Saturday, September 12, 2009

၆၆ နှစ်ပြည့် ဦးခွန်ထွန်းဦးမွေးပွဲပြုလုပ်



ကချင်ပြည်နယ် ပူတာအိုအကျဉ်းစခန်းတွင် မတရားနှစ်ရှည် ထောင်ဒဏ်(၉၃)နှစ် ချခံထားနေရဆဲဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်း၏ စက်တင်ဘာ ၁၁ ရက်နေ့တွင်ကျရောက်သော (၆၆)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကို ဂျပန်နိုင်ငံရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SND-Japan)နှင့် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SSND-Japan)တို့မှ ဦးဆောင် တို့မှပူးပေါင်းဦးဆောင်၍ ရှီဘုယရပ်ကွက်ရှိ ကုလအဆောက်အဦးရုံးရှေ့တွင်ကျင်းပခဲ့ကြသည်။

နေ့လယ် ၃ နာရီမှ ၄း၃၀ နာရီအထိ ပြုလုပ်ခဲ့သော ဦးခွန်ထွန်းဦး၏မွေးနေ့ပွဲကို
ဂျပန်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ စုစည်းထားသော ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(AUN-Japan)မှ ကူညီပံ့ပိုးပေးခဲ့ပြီး အာရှနိုင်ငံသားများချစ်ကြည်ရေးအဖွဲ့(Asian People’s Friendship Society-APFS)မှ တာဝန်ရှိသူ မစ္စတာ ယာမဂူချီကလည်း မွေးနေ့ဆုတောင်းစကားပြောဆိုသွားခဲ့ပါသည်။

သတင်းနှင့်မှတ်တမ်းဓါတ်ပုံ-
နန်းအိမွန်ချစ်(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More