Thursday, November 20, 2008

သမတဖြစ်မည့် အိုဘားမားနှင့် ဖိလိပိုင်သမတတို့ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

RFA သတင်းမှ-

အမေရိကန်သမတအဖြစ် ရွေးကောက်ခံထားရတဲ့ မစ္စတာ ဘားရတ် အိုဘားမားနဲ့ ဖိလိပိုင်သမတတို့ ပထမဆုံး တယ်လီဖုန်းနဲ့ စကားပြောကြရာမှာ မြန်မာနိုင်ငံ အရေးလည်း ထည့်ပြီးဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်သမတ ပြောခွင့်ရသူက နိုဝင်ဘာ ၁၉ရက် ဒီကနေ့ ပြောပါတယ်။


အမေရိကန်သမတသစ် ဖြစ်လာမဲ့ မစ္စတာ အိုဘားမားနဲ့ ဖိလစ်ပိုင်သမတ မစ္စ ဂလိုရီယာ အာရိုယို တို့ တယ်လီဖုန်းနဲ့ အပြန်အလှန် ဆွေးနွေးရာမှာ ဒုတိယ ကမႝာစစ်အတွင်း အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းပြီး ဖက်ဆစ်ဂျပန်ကို အတုတော်လှန်ခဲ့တာက အစ နှစ်နိုင်ငံအကြား အလေးထားတဲ့ ကမႝာ့ရာသီဥတု ပြောင်းလဲမှုပြဿနာ၊ စားနပ်ရိက္ခာပြဿနာ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ အာဆီယံအဖွဲ့ အနာဂတ် အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားက အင်္ဂါနေ့ မနက် ၃ နာရီမှာ ဖိလစ်ပိုင်သမတကို တယ်လီဖုန်းဆက်ပြီး စကားပြောတာဖြစ်ကြောင့်း သမတပြောခွင့်ရသူ မစ္စတာ ဂျီဆတ်စ် ဒါရုဆာက ပြောပါတယ်။ မစ္စတာ အိုဘားမားဟာ သမတအဖြစ် အရွေးကောက်မခံရခင် ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဖိလစ်ပိုင် သမတဆီ စာတစောင် ရေးသားပေးပို့ဖူးပါတယ်။ အဲဒီ စာမှာ နှစ်နိုင်ငံအကြား ကာကွယ်ရေး ပြုပြင်ပြောင်းလဲရေးနဲ့ မြန်မာနိုင်ငံက အာဏာ ဆက်လက်ယူထားဆဲ စစ်အစိုးရအကြောင်း ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။
မစ္စတာ အိုဘားမားက ဖိလစ်ပိုင်သမတဆီ ဖုန်းခေါ်တာဟာ ရွေးကောက်ပွဲအပြီး ဖိလစ်ပိုင်သမတက ဖုန်းဆက်ပြီး ဂုဏ်ယူကြောင်း ပြောခဲ့တာကို ပြန်လည်တုံ့ပြန် ခေါ်ဆိုတာ ဖြစ်ပါတယ်။မစ္စတာအိုဘားမား အလားတူပဲ ဂျော်ဂျီယာသမတ မစ်ခေလ်း ဆာကတ်ရှ် ဗီလီ၊ တူရကီသမတ အဗဒူလာ ဂူးလ်တို့ဆီကိုလည်း တယ်လီဖုန်းဆက်ပြီး နိုင်ငံတကာဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More