Monday, February 9, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတက်ပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်

၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)




မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီ ၇ ဖွဲ့တို့၏ ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အထူးထုတ်ပြန်ကြေငြာချက်ကို ဂျပန်ရောက်မြန်မာများမှ ထောက်ခံကြောင်းပြသသည့်အနေဖြင့် ချီတက်ပွဲအခမ်းအနားတရပ်ကို တိုကျိုမြို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံချီတက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာတိုင်းရင်းသားလူမျိုးများသာမက ဂျပန်လူမျိုးများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဤသို့ချီတက်ခဲ့ကြရာတွင် အလွန်အေးချမ်းလှသည့် ဂျပန်နိုင်ငံ၏ဆောင်းရာသီဥတုဒဏ်ကိုမမှုပဲ ညပိုင်း ၇း၃ဝ နာရီ၌ အိုးစုခပန်းခြံအတွင်းမှ စတင်စုရုံးထွက်ခွာခဲ့ကြပြီး အကွာအဝေးအားဖြင့် ၂.၅ ကီလိုမီတာခန့်ရှိမည်ဟုခန့်မှန်းရသော အိခဲဘုခုရိုပန်းခြံအထိ လှမ်းလျှောက်ခဲ့ကြသည်။
စုစုပေါင်း လူအင်အား ၄၈ဝ ကျော်ပူးပေါင်းပါဝင်ခဲ့ပြီး ချီတက်ရာလမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်၊ နှစ်ရှည်လများ ဦးခွန်ထွန်းဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားခေါင်းဆောင်များအားလုံး ချက်ချင်းလွှတ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ချက်ချင်းလွှတ်၊ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်၊ အတုအယောင် အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အလိုမရှိ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ပြစ်၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဖိအားပေးပါ၊ ဂျပန်အစိုးရဟာ မြန်မာစစ်အာဏာရှင်အား ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်လာစေရန် ဖိအားပေးပါ တို့ကို ဂျပန်ဘာသာဖြင့်ြေ<ွကးကြော်တောင်းဆိုခဲ့ကြသည်။ ထောက်ခံချီတက်ပွဲကြီးသည် ည ၉းဝဝ နာရီအချိန်တွင် အောင်မြင်စွာဖြင့်ကျင်းပနိုင်ခဲ့ပါသည်။
သတင်းရေးသားပေးပို့သူ-ဂေါ်ဘာချော့
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More