This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

Saturday, October 31, 2009

ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော်ဆန္ဒပြမှုများ ပြုလုပ်နိုင်ရန် ကြိုပမ်းနေ

နအဖဝန်ကြီးချုပ် သိန်းစိန်သည် မဲခေါင် အစည်းအဝေး အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် လာရောက်မည်ဟုသိရသည်။ အဆိုပါအစည်းအဝေးအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရရှိသည်။ နအဖ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန် အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဆန္ဒသဘောထားအမှန်ကို ထင်ဟပ်စေမည့် ထုတ်ဖော်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ကျန်ခဲ့သော စတင်ဘာလ၊ ၂၅ ရက်နေ့က အမေရိကန်သို့ သွားရောက်ခဲ့စဉ်...

Friday, October 30, 2009

Monday, October 26, 2009

Friday, October 23, 2009

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။ ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ...

Wednesday, October 21, 2009

ရှင်းဂျုးကုမြို့နယ်ရုံးမှကြီးမှူးကျင်းပသော အနှစ်(၃၀)မြောက် ယဉ်ကျေးမှုမိတ်သဟာယပွဲ

View allGet your ownရှင်းဂျူးကုမြို့နယ်အတွင်း၌ အခြေချနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပါအ၀င် တခြားနိုင်ငံခြားသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဂျပန်လူမျိုးများပိုမိုသိရှိလာစေရန်နှင့် တခြားလူမျိုးများလည်း အချင်းချင်းပိုမိုရင်းနှီးချစ်ခင်လာစေရန်ရည်ရွယ်၍ ရှင်းဂျူးကုမြို့နယ်ရုံးမှကြီးမှူးပြီး အောက်တိုဘာ ၁၈ ရက်နေ့က တာကာဒါနိုဘာဘာရှိ တိုးယာမပန်းခြံတွင် အကြိမ်(၃၀)မြောက် ယဉ်ကျေးမှုမိတ်သဟာယပွဲတော်တစ်ခုကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သော ယဉ်ကျေးမှုမိတ်သဟာယပွဲတော်တွင် အာရှနိုင်ငံသားများဖြစ်သည့် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပင်းနှင့် မြန်မာလူမျိုးတို့မှ မိမိတို့၏အစားအစာနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ၊ အကများကို အသီးသီးတင်ဆက်ကပြခဲ့ကြပါသည်။အိမ်ရှင်နိုင်ငံဖြစ်သည့်...

Monday, October 19, 2009

ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပါတ်သတ်၍ မြန်မာ့ဒီမိုအင်အားစုများအား ဦးမောင်မောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး

View allGet your ownတိုကျို၊ အောက်တိုဘာ(၁၈)သန့်မျိုးထွေးပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ(FTUB)တို့. အထွေထွေအတွင်းရေးမှုးဦးမောင်မောင်သည် နျူကလီးယား အဆိပ်အတောက်များ လုံးဝကင်းစင်သော ငြိမ်ချမ်းသာယာသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုသစ်ထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကိုကျားကန်ပေးမည့် (၂ဝဝ၈)ဖွဲ့စည်းပုံကို အခြေခံသည့် (၂ဝ၁ဝ)အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ကို ဆော်သြော်ရန် ၂ဝဝ၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့က ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။ဂျပန်သို့ရောက်ရှိနေစဉ်အတွင်း ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီး(Tetsuyo Fukuyama)နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် NCUBနှင့် FTUB ၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သတ်၍...

“မေ့လို့မဖြစ်တဲ့မင်းကိုနိုင်” ခေါင်းစဉ်ဖြင့် ၄၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်

View allGet your ownယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အသက် ၄၇ နှစ်ပြည့်ပြီဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)အရပ်ရှိ Kumin Center ၄ထပ် တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်“ခေါင်းစဉ်ဖြစ် ကျင်းပပြုလုပ်ခဲ့ကြပြီး ကိုမင်းကိုနိုင်၏ အတ္ထုပ္ပတ္တိကိုဖတ်ကြားခြင်း၊ ကိုမင်းကိုနိုင်၏ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားခဲ့မှုများနှင့် အမျိုးသားသင့်မြတ်ရေးအတွက်လုပ်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကြပါသည်။ထို့အပြင် တက်ရောက်လာသူတစ်ချို့ကလည်း ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုရေးစပ်ထားတဲ့...

Monday, October 12, 2009

Sunday, October 11, 2009

ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု

လစဉ်ကျင်းပတောင်းဆိုနေသည့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေး လူထုဆန္ဒပြပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အခြေစိုက်ရုံးရှေ့တွင် အောက်တိုဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ၃နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီလှုပ်ရှားသူများ တက်ရောက်ဆန္ဒပြခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ...

Saturday, October 3, 2009

တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲမည်

ဖြိုးဝေ-mmp | ယနေ့ သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍ စစ်အာဏာရှင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။သံဃာတော်အဖွဲ့အစည်းများ၏ သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များအရ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန်...

Page 1 of 20712345Next
Twitter Delicious Facebook Digg Stumbleupon Favorites More