Saturday, December 6, 2008

ပထမပုဂ္ဂလိက ဘဏ်သည် ချေးငွေကြွေးဆုံး မရှိသည့် ကမ္ဘာ့ပထမဆုံး စံပြ အများပိုင် ဘဏ်ကြီး တစ်ခုဟုဆို

ပြည်တွင်းတွင်းစီးပွားရေးအောင်မြင်မှုအကြီးအကျယ်ရရှိနေသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်သည် နှစ်နှစ်ဆက်တိုက်ချေးငွေကြွေးဆုံးမရှိသည့် ကမ္ဘာ့ပထမဆုံးသောစံပြ အများပိုင်ဘဏ်ကြီးတစ်ခုဖြစ်ကြောင်း အဆိုပါဘဏ်၏ဥက္ကဋ္ဌ ဒေါက်တာ စိန်မောင်၏ပြောကြား ချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်စီးပွားရေးလောကတွင် ချေးငွေကြွေးဆုံးမရှိသည့်ဘဏ်ဟူ၍မရှိကြောင်း သို့ရာတွင်မြန်မာနိုင်ငံရှိ အများပိုင်ပထမပုဂ္ဂလိကဘဏ်မှာမူ ဘဏ္ဍာရေးနှစ် နှစ်နှစ်ဆက်တိုက်ချေးငွေကြွေးဆုံးမရှိခဲ့ကြောင်းပထမပုဂ္ဂလိကဘဏ်အနေဖြင့် ချေးငွေထုတ်ချေးရာတွင်ရုံးချုပ်တွင် ဒါရိုက်တာများအားလုံးပါဝင်သော ချေးငွေကော်မတီကိုလည်းကောင်း၊ဘဏ်ခွဲများတွင် ချေးငွေကြီးကြပ်မှုကော်မတီများကိုလည်းကေင်းဖွဲ့စည်း၍ ဆောင်ရွက်ကြောင်း၎င်း၏ အဆိုအရသိရသည်။
“ဘဏ်လောကမှာ ချေးငွေကြွေးဆုံးမရှိတဲ့ဘဏ်ဆိုရင် ပထမပုဂ္ဂလိကဘဏ်ပဲရှိတယ်၊ကမ္ဘာ့ပထမဆုံးနဲ့ စံပြအများပိုင်ဘဏ်က ဒီဘဏ်ပဲ၊ ဒီလိုကြွေးဆုံးမရှိတာကလည်းဘဏ်ရဲ့သူများနဲ့မတူတဲ့ချေးငွေစနစ်ကြောင့်ပါ”ဟုဒေါက်တာစိန်မောင်ကပြောကြားကြောင်း
၂၀၀၈ခုနှစ်ဒီဇင်ဘာလ ၈ရက်နေ့ထုတ် The Voiceဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More