Sunday, April 4, 2010

မင်္ဂလာဒိုး (ဂျပန်)၏ ရဲရဲတောက်သင်္ကြန်သံချပ်များ



2010 ရဲ့  ရဲရဲတောက်သင်္ကြန်တေးသံချပ်များကိုဂျပန်နိုင်ငံရောက် မဂ်လာဒိုး အနုပညာအင်အားစု အဖွဲ့ မှ
စတင်ထုတ်ဝေဖြန့် ချီလျက်ရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။ မြန်မာပြည်တွင်းမှသင်္ကြန်ချစ်သူသောတရှင်များနှင့် ပြည်ပရောက်မြန်မာလူမျိုးများနားဆင်ဖို့အတွက် ထိုသံချပ်များကို မင်္ဂလာဒိုးဝက်ဆိုဒ်မှတဆင့်ကူးယူနားဆင်နိုင်ပါပြီ။ http://mingalardoe.homeip.net/
မိမိတို့ဝက်ဆိုဒ်မှမကြာမှီရက်အနည်းငယ်တွင် http://mingalardoe.homeip.net/ ဗွီဒီယိုကြည့်ရှုနိုင်ရန်အတွက် စီစဉ်လျက်ရှိပါသည်...

ကျေးဇူးတင်စွာဖြင့်

မင်္ဂလာဒိုးအနုပညာအင်အားစု

သတင်းနှင့်အင်တာဗျူး...... ဆက်သွယ်ရန် ဦးဝင်းရွှေ
09046664547(ခေါင်းဆောင်)
ဦးမျိုးသန့်  09092414960(ခေါင်းဆောင်)
ဦးသောင်းထွန်းဦး 08034494471
ဦးခင်မောင်ဇော် 09093707462
ဦးထွန်းဝေ 09099671770
ကိုအေးမင်းကို 08056752824
ပေးပို့သူ ..ကိုထွန်းဝေ(မင်္ဂလာဒိုး) အားကျေးဇူးတင်ရှိပါသည်။

3 comments:

အမှတ်ရလေ သိသိနေ
ပေါ်လစ်တီကယ်ဟီးရိုးကြီး

အမှတ်ရလျက် . . . သတိရလျက် . . . သိသိနေပါက ဒုက္ခအပေါင်း ချုပ်ငြိမ်းရာ အမှန် မြတ်နိဗ္ဗာန်သို့ ဧကန် ရောက်၏လို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။
အတိတ်က အကြောင်းတွေကို တွေး ဒေါသလှိုင်းတွေ တစ်ဖွေးဖွေး ထ ထလာပါတယ်တဲ့ . . . ၊

နောက်ကြောင်း တွေကိုဘဲ မစားရ ၀ ခမန်း ပြောကြ ဆိုကြ ငြင်းကြ ခုံကြနဲ့ ပြောမဆုံးပေါင် တောသုံးတောင်ပါတဲ့၊ ဘယ်လိုတုန်းက ဘာညာနဲ့ ဒေါသမီးတွေကို ဆွဆွပေးရင်း ဘေးတီးလိုက်တဲ့ အခါမှာတော့ "ငါဘာ အကောင်လဲ" မသိအောင် ဒေါသူပုန်တွေ ထကုန်ရှာ ပါတော့တယ်။

တကယ်တော့လဲ ငါဆိုတာ ဘာမှ မဟုတ်မှန်းမှ သိသိ မနေတာကိုး၊ ငါ့ကိုယ်ငါဟာ တည်မြဲတဲ့ အရာလို့ ထင်တစ်လုံးနဲ့ တစ်လောကလုံးမှာ မာနတွေ ထောင်လွှား၊ တစ်ယောက်တည်း မှန်ရှေ့ထိုင်၊ ကတ်ကတ်လန်အောင် ရန်ထောင်၊ ဘာဖြစ် နေတာလဲလို့ ဖေးဖေးမမ မေးကြမယ့်လူလဲ မရှိ၊ ဘယ်သူမပြု မိမိမှုတဲ့၊ ပဋ္ဌာန်း အကြောင်းတွေ ဆွေးနွေးစေရင်လဲ နားလည်မှာ မဟုတ်ဘူးမို့ နေပါစေသား ထားလိုက်ရမလို။

