Sunday, April 11, 2010

(၁၉)ကြိမ်မြောက် တိုကျိုမြန်မာ့အတာသင်္ကြန်ပွဲတော် ရိုးရာအကအလှများဖြင့်ပြီးဆုံး


တိုကျို၊ ဧပြီ (၁၁)

သတင်း-သန့်မျိုးထွေး

တိုကျိုမြို့တွင် ၁၉ ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲတော်မှာ သွားရောက်ဆင်နွဲသူများအကြိုက်ရိုးရာအကအလှဖျော်ဖြေ တင်ဆက်မှုများဖြင့် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်

ယခုလ(၁၄)ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ဖြစ်သော်လည်း တိုကျိုမြို့တွင်ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ အလုပ်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၁၁)ရက်၊ ယနေ့တွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

"၂၀၁၀ခုနှစ်၊ ၁၉ ကြိမ်မြောက်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတိုင်းရင်းသားတွေအားလုံး ဂျပန်လူမျိုးတွေရောအပါအ၀င် ဖျော်ဖြေပေးတဲ့ တီးဝိုင်းတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဘာမှရန်တွေဘာတွေလဲမဖြစ်ဘဲနဲ့ အားလုံးအေးအေးဆေးဆေးနဲ့ပြီးသွားတဲ့အတွက်ပေါ့၊ ဘာဖြစ် လို့လဲဆိုတော့ ဒီ ၂၀၁၀ဟာ ဗမာလူမျိုးတွေအတွက် အရမ်းကိုအရေးကြီးတဲ့နှစ်လည်းဖြစ်ပါတယ်၊ ဒီလိုစည်းစည်းရုံးရုံးနဲ့ဝိုင်းဝန်သွားတဲ့ပုံစံမျိုးနဲ့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်အောင်လဲကြိုးစားကြစေချင်ပါတယ်"ဟု တာဝန်ယူပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှိုင်အေးက ရှင်းပြသည်။

အဖွင့်အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဦးကျော်ကျော်စိုးမှ တိုင်းရင်းသားပေါင်းစုံချန်ရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဂျပန်ရောက် ဂီတ၀ါသနာရှင်မြန်မာလူငယ်များဖြင့် စုဖွဲ့ထားသည့် ခေတ်ပေါ်ဂီတ၀ိုင်းများဖြင့် ဖျော်ဖြေတက်ဆက်ပေးကြပြီး တင်ဆင်မှုအစီအစဉ်များထဲတွင် ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည့် သင်္ကြန်ပျိုမေများ၏ သင်္ကြန်ယိမ်းနှင့်နှစ်စဉ်ပင်တိုင် တင်ဆက်နေသည့် မင်္ဂလာဒိုးအဖွဲ့၏ ထိမိ၍ခေတ်ကိုရောင်းပြန်ဟပ်စေသည့် သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဂျပန်နိုင်ငံတွင် work visaဖြင့်(၄)နှစ်ကျော်ရောက်ရှိနေထိုင်နေသည့် ကိုရှိန်းက"ယိမ်းအဖွဲ့ကတာကို အရမ်းကြိုက်တယ်ဗျ၊ မကြည့်ရတာကြာပြီဖြစ်တဲ့ ဒီလိုအကအလှတွေကို ကြည့်ရတော့ စိတ်တွေတက်ကြွလှုပ်ရှားမိတယ်၊ ပြီးတော့ဒီသင်္ကြန်ပွဲက ကိုယ့်ရိုးရာယဉ်ကျေးမှုကို ပြန်အမှတ်ရစေတယ်၊ ကိုယ့်တိုင်းပြည်ရဲ့အကြီးမားဆုံးရိုးရာပွဲတော်ရဲ့ လွမ်းဆွတ်တမ်တမှုကို ဒီပွဲကနေဖြေဖျေက်ပေးနိုင်တယ်လို့ထင်တယ်"ဟု၎င်း၏ခံစားချက်ကို ပြောပြသွားသည်။

ကနေဒါနိုင်ငံသား Cole A Jay က"ဒါကကျနော်တို့အတွက်တော့ ပထမဦးဆုံးအကြိမ်အနေနှင့် မြန်မာသင်္ကြန်ကိုလာဖြစ်တာဘဲ။ မြန်မာအစား အစာတွေကောင်းတယ်၊ ဒီလာရတဲ့ ခံစားချက်လေးကလဲ တမျိုးဘဲ၊ ပြီးတော့မြန်မာလူမျိုးတွေပုံစံက ယဉ်ကျေးပြီး နွေးထွေးတဲ့ပုံပေါက်တယ်"ဟုပြောပြသည်။

