပေမယ့် ရဲဘော်အေသင်တို့ကတော့ မရပ်မနား ဆက်လက်ချီတက်မှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို အပင်ပမ်းခံ ဒုက္ခခံနေတာဟာ အမိမြန် မာနိုင်ငံနဲ့ ပြည်သူလူထုအတွက်ဖြစ်ကြောင်း ပြောပါတယ်။ ယခု လှူပ်ရှားချီတက်နေမှုဟာ နအဖ စစ်အာဏာရှင် အစိုးရရဲ့ရက်စက် ကောက်ကျစ် ယုတ်မာလှည့်စားနေမှုကို ကမ္ဘာက ပိုမိုအာရုံစိုက် သိရှိလာဖို့နဲ့၊ မကြာမီ ကျင်းပတော့မယ့် တရုတ်အိုလံပစ် အားကစား ပွဲတော်ကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တာလည်း ဖြစ်ကြောင်းပြောပါတယ်။
သူတို့နှစ်ဦးကတော့ မလျှော့သော ဇွဲ လုံ့လ ၀ရိယတွေနဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်နေဆဲပါ။ မြန်မာပြည်သူများအနေဖြင့် သူ တို့ရဲ့ခရီးရှည် ချီတက်နေမှုကို ၀ိုင်းဝန်းထောက်ခံကြဖို့ သတင်းပေးပို့ပါတယ်။

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

(ခရီးရှည်ချီတက်နေသူများကို ထောက်ခံအသိအမှတ်ပြုသည့်အနေဖြင့် အောက်ပါလိပ်စာတွင်ဝင်ရောက်၍ အားပေးလက်မှတ်ထိုးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်)

http://www.petitiononline.com/walkfree/petition.html

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More