This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, August 24, 2008

အဆိုတော်မွန်းအောင် သြစတြေးလျတွင် 'ငြိမ်းချမ်းရေးတိုက်ပွဲ'ခေါင်းစဉ်ဖြင့် ဂီတဖျော်ဖြေပွဲပြုလုပ်မည်


အဝေးရောက် စစ်အစိုးရဆန့်ကျင်ရေး ကချင်တိုင်းရင်းသားအဆိုတော်ကိုမွန်းအောင်က 'ငြိမ်း ချမ်းရေးတိုက်ပွဲ'ဟုအမည်ပေးထားသော ဂီတဖျော်ဖြေပွဲကို သြစတြေးလျနိုင်ငံတွင် သြဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ စက်တင် ဘာ ၆ ရက်နေ့အထိ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း မဇ္ဈိမ သတင်းတွင်ဖော်ပြထားသည်။
အဆိုပါဂီတဖျော်ဖြေပွဲကို မြန်မာလူမျိုးများစုစည်းတည်ရှိရာ မြို့များဖြစ်သော ပါတ်သ်မြို့၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့များတွင် ကျင်းပမည်ဖြစ်သည်။
''၇၄-၇၅ တုန်းက အလုပ်သမားတွေဟာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၈၈ မှာ ကျောင်းသားတွေဦးဆောင်ခဲ့တယ်။ ၂ဝဝ၇ ခုနှစ်မှာ သံဃာတော်တွေဦးဆောင်ခဲ့တယ်။ ဘယ်သူတွေက ဦးဆောင်မှုကဏ္ဍ ကနေပဲပြောင်းပြောင်း ကျနော်တို့ တိုက်နေတဲ့တိုက်ပွဲ၊ ကျနော်တို့ လှုပ်ရှားမှုတခုလုံးဟာ ငြိမ်းချမ်း ရေးကိုလိုချင်တဲ့အတွက်ကြောင့် ဒါကိုလုပ်ဆောင်တာဖြစ်ပါတယ်...'' ဟု ပွဲစီစဉ်သူကိုသောမတ်စ်စိုးက မဇ္ဈိမကိုပြောသည်။
အဆိုတော်မွန်းအောင်သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ '၈/၈၂ အင်းလျား'၊ 'မိုးလုံးမှိုင်း' ၊ 'စိဉ္စမာ နဉာဏ်'၊ 'လွမ်းရတဲ့ညတွေလွန်ပါစေ'တေးစီးရီးများဖြင့် မြန်မာ ပြည်ဂီတလောကတွင် အောင်မြင်ခဲ့သည်။
နိုင်ငံရေးစိတ်ထက်သန်သူကို မွန်းအောင်သည် ၁၉၈၈ ခုနှစ် စစ် တပ်ကအာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့တောခိုခဲ့သည်။
၁၉၈၈ မှ ၁၉၉၃ ခုနှစ် ဖေဖော် ဝါရီလအထိ ကျောင်းသားတပ် မတော်တပ်ရင်း ၁ဝ၂ နှင့် ၁ဝ၄ တပ်ရင်းတွင် ပါဝင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် နော်ဝေနိုင်ငံသို့ ပြောင်းရွေ့အခြေချခဲ့ပြီး ၁၉၉၆ ခုနှစ်အထိ 'ဒီမိုကရက် တစ်မြန်မာ့အသံ'တွင် တာဝန်ထမ်းဆောင်ခဲ့သေးသည်။
သက္ကရာဇ် ၂ဝဝဝ ကျော်တွင် 'ငြိမ်းချမ်းရေးတိုက်ပွဲ'တေးစီးရီး ဖြန့်ချိခဲ့ပြီး ဂျပန်နိုင်ငံသို့ ၄ ကြိမ် တိတိလာရောက်ဖျော်ဖြေခဲ့ဖူးသည်။
နောက်ဆုံးအခေါက်ကိုမွန် အောင်၏ဂီတဖျော်ဖြေပွဲကို ဂျပန် နိုင်ငံရှိ Black Roseတေးဂီတ အဖွဲ့က ထိုင်း-မြန်မာနယ်စပ်ရှိ သွေးသစ်စာသင်ကျောင်းရံပုံငွေ အတွက် ၂ဝဝ၆ ခုနှစ်၊ ဇူလိုင်လ ကစီစဉ်ပြုလုပ်ခဲ့သည်။
ကချင်တိုင်းရင်းသားအဆိုတော် ကိုမွန်းအောင်သည် ယခုအခါ မိသားစုနှင့်အတူ နော်ဝေးနိုင်ငံ တွင် နေထိုင်လျက်ရှိသည်။

