Thursday, October 28, 2010

နအဖ၏၂၀၁၀ ရွေးကောက်ပွဲအား ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားသူများ ကန့်ကွက်ဆန္ဒပြ

လာမည့်နိုဝင်ဘာလ(၇)ရက်နေ့တွင် မြန်မာ့ပြည်သူလူထုတစ်ရပ်လုံးကို စစ်ကျွန်ဘဝသို့ ထာဝရအသက်သွင်းမည့် နအဖ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်စီတန်းလှည့်လည်ခြင်းကို ယနေ့အောက်တိုဘာလ(၂၇)ရက်နေ့တွင် ဂျပန်ရောက်မြန်မာအဖွဲ့အစည်းများပူးပေါင်းပါဝင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီမှ ဦးဆောင်ကာ ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားသူများနှင့်အတူ မြန်မာ့ရေးရာရုံး(ဂျပန်)၊ မြန်မာ့ဒီမိုအရေးကိုအစဉ်အားပေး ကူညီနေသော ဂျပန်အဖွဲ့အစည်းများဖြစ်သည့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(RINGO)၊ မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (PFB)၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းသာခွင့်အဖွဲ့(ဂျပန်)၊ HUMAN RIGHTS NOW၊HUMAN RIGHTS WATCH စသည့်အဖွဲ့အစည်းတို့မှ ပါဝင်ပူးပေါင်း ခဲ့ကြပါသည်။


ယနေ့အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်စီတန်းလှည့်လည်ဆန္ဒပြခြင်းကို ROPPONGIရှိMikawadi ပန်းခြံမှ နေ့လည် ၂ နာရီခွဲမှစတင်ထွက်ခွာခဲ့ပါသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဂျပန်ဘာသာဖြင့် ”၂၀၁၀ အတုအယောင်ရွေးကောက်ပွဲအားအလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အားလွတ်ပေးရန်၊ နအဖစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်တာကို ရပ်ဆိုင်းပေးရန်၊ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စု၏လုပ်ရပ်များကန့် ကွက် ရန်”တို့ကိုကြွေးကြော်ကာ လွှတ်တော်၊ နိုင်ငံခြားရေးရာရုံးတို့ ဖြတ်သန်းချီတက်ခဲ့ရာ HIBIYA ပန်းခြံတွင်အဆုံးသတ်ခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း၊ မင်းညိုဝမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More