Thursday, August 21, 2008

နာဂစ်ရန်ပုံငွေပန်းချီကားများ ကမ္ဘာ့မြို့ကြီးများတွင် လေလံတင်ပွဲပြုလုပ်မည်

နာဂစ်မုန်တိုင်းသင့်ဒုက္ခသည်များ ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ ပန်းချီဆရာ(၁၂)ဦး၏ ပန်းချီကားများကို ရန်ကုန်မြို့ရှိ Rever Gallery၏ အစီအစဉ်ဖြင့် ကမ္ဘာ့မြို့ကြီး လေးမြို့၌ လေလံတင်ပြသ ရောင်းချသွားမည်ဟု သိရသည်။ ဟောင်ကောင်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့် လန်ဒန်မြို့များသို့ သွားရောက်ပြသ ရောင်းချမည်ဖြစ်ပြီး နယူးယောက်မြို့၌ ပြသနိုင်ရန်မှာ စီစဉ်နေဆဲဖြစ်သည်။ ပန်းချီကားများကို မြို့ကြီးလေးမြို့ရှိ ချမ်းသာကြွယ်ဝသူ လုပ်ငန်းရှင်ကြီးများအား ဖိတ်ခေါ်၍ လေလံတင်ရောင်းချသွားမည်ဖြစ်သည်။ လေလံတင်ပွဲသို့ ပန်းချီကားများ ပေးပို့ပါဝင်ရန် ဖိတ်ခေါ်ထားသည့် ပန်းချီဆရာများမှာ ကြီးမြင့်စော၊ နေမျိုးဆေး၊ ဝင်းဖေမြင့်၊ ချမ်းအေး၊ မင်းဝေအောင်၊ ဇော်ဝင်းဖေ၊ ခင်ဇော်လတ်၊ မောင်သြ၊ မြတ်ကျော့၊ နန်းနန်း၊ ခိုင်မင်းစိုးနှင့် ကျော်ဌေးတို့ ဖြစ်ကြသည်။ ပန်းချီဆရာများသည် လေလံပွဲတစ်ခုအတွက် ပန်းချီကား ၂ချပ်စီ ပေးပို့ရမည်ဖြစ်ပြီး ပထမပန်းချီကား၏ ရောင်းရငွေကို နာဂစ်မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းမည်ဖြစ်သည်။ ဒုတိယပန်းချီကား၏ ရောင်းရငွေကို ပန်းချီဆရာနှင့် လေလံပွဲစီစဉ်သူတို့က ခွဲဝေရရှိမည်ဖြစ်ကြောင်း သိရသည်။(Plannet New)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More