Saturday, August 23, 2008

ဘလော့ဂ်ဂါများ ဟောပြောပွဲကျင်းပမည်


သြဂုတ်လ (၃၁)ရက်နေ့တွင် ကျရောက်မည့် World Blog Day အထိမ်းအမှတ်အဖြစ် Myanmar Blogger Society (MBS)မှ ဘလော့ဂ်ဂါများ ဦးစီးပြုလုပ်မည့် ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ (၃၁) ရက်၊ နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ၊ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICTတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဟောပြောပွဲခေါင်းစဉ်မှာ “Socialization on Net” ဟု အမည်ပေးထားပြီး ယခုကျင်းပသည့် ဟောပြောပွဲသည် မြန်မာနိုင်ငံမှ ဘလော့ဂ်ဂါများ၏ ဒုတိယအကြိမ်မြောက် ပွဲဖြစ်သည်။ အဆိုပါ ဟောပြောပွဲကို ပြည်တွင်းဘလော့ဂ်ဂါများမှ ဦးဆောင်ပြီး ပြည်ပဘလော့ဂ်ဂါများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်းစည်းရုံးရုံး ကျင်းပပြုလုပ်သွားဖြစ်ကြောင်း ဦးဆောင်စီစဉ်နေသူ ဘလော့ဂ်ဂါများက ပြောကြားသည်။ အင်တာနက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Social Networking, Bloggingတို့ကို အခြေခံ၍ အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးဈေးကွက် ထိုးဖောက်နိုင်ခြင်း၊ ပညာရေးမြှင့်တင်ပေးနိုင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအား ပိုမိုလျင်မြန်စွာ လက်လှမ်းမီနိုင်ရေး စသဖြင့် စွမ်းဆောင်နိုင်ကြောင်းကို မြန်မာဘလော့ဂ်ဂါလူငယ်များမှ ဟောပြောသွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ အဆိုပါပွဲ၌ Myanmar Blogger Society၏ အနာဂတ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး အထူးဧည့်သည်တစ်ဦးကိုလည်း ဖိတ်ကြားဟောပြောနိုင်ရန် စီစဉ်နေသည်။ ယခုကျင်းပမည့် အခမ်းအနားကို အိုင်တီ၊ စီးပွားရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးမှ လူတိုင်းအနေဖြင့် Social Networking, Bloggingတို့မှတဆင့် ဖန်တီးရယူနိုင်သည့် အခွင့်အလမ်းများအား သိရှိစေနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။(Plannet New မှ)

Thursday, August 21, 2008

နှစ်အကုန်တွင် နောက်ထပ်မုန်တိုင်းတခု ထပ်မံဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသဌာနမှသတိပေးပြောဆို

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ နောက်ထပ်မုန်တိုင်းတစ်လုံးထပ်မံဝင်ရောက်လာနိုင်သဖြင့်
ပြည်သူများအနေဖြင့် မိုးလေဝသသတိပေးချက်များအား အလေးထားလိုက်နာသွားရန်လိုအပ်ကြောင်းသိရ
သည်။ အဆိုပါမုန်တိုင်းမှာ ၂၀၀၈ ခုနှစ် အတွင်းမုန်တိုင်းအပြီးငါးလအကြာအောက်တိုဘာ၊ နိုဝင်ဘာလများ
တွင် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းလများမတိုင်မီ မိုးလေဝသသတင်းကြေညာချက်များအား အထူးဂရုပြု
သိရှိရလိုအပ်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးထွန်းလွင်ကပြော
သည်။ “မြန်မာနိုင်ငံမှာ အုတ်အော်သောင်းသင်းဖြစ်သွားတဲ့ မုန်တိုင်းကြောင့်လူသေဆုံးမှုတွေနဲ့အပျက်အစီး
လဲတော်တော်များတယ်။ အခု မုန်တိုင်းဝင်လာနိုင်တဲ့ အချိန်ကို တွက်ဆလို့ရပြီဆိုရင် ဘယ်နေရာ ဒေသက
ပြည်သူတွေအတွက် အရေးကြီးတယ်။ ဘယ်လို ကွာဟမှုတွေ လုပ်ထားရမယ်ဆိုတာ အရမ်း အရေးကြီးပါ
တယ်။ အဲဒီအတွက်မိုးလေဝသဌာနက ကနဦးထုတ်ပြန်ပေးထားတဲ့သတိပေးချက်တွေကိုအမြဲမပြတ်ဂရုပြု
ဖို့ လိုအပ်ပါတယ်။ မုန်တိုင်းသေချာပေါက်ဝင်တယ်ဆိုတဲ့ ဒေသမှာ ပြည်သူတွေကအပြင်မထွက်ဘဲ အိမ်ထဲ
မှာနေရင် လုံခြုံပြီလို့ ထင်နေကြတယ်။ တကယ်တော့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိမယ်ဆိုရင် အဲဒီအ
ဆောက်အအုံထဲမှာနေသင့်ပါတယ်။ အခုပြည်သူတွေမှာ အလွယ်တကူသိစေနိုင်တဲ့ ပညာပေးတွေ၊ သဘာ
ဝဘေးအန္တရာယ်ဖြစ်ရင် ဘယ်လို ကြိုတင် ကာကွယ်ရမယ်ဆိုတာတွေ သိရှိဖို့ လိုအပ်ပါတယ်။ မုန်တိုင်းဖြစ်
မယ်ပြေးဆိုရင် ပြေးတဲ့လူထက် မပြေးတဲ့လူကအများကြီး၊ အဓိက အရေးကြီးတာပြင်ဆင်မှုအပိုင်းမှာ ဘာ
လုပ်ရမယ်ဆိုတဲ့ အသိပညာ တိုးအောင် လုပ်ပေးသွင့်တာပါပဲ”ဟု ဦးထွန်းလွင်က ဆက်လက် ရှင်းပြသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်း ဖြစ်ပွားရာ ဒေသများအား ရွေးချယ်၍ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ တည်
ဆောက်ပေးခြင်း၊ ပြည်သူများအား ပညာပေးဆောင်ရွက်ချက်များအား ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်
ပေးလျက်ရှိကြောင်းနှင့် မိုးလေဝသ ထုတ်ပြန်ချက်များအား မြန်မာနိုင်ငံနေရာဒေသအနှံ့အချိန်နှင့်တစ်ပြေး
ညီကြိုတင်သိရှိ ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၀၈
ခုနှစ် သြဂုတ်လ ၁၉ရက်နေ့ထုတ် flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

