Saturday, August 30, 2008

ဂျိမ်းဘွန်းမင်းသားဒန်နီရယ် မြန်မာပြည်သို့သွားရောက်မည်ဟုသိရှိရ


ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရေ့စ်သည် နာဂစ်ဒဏ် ခံရေလုပ်သားများအတွက် လှေ ၂၅ စင်းလှူဒါန်းမည်ဖြစ်ရာ လှေ များ ရေလုပ်သားများလက်ထဲသို့ လွှဲအပ်လျှင် သူကိုယ်တိုင်မြန်မာ နိုင်ငံသို့လာရောက်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်း ကြိုင်မှဆိုသည်။

သြဂုတ်လဆန်းပိုင်းက မင်း သား၏ကိုယ်စားလှယ်များ လှေ တည်ဆောက်နေမှုအခြေအနေ လာရောက်ကြည့်ရှုပြီး ၎င်းတို့က ပင် ယင်းကဲ့သို့ပြောကြားသွား ကြောင်းသိရသည်။

Casino Royaleအမည်ရှိ နောက်ဆုံးထွက်ရှိသောဂျိမ်းစ်ဘွန်း ဇာတ်ကားဖြင့် နာမည်ကျော်လူ သိများလာသော မင်းသားဒန်နီ ရယ်သည် နာဂစ်ဖြစ်ပွားခဲ့စဉ်က ငါးဖမ်းလှေများပျက်စီးဆုံးရှုံးခဲ့ရ သောရေလုပ်သားများအတွက် ပြင်သစ်လူမှုကူညီရေးအဖွဲ့အစည်း တခုဖြစ်သော Cosi Franceမှတ ဆင့်လှူဒါန်းရန်ကမ်းလှမ်းခဲ့သည်။

သြဂုတ်လ ၃ ရက်က မင်း သား၏ကိုယ်စားလှယ်များအဖြစ် ဃသျင င်္မညေခနမှ တာဝန်ရှိသူ ၃ ဦး လာရောက်၍ ဧရာဝတီတိုင်း ပြင် ခရိုင်ရှိ အလယ်သောင်ကျေးရွာ သို့ ၅ ရက်တာသွားရောက်ခဲ့ပြီး လှေဆောက်လုပ်နေသည့်ရုံများ ကို ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဂျိမ်းစ်ဘွန်းမင်းသားလှူမည့် လှေအမျိုးအစားများမှာ ဒေသအ ခေါ် ဖားကူးဟုခေါ်သည့် လှေ ကြီး ၂ စင်းပါဝင်ပြီး ရိုးရိုးငါးဖမ်း လှေ ၂၃ စီး လှူဒါန်းမည်ဖြစ် ကြောင်းသိရသည်။ လှုဒါန်းမည့် လှေများကို သင်္ကန်းသားဖြင့် တည်ဆောက်နေပြီဖြစ်သည်။

ယင်းကိုယ်စားလှယ်အဖွဲ့ ရောက်လာစဉ်က မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်မှ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းခွင်တွင်ဝတ် ဆင်သည့် ဝတ်စကုတ်(ခေါ်)အ ပေါ်အင်္ကျီကို ဂျိမ်းစ်ဘွန်းမင်း သားအတွက် အမှတ်တရအဖြစ် ယူဆောင်သွားခဲ့သည်။

ဒန်နီရယ်သည် ယခုအခါ သူ ၏ဒုတိယမြောက်ဂျိမ်းစ်ဘွန်းဇာတ် Quantum of Solace ကို ရိုက်ကူးပြီးစီးပြီဖြစ်ပြီး၊ လာမည့်အောက်တိုဘာလတွင် ရုံ တင်ပြသမည်ဖြစ်သည်။(Plannet Newsမှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More