တိုကျိုမြို့အနောက်ဘက် ကိချိဂျိုဂျိမြို့နယ်ရှိ အင်နိုးခါးရှိးရာပန်းခြံတွင်ပြုလုပ်သည့် သင်္ကြန်ပွဲတော်ကို နံနက်(၁၀)နာရီခန့်မှစတင်၍ ညနေ(၅)နာရီခွဲအထိကျင်းပခဲ့ပြီး ကျင်းပနေချိန်အတွင်း ရာသီဥတုကောင်းမွန်ခြင်းကြောင့် မြန်မာ၊ ဂျပန်နှင့်အခြားနိုင်ငံခြားသားများအပါအ၀င် လူဦးရေ(၉၀၀)ကျော်လာရောက်ဆင်နွဲခဲ့ကြကြောင်းသိရပြီး ဂျပန်နွေဦးရာသီ၏ ချမ်းအေးမှုရှိနေသေးသောကြောင့် ရေပက်ကစားခြင်းမရှိခဲ့ပေ။

ယမန်နှစ်များနည်းတူ မြန်မာ့ရိုးရာနှင့်တိုင်းရင်းသားအစားအသောက်အသောက်များကို ပြည်တော်အလွမ်းပြေအဖြစ် စားသောက်နိုင်ရန် ဆန်းခန်းများဖွင့်လှစ်ရောင်းချခဲ့ကြသလို မင်္ဂလာဂျပန်စာသင်ကျောင်းမှ စာအုပ်နှင့်အမှတ်တရပစ္စည်းမျာ ရောင်းချပေးနေသည်ကိုတွေ့ရှိရပြီး ယခင်နှစ်များထက်စာလျှင် ၀ယ်ယူသူနည်းပါးကြောင်းသိရသည်။

"ဂျပန်တွေလဲ နှစ်စဉ်နှစ်တိုင်းလာနေကြတာမို့လို့ ကြည့်တော့ကြည့်ကြတယ်၊ တီရှပ်တွေစာအုပ်တွေပေါ့၊ မ၀ယ်ကြဘူး၊ ငွေအနေနဲ့ကလည်း သုံးနိုင်ကြတယ်လို့ထင်ရပေမဲ့ အခု ၃ နာရီလောက်အချိန်အထိမှာတော့ အရင်နှစ်တွေထက်စာရင်တော့ဗျာ ရောင်းအားကျပြီးပါးတယ်"ဟုမင်္ဂလာဂျပန်စာသင်ကျောင်းမှတာဝန်ခံဆရာတဦးဖြစ်သည့် ကိုအောင်ကိုလတ်မှပြောပြသည်။

နောက်ဆုံပိတ်အစီအစဉ်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် ABSDFကျောင်းသားတပ်မတော်မှ ဥက္ကဋ္ဌကိုသံခဲမှ "မန်းတောင်ရိပ်ခို"(မြနန္ဒာ)သီချင်းကို မင်္ဂလာဒိုးအဖွဲ့နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေပေးခဲ့ပြီး မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ လာရောက်ဆင်နွှဲသူပရိတ်သတ်များအတွက် ကံစမ်းမဲအဖြစ် ကွန်ပျူတာ၊ အိုင်ပေါ့နှင့်ဒီဂျစ်တယ်ကင်မရာတို့ကို ပြန်လည်၍ မဲဖောက်ပေးခဲ့ကြောင်းသိရသည်။

7 comments:

This comment has been removed by the author.
This comment has been removed by the author.

ဒီမိုကရေစီအရေခြုံထားတဲ့ လူသတ်သမားများနဲ့ ကြံရာပါတွေ

ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာတွေအားလုံး ကြေကွဲဝမ်းနည်းရတဲ့နေ့ပါ။ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ အရ မြန်မာ လူမျိုးတွေ ပျော်ပျော် ရွှင်ရွှင်ဆင်နွဲနေတဲ့ သင်္ကြန်ပွဲတော်ဟာ လူမဆန်ယုတ်မာရက်စက်မိုက်ရိုင်းတဲ့ အကြမ်းဖက်သမားတွေ လက်ချက်ကြောင့် သွေးစွန်းခဲ့ရပြီ။ ရန်ကုန် ကန်တော်ကြီး ပတ်လမ်းတစ်လျှောက်မှာ ရိုးရိုးသားသား ပျော်ပျော်ရွှင်ရွှင် ရေကစားနေတဲ့လူတွေရဲ့ သွေးတွေမြေခခဲ့ရပြီ။

