Sunday, October 11, 2009

ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု



လစဉ်ကျင်းပတောင်းဆိုနေသည့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေး လူထုဆန္ဒပြပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အခြေစိုက်ရုံးရှေ့တွင် အောက်တိုဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ၃နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီလှုပ်ရှားသူများ တက်ရောက်ဆန္ဒပြခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားပြီး ကြွေးကြော်သံများတိုင်တည်ကာ အခမ်းအနားကို မွန်လွဲ ၄နာရီတွင် ရုတ်သိမ်းလိုက်ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်-စိုင်းလောင်ခမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More