Thursday, November 12, 2009

အာရှမြို့ကြီးပေါင်း ၁၀ မြို့အနက် ဆွဲဆောင်မှုအရှိဆုံး မြို့အဖြစ် ဘန်ကောက် ရွေးချယ်ခံရ

Asia Network of Majior Cities 21 ANMC 21 အဖွဲ့ဝင် ၁၁ မြို့အနက် ၁၀ မြို့ကို နိုင်ငံခြား ခရီးသည် များအား မဲပေးရွေးချယ် စေခဲ့ရာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သည် ဆွဲဆောင်မှု အရှိဆုံးမြို့ အဖြစ် ရွေးချယ်ခံရကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ထိုင်း သတင်း ဌာနက ကြေညာခဲ့သည်။ ဆွဲဆောင်မှု အရှိ ဆုံး အစားအစာအဖြစ်လည်း ထိုင်းအစားအစာက ရွေးချယ်ခံရသည်။ ( ANMC 21 ) ၏အဖွဲ့ ၀င်မြို့ များမှာ ဘန်ကောက် ၊ ဒေလီ ၊ဟနွိုင်း ၊ ဂျာကာတာ ၊ကွာလာလမ်ပူ ၊ မနီလာ ၊ဆိုးလ် ၊ စင်ကာပူ ၊တိုင်ပေ ၊ တိုကျို နှင့် ရန်ကုန်တို့ ဖြစ်သည်။ ယင်းသို့ ရွေးချယ်ရာတွင် ရန်ကုန်မြို့ကို ချပ်လှပ်ထားပြီး အခြားမြိုကြီး ၁၀ မြို့မှ ဆွဲဆောင်မှု အရှိဆုံး မြို့ကို ရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။ ဒုတိယဆွဲဆောင်မှု အရှိဆုံး မြို့အဖြစ် တိုကျိုက ရွေးချယ်ခံရသည်။ အဆိုပါ မဲပေးရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသူများမှာ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ အတွင်း ဘန်ကောက်မြို့ သို့ လာရောက်ခဲ့ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၅၀၀ ဦး တို့ဖြစ်သည် ဟုဆိုသည်။ ( Pyi Myanmar )

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More