ဒီလုပ်ရပ်ဟာ ကမ္ဘာအေးစွယ်တော်ဗုံးဖောက်ခွဲမှု၊ Junction Center ဗုံးပေါက်ကွဲမှုတို့လိုပဲ လူစည်ကားတဲ့နေရာမှာ အပြစ် မဲ့ပြည်သူ တွေအများဆုံး သေအောင်ရည်ရွယ် လုပ်ဆောင်ခဲ့တဲ့အင်မတန်မှ မိုက်ရိုင်းတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်းဖက်လူသတ်သမားများဟာ အပြစ်မဲ့ပြည်သူတွေကို ဗုံးခွဲတိုက်ခိုက် အကြမ်းဖက် သတ်ဖြတ်မှု တွေကို လွတ်လပ်ရေးရပြီးချိန်ထဲက လုပ်ခဲ့တာပါ။ သူတို့တွေအင်အားကောင်းကောင်းနဲ့ ပြည် တွင်းမှာလှုပ်ရှားနိုင်တဲ့ အချိန်တုံးက ရထားလမ်း၊ ကားလမ်းတွေကို မိုင်းခွဲတယ်။ ရထားစီးခရီးသည်တွေကို ပြန်ပေးဆွဲတယ်။ ပြည်သူနဲ့တပ်မတော်က သူတို့ကို မောင်းထုတ် လိုက်လို့ နယ်စပ်ဒေသမှပဲ ခိုအောင်းနိုင်တဲ့အချိန်ကြတော့ မြို့ပေါ်ကို အကြမ်းသမားတွေလွှတ်ပြီးခွဲတယ်။ ဒါအခုမှမဟုတ်ဘူး။ ဘုရားဒကာကြီးလို့ပြောပြောနေတဲ့ ဦးနု ပြည်ပြေးအစိုးရဖွဲ့ပြီး ယိုးဒယားနယ်စပ်မှာနေထဲက ရန်ကုန်မြို့ပေါ်က ရုပ်ရှင်ရုံတွေ၊ ဈေးတွေ မှာ ဗုံးခွဲခဲ့တာဖြစ်တယ်။ ဒီလိုပဲ ကေအင်ယူက လည်း ရုပ်ရှင်ရုံ၊ ရန်ကုန်ဘူတာကြီးတို့မှာ ဗုံးခွဲခဲ့တာဖြစ်တယ်။ ဒီလိုဗုံးခွဲခဲ့တဲ့ လူတွေကို လည်း အရှင်ဖမ်းမိပြီးအရေးယူ ခဲ့ရ တဲ့အထောက်အထားတွေလည်းအခုထိရှိသေးတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းကျတော့ ဒီလူသတ်သမား အကြမ်းဖက်သမားလမ်းစဉ်ကို ဒီမိုကရေစီ မျက်နှာဖုံးစွတ်ပြီး အကြမ်း ဖက်လုပ်ငန်းတွေ လုပ်နေတဲ့ ပြည်သစ်ညွှန့်ဝေ (ခ) မောင်မောင်၊ မိုးသီးဇွန်၊ နိုင်အောင်စတဲ့ လူသတ်သမားတွေ၊ စွမ်းအား မြင့်ကျောင်းသား စစ်သည်တော် လို့နံမည်ခံထားတဲ့ အကြမ်းဖက်လူသတ်အဖွဲ့အစည်းတွေက ဆက်ခံ ခဲ့တာဖြစ်တယ်။ ဒီအကြမ်းဖက်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို အထောက်အထားနဲ့တကွ သတင်းစာရှင်းလင်းပွဲများမှာ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်တယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကျင်းပဖို့အချိန်နီးလာလေ ရွေးကောက်ပွဲတွေပျက်ပြားအောင်၊ ရွေးကောက်ပွဲ ကာလမှ လူတွေ လွတ်လွတ်လပ်လပ်မဲမပေးရဲအောင်၊ နိုင်ငံတော်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေတွေ ပျက်ပြားအောင်လုပ်နေတဲ့ လူတွေက အခုလို သင်္ကြန်ကာလမှ လူမဆန်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုပ်လိုက်တာ ပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုလို အကြမ်းဖက်၊ လူသတ်တိုက်ခိုက်မှုတွေပြုလုပ်တဲ့လူတွေမှာသာ အပြစ်ရှိတာမဟုတ်ဘူး၊ ဒီလူတွေကို နောက်ကွယ် ကနေ အသွင်အမျိုးမျိုးယူပြီးကူညီနေတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေမှာလည်း အပြစ်ရှိတယ်ဆိုတာ မြင်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတိုးတက်တာကို မြင်ချင်ပါတယ်ဆိုတဲ့အမေရိကန်၊ အင်္ဂလိပ်စတဲ့ အနောက်နိုင်ငံတွေ၊ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီ ဖော်ဆောင်ပါမယ်လို့ကြွေးကျော်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို စီအာရ်ပီပီလိုအဖွဲ့တွေဟာ ရာဇ၀တ်မှုနဲ့ထောင်ကျ နေတဲ့ သူတို့တပည့်တွေ နှာစေးချောင်းဆိုးဖြစ်တာတောင် ကြေညာချက်တွေ အမျိုးမျိုးထုတ်နေပေမယ့် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူများအတွက် ၀မ်းနည်းကြောင်း တစ်ခွန်းပြောဖော်မရဘူး။ လက်ပူးလက်ကြပ်အထောက်အထားနဲ့ ဖမ်းမိတဲ့သူတွေ၊ ဒီလူတွေရဲ့ သက်သေထွက်ချက်အရ နောက်ကွယ်က ကြိုးကိုင်ပါတယ်လို့ ဖော်ထုတ်ရရှိတဲ့ အဖွဲ့အစည်းတွေကို ရှုံ့ချ တယ်ဆိုတဲ့ စကားတစ်ခွန်းပြောဖို့သတိမရကြဘူး။ နယ်စပ်ကရတဲ့ တစ်ဖက်သတ်သတင်းတွေကို အခြေခံပြီး မြန်မာနိုင်ငံအကြောင်း မကောင်းသတင်းတွေကို အစီရင်ခံနေတဲ့ ကုလသမဂ္ဂက ဘန်ကီမွန်းလို ကွင်တာနားလိုလူတွေက ဒီလိုအကြမ်းဖက်မှု တွေကို လူ့အခွင့် အရေးချိုးဖောက်မှုအဖြစ် ပြောဖို့မေ့နေကြတယ်။