နာဂစ်ရန်ပုံငွေပန်းချီကားများ ကမ္ဘာ့မြို့ကြီးများတွင် လေလံတင်ပွဲပြုလုပ်မည်

နာဂစ်မုန်တိုင်းသင့်ဒုက္ခသည်များ ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ ပန်းချီဆရာ(၁၂)ဦး၏ ပန်းချီကားများကို ရန်ကုန်မြို့ရှိ Rever Gallery၏ အစီအစဉ်ဖြင့် ကမ္ဘာ့မြို့ကြီး လေးမြို့၌ လေလံတင်ပြသ ရောင်းချသွားမည်ဟု သိရသည်။ ဟောင်ကောင်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့် လန်ဒန်မြို့များသို့ သွားရောက်ပြသ ရောင်းချမည်ဖြစ်ပြီး နယူးယောက်မြို့၌ ပြသနိုင်ရန်မှာ စီစဉ်နေဆဲဖြစ်သည်။ ပန်းချီကားများကို မြို့ကြီးလေးမြို့ရှိ ချမ်းသာကြွယ်ဝသူ လုပ်ငန်းရှင်ကြီးများအား ဖိတ်ခေါ်၍ လေလံတင်ရောင်းချသွားမည်ဖြစ်သည်။ လေလံတင်ပွဲသို့ ပန်းချီကားများ ပေးပို့ပါဝင်ရန် ဖိတ်ခေါ်ထားသည့် ပန်းချီဆရာများမှာ ကြီးမြင့်စော၊ နေမျိုးဆေး၊ ဝင်းဖေမြင့်၊ ချမ်းအေး၊ မင်းဝေအောင်၊ ဇော်ဝင်းဖေ၊ ခင်ဇော်လတ်၊ မောင်သြ၊ မြတ်ကျော့၊ နန်းနန်း၊ ခိုင်မင်းစိုးနှင့် ကျော်ဌေးတို့ ဖြစ်ကြသည်။ ပန်းချီဆရာများသည် လေလံပွဲတစ်ခုအတွက် ပန်းချီကား ၂ချပ်စီ ပေးပို့ရမည်ဖြစ်ပြီး ပထမပန်းချီကား၏ ရောင်းရငွေကို နာဂစ်မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းမည်ဖြစ်သည်။ ဒုတိယပန်းချီကား၏ ရောင်းရငွေကို ပန်းချီဆရာနှင့် လေလံပွဲစီစဉ်သူတို့က ခွဲဝေရရှိမည်ဖြစ်ကြောင်း သိရသည်။(Plannet New)

Sunday, August 10, 2008

ရှစ်လေးလုံး အနှစ် ၂၀ ပြည့် နယ်သာလန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများ၏ဆန္ဒပြမှုများ


ဆရာတော်ဦးဥတ္တရမှ ကျဆုံးသွားခဲ့သူများအတွက် ဆုတောင်းမေတ္တာပို့ပေးနေစဉ်




တိဗက်ပြည်သူများကလည်း ယခုလိုပူးပေါင်းပါဝင်ခဲ့ကြပါသည်။
ပေးပို့သူ- ဌေးနိုင်(နယ်သာလန်)

Saturday, August 9, 2008

Google မှဂျပန်ရှိ လူနေအဆောက်အဦး၊လမ်းများ၊ဆိုင်များကို street view (မြင်ကွင်းကျယ်ဓာတ်ပုံ)ဖြင့်လှပစွာ မြင်နိုင်အောင် ပထမဦးဆုံးတီထွင်ခြင်း

Google ကုမ္မဏီမှ ဂျပန်နိုင်ငံတွင်နေထိုင်သူများအဆင်ပြေနိုင်ရေးအတွက် နေရာဒေသ ၊လူနေအိမ်၊ စားသောက်ဆိုင်၊ ကုမ္မဏီရုံးများအား အလွယ်တကူရှာဖွေနိုင်သော နောက်ဆုံးပေါ် street view (မြင်ကွင်းကျယ်ဓာတ်ပုံ) ဖြင့် လှပစွာမြင်နိုင်သော tokyo google map ကို တီထွင်လိုက်ပါသည်။ မိမိကိုယ်တိုင်အပြင်တွင်လမ်းလျှောက်၍ အိမ်။လမ်းနေရာကိုရှာဖွေနေသည်ဟု ထင်မှတ်မှားလောက်အောင် ဓာတ်ပုံနည်းပညာဖြင့် ဖန်တီးထားပါသည်။လောလောဆယ် တိုကျိုမြို့ ၂၃ရပ်ကွက် အတွင်းသာကြည့်နိုင်အောင် စီစဉ်ထားပါသည်။

