Sunday, April 13, 2008

စာပေကောင်းကျိုး(တင်မိုး)


ဆရာဇော်ဂျီ၊ ငါ မျော်ရည်၍
အဉ္စလီ မျက်ကြုတ်၊ ချီ လက်အုပ်။

ဆရာ ဇေယျ၊ ငါ ဦးချ၍
အေးမြဓာတ်ခံ၊ စာပေသံကို
ရောင်ပြန်ဆင့်ကူး၊ လက်စုံဖူး။

ဆရာမင်းသုဝဏ်၊ စာပေမွန်ကို
ဝန္ဒနာဦးခိုက်၊ လက်ကိုပိုက်။

စာပေပညာ၊ ရိုသေစွာလျင်
လိုက်နာမှတ်သား၊ ဥာဏ်ဆင့်ပွားလျက်
တတ်အားသမှု၊ ငါပြုစုခဲ့
ဥာဏ်နုပါသေး၊ ငါ့အရေးကို
ငါတွေး၍ပြင်၊ ငါသုတ်သင်ခဲ့
မစင်မကြယ်၊ မဖွယ်မရာ
တွေ့ရှိပါက၊ ပညာရစေ
ညွှန်ပြလေလော့…
စာပေကောင်းကျိုး၊ တို့မျော်ကိုး။

၁၂၊ ၄၊ ၂၀၀၀
တနင်္လာ နံနက်ခင်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More