Sunday, March 27, 2011

Fukushima Nuclear Accident

Possibility solutions
မျက်မှောက်ဖြစ်ပေါ်နေသော Fukushima Nuclear Power Plant (1) No -3 Reactor ၏ Spent Fuel Pool အတွင်း၌ nuclear fission ဆက်လက်၍ ဖြစ်ပေါ်နေသော အခြေအနေကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် ရေဒီယိုသတ္တိကြွမှု မြင့်တက်လာခြင်းတို့အပေါ် ကျွန်တော့်တို့လေ့လာကြည့်ရအောင်ပါ။ No(3) Reactor နဲ့ပတ်သက်ပြီး လေ့လာတယ် ဆိုပေသည့် Fukushima Nuclear Power Plant (1) နှင့် Reactor No(5,6) ရှိတဲ့ Fukushima Nuclear Power Plant (2) စုစုပေါင်း ဓါတ်ပေါင်းဖို (၆) လုံးရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မေ့နေလို့မဖြစ်ပါဘူး။ အထူးသဖြင့် ဓါတ်ပေါင်းဖို (1,2,3,4) ရှိတဲ့ Fukushima Nuclear Power Plant (1) ကို အဓိက သတိထားရမှာဖြစ်ပါသည်။
ပထမအနေဖြင့် Reactor No(3)မှာ Steam အငွေ့တွေ ထွက်ပေါ်လာတာကနေပြီးတော့ ဒီဓါတ်ပေါင်းဖိုထဲမှာ Nuclear Fission ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်က ပေါ်လွင်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ လေ့လာကြည့်မယ်ဆိုလျှင်
-    Spent Fuel Pool အတွင်း အသုံးပြုပြီး ပလူတိုနီယံ၏ ဆက်လက်ဓါတ်ပြုလျှက်ရှိခြင်း။
-    ရေကန်အတွင်း၌ ပလူတိုနီယံ၏ ဆက်လက်ဓါတ်ပြုမှုကြောင့် ဖြစ်ပေါ်လာသော အပူရှိန်ကြောင့် တဖြည်းဖြည်း ရေခမ်းခြောက်လာနေခြင်း ဆိုတဲ့ အချက်ကို သတိထားမိမှာဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် Spent Fuel Pool ရေကန်အတွင်း ရေဖြည့်ဆည်းပေးနိုင်ပါက nuclear fission ဖြစ်ပေါ်မှုအား ထိန်းသိမ်းနိုင်ပြီး Radioactive (Radiation Level) ဖြစ်ပေါ်မှုအား တဖြည်းဖြည်း လျော့ချနိုင်မယ် တဆက်တည်းမှာဘဲ မြင့်တက်နေတဲ့အပူချိန်ကိုလည်း တဖြည်းဖြည်း လျော့ချသွားနိုင်မယ်ဟူသော အယူအဆအပေါ်မှာ ရေဖျန်းလောင်းဖို့ ဖြစ်လာတယ်လို့ စဉ်းစားလို့ရနိုင်ပါတယ်။ ဒီလိုရေဖျန်းလောင်းတဲ့အခါမှာလည်း Nuclear Fission ဖြစ်မှုကို ထိန်းညှိပေးနိုင်တဲ့ Deuterium ဓါတ်အများစုပါတဲ့  Sea Water ကိုအသုံးပြုခြင်းဖြစ်မယ်လို့လည်း ယူဆမိပါသည်။
    သို့သော် Spent Fuel Pool အတွင်း nuclear fission ဖြစ်ပေါ်နေမှုအပေါ် လေ့လာရာ၌ အောက်ပါအချက်များ အား စဉ်းစားမိပါသည်။
-    Spent Fuel Pool သည် လုံးဝပျက်ဆီးခြင်းမရှိသည့်တိုင်အောင် ကန်အတွင်းရှိရေများ ယိုစိမ့်ထွက်နိုင်သော ရေကန် ကွဲအပ်မှု (သို့) အပေါက် ဖြစ်ပေါ်မှု တို့ကြောင့် ရေကန်အတွင်း ရေနည်းသွားပြီး Spent Fuel Pool အတွင်း Nuclear Fission ဆင့်ကဲမှုဖြစ်ပေါ်လာကာ အပူရှိန်မြင့်တက်လာပြီး ရေကန်အတွင်း လက်ကျန်ရေအား တဖြည်းဖြည်းခမ်းခြောက်စေပြီး ရေနွေးငွေများ ပြင်ပသို့ ထွက်ပေါ်လာစေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