လက်ငင်းပစ္စက္ခ ဖြစ်ပျက် နေတာကိုသာ မှတ်မှတ်ရရ သိသိနေ ရမှာ ဖြစ်တဲ့အတွက် ဖြစ်နေလိုက် ပျက်သွားလိုက်နဲ့ ဖြစ်ပျက်မှု ရှုနေရမှာကို ဘုရားရှင်က ဟောကြားတာ ဖြစ်ပါတယ်၊ ဖြစ်ပျက်ခဲ့သမျှ အတိတ်နောက်ကြောင်းကို တွေးတော့ ဒေါသတွေဖြစ်၊ မဖြစ်ပျက်သေးတဲ့ အနာဂတ် ရှေ့ရေးကိုတွေးတော့ လောဘတွေဖက်၊ ငါ့ကိုငါ တည်မြဲတာ ထင်တော့ မာနတွေတက်၊ အမှန်ကိုလည်း မသိ၊ သိအောင်လဲ မကြိုးစားတော့ မေဟတွေပွားပြီး စိတ်ဆင်းရဲ စရာတွေ တစ်နေ့တစ်ခြား နာရီစင် အတိုင်း ပွားများနေသူကြီး ခင်ဗျား။

ကိုယ်ဘာသာကိုယ်ရော ပြန်စဉ်းစားမိသေးရဲ့လား . . . ။
အခုမှသာ တစ်ယောက်တည်း အထီးကျန်ရတာကို မာန်မပွားနေပါနဲ့ဦး၊ ပစ်ထားခဲ့ဘူးတဲ့ လေးစားပါတယ် ဆိုတဲ့ ချစ်ပါတယ် ဆိုတဲ့ ချစ်စရာ ပြည်သူတွေကို တစ်စက်တစ်လေမှ သတိမရဘဲ ပစ်ထားခဲ့၊ ကိုးလလွယ် ဆယ်လ ဖွားထားရတဲ့ ရင်နှစ်သည်းခြာ သားရတနာလေးတွေ အကြောင်းတောင် သော်မှ တစေ့တစောင်း သတိရ ကောင်းမှန်း မသိ လွမ်းမိတယ် ဆိုတဲ့ စကား နဲနဲပါးပါး ပြောကြည့်ဘူးပါသလား၊ ဘ၀ရဲ့ သုံးပုံနှစ်ပုံသက်တမ်းကို မီးကုန် ယမ်းကုန် အစွမ်းကုန် မီး (၁၁)မီးတင်မက အထက်မီး အောက်မီး မီးပြင်းပြင်းအားနဲ့ ထကြွ သောင်းကျန်း နေနေရာက ဗြုန်းကနဲထပြီး "ငါကွ" လို့ အရေးပေါ် မြန်မာနိုင်ငံ အရေး ဇောက်ထိုး မိုးမျှော် ဇာတ်စင်ပေါ်ကို သရဲ သဘက်လောင်း ဗကပ ဟောင်းကြီးတွေနဲ့ တိုင်းပြည်နဲ့ တပ်မတော် အပေါ် သစ္စာဖောက်မှုနဲ့ ထောင်ကျထားတဲ့ ဆံဖြူသွားကျိုး နိုင်ငံရေး ဇရာအို ပုဆိုးကွက်ကြား ရာဇ၀င် လူပျက်ကြီးနဲ့ ပေါင်းပြီး "မင်းသမီး" တက်လုပ်ခဲ့တာ ဘယ်သူပါလဲ ခင်ဗျာ။

