Sunday, April 6, 2008

ငါ့နိုင်ငံရဲ့အလံတော်(ကြည်အောင်)


အလံဆိုတာ

ပျံနေရတယ်။

ငါ့နိုင်ငံသူ

ရန်သူဆီ

ချီတက်

ချီတက်

ချီတက်။



အလံကို

သံနဲ့ရိုက်ကပ်

သပ်နဲ့ဖိကုပ်

မလှုပ်မယှက်။

ငါ့နိုင်ငံသူ

အလံတော်ဆီ

ချီတက်

ချီတက်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ဝေသော စာဆိုတော်နေ့အထိမ်းအမှတ် အမှတ်တရကဗျာစာစုမှ ကဗျာဆရာကြည်အောင်ရဲ့ကဗျာကို ကြိုက်နှစ်သက်လှသဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ကဗျာဆရာကြည်အောင်ထံသို့ ခွင့်ပြုချက်မတောင်းခံမိပဲ ဖော်ပြမိသဖြင့် ခွင့်လွှတ်နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More