Tuesday, August 25, 2009

ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်



တိုကျို၊ သြဂုတ်(၂၄)
သန့်မျိုးထွေး
ဂျပန်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသည့် နအဖလယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ကြံ့ဖွံ့အသင်းအတွင်းရေးမှူးဦးဋ္ဌေးဦး(ခေါ်)ဒီပဲယင်းလူသတ်သမားဗိုလ်ချုပ်ဋ္ဌေးဦး ခေတ္တနေထိုင်တည်းခိုရာ တိုကျိုမြို့၊ ယိုဆုယ အရပ်ရှိ နယူးအိုတာနိဟော်တယ်ရှေ့တွင် ဒီမိုကရေစီတိုက်ပွဲခေါ်သံ ABSDF ခွပ်ဒေါင်းအလံတော်ကို ဂျပန်၊ တရုတ်၊ ထိုင်း၊ မြန်မာအလံတို့နှင့်အတူ လွင့်တင်ခဲ့ကြောင်းသိရသည်။

ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လှုပ်ရှားမှုတခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းသို့လွင့်တင်ထားမှုကို ဟော်တယ်တာဝန်ရှိသူများနှင့်လုံခြုံရေးတို့ မသိရှိလိုက်နိုင်ဘဲ မနက် ၅ နာရီအချိန်ခန့်မှစ၍ အချိန်အတော်ကြာကြာလွင့်တင်နိုင်ခဲ့ပြီး မနက် ၁၀ နာရီအထိကြာမြင့်ခဲ့ကြောင်း မျက်မြင်တဦး၏ အဆိုအရသိရသည်။

“နအဖစစ်အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ လူအခွင့်အရေးချိုးဖောက်နေတာတွေ၊ လူထုခေါင်းဆောင်ကို မတရားအမှုဆင်ပြီး ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်သားတွေလွတ်မြောက်ဖို့ကို ရည်ရွယ်ခြင်းပါ...။”ကိုယ်တိုင်လွင့်တင်ခဲ့သူတဦးကဆိုသည်။

ဂျပန်နိုင်ငံသို့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလာရောက်ပြီးသည့်နောက်ပိုင်း မြန်မာနအဖစစ်အစိုးရ၏ အဆင့်မြင့်ဝန်ကြီးတဦး၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်းသိရပြီး ၄င်းရောက်ရှိနေစဉ်ကာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ခေတ္တနေထိုင်တည်းခိုရာ နယူး အိုတနိဟော်တယ်တို့တွင် ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများက သွားရောက်ဆန္ဒပြကြကြောင်းသိရသည်။

ဦးဋ္ဌေးဦး၏ခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့်ပါတ်သတ်မှုရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်မှု ဂျပန်အစိုးရနှင့်မြန်မာစစ်အစိုးရတို့အကြား ဆက်ဆံရေးကို မြင့်တင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟုလည်းသိရပြီး ၄င်း၏ ၇ ရက်တာခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပါတ်သတ်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်ပြောဆိုနေကြသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More