Friday, September 16, 2011

မြန်မာအစိုးရစစ်တပ်မှ စစ်သား (၂၀) တိုက်ပွဲတွင် သေဆုံး


၂၀၁၁ စက်တင်ဘာလ(၁၅) ရက် ကြာသပတေးနေ့ နံနက်၁ဝး၁ဝ နာရီမှ စက်တင်ဘာလ (၁၆) ရက် သောကြာနေ့ မွန်းတည့်ချိန်အထိ သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ် မြစ်ကြီးနားအခြေစိုက် ခလရ(၃ရ) ၊ စခက (၂၁) လက်အောက်ခံ နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈) နှင့် ကေအိုင်အေ အထူးတပ်ဖွဲ့နှင့် နမ့်ဆန်ယန် ရွာအနီး နန့်ဘန်(င်) ချောင်းဖျားတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ်မှ စစ်သား အယောက် (၂ဝ)  ကျဆုံးကြောင်း သိရှိရသည်။
ထို့အပြင် လက်နက်ခဲယမ်းမျိုးစုံကိုလည်း ကေအိုင်အေ အထူးတပ်မှ သိမ်းဆည်းရမိကြောင် သိရှိရသည်။ ကေအိုင်အေမှ ရဲဘော်(၃)ဦး ဒဏ်ရာ ရရှိသော်လည်း ပြင်းထန်မှု မရှိကြောင်း သိရှိရသည်။ ယခုအချိန်အထိ တကွဲတပြား ထွက်ပြေးနေလျှက်ရှိသော သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ်မှ စစ်သားများကို နေရာအနှံ့ ပိုက်စိပ်တိုက်၍ လိုက်လံရှင်းလင်း ပိတ်ဆို့ ချေမှုန်းလျှက် ရှိနေကြောင်း သိရှိရသည်။ သတင်းများကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နှင့် သိန်းစိန်ကြံ့ဖွတ်အစိုးရစစ်တပ် စကခ (၂၁) လက်အောက်ခံ ခမရ (၃၈ရ) တပ်တို့သည် စက်တင်ဘာလ (၁၅) ရက် ကြာသာပတေးနေ့ ညနေ (၆) နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပါသည်။ ခမရ (၃၈၇) စစ်ကြောင်းထွက်ခွာမည့် သတင်းရရှိ၍ ကေအိုင်အေ တပ်ရင်း(၁၅)မှ လိုင်ဇာ- ဗန်းမော်ကားလမ်း နမ့်ဖတ်ခါ့ရွာ အနီးတွင် သွားရောက်စောင့်ကြို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်ကြံ့ဖွတ်အစိုးရစစ်တပ်မှ စစ်သား(၁)ယောက် ကျဆုံး၍ MA-2 သေနတ်တလက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ကေအိုင်အေမှ သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More