Monday, June 25, 2012

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် မိုးသောက်ကြယ် စာကြည့်တိုက်မှ ဇီဝိတဒါန ပြုလုပ်

 ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက် အဖွဲ့သားများက ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် သွေးလှူဒါန်းခြင်း ကောင်းမူကုသိုလ်တွေကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီး ပြုလုပ်ခဲ့ကြပါတယ်။


 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် မိုးသောက်ကြယ်စာကြည့်တိုက်က ဦးစီးပြီး ငါးလွတ်ခြင်းနှင့် သွေးလှူဒါန်းခြင်းတွေကို ပြုလုပ်ခဲပတာ ၁၂ ကြိမ်ရှိသွားပြီဖြစ်ပါသည်။
ငါးတွေကို ဘေးမဲ့လွတ်တာကို Kawaguchi ချောင်းမှာ ပြုလုပ်ပြီး၊ သွေးလှူတာကိုတော့ တိုကျို လျှပ်စစ်မြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ Akihabara ဗဟိုသွေးလှူဘဏ်မှာ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ သွေးလှူကြသူ ၁၃ ဦးရှိပေမယ့် ၁၀ ဦးသာ သွေးလှူခွင့်ရရှိပါသည်။ ပြုခဲ့တဲ့ ကောင်းမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အားလုံးသော ဝေနေယျသတ္တ၀ါအပေါင်းကို ဇီဝိတဒါနပါပါဝင်ခဲ့သူတွေက ပေးဝေကြပါသည်။ မကြာမီရက်ပိုင်းအတွင်းမှာတော့ နိုင်-ကျဉ်း-ထောက် လုပ်ငန်းအတွက် အလှူငွေပေးအပ်မှာဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ အမိ့မြန်မာပြည်ကြီးလည်း ဒေါ်စုဖြစ်ချင်တဲ့ဆန္ဒအတိုင်း ထပ်တူထပ်မျှကျပါစေလို့ မိုးသောက်ကြယ်အဖွဲ့သားများမှ ဆုတောင်းလိုက်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More