Tuesday, November 3, 2009

ဂျပန်- မဲခေါင် ချစ်ကြည်မှုဖလှယ်ရေး အစီအစဉ် မြန်မာသတင်းစာဆရာ ၁၉ ဦး ဂျပန်သို့ ရောက်ရှိ

အရှေ့အာရှနိုင်ငံအသီးသီးတို့တွင် နောင်အနာဂတ်၌ အရေးပါသော တာဝန်များ

ကို ထမ်းဆောင်သွားမည့်မျိုးဆက်သစ်လူငယ်များအကြား၌ အချင်းချင်းနားလည်မှု ပို

မိုရရှိစေနိုင်ရန် ရည်ရွယ်သော၂၁ရာစု အရှေ့အာရှလူငယ် ကျောင်းသားချစ်ကြည်မှုဖ

လှယ်ရေးအစီအစဉ် (JENESYS) သို့ သွားရောက်ရန် မြန်မာနိုင်ငံရှိသတင်မီဒီယာများ

မှ သတင်းစာဆရာ ၁၉ဦးဂျပန်နိုင်ငံသို့ အောက်တိုဘာ၂၈ရက် နေ့တွင် ထွက်ခွာသွား

သည်။ JENESYS သို့ မဲခေါင်ငါးနိုင်ငံမှ တစ်နိုင်ငံလျှင်သတင်းစာဆရာ ၂၀ ဦးစီတက်

ရောက်ကြရမည် ဖြစ်သော်လည်းမြန်မာနိုင်ငံမှ ၁၉ဦးသာ တက်ရောက်၍ ပေါင်း၉၉ဦး

တက်ရောက်မည်ဖြစ်ကြောင်း ၎င်းတို့သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာလ ၂၈ရက်

နေ့မှ နိုဝင်ဘာလ ၈ရက်နေ့အထိ ၁၂ရက်ကြာသွားရောက်ကြမည်ဖြစ်ကြောင်း၊ဂျပန်

နိုင်ငံရှိ မီဒီယာများ၊ ယဉ်ကျေးမှုနေရာများနှင့်ဂျပန်နိုင်ငံ၏ပညာရေးအကြောင်းတို့ကို

လေ့လာကြမည်ဖြစ်ပြီး ဂျပန်မိသားစုနေအိမ်များ၌ နေထိုင်ခြင်း၊တိုယိုတာကားပြခန်း

လေ့လာခြင်း စသည့် အတွေ့အကြုံများ ရရှိမည်ဖြစ်ကာ မဲခေါင် ငါးနိုင်ငံ အချင်းချင်း

ချစ်ကြည်နှီးနှောဖလှယ်ကြမည်ဖြစ်ကြောင်းအာဆီယံအသင်းဝင်နိုင်ငံများ၊သြစတြေး

လျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ နယူးဇီလန်၊ ကိုရီးယားနိုင်ငံတို့ကိုအဓိက

ထား၍လာမည့် ငါးနှစ်အတွင်းနှစ်စဉ် လူငယ် ၆၀၀၀ ခန့်ကို ဂျပန်နိုင်ငံသို့ ယန်းသန်း

ပေါင်း ၃၅,၀၀၀ ကုန်ကျခံဖိတ်ခေါ်မည့် ချစ်ကြည်မှုဖလှရေး အစီအစဉ် အကောင်အ

ထည်ဖော် ဆောင်ရွက်မှုအရ ၂၀၀၇ ခုနှစ်မှ စတင်၍ JENESYS ကိုစတင်ခဲ့ခြင်း ဖြစ်

ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင်

ဖော်ပြထားပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More