Saturday, September 5, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုအပြည့်အဝထောက်ခံသည့် ယူကီအို ဟာတိုယာမ ဝန်ကြီးချုပ်သက်တမ်း(၄)နှစ်သာထမ်းဆောင်မည်ဟုဆို

ရေးသားသူ-မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)

သြဂုတ်လ(၃ဝ)ရက်နေ့က ကျင်းပပြီးစီးခဲ့သော ဂျပန်အောက် လွှတ်တော်အထွေထွေရွေးကောက်ပွဲတွင် ယူကီအို ဟာတိုယာမ(Yukio Hatoyama)ဦးဆောင်သည့် ဒိမိုကရက်တစ်ပါတီ Democratic Party of Japan(DPJ)သည် ဂျပန် နိုင်ငံရေးလောကကို နှစ်ပေါင်း ၅ဝ ကျော်ကြာအောင် လွှမ်းမိုးချုပ်ကိုင် လာခဲ့သော လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ Liberal Democratic Party(LDP)အား မဲအပြတ်အ သတ်နှင့်အနိုင်ရရှိသွားခဲ့သည်။

သက်တမ်းအားဖြင့် ၁၁ နှစ်သာ ရှိသေးသော ဟာတိုယာမ၏ DPJ ပါတီသည် အောက်လွှတ်တော်အ မတ် ၄၈ဝ နေရာတွင် ၃ဝ၈ နေရာ အထိအနိုင်ရရှိခဲ့သဖြင့် အစိုးရအ သစ်တရပ်ကို ဖွဲ့စည်းနိုင်ခွင့်နှင့် တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာကိုပါ ရရှိခဲ့ခြင်းလည်းဖြစ်သည်။
အထက်လွှတ်တော်တွင်လည်း ဟာတိုယာမ၏ DPJပါတီသည် နေရာအတော်များများတွင် အနိုင်ရရှိထားသေးသည်။
စကားပြောညင်သာပြီး ပြုပြင် ပြောင်းလဲမှုလိုလားသူ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ယူကီအို ဟာတိုယာမသည် ဂျပန်နိုင်ငံ၏ ထင်ရှားကျော်ကြားသည့် နိုင်ငံ ရေးအသိုင်းအဝိုင်းမျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။
အဘိုးဖြစ်သူ အီချီယို ယာတိုယာမ(Ichiro Hatoyama)သည် ထင်ရှားခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ဟောင်းတစ်ဦးဖြစ်သလို ဂျပန်နိုင်ငံ၏နိုင်ငံရေးလောကကို နှစ် ၅ဝ ကျော် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ကိုပထမဦးဆုံးစတင်တည် ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

Ichirō Hatoyama and his two grandsons, Yukio and Kunio

အဖေဖြစ်သူမှာလည်း ဂျပန်နိုင် ငံခြားရေးဝန်ကြီးတစ်ဦးလည်းဖြစ် ခဲ့ဖူးသည်။ ဘိုးစဉ်ဘောင်ဆက် များမှာလည်း မဲဂျီခေတ်ကတည်း က ဂျပန်နိုင်ငံရေးသမားများဖြစ် ကြသဖြင့် ဟာတိုယာမ၏မိသားစု အသိုင်းအဝိုင်းကို 'ဂျပန်ကနေဒီမျိုး နွယ်'ဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။
အမေဖြစ်သူ၏အသိုင်းအဝိုင်းမှာ လည်း စီးပွားရေးအင်အားကြီးမျိုး နွယ်မှဖြစ်သည်။ မိခင်၏အဘိုး (Shojiro Ishibashi)မှာ Bridgestone တာယာကုမ္ပဏီကို စတင် တည်ထောင်ခဲ့သူဖြစ်သည်။
ယူကီအို ယာတိုယာမသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ ပြည့်အဝထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုလ် ဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည့် ၁၉၉၁ ခုနှစ်တုန်းက ဟီဘီယပန်း ခြံထဲတွင် ဆိုရှယ်ဒီမိုကရက်တစ် ပါတီမှ မစ္စ'ဒိုးအိ'ဦးဆောင်၍ ဂုဏ်ပြုပွဲကျင်းပခဲ့စဉ်ကတည်းက တက်ရောက်အားပေးခဲ့သူတစ်ဦးဖြစ် သည်။
ဒုတိယအကြိမ်နေအိမ်အကျယ် ချုပ်ချခြင်းခံရသည့် ၁၉၉၈ ခုနှစ် တုန်းက ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သည့် ကျိုတိုမြို့၊ ယာမမတ်ဆု(Hamamatsu) အရပ်ရှိ ကျိုတိုတက္ကသိုလ်တွင် ဟာတိုယာမကိုယ်တိုင်ဦး ဆောင် ၍ 'တောင့်ထားစုကြည်' ခေါင်းစဉ် ဖြင့် အားပေးစကားပြောကြားခြင်း အစီအစဉ်ပြုလုပ်ခဲ့သည်။

