Wednesday, March 5, 2008

ငါတို့ကန့်ကွက်မဲပေးရမယ်


ဗုဒ္ဓရဲ့ဓမ္မစက်
အာဏာစက်နဲ့ဖျက်မယ်လို့
ကမ္ဘာသိစော်ကားခဲ့ပြီး
ဗုဒ္ဓသားတော် သံဃာတွေကိုသတ်
ကျောင်းသား သူငယ်တွေကိုသတ်
တတ်သိပညာရှင်မှန်ရင် အပြတ်ရှင်း
တိုင်းပြည်ကို ငတ်အောင်လုပ်ထား
ဒီစစ်သားတွေက…

ခေါင်ထိတ်တမတ်သား
စစ်တပ်ကယူထားပြီး
တကျပ်လုံးထိန်းချုပ်ဖို့
ဖွဲ့စည်းအုပ်ချုပ်ပုံ
စစ်ဥပဒေယုတ်နဲ့
တိုင်းပြည်ကိုလောင်မီးကျနေအောင် ဆက်လုပ်ဖို့
ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မတဲ့…

ဒီဆန္ဒခံယူပွဲ မဲရုံသွားပြီး
ထောက်ခံမဲပေးမိတယ်ဆိုရင်
မိမိအသက်ထွက်သွားပြီးမှ
မိမိဝိဥာဉ်က မိမိခန္ဓာကိုယ်ကိုပြန်ပြီး
အသုဘလိုက်ပို့ရမယ့်အလုပ်
မိမိကိုယ်တိုင်လုပ်လိုက်သလို ဖြစ်နေမယ်…

အဲဒါကြောင့်-
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ငါတို့ကန့်ကွက်မဲပေးရမယ်

ဟိန်းနိုင်(မန္တလေး)
၃-၃-၂၀၀၈

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More