ထပ်မံတိုးချဲ့၍ အခြားမြို့ကြီးများရှိနေရာများလည်း ကြည့်နိုင်အောင်လည်း စီစဉ် ပြုလုပ်နေသည်ဟုသိရပါသည်။ ဂျပန်နိုင်ငံသားများအတွက် ဂျပန်ဘာသာဖြင့်သာ Google web site (http://maps.google.co.jp/maps?hl=ja&tab=wl) တွင်ရှာဖွေနိုင်ရန်စီစဉ်ထားသောလည်း နိုင်ငံခြားသားများအတွက် search engine တွင် Romanji စာလုံးဖြင့် မိမိရှာဖွေလိုသော မြို့၊အိမ်နေရာနံမည်များကိုထည့်၍ အလွယ်တကူရှာဖွေနိုင်ပါသည်။

ဤကဲ့သို့ မိမိသွားရောက်ရှာဖွေလိုသောနေရာများကို လွယ်ကူစွာ သွားရောက်နိုင်၍ အဆင်ပြေလှသည်ဆိုသော်လည်း မကောင်းမှုပြုလုပ်လိုသူများ၊ ရာဇ၀တ်မှုပြုလုပ်လိုသူများ ဤတီထွင်ဖန်တီးမှုကို အခွင့်ကောင်းယူ၍ မကောင်းမှုများပြုလုပ်လာမည်ကို စိုးရိမ်ရကြောင်း သတင်းများအရသိရပါသည်။

မြန်မာလူမျိုးအများဆုံးနေထိုင်သော တိုကျိုမြို့ရှိမြန်မာများသိရှိနိုင်စေရန်အတွက် အသုံးပြုပုံ အဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။ အသုံးပြုနည်းမှာလည်းလွယ်ပါသည်။

ပထမဦးဆုံး http://www.google.co.jp/ လင့်ခ်ကိုသွားပါ။ ထို့နောက် 地図 ဟုရေးထားသောနေရာကို နှိပ်ပါ။


ဥပမာအနေဖြင့် - takadanobaba ဟုရေး၍ အထက်ပါပုံတွင်ပြသထားသည့်အတိုင်းရေး၍ မိမိကွန်ပြူတာရှိ enter ခလုတ်ကိုနှိပ်ပါ။


ဂျပန်ဘာသာ kenji စကားလုံးဖြင့် 高田馬場駅(東京)ဖြင့် အထက်ပါပုံကဲ့သို့ ပေါ်လာပါလိမ့်မည်။ ၎င်းစကားလုံးကို နှိပ်ပါ။ နောက် စာမျက်နှာသို့ပြောင်းသွားပြီး သင်သွားရောက်လိုသော အနီးဆုံးနေရာကို မြေပုံဖြင့် ပြသပါလိမ့်မည်။

ထို့နောက် အထက်ပါမြေပုံအပေါ်ဘယ်ဖက်ဒေါင့်တွင်ရှိသော ストリートビューစာလုံးကိုနှိပ်ပါ။

အထက်ပါပုံကဲ့သို့ အ၀ါရောင်လူ (icon) လေးပေါ်လာပါလိမ့်မည်။ အဆိုပါ အ၀ါရောင်လူ iconလေးကို မိမိ၏ ဘယ်ဘက် mouse clip ဖြင့် မိမိသွားလိုရာနှိပ်ဆွဲပါ။

