Saturday, December 6, 2008

သက်ဆင်၏ ဇနီးဟောင်း ထိုင်းသို့ ပြန်ရောက်ပြီ


ထိုင်းနိုင်ငံ၏ နယ်နှင်ဒဏ် ခံနေရသည့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ဇနီးဟောင်း ဖြစ်သူ ပိုဂျာမန်မှာ လွန်ခဲ့သော သောကြာနေ့က ထိုင်းဘုရင့် နိုင်ငံသို့ လေကြောင်း လိုင်းဖြင့် ပြန်လည်ရောက်ရှိ လာခဲ့ပြီ ဖြစ်ကာ သူမမှာ ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သော သြဂုတ်လမှ စတင်၍ အခွန်ငွေ အလွဲသုံးစားမှု့ဖြင့် ထိုင်းတရားရုံးမှ ချမှတ်သည့် ထောင်ဒဏ် (၃)နှစ်ကို ရှောင်တိမ်းနိုင်ရန် အတွက် ရောက်ရှိနခဲ့ခြင်း ဖြစ်သည်။

Thai Airway TG 607 ဖြင့် ရောက်ရှိလာသူ ပိုဂျာမန်မှာ ဒေသခံ စံတော်ချိန် ည(၁၀)နာရီ (၂၀) မီနစ်က ထိုင်း လေဆိပ်သို့ ရောက်ရှိ ခဲ့ပြီး ဟောင်ကောင်မှ တစ်ဆင့် ရောက်လာ ခြင်းဖြစ်ကြောင်း လေယာဉ် လက်မှတ် အတွင်း သူမ၏ နဂိုနာမည်ကို အသုံးပြုကာ ၀ယ်ယူခြင်း ဖြစ်သည်။

PPP ပါတီဝင် ဟောင်းများမှာ ပိုဂျာမွန်နှင့် သူမ၏ သားနှင့် သမီးကို ကြိုဆိုရန် ရောက်သွားခဲ့သော်လည်း ပုဂ္ဂလိက ထွက်ပေါက်မှ တစ်ဆင့် ၎င်းတို့နှင့် တွေ့ဆုံခြင်း မရှိဘဲ မူလနေအိမ်ရှိရာသို့ ပြန်သွားခဲ့သည်ဟု သိရသည်။ ယခင်လက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (၅၉)နှစ်နှင့် ပိုဂျာမွန်(၅၁)နှစ်တို့မှာ (၃၂)နှစ်ကြာ လက်ထပ်ခြင်းအား အဆုံးသတ်ခဲ့ပြီး ကွဲကွာခဲ့ကြကြောင်း၊ သို့ရာတွင် စာရွက်ပေါ်၌သာ ဖြစ်ပြီး အပြင်၌မူ နီးကပ်စွာ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရကာ စီးပွားရေး ကိစ္စရပ်များကြောင့် ဟုသိရသည်။

ပိုဂျာမွန်မှာ သူမ၏ ထောင်ဒဏ်များ အတွက် အယူခံ ၀င်ထားပြီး အာမခံဖြင့် လွတ်မြောက်နေခြင်း ဖြစ်သည်။လက်ရှိတွင်မူ ဗြိတိန်မှ သူမတို့၏ ဗီဇာသက်တမ်းမှာ ကုန်ဆုံးခဲ့ပြီး ထပ်မံ လက်မခံတော့ကြောင်း သိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More