Sunday, March 27, 2011

ဂျပန်အသင်းနည်းပြ ငလျင်ကြောင့် အိမ်ပြန်

တိုကျို - ဂျပန် လက်ရွေးစင်အသင်း နည်းပြ အယ်လ်ဘာတို ဇက်ချီရိုနီနှင့် သူ၏ နည်းပြအဖွဲ့တို့သည် ဂျပန်တွင် လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့သော ဂျပန်ငလျင်နှင့် ဆူနာမီတို့ဖြစ်ပွားခဲ့ပြီးနောက်အမိနိုင်ငံအီတလီသို့ပြန်မည်ဖြစ်သည်။
ဇက်ချီရိုနီကသူ၏မိသားစုနှင့် သူ၏၀န်ထမ်းများ၏မိသားစုများသည် အီတလီတွင် အလွန်အမင်း စိတ်ပူနေကြကြောင်း ဂျပန်မှ မထွက် ခွာမီ စနေနေ့ကပြောကြားခဲ့သည်။ ဇက်ချာရိုနီနှင့်အတူ သူ၏လက်ထောက်လေးဦးတို့လည်း လိုက်ပါလာမည်ဖြစ်သည်။
"ကျွန်တော်တို့ဟာ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သဘောတူညီချက်နဲ့ ယာယီအားဖြင့် အီတလီကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန် တော်တို့ မိသားစုတွေလည်း စိတ်ချလက်ချဖြစ် အောင်လို့ပါ"ဟု ယခင် အေစီမီလန် အသင်း၏ နည်းပြ ဇက်ချာရိုနီ (၅၇ နှစ်)က ပြော သည်။(Japantoday- မြန်မာတိုင်းမ်မှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More