Wednesday, May 7, 2008

မုန်တိုင်းနောက်ကမုန်တိုင်း


နားဂစ်မိုင်တိုင်းတခု
မြန်မာပြည်ကိုဗဟိုပြုပြီး
ခပ်ကြမ်းကြမ်းတိုက်ခတ်ခဲ့တယ်။
ဘယ်သူမှအံတုလို့မရ၊ တားဆီးလို့မရ
ဒါဟာ သဘာဝရဲ့အင်အား၊ သိပ်ကြီးမားတယ်။

ကြည့်လိုက်စမ်း-
သေသူသေ၊ ပျောက်သူပျောက်
ငရဲရောက်သလိုမျိုး
သစ်ပင်တွေကျိုး၊ ဓါတ်တိုင်တွေကျိုး
ရေပြတ်၊ မီးပြတ်၊ ဖုန်းပြတ်၊ လမ်းပြတ်
အားလုံးအခက်ကြုံ၊ အနိဌာရုံ။

နောက်ထပ်မုန်တိုင်းတခု
ပြည်သူ့ရင်ကိုဗဟိုပြုပြီး
ဆက်တိုက်လာဦးမယ်။
နအဖက အံတုလို့မရ၊ တားဆီးလို့မရ
ဒါဟာ ပြည်သူ့အင်အား၊ အကြီးမားဆုံး။

ယုံကြည်လိုက်စမ်း-
နိုင်ငံတ၀ှမ်းလုံး၊ စုရုံးချီတက်
တခဲနက်၊ ကန့်ကွက်မဲပေးကြတဲ့အခါ
အာဏာရှင်စနစ်အဆုံးသတ်၊ ပြည်သူ့အောင်ပွဲမှတ်။

ခန်းဒါအောင်လီ
၎-၅-၂၀၀၈

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More