ဒီလိုရှုံ့ချဖို့မေ့နေရုံ၊ ပျက်ကွက်နေရုံသာမကဘဲ အဲဒီအကြမ်းဖက်သမားတွေ၊ အဖွဲ့အစည်းတွေကို ဒီမိုကရေစီ သူရဲကောင်း တွေအဖြစ်ပုံ ဖော်ပေးတဲ့အလုပ်ကိုပါ အားရပါးရလုပ်နေတာကိုပါ တွေ့ကြမှာပါ။ အိုဘားမားအစိုးရကဆို နယ်စပ်က ဒီမို ကရေစီလှုပ်ရှားသူများ အတွက် ဒေါ်လာ ၃၆ သန်းကျော်ပေးမယ်တောင် ကတိပြုထားသေးတယ်။ ဒီလိုပဲ အမေရိကန် ကွန်ဂရက်ကထောက်ပံ့ထားတဲ့ NED ခေါ်တဲ့ National Endowment for Democracy ကလည်း နယ်စပ်က ဒီမိုကရေစီ အဖွဲ့လို့နံမည်ခံထားတဲ့အဖွဲ့တွေကို နှစ်စဉ် ဒေါ်လာသုံးသန်းကျော်ပေးနေခဲ့တယ်။ ဒီလိုပဲ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာန တွေအောက်မှာ ရှိတဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကလည်း နယ်စပ်မှာ လူသားချင်းစာနာမှုအတွက်ဆိုပြီး ဒေါ်လာသန်းချီပြီးပေးနေတာဖြစ်ပါ တယ်။ ဒီအကြမ်းဖက်သမားတွေကို ကုလသမဂ္ဂ ရုံးချုပ်အထိခေါ်ပြီး သတင်းစာရှင်းလင်းပွဲတွေတောင်လုပ်ခွင့်ပေးခဲ့တယ်။
ဒါ့ကြောင့် အခု သင်္ကြန်ကာလမှာ ကျခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးတွေဟာ အကြမ်းဖက်လူသတ်သမားတွေ ရဲ့လက်မှာ သာစွန်းနေတာမဟုတ်ဘူး၊ ဒီအကြမ်းဖက်သမားတွေကို အမျိုးမျိုးသောအကူအညီတွေပေးနေတဲ့ အနောက် အုပ်စုနဲ့ ပြည်တွင်းက ပုဆိန်ရိုးတွေရဲ့လက်မှာလည်း အပြစ်မဲ့ပြည်သူတွေရဲ့သွေးတွေစွန်းနေပြီလို့ ပြောလိုပါတယ်။ ဒီသွေးကြွေးဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူး၊ ဒီအတွက် အပြစ်ရှိတဲ့သူတွေရော၊ နောက်ကွယ်က အားပေး ကူညီသူတွေရော ပေးဆပ်ရလိမ့်မယ်ဆိုတာ သတိပေး ချင်ပါတယ်။ မောင်စူးရှ Posted by Kyee Say on Thursday, April 15, 2010 Ta Man at 5:52 PM

မြန်မာ့ရိုးရာ သင်္ကြန်အလှ ဖျက်ဆီးသူများ ပြည်သူ့ အားနဲ့ ဝိုင်းဝန်းဖော်ထုတ် ဟန့် တား

ကျော်ရဲမင်း

၂ဝ၁ဝခုနှစ် ဧပြီလ၁၅ရက်၊ မဟာသင်္ကြန်အကြတ်နေ့ နွေနေ့လယ်ခင်း။ ရေကစားမဏ္ဍပ်များ၊ ရေပက်ခံကားများ၊ ရေကစားကြသူများ၏ပျော်ရွှင်ရယ်မောသံများ၊ စနောက်ကျီစယ်သံများ၊ တေးသီချင်းသံများ၊ ဂီတသံများ စည်စည်ဝေလျှံ အားမာန်တက်ြ<ွက ရန်ကုန်မဟာသင်္ကြန်၏
အလှတရားများ သက်ဝင်နိုးကြားနေချိန်။ ကန်တော်ကြီးမှာ ဗုံးကွဲလို့....တဲ့။

ဗုံးက သုံးလုံးတောင်ဆိုပဲ။ လူတွေ သေကုန်ပြီ။ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့.... ငရဲပွက်သလိုပဲ....တဲ့။ အမယ်လေး....ရက်စက်ကြပါပေရဲ့။ စိတ်မကောင်းလိုက်တာ။ ရေကစား ကြတဲ့ ကလေးတွေ သေကျေထိခိုက်ဒဏ်ရာရကြတော့ မိဘတွေဆိုတာ ဘာပြောကောင်းမလဲ။ ယူကျုံးမရ အပူလုံြး<ွက၊ ဖျပ်ဖျပ်လူးပေါ့။ သြော်.... ရက်စက်လိုက်ကြတာ၊ ယုတ်မာလိုက်ကြတာ။ သင်္ကြန်ကိုတောင် မရှောင်
ကြတော့ပါလား။

ဒီသတင်းဆိုးကြီးနဲ့အတူ ရန်ကုန်မြို့ရဲ့ မဟာသင်္ကြန်ဟာ ချက်ချင်းပဲ အရုပ်ဆိုး အကျည်းတန် သွားပါတယ်။ ဒီသတင်းကြားကြားချင်း ကျွန်တော်လည်း ငယ်ထိပ်ကိုြေ>ွမပေါက်လိုက်သလို ဗုံးကွဲတဲ့ ရုတ်ရုတ်သဲသဲ ပြိုပြိုလဲလဲ မြင်ကွင်းကို မြင်ယောင်မိပြီး စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။

သားတွေ၊ သမီးတွေ ရေကစားသွားနေကြတဲ့ မိဘတွေများဆို ဘယ်လောက်များ ဆောက်တည်ရာမရ မျက်ကလူးဆန်ပျာ ဖြစ်လိုက်မလဲ။ ဘုရားတယ ပြီး သားသမီး တွေအတွက် ရင်မနေကြရမှာ အမှန်ပဲဆိုတာ မိဘချင်း ကိုယ်ချင်းစာ မိပါတယ်။

တကယ်တော့ မဟာသင်္ကြန်ဟာ ကျွန်တော်တို့ မြန်မာတွေအတွက် အထူးခြားဆုံး၊ အထွတ် အမြတ် အထားဆုံး ရာသီပွဲတော် ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီပွဲတွေအနက် ကျွန်တော်တို့ မြန်မာတွေအတွက် တန်ဖိုး အထားဆုံး၊ အပျော်ရွှင်ဆုံး၊ အနှစ်သက်ဆုံး ရာသီပွဲတော်ဖြစ်သလို အလေးအမြတ် အထားရဆုံး ရိုးရာယဉ်ကျေးမှု ပွဲတြော်ကီး လည်း ဖြစ် ပါတယ်။ မြန်မာမှန်ရင် ကျန်တဲ့ ရာသီပွဲတော်တွေမှာ ပျော်တာထက် သင်္ကြန်မှာ ပိုပျော်တယ်၊ ကျန်တဲ့ ရာသီပွဲတော် တွေထက် သကြင်္န ကိုပိုမို ခင်မင်တယ် အလေးထားတယ်။ ဒါမြန်မာတိုင်း အသိပါပဲ။

