This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, August 25, 2009
ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်
တိုကျို၊ သြဂုတ်(၂၄) သန့်မျိုးထွေးဂျပန်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသည့် နအဖလယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ကြံ့ဖွံ့အသင်းအတွင်းရေးမှူးဦးဋ္ဌေးဦး(ခေါ်)ဒီပဲယင်းလူသတ်သမားဗိုလ်ချုပ်ဋ္ဌေးဦး ခေတ္တနေထိုင်တည်းခိုရာ တိုကျိုမြို့၊ ယိုဆုယ အရပ်ရှိ နယူးအိုတာနိဟော်တယ်ရှေ့တွင် ဒီမိုကရေစီတိုက်ပွဲခေါ်သံ ABSDF ခွပ်ဒေါင်းအလံတော်ကို ဂျပန်၊ တရုတ်၊ ထိုင်း၊ မြန်မာအလံတို့နှင့်အတူ လွင့်တင်ခဲ့ကြောင်းသိရသည်။ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လှုပ်ရှားမှုတခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းသို့လွင့်တင်ထားမှုကို ဟော်တယ်တာဝန်ရှိသူများနှင့်လုံခြုံရေးတို့ မသိရှိလိုက်နိုင်ဘဲ မနက် ၅ နာရီအချိန်ခန့်မှစ၍ အချိန်အတော်ကြာကြာလွင့်တင်နိုင်ခဲ့ပြီး မနက် ၁၀ နာရီအထိကြာမြင့်ခဲ့ကြောင်း...
Sunday, August 23, 2009
ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)နှစ်မြောက်မွန်တော်လှန်ရေးနေ့
တိုကျို၊ သြဂုတ်(၂၃)သန့်မျိုးထွေး ယခုနှစ်သြဂုတ်(၅)ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားတို့၏ (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို တိုကျိုမြို၊ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမတွင် လွတ်မြောက်နယ်မြေဂျပန်ရှိ ပုညကာရီမွန်အမျိုးသားအသင်းက ယနေ့နေ့ လည်(၃)နာရီတွင် အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သည်။၁၉၄၈ခုနှစ်တွင်မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်၊ ရခိုင်နှင့်ကရင်စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာပြည်နယ်သီးခြားသတ်မှတ်ဖော်ထုတ်ပေးမှုနှင့် အခွင့်အရေးများ မရရှိနိုင်သည့်အတွက် မြန်မာသက္ကရာဇ် ၁၃၁ဝခုနှစ် ဝါခေါင်လပြည့်၊ ၁၉၄၈ခုနှစ် ဇူလှိုင်လ(၂ဝ)ရက်နေ့တွင် ဇာသပြင်ကျေးရွာ၌သန္ဓေတည်၍လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။''လွတ်လပ်ရေးရပြီးတော့ လွတ်လပ်ရေးရဲ့အရသာကို အားလုံးအတူတကွခံစားချင်တာပေါ့၊ ဒါပေမဲ့လွတ်လပ်ရေး...
မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂျပန်နိုင်ငံသို့ရောက်ရှိနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲတွင် Co-founder တစ်ဦးအနေဖြင့်လည်းကောင်း၊ Core Menber of Excecutive of 88-Generation Students (Exile) တစ်ဦးအနေဖြင့်လည်းကောင်း၊ အခြားမြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော ၈၈ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်သည် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြောင်းသိရသည်။၁။ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိကြောင်း၊ ၂။ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်လိုလျင် စု လွတ် တွေ့ ဆိုသည့်အတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ၃။ Federal စနစ်ကို သဘောတူကြောင်း စသည်တို့ကို ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်းသိရသည်။ယနေ့ (AUN) ညီညွှတ်သော တိုင်းရင်သားများ အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲတွင်...
Wednesday, August 19, 2009
နအဖစစ်တပ်မှ ရှမ်းကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေမှုအပေါ် ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများမှ ကန့်ကွက်ဆန္ဒပြ
ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်နယ်အလယ်ပိုင်းရှိကျေးရွာပေါင်း ၄၀ ခန့်ကို နအဖစစ်တပ်မှ အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး၊ နေအိမ်များကိုမီးရှို့ခြင်း၊ ရွာတွင်းရှိ လူထုများအား အဓမ္မပြောင်းရွေ့ခိုင်းခြင်းများကြောင့် ဒေသခံရွာသားတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေခဲ့ရသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများကြောင့် လူသေဆုံးမှုများဖြစ်ပေါ်နေသဖြင့် အဆိုပါလူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ပေးရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ သျှမ်းတိုင်းရင်းသားများမှ နအဖစစ်အခွန်ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ယခုလိုကန့်ကွက်ဆန္ဒရခြင်းနှင့်ပတ်သက်ပြီး သျှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့(ဂျပန်)မှ နာယကတစ်ဦးဖြစ်သူ စိုင်းအောင်မျိုးမြင့်မှ “ လက်ရှိ ကျနော်တို့ရဲ့ ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းကိုင်နှင့် လဲချားမြို့တွေမှာရှိတဲ့...