လှပစွာ လူသွားနေအိမ်လမ်းများကို ဓာတ်ပုံမြင်ကွင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ထို့နောက် အထက်ပါပုံရှိ全画面表示 ကိုနှိပ်ပါ။ မြင်ကွင်းကျယ်ဖြင့် လှပစွာပေါ်လာပါလိမ့်မည်။ ထို့နောက်မိမိသွားလိုသောနေရာအတိအကျကို ပုံတွင်ပြထားသောမျှားကိုနှိပ်၍နှိပ်၍ လွယ်ကူစွာရှာဖွေသွားလာနိုင်ပါသည်။

ဒေါင်းမာန်ဟုန်

ရှစ်လေးလုံးအနှစ် ၂၀ ပြည့် ဂျပန်ရောက်မျိုးချစ်မြန်မာများ လမ်းလျှောက်ချီတက်ဆန္ဒပြ

သြဂုတ်လ ၈ ရက်၊ တိုကျို




မဆလအာဏာရှင်တော်လှန်ရေးနှင့် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ကျောင်း သား၊ သံဃာနှင့်ပြည်သူအများသွေးမြေကျ အထွေထွေသပိတ်ကြီးစတင်ဆင်နွဲတော်လှန်ခဲ့ကြသည့် ၈၈ အရေး တော်ပုံအနှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်ရောက်မျိုးချစ်မြန်မာများမှ လမ်းလျှောက်ချီတက်ပွဲနှင့် ဆန္ဒပြ တောင်းဆိုပွဲကို ယနေ့မွန်လွဲ ၂ နာရီခွဲမှစ၍ တိုကျိုမြို့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယခုကျင်းပသည့် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိ နိုင်ငံရေးနှင့် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့မှ စုစည်းပူးပေါင်းပြုလုပ်ကြခြင်းဖြစ်ကာ ယခုအကြိမ်နှင့်ပါဆိုလျှင် ၁၂ ကြိမ်ခန့်ရှိသွားဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်ဂျပန်ဥက္ကဋ္ဌဦးလှိုင်အေးမှ ``ဒီနေ့မှာတွေ့ရတာကတော့ တိုင်းရင်းသားအခန်းကဏ္ဍတွေပါတယ်။ နောက်တခုက ဒီရှစ်လေးလုံးမှာပါတဲ့ ကျဆုံးသွားတဲ့သူတွေအတွက် လွမ်းသူပန်းခွေကို န.အ.ဖ အခွန်ရုံးရှေ့မှာ ချတယ်ပေါ့ဗျာ။ ဒါက ခါတိုင်းနှစ်တွေထက်စာရင် တမှုထူးခြားတယ်ပေါ့၊ ဒီနှစ်မှာတော့ ကျနော်တို့မတွေ့မမြင် ဖူးတဲ့ မြန်မာပြည်သူတွေလည်း ဆန္ဒပြတာကိုလည်း တွေ့ရပါတယ်…``ဟု ၈၈ အနှစ် ၂၀ ပြည့် အခန်းအနား နှင့်ပါတ်သက်၍ ထူးခြားမှုများကိုပြောပြသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးလှိုင်အေးမှပင်ကျနော်တို့စလုပ်စဉ်ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က လူဆယ် ဂဏန်းဘဲရှိခဲ့တယ်၊ ဒီပဲယင်းအရေးအခင်းပြီးတဲ့အခါမှာ ရာဂဏန်းဖြစ်လာတယ်ပေါ့၊ အခုရွှေဝါရောင် တော်လှန် ရေးပြီးတော့ ထောင်ဂဏန်းဖြစ်လာတယ်ပေါ့..ဟုအာဏာရှင်တော်လှန်ရေးကို ဂျပန်ရောက်မြန်မာပြည်သူများ ပိုမိုစိတ်ပါဝင်စားလာပုံကိုပြောပြသည်။