တစ်ဖက်က ပျော်ရွှင်မှု အလေးသာသလို အခြားတစ်ဖက်က ကြည့်ရင်လည်း သင်္ကြန် ပွဲတော်ဟာ ဘာသာရေး၊ ကုသိုလ်ရေးနဲ့ ယုံကြည်မှုတွေပါ ဒွန်တွဲပါဝင်နေတာကို တွေ့နိုင်ပါ တယ်။ သင်္ကြန်ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်။ လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကိုပါမသွားရအောင် အတာရေနဲ့ ဆေးကြော သန့်စင်တဲ့ ရိုးရာပွဲတော်၊ နှစ်ဟောင်းက မကောင်းမူ အကုသိုလ်တွေကို ခဝါချပြီး နှစ်သစ်ကို ကောင်းမှုကုသိုလ်တွေနဲ့ ကူးပြောင်းဝင်ရောက်နိုင်ဖို့ ကြိုးပမ်း အားထုတ်ကြတဲ့ ဘာသာရေးပွဲတော်ဖြစ်သလို မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအမွေကိုဆက်ခံ ထိန်းသိမ်းရင်း နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်းပါစေ၊ ရွှင်လန်းချမ်းမြေ့ကြ ပါစေလို့ အတိတ်ကောင်း နိမိတ်ကောင်းဆောင်ယူပြီး မေတ္တာရေစင် ဖျန်းပက်တဲ့ ယဉ်ကျေးမှု ပွဲတော်လည်း ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်မှာ ရေကစားကြ၊ ကကြခုန်ကြ၊ သီဆိုကြ၊ ပျော်ရွှင် ကြသလို အခြားတစ်ဖက်ကလည်း ငါးလွှတ်ပွဲတွေ ဘေးမဲ့လွှတ်ပွဲတွေ ဆင်နွှဲပြီး ဇီဝိတဒါနပြုကြတယ်။ စတုဒိသာအလှူပွဲတွေလုပ်ပြီး ကျွေးမွေးကုသိုလ်ယူ ကြတယ်။ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး တရားဘာဝနာ ပွားများ ကြတယ်။ ဘိုးဘွားတွေကို ရေချိုး၊ ခေါင်းလျှော်၊ လက်သည်းညှပ်ပေးပြီး လုပ်ကျွေးပြုစု ကုသိုလ်ယူကြတယ်။ အထူးအားဖြင့် နှစ်ဟောင်းကနေ နှစ်သစ် ကူးပြောင်းချိန်မှာ မင်္ဂလာယူပြီး မင်္ဂလာရှိတဲ့၊ ကုသိုလ်ဖြစ်တဲ့ ကောင်းရာ ကောင်းမှု အစုစုကိုပဲ တကူးတက ရွေးချယ်ပြီး ပြုလေ့ရှိကြပါတယ်။ ဒါဟာ သင်္ကြန်ရဲ့ ထူးခြားချက်ဖြစ်သလို မြန်မာကသာမက ကမဃာကပါ တန်ဖိုးထား လေးစားရတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနဲ့ ကြည့်ရင်လည်း နှစ်ဟောင်းမှာ ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ အနှောင့်အယှက်တွေကို ချေဖျက်ပြီး နှစ်သစ်မှာ အောင်မြင်မှု တွေ၊ တိုးတက်မှုတွေ ကမ်းလင့်စောင့်ကြို နေရအောင် ယုံကြည်မျှော်လင့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားသစ် မာန်သစ်တွေ မွေးဖွားတဲ့၊ အောင်အတိတ် အောင်နိမိတ် ဆောင်ယူတဲ့ မင်္ဂလာ အခါသမယ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာသင်္ကြန် ပွဲတော်ဟာ ကျွန်တော်တို့ မြန်မာတိုင်းအတွက်ရော၊ နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံး အတွက်ပါ ထူးခြား လေးနက်တဲ့၊ အလေးအမြတ်ထားတဲ့ အဓိကရိုးရာ ပွဲတော်ကြီး လည်းဖြစ်ပါတယ်။

ဒီလို မြန်မာကသာမက ကမ္ဘာကပါ လေးစားတန်ဖိုးထားရတဲ့ မဟာသင်္ကြန် ပွဲတော်ကြီးမှာ မြန်မာလူမျိုးတိုင်း အေးချမ်းလွတ်လပ်စွာ ဆင်နွှဲပျော်ရွှင် နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရက မဟာသကြင်္န ရုံးပိတ်ရက် ကာလကို (၁ဝ)ရက် တိုင်တိုင် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ အခြား ဆယ့်နှစ်လ ရာသီပွဲတော် များထက် သကြင်္န ပွဲတော်ရဲ့  ထူးခြားလေးနက် ထင်ရှားစေတဲ့ အချက်ပါဘဲ။

မြန်မာမှန်ရင် သင်္ကြန်ကို ချစ်ကြတယ်။ သင်္ကြန်မှာ ပျော်ကြတယ်။ သင်္ကြန်ပိုးက မြန်မာ့သွေးထဲမှာ ပျော်ဝင်နေပြီး ဖြစ်လေတော့ သင်္ကြန်နီးလာရင် သင်္ကြန်ပိုး ရွပိုးထိုး လာတတ်တာ ဓမ္မတာပါပဲ။ ဘယ်နိုင်ငံ၊ ဘယ်ဒေသရောက် နေနေ သင်္ကြန်နီးလာရင် ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာ ပြန်ချင်ကြတယ်။ မဖြစ်ဖြစ်အောင် ကြိုးစားပြီး ပြန်ကြတယ်။ ကိုယ့်.ရိုးရာသင်္ကြန်ကို ပျော်ပျော်ကြီး နွှဲပျော်ကြတယ်။ မြန်မာနဲ့ သင်္ကြန်၊ သင်္ကြန်နဲ့ မြန်မာဟာ ခွဲမရနိုင်သလို သင်္ကြန်ချစ်တဲ့ မြန်မာ့စိတ်ဓာတ်ကိုလည်း ဖျောက်ဖျက် ပစ်လို့ မရနိုင်တာ အမှန်ပါပဲ။

အခုတော့ ချစ်စရာ၊ မြတ်နိုးစရာ၊ မြန်မာ့ရိုးးရာ မဟာသင်္ကြန်ကြီးဟာ အရုပ်ဆိုး အကျဉ်းတန် သွားခဲ့ရပါပြီ။ ရိုးသားစွာ၊ အေးချမ်းစွာ၊ အပြစ်ကင်းစွာ ရိုးရာသင်္ကြန်ကို ဆင်နွဲ ပျော်ရွှင် နေကြတဲ့ ပြည်သူတွေကြားထဲမှာ ဗုးံသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ သတင်း တွေ အရ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မှာရှိတဲ့ ရေကစားမဏ္ဍပ်ရဲ့ရှေ့မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးကွဲမှုတွေကြောင့် အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူ ရှစ်ဦးသေဆုံးခဲ့ရပြီး ၁၇ဝဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မကြားဝံ့ မနာသာ ပါကလား။ မမြင်ရက် မမြင်ရက်စရာပါကလား။ အင်မတန် ဝမ်းနည်းကြေကွဲ ဖွယ်ပါကလား။

တကယ်တော့ အကြမ်းဖက် အဖျက်အုပ်စုအနေနဲ့ ဒီလို မြန်မာတွေ အထွတ်အမြတ်ထားတဲ့ မဟာသင်္ကြန်ပွဲတော်ကြီးကိုတောင်မှ လက်မရှောင် နိုင်တော့ လောက်အောင် ရက်စက်ယုတ်မာမှု အရာမှာ ကမ်းကုန်နေကြပြီလား။ အပြစ်ကင်းတဲ့၊ ရိုးသားအေးချမ်းစွာ ပျော်ရွှင် နေကြတဲ့ အများပြည်သူအပေါ်မှာတောင် ဒီလို အငြိုးအတေး အာဃာတကြီးကြီး ထားပြီး သွေးအေးအေးနဲ့လုပ်ရက်နေကြပြီလား။