Tuesday, August 18, 2009
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ
သို့ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းခေါင်းဆောင်များ ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။ သို့ပါ၍ ရဲခွင့်ပြုချက် ပုံစံဖြည့်ရန်အတွက် လိုက်ပါလိုသူများ တနင်္လာနေ့ (၁၇-၈-၂ဝဝ၉) မွန်းလွဲ (၃)နာရီတွင် Kasumigaseki ဘူတာအနီး ရဲချုပ်ရုံးရှေ့တွင် စောင့်ဆိုင်း၍ အတူတကွ ပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်ပါသည်။2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။3....
Thursday, August 13, 2009
Wednesday, August 12, 2009
ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ဂျပန်ရောက်မြန်မာများက ထိုင်သပိတ်ဆန္ဒပြ
တိုကျို၊ သြဂုတ်(၁၁)သန့်မျိုးထွေး၊ ဖြိုးဝေ-mmpယနေ့တွင် အင်းစိန်ထောင်အထူးတရားရုံးမှနေ၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး စီရင်ချက်ချမည်ဆိုသောကြောင့် ဂျပန်နိုင်ငံရောက်မြန်မာများက တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လယ် ၁၂း၀၀ နာရီမှစတင်စုဝေး၍ တောင်းဆိုဆန္ဒပြဖို့ ပြုလုပ်ခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင်မတရားပြစ်ဒဏ်အမိန့်ချမှတ်မည်ဆိုပါက ပြင်ထန်းစွာကန့်ကွက်တုံ့ပြန်မည်ဟု ပြောဆိုထားသည့်အတိုင်း အင်အား ၄၀၀ ခန့်က သွားရောက်စုဝေးဆန္ဒပြခြင်းဖြစ်သည်။ ဂျပန်စံတော်ချိန် ၃ နာရီခွဲလောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲချလိုက်လိုက်ကြောင်း သိရှိကြသည့်အတွက် တောင်းဆိုဆန္ဒပြနေကြသူများက အလွန်အမင်းဒေါ်သထွက်ကာ အနီးအနားရှိယာဉ်ကျောတားဆီးရေးတိုင်များနှင့်...
Monday, August 10, 2009
ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု
စစ်အာဏာရှင်ကို ကြောက်ရွံ့လို့မနေခဲ့၊ တုန့်နှေးလို့မနေခဲ့၊ လုပ်စရာရှိတာလုပ်သွားခဲ့သူ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးကို ယခုအခါ ကချင်ပြည်နယ် ပူတာအိုထောင်တွင် နှစ်ရှည် ထောင်ချထားဆဲပင်ဖြစ်ပေသည်။ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၏ ငြိမ်းချမ်းရေးရယူသည့် ၁၅ နှစ်မြောက်အထိမ်းအမှတ်ပွဲသို့ တက်ရောက်ပြီး ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံကောင်စီဖွဲ့စည်းခဲ့သည်။ ထို့သို့လုပ်ဆောင်မှုကို နအဖစစ်အုပ်စုမှ စစ်ရေးအရအကြမ်းဖက် တော်လှန်ဆန့်ကျင်သည်ဟု ယူဆပြီး မည်သည့်သက်သေအထောက်အထား တစုံတရာမရှိဘဲ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ဖြင့် မတရားနှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့သည်။ဦးခွန်ထွန်းဦးကို လေးစားဂုဏ်ပြုသောအားဖြင့် လစဉ် ၉ ရက်နေ့ရောက်တိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် လွှတ်မြောက်ဖို့အတွက် တောင်းဆိုရေးကို...