Iichirō Hatoyama (center) flanked by his two sons, Yukio (left) and Kunio (right)

၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလ၌ တို ကျိုမြို့၊ ယုရပ်ခုချော(Yuyakucho)အရပ်ရှိ Intermational Forum Hallတွင် ဒေါ်အောင်ဆန်းစုကြည် နိုလ်ဘယ်ငြိမ်းချမ်းရေးဆုရ ၁ဝ နှစ်ပြည့် ဂုဏ်ပြုပွဲကျင်းပခဲ့စဉ်ကလည်း တက်ရောက်ခဲ့ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အပြည့်အဝထောက်ခံကြောင်း ပြောဆိုခဲ့သေးသည်။
ယခုနှစ် ဇွန်လ(၁၉)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ '၆၄ နှစ်ပြည့် မွေးနေ့မင်္ဂလာနေ့ထူးနေ့ မြတ်'တွင်လည်း မတရားထိန်း သိမ်းခံနေရမှုမှ အမြန်ဆုံးလွှတ် မြောက်စေလိုကြောင်းနှင့် ကျန်းမာ ရေးကောင်းမွန်အောင် ဆုတောင်း လိုက်ပါကြောင်း မွေးနေ့ဆု တောင်းသဝဏ်လွှာကို ရေးသား ပေးပို့ခဲ့သေးသည်။

(၂ဝဝ၉ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ '၆၄ နှစ်မြောက်မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်' အတွက် 'ယူကီအို ယာတိုယာမ'မှ ရေးသားပေးပို့ခဲ့သော မွေးနေ့ဆုတောင်းသဝဏ်လွှာ)

စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံ၏ ၉၃ ဦး မြောက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရတော့မည့် ယုကီအို ဟာတိုယာမသည် ကျဆင်းနေ သည့် ဂျပန်စီးပွားရေး၊ သက်ကြီး ပင်စင်နှင့် ကျန်းမာရေးအာမခံ ချက်ကိစ္စ၊ အလုပ်အကိုင်ရှားပါး လာနေ့သည့်ပြဿနာ၊ လူမှုဖူလုံ ရေးနှင့် အခွန်လျော့ချရေးအစီအ စဉ်၊ စာတိုက်ဘဏ်အရှုပ်အရှင်း နှင့် နိုင်ငံခြားရေးရာမူဝါဒရပ်များ ကို အဆင်ပြေအောင်ကိုင်တွယ်ဖြေ ရှင်းရဦးမည်ဖြစ်သည်။
အိမ်နီးချင်းအာရှနိုင်ငံများဖြစ်ကြ သည့် တရုတ်၊ တောင်ကိုရီးယား နှင့် ရုရှားတို့က ဟာတိုယာမဝန် ကြီးချုပ်ဖြစ်လာမှုအပေါ် ကြိုဆို ကြောင်း သဝဏ်လွှာများပေးပို့ ခဲ့ကြသည်။
ယူကီအို ဟာတိုယာမကလည်း မိမိဝန်ကြီးချုပ်ဖြစ်လာပါက ရှေး ရိုးစွဲဆန်နေသည့် ဂျပန်ပေါ့ပ်ယဉ် ကျေးမှုနိုင်ငံရေးပြတိုက်ကြီးတည် ဆောက်ထားမှုကို ဆန့်ကျင်သွား မည်ဟုပြောဆိုထားပြီး ယခင်ဝန် ကြီးချုပ်များအတိုင်း ယာဆုခုနီ စစ်သင်္ချိုင်းသို့ သွားရောက်ဂါရဝ ပြုသည့်လုပ်ရပ်များကို ပြုလုပ် မည်မဟုတ်ဟု ထုတ်ပြန် ပြောဆိုထားသည်။
ထို့အပြင် ဝန်ကြီးချုပ်သက် တမ်းကိုလည်း ၄ နှစ်အထိသာထမ်းဆောင်မည်ဟု ပြောဆိုထားပြီး ဂျပန်နိုင်ငံ၏စီးပွားရေးကဏ္ဍာကို အမေရိကန်လို အလွန်အကျွံအရင်းရှင် ဆန်မှု ကနေ ဖယ်ခွာအောင်ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားသည်။

ကိုးကား-
http://www.newsonjapan.com/
http://en.wikipedia.org/wiki/Yukio_Hatoyama
http://www.64forsuu.org/word.php?wid=8419

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More