ဂျပန်တွင်မြန်မာဘာသာဖြင့်ထုတ်ဝေနေသည့် လူမှုစီးပွားနှင့်နိုင်ငံရေးသတင်းဂျာနယ်တစ်ခုဖြစ်သည့် ဧရာဝဏ် မဂ္ဂဇင်းမှထုတ်ဝေသူနှင့်အယ်ဒီတာတဦးလည်းဖြစ်ပြီး အပတ်စဉ်ထုတ်ဝေနေသည့် Voice of Burma သတင်းစာ စောင်တာဝန်ခံအဖြစ်လည်းဆောင်ရွက်နေသူ ဦးကျော်ကျော်စိုးမှ ``ဒီကနေ့ဆန္ဒပြပွဲကိုကြည့်လိုက်ရင် အနှစ် ၂၀ ကြာပေမယ့်လည်း ဂျပန်ရောက်မြန်မာတွေကြားထဲမှာ ရှစ်လေးလုံးစိတ်ဓါတ်က ရှင်သန်နေဆဲဘဲဆိုတာ ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်….``ဟုပြောပြပြီး တော်လှန်ရေးမှာလှုပ်ရှားနေသူတွေ၊ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ရှေ့လျှောက်လက်တွဲပြီးတော့ သွားနိုင်မယ်လို့ဆိုလို့ရှိရင် ကျနော် တို့မျှော်မှန်တဲ့ဒီမိုကရေစီရရှိရေးဟာ အောင်မြင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်ဟု မြန်မာ့ဒီမိုကရေစီအရေး အတွက် ၄င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

အဆိုပါလမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မျိုးချစ်မြန်မာလူမျိုးများအပြင် ဂျပန်လူမျိုးများပါ ဝင်ရောက်ပူးပေါင်းဆန္ဒပြခဲ့ကြပြီး တိုကျိုမက်ထရိုရဲတပ်ဖွဲ့၏စစ်တမ်းအရ လူပေါင်း ၈၇၀ ခန့်မှ `ရှစ်လေးလုံးနေ့ တို့မမေ့`၊ `နအဖစစ်အာဏာရှင်စနစ် တိုက်ဖျက်ပစ်`၊ `ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်`စသည့်ကြွေးကြော်သံများကို လမ်းလျှောက်ဟစ်ကြွေးတောင်းဆိုဆန္ဒပြခဲ့ကြသည်။


အဆိုပါလှမ်းလျှောက်ချီတက်ဆန္ဒပြပွဲတွင် နာဂစ်မုန်တိုင်းလေဘေးသင့်မြန်မာပြည်သူများအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အလံတော်ပါ ခေါင်းပေါင်းနှင့်တဘက်များကိုလည်း ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

Reported by: Thant Myo Htway (Moe Thauk Kye)

PHOTO- U Than Win&Min Nyo Wan

Sunday, August 3, 2008

Saturday, August 2, 2008

ဂျိမ်းဘွန်း မင်းသား Daniel Craig နာဂစ်အတွက် လှူဒါန်းမည်။

Photobucket
ဂျိမ်းဘွန်း မင်းသား Daniel Craig နှင့် Casino Royale ၏ ထုတ်ဝေ သူများက နာဂစ်ဒဏ်ခံ ရေလုပ်သားများအတွက် ပင်လယ်ငါးဖမ်း စက်လှေ ၂၅ စီး လှူဒါန်းမည်ဟု ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးခင်ကိုလေး က ပြောကြားပါသည်။လှူဒါန်းမည်ဆိုပါက ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင် ကျေးရွာအုပ်စု အလယ်သောင်ကျေးရွာ တွင်စတင်မည်ဟုဆိုသည်။မည်သည့်စက်လှေအမျိုးအစားကို လှူမည်ဟုမသိရှိရသေးသော်လည်း ပင်လယ်ပြင်တွင် လက်ရှိလုပ်ကိုင်လျက်ရှိသော ငါးဖမ်းစက်လှေ တစ်စီး၏ ကာလပေါက်ဈေးမှာ သိန်း(၁၀၀၀)ခန့်ရှိသည်ဟုဆိုပါသည်။
ရွှေမင်းသားဘလောက်မှ ရယူပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More