-    သို့ဆိုလျှင် Spent Fuel Pool ထဲသို့ ရေများဖြည့်ဆည်းပေးနိုင်လျှင် Nuclear Fission မှုအားထိန်းသိမ်းနိုင်မည်ဟု အယူအဆအပေါ် ပြန်လည်စဉ်းစားရာ၌ Spent Fuel Pool ရေကန်သည် ကွဲအပ်မှု(သို့) အပေါက် ဖြစ်ပေါ်မှု ရှိနေပါက ရေဖြည့်ဆည်းမှု အနေအထားသည် စဉ်ဆက်မပြတ် ဖြည့်ဆည်းနေရမည်ဖြစ်ပါသည်။
-    ဤသို့ ရေကန်အတွင်း ရေဖြည့်ဆည်းမှုသည် စဉ်ဆက်မပြတ် ဆက်လက်ဖြည်းဆည်းမှုကြောင့် ရေနွေးငွေ့မှ တဆင့် Hydrogen Explosion ဆက်လက်ဖြစ်ပေါ်လာနိုင်သော အခြေအနေလည်းဖြစ်ပေါ်လာနိုင်သည်ဟု ယူမိပါသည်။
-    Spent Fuel Pool အတွင်းသို့ ရေဖြည့်ဆည်းမှု လုပ်ငန်းစဉ်အတွင်း ပါဝင်သော လူနှင့်ယာဉ်များသည် စက်ရုံဝန်းကျင်အတွင်း ဖြစ်ပေါ်နေသော Radiation နှင့် High Temperature ကြောင့် မည်သည့်အတိုင်းတာထိ ခံနိုင်ရည်ရှိမည်နည်း၊ မည်သည့်အတိုင်းအတာထိ Radiation အား လျော့ချနိုင်မည်နည်း ဟူသော အချက်(၂) ချက်အပေါ် စဉ်းစားရာ၌  Reactor (သို့) Spent Fuel Pool အတွင်း Nuclear Fission ဖြစ်ပေါ်မှုအား ရပ်တန့် သွားအောင် ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ဟု ယူဆမိပါသည်။ ထိုသို့ Nuclear Fission မရပ်တန့်ပါက ရေဖျန်းလောင်းမှုအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်သော လူနှင် စက်ပစ္စည်းများသည် Radiation Effects သက်ရောက်မည်ဖြစ်ပါသည်။ လူလဲဆောင်ရွက်မည်ဆိုပါကလည်း မည်သည့်အတိုင်းအတာအထိ လဲနိုင်မည် နည်း ဟူသောအပေါ်တွင် လဲသမျှ လူတိုင်း Radiation Effects သက်ရောက်မည်သာဖြစ်ပါသည်။
-    ရေများပတ်ဖျန်းသောအခါ ဓါတ်ပေါင်းဖိုပြင်ပသို့ ရေများယိုဖိတ်လာမည်ဖြစ်ပြီး ၎င်းရေများသည် Radiation Level မြင့်မားနေလိမ့်မည်ဖြစ်ပါသည်။ ထို့နောက် ၎င်းရေများသည် ပင်လယ်အတွင်း (သို့) မြေကြီးအတွင်းသို့ ၀င်ရောက် စိမ့်ဝင်သွားမည်ဖြစ်ပါသည်။ ၎င်းအကျိုးဆက်ကြောင့် ပင်လယ်ရေညစ်ညမ်းမှုသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နိုင် ပါသည်၊ ထို့ပြင် မြေကြီးအတွင်းသို့ စိမ့်ဝင်သွားသော အဆိုပါရေများသည် မြေအောက်ရေ (သို့) မြေဆီလွှာ အတွင်း စိမ့်ဝင်ပြီး ၎င်းစက်ရုံ၏ ပတ်ဝန်းကျင်မြေဆီလွှာကိုပါ ထိခိုက်စေလိမ့်မည်ဖြစ်ပါသည်။