Sunday, August 9, 2009
၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ တိုကျိုမြို့တွင် ကျင်းပ
၁၉၈၈ မတ်လ ၁၃ ရက်နေ့ကစတင်ပြီး လှုံ့ဆော်လိုက်သော မီးပွါးတခုမှ ၁၉၈၈ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မြန်မာပြည်တ၀ှမ်းလုံး အတိုင်းအတာနှင့် ဖြစ်ပွားပြီး၊ တစ်ပါတီ အာဏာရှင်အစိုးရကို မြန်မာပြည်သူတို့ ဖြုတ်ချနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ နှစ် ရှိခဲ့ပြီဖြစ်ပါသည်။ထိုနေ့တွင် သွေးနဲ့ရင်းပြီး အသက်ပေးသွားကြသော ကိုဖုန်းမော် အပါအဝင် ၈၈ကျောင်းသားများ၊ ပြည်သူလူထုများ၊ အလုပ်သမားများနှင့် လယ်သမားများ အစရှိသော ၈၈ သူရဲကောင်းအပေါင်းတို့အား ၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း၊ ၈၈ကို ပုံဖော်ပေးသွားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွတ်ပေးရေး အလိုရှိကြောင်းကို ဂျပန်ရောက် မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ စုစုပေါင်းအင်အား ၁၀၀၀...
Thursday, August 6, 2009
စဉ်းစားပါဦး [?] ၈ ၈ ၈၈
ပြည်ပရောက် မြန်မာပြည်ဖွား အိုလူသား-မြန်မာပြည် ဒီမိုကရေစီရသွား“ပြန်လည်ထူထောင်ရေး”မှာ ပူပေါင်းအုံးမှာလား?ပြန်လာအုံးမှာလား?စဉ်းစားသေးရဲ့လား?စဉ်းစားပေးပါလား?။ တော်လှန်ရေးကို ခုတုံးလုပ်ဟွန်ဒီငွေကို မြက်မြက်ကလေးလွှဲကာပြည်ပမှာခိုလှုံအမြတ်ကြီးစား“စီးပွါးရေးသမားများ”နိုင်ငံတော်သစ်ဆီ ခါတော်မှီဒီမိုကရေစီကို ခုတုံးရှာလုပ်စားအုံးမှာလား?။စဉ်းစား၊ အိုစဉ်းစားစမ်းပါလား?ဒီမိုကရေစီအောင်ပွဲခံခဲ့တဲ့နေ့အဲသည့်နေ့မှာ ပြန်လာခဲ့မှာလား?။ Singapore မှာ အနေကြာသွားEngineer ဗိသုကာသမား လူညိုထွားခင်ဗျားတို့သူငယ်ချင်းဖုန်းမော်လေးသွေးခင်းပေးခဲ့ရတော်လှန်ရေးသစ္စာများမေ့သွားပြီလား?မေ့နိုင်ရက်ပြီလား?စဉ်းစားပေးပါလား?တံတားနီမှာကျိုးပဲ့သွားခင်ဗျားတို့ရဲ့ T-squares များမှတ်မိသေးရဲ့လား?South Africa, England, Norway,Australia, America မှာ...
Tuesday, August 4, 2009
ဂျပန်ရောက်မြန်မာများ ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲပြုလုပ်မည်
Invitation for 8888 Demonstration in Tokyo ဆက်သွယ်နိုင်ရန်Ko Than Swe - 090-4964-9718Ko Myint Swe - 090-7247-6099Ko Kyaw Kyaw Soe - 090-6031-4394Ko Ko Aung - 090-1506-2893Ko Mai Kyaw Oo - 03-5960-4440Ko Hla Aye Maung - 090-2525-1...
Sunday, August 2, 2009
အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၁)
Political Science Research Worksheet How to Interpret a Political Science Researcher Mg Si ThuDate: September 1st, 2007Discussion – "Strong Leadership for Burma's Future" ရည်ညွန်းချက် ....... လူငယ်မျိုးဆက်သစ်များအထူးတင်ပြချက် ......... အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်အထူးသတိပြုရမည့်အချက်များ ......... အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊ အခြေခံ နိုင်ငံသိပ္ပံ မိတ်ဆက် Introduction of Basic Political Science The International Studiesနိုင်ငံတကာလေ့လာရေးအခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အရေးများ၊ လည်းကောင်းတို့၏အုပ်ချုပ်ရေး၊...
Saturday, August 1, 2009
ဇူလိုင်လ ၃၁ရက် ဂျပန်ရောက်မြန်မာများ ဆန္ဒပြပွဲမှတ်တမ်း
၂၀၀၉ ဇူလိုင်လ ၃၁ရက်နေ့လည် ၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စီရင်ချက်ချမည့် ကိစ္စအတွက် ဤမတရားမှုကို ကန့်ကွက်ကြောင်း ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ စုစုပေါင်းအင်အား ၂၅၀ ခန့်တက် ရောက်ခဲ့ကြပြီး၊ ညနေ ၄နာရီတွင် ဆန္ဒပြပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။အဆိုပါဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံမှ ခေတ္တရောက်ရှိနေသူ ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF) မှ ` ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီလှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊...