Sunday, April 25, 2010

ဂျပန်၌လူဦးရေကျဆင်းမှုနှင့် အသက်၆၅နှစ်ကျော်သည့်လူဦးရေစံချိန်တင်


ဂျပန်၏လူဦးရေသည် ၂၀၀၉ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ၁၈,၃၀၀(သို့) ၀.၁၄% လျော့နည်းသွားပြီး ၂၀၀၉ အောက်တိုဘာလ(၁)ရက်နေ့တွင် လူဦးရေ ၁၂၇.၅၁ သန်းကျော် ကျော်ရှိကြောင်း ၎င်းမှာ(၂)နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ စာရင်းဇယားများတွင် ဖေါ်ပြပါရှိသည်။

၁၉၅၀ ခုနှစ်မှစတင်သည့် ပထမဦးဆုံးအကြိမ် စာရင်းဇယားကောက်ယူပြီးသည့်နောက် နှစ်အလိုက် ဂျပန်၏လူဦးရေကျဆင်းမှု(၃)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခင်ကလူဦးရေကျဆင်းမှု (၂)ကြိမ်ဖြစ်ခဲ့ဖူးပြီး ၎င်းတို့မှာ ၂၀၀၅ ခုနှစ်တွင် ၁၉,၀၀၀ ဦး(သို့) ၀.၀၁%ကျဆင်းသည့် အကြိမ်နှင့် ၂၀၀၈ ခုနှစ်တွင် ၇၉,၀၀၀ ဦး (သို့)၀.၀၆% ကျဆင်းခဲ့သည့်အကြိမ်တို့ဖြစ်သည်။

ဝန်ကြီးဌာနမှနောက်ဆုံးထုတ်ပြန်ခဲ့သောလူဦးရေစာရင်းသည် ၂၀၀၅ ခုနှစ်တွင်ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ခံမှုရလာဘ်နှင့် နှစ်စဉ်နှစ်တိုင်းမွေးဖွားနှုန်းနှင့် သေဆုံးမှုအပါအ၀င် ဂျပန်နိုင်ငံသို့ လူဝင်လူထွက်စာရင်းတို့ကိုအခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ အမျိုးသမီး ဦးရေမှာ ၆၅.၃၈ သန်းရှိပြီး ၆၁,၀၀၀ ဦးရေ(သို့) ၀.၀၉%ကျဆင်းခဲ့ရာတွင် ပထမဦးဆုံးအကြိမ်ဖြစ်ကာ သေဆုံးမှုမှာ မွေးဖွားသည့်အရေအတွက်ထက် ၅,၀၀၀ ပိုခဲ့သည်။

အမျိုးသားဦးရေမှာ ၆၂.၁၃ သန်းရှိပြီး ၁၂၁,၀၀၀ ဦးရေ(သို့) ၀.၂% ကျဆင်းခဲ့သည်မှာ (၅)နှစ်ဆက်တိုက်ဖြစ်သည့်အပြင်သေဆုံးမှုမှာ မွေးဖွားသည့်အရေအတွက်ထက် ၅၄,၀၀၀ ဦးပိုခဲ့ကြောင်းသိရသည်။ ဂျပန်နိုငိငံ၌လူဦးရေလျော့နည်းကျဆင်းမှုမှာ အမျိုးသားနှင့် အမျိုးသမီး(၂)ဖက်စလုံးတွင် ကျဆင်းမှုသို့ရောက်ရှိနေကြောင်း အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

နောက်ဆုံးစာရင်းဇယားများတွင် ဂျပန်နိုင်ငံ၌ (၉၁)ရက်ထက်ပို၍ နေထိုင်သူများနှင့် ဂျပန် နိုင်ငံ၌ပညာသင်ကြားနေသော နိုင်ငံခြားသားကျောင်းသားများကိုပါထည့်သွင်းထားသည်။

ဂျပန်နိုင်ငံသားဦးရေစာရင်းမှာ ၁၂၅.၈၂ သန်းရှိပြီး ၁၂၇,၀၀၀ ဦးရေ(သို့) ၀.၁၀%ကျဆင်း ခဲ့သည်။ ဂျပန်နိုင်ငံသို့ဝင်ရောက်ခဲ့သူဦးရေမှာ ၃.၁၁၄ သန်းရှိပြီး လွန်ခဲ့သောနှစ်ကထက် ၂၅၀,၀၀၀ ဦးရေများပြားလာခဲ့သလို ဂျပန်မှထွက်ခွာသူဦးရေမှာ ၃.၂၃၇ သန်းရှိခဲ့သဖြင့် ၃၂၉,၀၀၀ ဦးရေများပြားလာခဲ့သည်ကိုကြည့်ခြင်းအားဖြင့် လူမှုရေးအခြေအနေကြောင့် ဂျပန်၏လူဦးရေ ၁၂၄,၀၀၀ ဦးလျော့နည်းသွားသည့်သဘောသက်ရောက်ပေသည်။