-    Chernobyl Nuclear Accident သည် ဓါတ်ပေါင်းဖို နံပါတ်(၄) တစ်လုံးတည်းပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါသည်။ ချာနိုဘိုင်းစက်ရုံ ဓါတ်ပေါင်းဖို နံပါတ်(၄) ပေါက်ကွဲမှုစတင်ဖြစ်ပေါ်ပြီး (၆)နာရီနီးပါးခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ Fukushima Nuclear Accident သည် ဓါတ်ပေါင်းဖို (၄) လုံးစလုံး ပေါက်ကွဲမှု တွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း (၁၄) ရက်ကြာသည့်အထိ ဓါတ်ပေါင်းဖိုများကို ထိန်းသိမ်းနိုင်ခြင်းမရှိသေးပေ။

မျက်မှောက်ဖြစ်ပေါ်နေသော အကျိုးဆက်အပေါ်လေ့လာခြင်း
-    အခင်းဖြစ်ပွါးနေသော ၂၀ ကီလိုမီတာ ဧရိယာအတွင်း၌ Radiation Level နှင့် Nuclear Power Plant အတွင်း ဖြစ်ပေါ်နေသော Radiation Level တို့၏ အခြေအနေမှန်အား မသိရသောကြောင့် ဆက်လက်ဖြစ်ပေါ်မည့် အခြေအနေများနှင့် အကျိုးဆက်များကို ခန့်မှန်းနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး မလိုလားအပ်သော ပြည်သူတို့၏ လွန်စွာစိုးရိမ်ထိတ်လန့်များကို ပိုမိုဖြစ်ပွါးစေရန် အားပေးသလိုဖြစ်နိုင်ပါသည်ဟုလည်း ယူဆမိပါသည်။ ဤအချက်သည် ဂျပန်နိုင်ငံ၏ စီးပွါးရေးကို ပိုမိုထိခိုက်နိုင်မည်ဖြစ်ပြီး အစိုးရအပေါ် ယုံကြည်မှုကျဆင်းနိုင်ပါသည်။
-    အခြေအနေအမှန်သိရခြင်းဖြင့် တွေ့ကြုံလာရသော အခြေအနေအပေါ် ပိုမိုစိုးရိမ်မှုမျာလည်း ဖြစ်ပေါ်နိုင်ပါသည်။ သို့ပေသည့် အခြေအနေအမှန်ကြောင့်လည်း ကြုံတွေ့နေရသော ပြဿနာအပေါ် ၀ိုင်းဝန်းဖြေရှင်းနိုင်မည့် စည်းလုံးမှုအား၊ အကြံဥာဏ်ကောင်းများနှင့် ပြည်သူလူထု၏ အပြည့်အ၀ပူးပေါင်းဆောင်ရွက်မှုများကို ရရှိစေမည်ဖြစ်ပါသည်။ ခက်ခဲသောအခြေအနေမျိုးများကို ရင်ဆိုင်ရဲသော သတ္တိသည် ဂျပန်လူမျိုးတိုင်း၌ အပြည့်အ၀ရှိပါသည်။ (ဟီရိုရှိးမားဥပမာနှင့် စစ်ပြီးခေတ်ဂျပန်ပြန်လည်ထူထောင်နိုင်မှုတို့သည် ကောင်းမွန်သည့် နမူနာဖြစ်ပါသည်။)
-    ဓါတ်ပေါင်းဖိုအား အပူချိန်လျော့ကျအောင် ဆောင်ရွက်နေသော အသက်စွန့်အနစ်နာခံဆောင်ရွက်နေကြသော ၀န်ထမ်းများအားလုံးနီးပါးသည် Radiation ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို ခံစားကြရမည် ဖြစ်ပါသည်။
-    စက်ရုံပတ်ဝန်းကျင် အန္တရာယ်ဇုံအဖြင့် သတ်မှတ်ထားသော ဧရိယာသည် အနည်းဆုံး အနှစ်(၂၀) ခန့် ပြန်လည်အသုံးပြုရန်မလွယ်ကူတော့ပေ။ ဤသည်မှာလည်း လက်ရှိအခြေအနေအပေါ်၌သာ ခန့်မှန်းခြင်းဖြစ်ပါ သည်။ ဓါတ်ပေါင်းဖိုသည် လက်ရှိအခြေအနေထက် ပို၍ဆိုးရွားလာမည်(သို့) ကျန်နေသေးသော ဓါတ်ပေါင်းဖို(1,2,4) တို့၏အခြေအနေများသည် ထပ်မံ၍ Nuclear Fission ဖြစ်ပေါ်နေမှု မြင့်တက်လာပါက အန္တရာယ်ဇုံ၏ ဧရိယာပိုမိုကျယ်ဝန်းလာဖို့ရှိပါသည်။
Fukushima Nuclear Accident Level, Source: Wikipedia



မျက်မှောက်အခြေအနေများအပေါ် ဖြစ်နိုင်ခြေအကြံပြုချက်
(Possibilities of Some Solution on Current Nuclear Crisis)
1.    Nuclear Fission ဖြစ်ပေါ်မှုအား ထိန်းချုပ်နိုင်စွမ်းရှိသော Boric Acid Powder အား Reactor Spen Fuel Pool အတွင်းသို့၎င်း (သို့) ၎င်း Reactor  Building အတွင်းသို့၎င်း မှုတ်သွင်းနိုင်ပါက Nuclear Fission ဖြစ်ပေါ်မှုအား ရပ်တန့်စေနိုင်သော Nuclear Poison Process ဖြစ်ပေါ်ပြီး Radiation Levelအား လျော့ချနိုင်လိမ့်မည်ဟု ယူဆမိပါသည်။ ထိုသို့ပြုလုပ်နိုင်ပါက အပူရှိန်လည်း ဆက်လက်လျော့ကျစေပြီး Rector အား ပိုမိုထိန်းချုပ်နိုင်ရန် ဆောင်ရွက်နိုင်မည့် ဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။
2.    ပျော့၍စေးကပ်သော ရွံ့စေး (Clay or Mud) များကို ကားဖြင့် အဆင့်ဆင့်သယ်ယူ၍ Reactor Building အတွင်းသို့ မှုတ်သွင်း၍ Mud များဖြင့် တဖြည်းဖြည်း ငုံမိသွားအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ ဤအချက်နှင့် ပတ်သက်၍  Reactor(3) Sea Side တွင် ရှိသော အဆောက်အဦးသည် နံရံသဖွယ်အနေအထားရှိခြင်း၊ ဓါတ်ပေါင်းဖို၏ ကုန်းတွင်းဘက်အခြမ်းတွင် ကုန်းမြင့်ရှိသော အခြေအနေအပေါ်၌ နံရံအဖြင့်၎င်း၊ Reactor ၏ မြောက်ဘက် နှင့် တောင်ဘက်ပိုင်းတွင်လည်း နံရံအဖြင့်၎င်း အဆောက်အဦးအချို့နှင့် လိုအပ်ပါက ဆူနာမိ ကြောင့် အသုံးပြု၍ မရနိုင်သော Container များကို အကာအကွယ်ပြု၍ ရွံ့စေး(Clay/Mud)များကို ကုန်းမြင့်ပေါ်မှ Reactor Building အခြေမှစ၍ အဆင့်ဆင့် အခြောက်ခံ လောင်းချမှုတ်သွင်းဖြင်းဖြင့် ငုံမိအောင် တဖြည်းဖြည်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤသို့အားဖြင့် Reactor ၏ Nuclear Fission ဖြစ်ပေါ်မှုနှင့် Radiation ဖြစ်ပေါ်နေမှုအား ထိန်းချုပ်လာနိုင်မည်ဟု ယူဆမိပါသည်။
3.    တဖန် သဲ များကို Compressor ဖြင့် Reactor အတွင်းပိုင်းသို့ မှုတ်သွင်းနိုင်ပါက။ Nuclear Fission ဖြစ်ပေါ်မှု၊ Radiation ဖြစ်ပေါ်မှု၊ Overheating ဖြစ်ပေါ်မှုနှင့် Explosion ဖြစ်ပေါ်မှုများကို များစွာကာကွယ် ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။ တနည်းအားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင် Uranium သတ္တု အပါအ၀င် သတ္တုမှန်သမျှတို့သည် သဘာဝသဘောအရ မြေကြီးအတွင်း၌ တွေရှိရသည်ဖြစ်သောကြောင့်လည်း ရွံ့မြေစေးနှင့် သဲတို့သည် သဘာဝကပေးသော ပေါများသည့် အရင်းအမြစ်အဖြင့် အသုံးပြုရန်သင့်တော်လှပေ သည်။