အာဏာဟူသမျှ ဖီဆန်ကြ ဆိုတဲ့ ၀မ်းတွင်းပါ ဗီဇာကြောင့် ဘာမဆို ရန်လိုနေတာပါဘဲ၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ ခြောက်တိုင်းလည်း မကြောက်နဲ့၊ ချော့တိုင်းလည်း မပျော့နဲ့ဆိုတာ ကြားခဲ့ဘူးပါသလား၊ ဂုဏ်ထူးဆောင် ပြည်ဖျက်ဘွဲ့ထူး ဂုဏ်ထူးတွေ မရေမတွက် နိုင်အောင်လဲ ရလာရော ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား ဆိုပြီး အရေးပေါ် ပေါ်လစ်တီကယ် ဟီးရိုးကြီးအဖြစ် သမိုင်းတွင် ရစ်မယ့် နွံနစ်မယ့် ဇာတ်လမ်းကို ဇာတ်ညွှန်းရေး တော့မှာလားဗျာ။

မြန်မာ

ပြည်ထောင်စု မြန်မာနိုင်ငံ ရေမြေ တောတောင်တွေမှာ ရှေးဟောင်း သုတေသန တူးဖော် တွေ့ရှိချက်တွေ အရ ရှေးနှစ်သန်းပေါင်း များစွာကတည်းက လူတွေ ရှိနေခဲ့ကြပါတယ်၊ ပရိုင်းမိတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်း အထောက် အထားတွေ သာမက မျက်မြင် ဒိဋ္ဌ မြင်တွေ့နေကြရတဲ့ လူ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ မြန်မာတို့ရဲ့ ဗီဇနဲ့ အဖိုးထိုက် အမွေတွေပါ၊ ဒါတွေကို လျစ်လျူရှု၊ အရိုင်းအစိုင်းတွေ ပုံစံသွင်းချင်ပြီး "ငါနဲ့တူမှ လူ"လို့ လေဖန်း ဒန်းစီးနေတဲ့ အနောက်တိုင်း ယဉ်ကျေးမှု စရိုက်ထဲ မရမက ဆွဲသွင်းနေတာမှန်း သိလျက်နဲ့ လက်တို့ပြီး ချောက်ချ နေတာ လွန်လွန်းလာပါပြီ။

"မနှစ်မြို့တာကို မစင်လို ရွံပါ"လို့ ဆုံးမတတ်တဲ့ မြန်မာ လူ့ယဉ်ကျေးမှုထဲကို လူရှေ့မရှောင် သူရှေ့မရှောင် မသန့်မစင်လို့ မြန်မာတွေ ထင်ထားတာ များကိုမှ စုံစုံမက်မက် နှစ်လိုတတ်တဲ့ အရိုင်းဇာတ်မျိုး ထဲဝင်အောင် မစင်ထဲနေခဲ့ဘူးတဲ့ လောက်တစ်ကောင်ရဲ့ လမ်းပြတာဘဲလို့ အများက ထင်မှာ မစိုးရိမ်ဘူးလားဗျာ . . ။

ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း အစဉ်အလာ၊ ယဉ်ကျေးမှု အစဉ်အလာတွေ အရ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မြတ်နိုး ရိုင်းပင်း ကူညီတတ်တယ်၊ တစ်ဂူတည်း အောင်းပြီး ပေါင်းစည်း ကြီးထွားလာတဲ့ ခြင်္သေ့ ညီအစ်ကို မောင်နှမ တွေလို မဟုတ်မခံ စုစည်း တုန့်ပြန် တတ်တာကို သိစေလိုပါတယ်။

ကျွန်တော်တို့ ဘာကို ယှဉ်ပြိုင်ယှဉ်ပြိုင် "သူနိုင်ကိုယ်နိုင်"၊ "အနိုင်မခံ အရုံးမပေး" တဲ့ စိတ်ဓာတ်တွေ၊ "လှေခွက် ချည်းကျန် အလံမလှဲ" တဲ့ စိတ်ဓာတ်တွေ၊ "တုံးတိုက်တိုက် ကျားကိုက်ကိုက်" စိတ်ဓာတ်တွေနဲ့သာ ကြမ်းတမ်းတဲ့ ရာဇဝင်မှာ မော်ကွန်းတင်ခဲ့တာ ချည်းပဲ ဆိုတာ မေ့မသွားပါနဲ့ဦး။ အခုတော့ ပြိုင်ပွဲမဝင်ခင် တားတဲ့ စိတ်ဓာတ် ကိုက "သူသေကိုယ်ရှင်" ပြိုင်ပွဲ ဝင်မယ်တဲ့၊ ကောင်းကြရော . . . ။

ရေငုံနှုတ်ပိတ် ဆိတ်ဆိတ် နေတိုင်း နွားကျသကွာလို့ အားရအောင် မဟိန်းဟောက်ပါနဲ့ဦး၊ ပြန်ပြီးတော့လေ သတိ ပေးချင်တာက "အမှတ်ရလေ သိသိနေ" ဘို့ ပါဘဲ။
အစက ပြန်စရင် စိတ်မရှည်ကြ တော့ဘူး။ တကယ်တော့ အစရှိလို့ အဆုံးရှိမှာ ဓမ္မတာ ပါဘဲ။ မြန်မာ့သမိုင်းဘဲ ဖြစ်ဖြစ် ကမ္ဘာ့သမိုင်းဘဲ ဖြစ်ဖြစ် Might is Right ပါဘဲ။ စွမ်းအားသာလျှင် အမှန်တရား ပါဘဲ၊ သေနတ် မပေါ်ခင်က ဓါးမိုး အုပ်ချုပ်ခဲ့ကြတာ ချည်းပါပဲ၊ လူတွေက ယဉ်ကျေးလာတယ် ဆိုတာကို အရေခြုံပြီး အမည် အခေါ်အဝေါ်တွေ အမျိုးမျိုး မှည့်ခေါ် သမိုင်း ရေးခဲ့ကြပေမယ့် အဆုံးအဖြတ် ပေးနေဆဲကတော့ စွမ်းအား ပါဘဲ၊ အမေရိကန်တို့ ဆိုဗီယက်တို့ စွမ်းအားချင်း ယှဉ်ပြိုင် သူနိုင်ကိုယ်နိုင် အင်အား ချိန်ခွင်လျှာ ညှိနေဆဲ အချိန်တုန်းက ဘယ်သူကမျှ ကျောသပ်ပြီး ကမ္ဘာ့ အစီအစဉ် (World Order) မဆွဲခဲ့ကြ ပါဘူး။ အနှိုင်းမဲ့ စူပါကြီး လက်ထက် ရောက်တော့ရော အဖျက်စွမ်းအား ကြီးတဲ့ လက်နက်တွေ နဲ့ဘဲ အကြမ်းဖက် ဝါဒ အကြောင်းပြ၊ အမှုံ အညက် ကျေအောင် ချေနေကြတာကိုတော့ တရားဥပဒေ နဲ့ညီတဲ့ New World Order ကမ္ဘာ့အစီအစဉ်သစ် အဖြစ် ဟစ်ကြွေးကြ တော့တာ ပါဘဲ။

တကယ်တော့လည်း အစဉ်းသိတွေပါ၊ ဂျပန်က မြန်မာတွေ ဒီမိုကရေစီ နည်းလမ်းမကျလို့ ရွေးကောက်ပွဲ ဥပဒေတွေ မမျှတလို့ ကူညီနေတာတွေ မကူညီတော့ ပါဘူးတဲ့၊ အကူအညီတွေ ရပ်လိုက်ရမလားတဲ့၊ ဟိန်းဟောက် ပြနေတယ်။ တကယ်သာ ရှက်တတ်ခဲ့ပါလား၊ အာရှနဲ့ အရှေ့တောင် အာရှ မြန်မာပြည် အပါအ၀င် နိုင်ငံအများကို ရှေးဟောင်း အမွေအနှစ်တွေ ဖျက်ဆီးခဲ့တာတွေ၊ သားမယားတွေကို ဂေရှားမယ် အဖြစ်နဲ့ စွမ်းအားရှိလာတဲ့ သမိုင်းခေတ်တိုင်း စော်ကားပြခဲ့တဲ့ မုဒိန်းကောင် သူခိုးဓါးပြတွေက အခုမှ လူလူဟစ်ပြ နေတာလား၊ သမိုင်းကြွေးတောင် ကျေအောင် ဆပ်ပါဦး၊ (ဒုတိယကမ္ဘာစစ် မတိုင်ခင်က အကြွေးတွေမပါ) ကိုယ့်နိုင်ငံရဲ့ ဘ၀တောင် ကိုယ်မသေချာ မရေရာနဲ့၊ ခရုခွံထဲ ၀င်နေရတဲ့ ၀င်ကစွပ်က ဘေးနားက ကြိမ်သံကြားတာနဲ့ ထ ထ အော်နေတာ၊ မိုးဦးကျဖားလို မီးခွက်နဲ့ တုတ်စာ စောင့်နေဖို့ သတိပေးလိုက်ပါရဲ့။

အင်္ဂုလိမာလလို တစ်ယောက်တည်း မမိုက်ရဲလို့ EU ကို ရှေ့တန်းတင် မဟာမိတ် တန်းဝင်မဲ့ ပင်လယ်ဓါးပြဟောင်း အပေါင်းကလဲ ဟန်ရေးပြ နေလိုက်ကြတာ၊ ဆာဝီလျံဆလင်းရဲ့ "Defeat Into Vitroy" ကိုယ်တိုင်ရေး စာအုပ်ကို ပြန်ဖတ်ကြပါဦး၊ ဖက်ဆစ်တွေရော မဟာမိတ် တွေရော သေသွားတဲ့ သူတွေ အခုထိ ကျွတ်တမ်း မဝင်သေးပါဘူး၊ ဒါတွေကို "အမှတ်ရလေ သိသိနေရင်" ကြက်သီး ထစရာ မြေပြင်ဆိုတာ မြန်မာ မြေပြင် ပါလား မှတ်မိမှာပေါ့၊ လှမ်းလာရဲ ပါဦးမှာလား မေးလိုက်ချင် စမ်းပါဘိ။