ထိုနိုင်ငံခြားသားဦးရေ ၁၂၄,၀၀၀ ဦးလျော့နည်းသည့်အထဲတွင် (၁၅)နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ၄၇,၀၀၀ ဦးပိုလျော့သွားခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အမေရိကန်၏ပွဲစားကုမ္ပဏီ Lehman Brother ဖျက်သိမ်းသွားပြီးနောက် နိုင်ငံ၏စီးပွားရေးဆုတ်လျော့မှုဖြစ်ပေါ်သည့်အတွက် နိုင်ငံခြားသားဦးရေကျဆင်းခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံခြားသားများအနေနှင့် စီးပွားရေးကပ်ကြောင့် အလုပ်ပြုတ်ကာ မိမိတို့တိုင်းပြည်သို့ပြန်သွားရခြင်းဖြစ်သည်ဟု အစိုးရသတင်းရပ်ကွက်မှပြောခဲ့သည် ။

အသက်(၆၅)နှစ်နှင့်အထက်ရှိသော ဂျပန်လူဦးရေမှာ ၂၉.၀၀၅ သန်းရှိပြီး လွန်ခဲ့သောနှစ်က ထက် ၇၈၉,၀၀၀ ဦး(သို့) ၂၂.၇% ပိုများလာခဲ့သည်။ တဖက်တွင်အသက်(၁၄)နှစ်(သို့) ၎င်းထက်ငယ်သူဦးရေမှာ ၁၇.၀၁၁ သန်းရှိပြီး ၁၆၅,၀၀၀ ဦး(သို့) ၁၃.၃% လျော့နည်းလာခဲ့ သည်။ ၎င်းမှာလူဦးရေသန်း(၄၀)နှင့်အထက်ရှိသော နိုင်ငံ(၂၇)နိုင်ငံအနက် အနည်းဆုံးဖြစ် သည်။

ဤစာရင်းဇယားသည် ဂျပန်နိုင်ငံအတွက် အလုပ်သမားနည်းပါးမှုပြဿနာ အခွန်မှ ၀င်ငွေနည်းပါးမည့်ပြဿနာနှင့် ပင်စင်ခံစားသည့်သူများတိုးလာမည့်ပြဿနာတို့အတွက် ထည့်စဉ်းစားရမည့်အချက်များဖြစ်သည်။

ဂျပန်၌အလုပ်လုပ်နိုင်မည့်အသက်အရွယ်ဖြစ်သော (၁၅)နှစ်မှ(၆၄)နှစ်အကြား လူဦးရေမှာ ၈၁.၄၉၃ သန်းရှိခဲ့ပြီး ၈၀၆,၀၀၀ ဦးလျော့နည်းခဲ့သည်။ အလုပ်လုပ်နိုင်သည့် အသက် အရွယ်ရှိသူလူုဦးရေသည် ဂျပန်နိုင်ငံလူဦးရေ၏ ၆၃.၉%ရှိသည်။ ၎င်းမှာ စာရင်းဇယား ကောက်ယူခဲ့သည့် ၁၉၅၀ ခုနှစ်နှင့်ယှဉ်သော် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေသည်။

အမေရိကန်နိုင်ငံတွင် အလုပ်လုပ်နိုင်သူပမာဏမှာ နိုင်ငံလူဦးရေ၏ ၆၇% ရှိသည်။ ထို့အတူ အမေရိကန်တွင် ခလေးဦးရေမှာ နိုင်ငံလူဦးရေ၏ ၂၀% နှင့် အသက် (၆၅) နှစ်အထက် လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၁၃% ရှိသည်။

အောက်တိုဘာလ(၁)ရက်နေ့စာရင်းအရ တိုကျိုသည် လူဦးရေအထူထပ်ဆုံးဒေသအဖြစ် ဂျပန်နိုင်ငံလူဦးရေ၏ ၁၀.၁% ဖြစ်သော လူဦးရေ ၁၂.၈၆၈ သန်းဖြင့်ရပ်တည်နေပြီး ၎င်း၏ နောက်မှ ကန်နဂါဝါ ဂ.၉၄၃ သန်းနှင့် အိုဆာကာ ၈.၈၀၁ သန်း တို့နေရာယူခဲ့ကြသည်။

(မောင်အောင်ဌေး)
ကိုးကား
http://www.breitbart.com/article.php?id=D9F441NG2&show_article=1
http://www.japantoday.com/category/national/view/no-of-japanese-aged-over-65-at-record-high

http://search.japantimes.co.jp/cgi-bin/nn20100417a1.html


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More