4.    အခြားသောနည်းလမ်းတစ်ခုမှာ Concrete လောင်းခြင်းဖြစ်ပါသည်။ Reactor ၏ အခြေမှစ၍ အဆင့်ဆင့်သော်လည်းကောင်း၊ Spent Fuel Pool အတွင်းသို့ မီးသတ်ကားမှ ရေများမှုတ်သွင်းသကဲ့သို့ အသင့်ဖျော်စပ်ထားသော Concrete  များကို မှုတ်သွင်းလောင်းချခြင်းဖြစ်ပါသည်။ ဤသို့အားဖြင့် Radiation ဖြစ်ပေါ်မှုအား တဖြည်းဖြည်းထိန်းချုပ်နိုင်မည်ဟု ယူဆမိပါသည်။ နောင်တွင်လည်း Concrete ဖြင့် ဖုံးအုပ်မှသာ ၎င်းနေရာသည် စိတ်ချရမည့် အနေအထားဖြစ်ပါသည်။ သို့ပေသော်လည်း ကုန်ကျစရိတ်များလွန်းမည် ဖြင့်ခြင်းကြောင့် လည်းကောင်း၊ အနည်းငယ်ခက်ခဲသောအခြေအနေများလည်း ရှိသည့်ကြောင့်လည်းကောင်း ဖြစ်နိုင်ခြေတော့ နည်းလိမ့်မည်ဟုယူဆပါသည်။ သို့ပေသော်လည်း ပိုမိုတိကျသော အချက်အလက် အခြေအနေ နှင့် ဖြင့်နိုင်သမျှ အနီးဆုံးရိုက်ယူထားသော ဓါတ်ပုံများရိုက်ယူ၍ အခြားသော ဖြစ်နိုင်ခြေများကိုလည်း ဆက်လက်လေ့လာရန်လည်း လိုအပ်ပါသေးသည်။
5.    ချာနိုဘိုင်း ပေါက်ကွဲမှုဖြစ်စဉ်က ခဲသတ္တုနှင့် ဘော်ရွန်သတ္တု တို့ကိုလည်း အသုံးပြုခဲ့သည်ဟု လေ့လာဖူးပါသည်။ သို့ပေသော်လည်း ဤဖူကူရှီးမားဓါတ်ပေါင်းဖိုအတွက် ဤနည်းလမ်းကိုအသုံးပြုရန်မှာ ခက်ခဲလိမ့်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာပေါ်၌ နူကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆဖြစ်ပွါးမှု အကြိမ်ပေါင်းသည် အနည်းဆုံး (၂၀၀၉) ခုနှစ်အထိ (၉၉) ကြိမ်ခန့်ဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။ ၎င်းတို့ထဲတွင် (၁၉၅၀ မှ ၂၀၁၁) ခုနှစ်အတွင်း လူမှုအဖွဲ့အစည်း လူ့မှုပတ်ဝန်းကျင်အား အကြီးအကျယ်တိုက်ရိုက်ထိခိုက်ပျက်ဆီးစေခဲ့သော၊ ဆုံးရှုံးမှုအများဆုံး ဖြစ်စေ ခဲ့သော Nuclear Accidents အကြိမ် ပေါင်းမှာ ယခု ဖူကူရှီးမား ဖြစ်ရပ်အပါအ၀င် (၂၈) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။ ဖြစ်ပေါ်ခဲ့ သော စက်ရုံတိုင်းလည်း ရပ်ဆိုင်းပိတ်ပစ်ရသည်ချည်းဖြစ်ပါသည်။
Civil Nuclear Accidents (1950 ~ 2011), Source: Wikipedia

    နူကလီးယားစွမ်းအင်သည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွက် လိုအပ်သည်ဆိုသော အချက်ကိုဖြင့် မငြင်းလိုပါ။ သို့ပေသည့် နူကလီးယားနှင့်ပတ်သက်၍ အနည်းဆုံးအားဖြင့် မတော်တဆဖြစ်မှု၏ နောက်ဆက်တွဲအကျိုးဆက်တွေသည် ပင် လူ့အသက်ပေါင်းများစွာ၊ သဘာဝအရင်းအမြစ်ပေါင်းများစွာတို့နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် လူမှု ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်အတွက် တိကျ၍ ပိုမိုလုံခြုံစိတ်ချရသော နည်းလမ်းများကို အသုံးပြုသင့်ပါကြောင်း စုစည်းလေ့လာတင်ပြလိုက်ရပေသည်။

မောင်စည်သူ
Ref: Nuclear Physic, Nuclear Fission, Wikipedia Encyclopedia, Chernobyl Nuclear Accident

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More