Wednesday, November 19, 2008

မိုးသောက်ကြယ်ဥယျာဉ်မှူးကြီးသို့....



ဆရာရေ...
အကယ်၍များ ဆရာသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် ဒီနေ့(နိုဝင်ဘာ ၁၉ ရက်)ဟာ ဆရာရဲ့ ၇၅ နှစ်မြောက် စိန်ရတုမွေးနေ့မင်္ဂလာပါ...
ဆရာကိုချစ်တဲ့လူတိုင်းက မွေးနေ့ပွဲကလေးတွေ နေရာအနှံ့မှာကျင်းပပေးနေကြမှာဖြစ်သလို ပကာသနကင်းတဲ့ဆရာကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အားလုံးကိုနှုတ်ခွန်းဆက်ခွန်းတုံ့ပြန်နေမယ်ဆိုတာ မြင်ယောင်မိပါတယ်...
ဆရာမရှိတော့ပေလည်း ဆရာပျိုးခဲ့၊ စိုက်ခဲ့၊ ကိုယ်တိုင်လည်း နာမည်ပေးကင်ပွန်းတပ်ခဲ့တဲ့ 'မိုးသောက်ကြယ်'ဆိုတဲ့ စာကြည့်တိုက်ကလေးကတော့ ဆရာထုံး နှလုံးမူပြီး ကြိုးစားနေဆဲပါဆရာ...

ဆရာသိပ်ချစ်တဲ့ အညာ...
ဆရာလိုချင်တဲ့ လွတ်လပ်တဲ့ဘဝ....
ဆရာဖြစ်စေချင်တဲ့ လူငယ်တွေရဲ့ ထွန်းပြောင်တဲ့အနာဂတ်...
ဆရာမျှော်လင့်တောင့်တနေတဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး...
ဆရာပြန်ချင်တဲ့ မြန်မာပြည်...
အဲဒီဆုံမှတ်မှာ ကျနော်တို့အားလုံးစုံရပ်နိုင်ဖို့ ကြိုးစားနေဆဲပါဆရာ...
ယနေ့ထက်တိုင် ဆရာ့ကိုလွမ်းဆွတ်သတိရနေကြတဲ့

မိုးသောက်ကြယ်စာကြည့်အဖွဲ့သားများ







1 comments:

ကျေးဇူးအထူးတင်ပါတယ် မိုးသောက်ကြယ် အကို၊ အမ၊ မောင်၊ ညီမများရေ။
ဂျပန်မှာ အဖေ့ကို သားသမီးအရင်းနဲ့ မခြား ပြုစု စောင့်ရှောက်၊ စိတ်ချမ်းသာမှု ပေးခဲ့တာတွေကို အဖေ အမြဲပြောပြလို့ မမြင်ဖူးပေမဲ့ စိတ်ထဲက ရင်းနှီး ချစ်ခင် နေမိတာပါ။
ချိုသင်းကိုလည်း ကိုယ့် မောင်နှမလိုပဲ သဘောထားပါနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More