တကယ်တော့ မြန်မာ့ ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတဲ့ အများပြည်သူကို အခုလို ရက်ရက်စက်စက် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဟာ ပြည်သူကိုထိပါး စော်ကားခြင်းသာ ဖြစ်ပါတယ်။ အင်မတန်မှ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုကြီး ဖြစ်ပါတယ်။ ဒီအကြမ်းဖက် အဖျက်လုပ်ရပ်အတွက် ကျွန်တော်တို့ပြည်သူ တိုင်းက အဲဒီအကြမ်းဖက် အဖျက်သမားတွေကို အလွန်ပဲ စက်ဆုပ် ရွံရှာ နေကြ ပါတယ်။ တစ်ဆက်က ထိခိုက်သေကြေ ဒဏ်ရာရခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေ အတွက် ရင်နာကြေကွဲမိသလို အခြားတစ်ဖက်ကလည်း အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အဖျက်သမား လူရမ်းကားတစ်စုကို နုပ်နုပ်စဉ်းပစ်ချင်လောက်အောင် မုန်းတီးရွံရှာမိတာ အမှန်ပါပဲ။

တကယ်တော့ အကြမ်းဖက် အဖျက်သမား လူရမ်းကားတွေဟာ ကျွန်တော်တို့ ပြည်သူများ ကြားထဲမှာပဲ အသွင်အမျိုးမျိုးယူပြီး ခိုအောင်းနေ ကြတာဖြစ်ပါတယ်။ အဖျက်သမားမှာ ချိုမပါလို့ အလွယ်တကူ မခွဲခြား၊ မသိမြင်နိုင်ပေမယ့် ကျွန်တော်တို့ သာမန်ပြည်သူတွေထဲမှာ ရောနှော ဝင်ရောက်ပြီး အခုလို လူမဆန်တဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို လက်ရဲ ဇက်ရဲ ကျူးလွန်နေကြခြင်း ဖြစ်ပါတယ။် ဒါကို ကျွန်တော်တို့  ပြည်သူတွေ သတိမူကြဖို့  လိုပါတယ်။

နိုင်ငံတော်မှာ ရရှိထားပြီးဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ပျက်စီးရာ ပျက်စီးကြောင်း အဘက်ဘက်က နှောင့်ယှက် ဖျက်ဆီးဟန့်တားဖို့ ကြိုးပမ်းနေကြတဲ့ အဖျက်သမား အုပ်စုကို သတိတရား လက်ကိုင်ထားပြီး ဝိုင်းဝန်းဖော်ထုတ် ဟန့်တားနိုင်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူအားလုံးက အသိတရားရှိရှိနဲ့ ပူးပေါင်းပါဝင်မှသာ အချိန်တိုတွင်း အောင်မြင်နိုင်မဲ့ အရေးကိစ္စ ဖြစ်သလို ပြည်သူတစ်ရပ်လုံးရဲ့  အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အရေးကြီးတဲ့ ပြည်သူ့တာဝန် တစ်ရပ်လည်းဖြစ်တယ်လို့ ခံယူကြရပါမယ်။

ချုပ်ပြီးဆိုရရင် အကြမ်းဖက်အဖျက်သမားတွေဟာ ကျွန်တော်တို့ရဲ့ .ရိုးရာမဟာသကြင်္န ပွဲတော်ကို ရုပ်ဆိုးအကျဉ်းတန်အောင် ဖျက်ဆီးခဲ့သလို အများ ပြည်သူကိုလည်း တိတိပပ ထိပါး စော်ကားခဲ့ကြပါတယ်။ ဒါကြောင့် ပြည်သူ များအနေနဲ့ အကြမ်းဖက် အဖျက်အုပ်စုရဲ့ အန္တရာယ်ကို သတိပြုဖို့လိုအပ်သလို သူတို့ကို ပြည်သူအားနဲ့ ဝိုင်းဝန်း ဖော်ထုတ် ဟန့်တား နိုင်ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။

ပြည်သူကိုစော်ကား၊ ရိုးရာမဟာသင်္ကြန်ရဲ့ အနှစ်သာရကို ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူ ၁၇ဝ ကျော်ကို သေကျေ ထိခိုက်ဒဏ်ရာရရှိ အောင် ယုတ်မာရက်စက်ခဲ့ကြတဲ့ အကြမ်းဖက် အဖျက်သမားတွေကို ဖမ်းဆီး ရမိရေးအတွက် မြန်မာပြည်သူတိုင်းက မသင်္ကာဖွယ် ထူးခြားမှုတွေ တွေ့ရှိ တာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာကို အချိန်မီသတင်းပေးပို့ပြီး တာဝန်သိသိ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း တပ်လှန့်နှိုးဆော် လိုက်ရပါတယ်။

၁၆-၄-၂ဝ၁ဝ နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၁၂) မှ ပြန်လည်ကူးယူ ဖေါ်ပြထားသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More