Saturday, August 23, 2008

ဘေလာ့ဂ္ဂါမ်ား ဟောပြောပွဲကျင်းပမည်


သြဂုတ်လ (၃၁)ရက်နေ့တွင် ကျရောက်မည့် World Blog Day အထိမ်းအမှတ်အဖြစ် Myanmar Blogger Society (MBS)မှ ဘလော့ဂ်ဂါများ ဦးစီးပြုလုပ်မည့် ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ (၃၁) ရက်၊ နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ၊ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICTတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဟောပြောပွဲခေါင်းစဉ်မှာ “Socialization on Net” ဟု အမည်ပေးထားပြီး ယခုကျင်းပသည့် ဟောပြောပွဲသည် မြန်မာနိုင်ငံမှ ဘလော့ဂ်ဂါများ၏ ဒုတိယအကြိမ်မြောက် ပွဲဖြစ်သည်။ အဆိုပါ ဟောပြောပွဲကို ပြည်တွင်းဘလော့ဂ်ဂါများမှ ဦးဆောင်ပြီး ပြည်ပဘလော့ဂ်ဂါများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်းစည်းရုံးရုံး ကျင်းပပြုလုပ်သွားဖြစ်ကြောင်း ဦးဆောင်စီစဉ်နေသူ ဘလော့ဂ်ဂါများက ပြောကြားသည်။ အင်တာနက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Social Networking, Bloggingတို့ကို အခြေခံ၍ အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးဈေးကွက် ထိုးဖောက်နိုင်ခြင်း၊ ပညာရေးမြှင့်တင်ပေးနိုင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအား ပိုမိုလျင်မြန်စွာ လက်လှမ်းမီနိုင်ရေး စသဖြင့် စွမ်းဆောင်နိုင်ကြောင်းကို မြန်မာဘလော့ဂ်ဂါလူငယ်များမှ ဟောပြောသွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ အဆိုပါပွဲ၌ Myanmar Blogger Society၏ အနာဂတ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး အထူးဧည့်သည်တစ်ဦးကိုလည်း ဖိတ်ကြားဟောပြောနိုင်ရန် စီစဉ်နေသည်။ ယခုကျင်းပမည့် အခမ်းအနားကို အိုင်တီ၊ စီးပွားရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးမှ လူတိုင်းအနေဖြင့် Social Networking, Bloggingတို့မှတဆင့် ဖန်တီးရယူနိုင်သည့် အခွင့်အလမ်းများအား သိရှိစေနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။(Plannet New မှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More