အဆိုးတကာ တို့ရဲ့ ထိပ်ခေါင် တောတွင်းခေါင်းဆောင် တွေပါလို့ ကမ္ဗည်းစာတမ်း ထိုးပြီး ဥမမယ် စာမမြောက်တဲ့ စာချောက်ရုပ် ကြေးစား တောတွင်း သူခိုးဓားပြ လုပ်ခဲ့ဘူးသူ တစ်ချို့တွေ မာန်မချ ဟန်ပြနေတာ ရှိသေးတယ်၊ အကြိမ်ကြိမ် ဆွေးနွေးခဲ့၊ ညှိနှိုင်းခဲ့ပါလျက် မောင်မောင်ခေါ်လို့ ဗျာမထူးချင်သူတွေ "အမှတ်ရလေ သိသိနေ"ဘို့ ပြောရပါဦးမယ်. . .။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ် သမိုင်းမှာ ရှေးပဝေသဏီက ဖြစ်ရပ်တွေ ထားလိုက်ပါတော့၊ ဥကွဲ အသိုက်ဖျက်ခံလို့ ဝါးအစည်းပြေ ညက်ညက်ကြေ ခဲ့ရတဲ့ မြန်မာဘဝ ပြန်ပြီး စုစည်းခဲ့ရတဲ့ ပထမ၊ ဒုတိယနဲ့ တတိယ မြန်မာနိုင်ငံတော် ကြီးကနေ ကျွန်တော်တို့ သက်တမ်းနဲ့ မလှမ်းမကမ်းတွေ ပြန်လည် ရေတွက် ကြည့်ပါဦး၊ အင်းစိန် တိုက်ပွဲ ဝင်စဉ်က "ရန်ကုန် အစိုးရ" ဘဲ ရှိတော့အောင် ဘေးတီးပေးခဲ့ကြတာတွေ၊ တပည့်တွေ သေကုန်မှ နောင်တ ရခဲ့ကြတယ် မဟုတ်လား၊ ၁၉၈၈ အရေးအခင်းနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း မြေပေါ်မြေအောက် ထကြွ သောင်းကျန်းခဲ့ကြလို့ ပြည်သူတွေသာ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲ နယ်စွန်နယ်ဖျား စခန်းများပါ မကျန် ဝိုင်းရန် တိုက်ခိုက် ကြတာကို မြန်မာ့ တပ်မတော်က ချေမှုန်းသုတ်သင်တာခံရလို့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲကြ၊ ငြိမ်းချမ်းရေး ယူကြနဲ့ အားမတန်လို့ မာန်လျော့ခဲ့ကြရတယ် မဟုတ်လား။
ဒီအခြေအနေကနေ အားလုံးကို ငြိမ်းချမ်းရေးပန်းခင်းမှာ အစမ်းနှင်လာခဲ့သော နှစ်ပေါင်း(၂၀) နီးမှ တစ်ဦးကိုတစ်ဦး ယုံကြည်ကြလို့ နယ်ခြားစောင့် တပ်ဖွဲ့ပြီး ညီညီမျှမျှ သွေးစည်းခဲ့ကြတယ်၊ လက်ငင်းမျက်မှောက် အခြေအနေအရ ပြန်တမ်းဝင် အရာရှိ စစ်ဗိုလ် တစ်ယောက် ဖြစ်ဖို့ ဘွဲရရမယ်၊ ပြစ်မှုကင်းရှင်းရမယ်ဆိုတဲ့ အဓိကအချက်တွေ၊ နှစ်ရှည်လရှည် လုပ်သက်ရင့် စစ်သည်တွေ ဖြစ်မှ ဗိုလ်ဖြစ်ရမယ့်ဘဝကနေ၊ တပ်မတော်အရာရှိအဖြစ် တပ်မတော် ရာထူး အဆင့်လိုက် ခန့်အပ် သင့်တင့် လျှောက်ပတ်တဲ့၊ အဆင့်၊ လစာတွေ၊ စားဝတ်နေရေး စီစဉ်ပေးနေပါတယ်။ ဒီကြားထဲ ဆွမ်းဆန်ထဲ ကြွက်ချေးရော အနောက်သွေးနှောထားတဲ့ လူအန္တဂွစာ တစ်ချို့က အမေကျော် ဒွေးတော် လွမ်းနေကြသော တွေ့ရတော့ တကယ်တိုက်ရဲရဲ့လား မေးလာများသော် အခုမနိုင် နောင်ဘဝတိုင်ဘဲလို့ လူမိုက် ဇာတာခွင်က မထချင်တဲ့သူတွေကို ပြန်စဉ်းစားရင် သနားလာမိတာ အမှန်ပါဘဲ။ တကယ်ပြင်ဆင်ထား ပြီးပါပြီလား၊ ဆုတ်လမ်းမရှိတဲ့ ကမ်းပါးမှ အသက်ကို ဖက်နဲကထုပ် ငုပ်တုတ်ထိုင် ဘဝကူးကောင်းအောင် ဆုတောင်းပွဲ လုပ်နေကြလားလို့. . . ။

Twitter Delicious Facebook Digg Stumbleupon Favorites More