Saturday, April 17, 2010

ဂျပန်ဓါတ်ပုံဆရာတစ်ဦး ဘန်ကောက်တွင်ပစ်သတ်ခံရ


ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား အထိကရုဏ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသူ ဂျပန်လူမျိုး ဓါတ်ပုံဆရာ Hiroyuki Muramoto၏ သေဆုံးခဲ့မှုနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များကို ရိုက်တာ သတင်းဌာနမှ ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သွေးထွက်သံယိုမှုများနှင့်ပြီးဆုံးခဲ့ရသည့် ဘန်ကောက်မြို့ဆန္ဒပြပွဲတွင်ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် ဆန္ဒပြသူများအတွင်း တင်းမာမှုအကြား Muramoto သည် ဧပြီလ(၁၀)ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း (၇)မိနစ်ခန့်ကြာသော စစ်ဆေးတွေ့ရှိချက်၌ ဖေါ်ပြပါရှိသည်။

အသက်(၄၃)နှစ်အရွယ် တိုကျိုအခြေစိုက် ရိုက်တာသတင်းဌာန၀န်ထမ်းဖြစ်သူ Muramoto သည် ၀ဲဘက်ရင်အုံ၌သေနတ်မှန်ခဲ့ပြီး သွေးထွက်လွန်ခဲ့သောကြောင့် သေဆုံးခဲ့ရကြောင်း ဧပြီလ(၁၂)ရက်နေ့က ဘန်ကောက် ဆေးရုံတွင်ပြုလုပ်သောခွဲစိတ်စစ်ဆေးချက်ကို ကိုးကား၍ ဘန်ကောက်ဆေးရုံရဲတပ်ဖွဲ့နှင့်နီးစပ်သော သတင်းဌာနကပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါစစ်ဆေးချက်၌ Muramoto အား(စစ်သားသို့မဟုတ်ဆန္ဒပြသူ) မည်သူက သေနတ်နှင့်ပစ်ခဲ့သည်ကိုဖေါ်ပြခဲ့ခြင်းမရှိခဲ့ချေ။

ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးမှ တာဝန်ရှိသူများ ပြောကြားချက်အရ Muramoto ၏ရုပ်ကလာပ်ကို အစောဆုံးဧပြီလ(၁၃)ရက်နေ့တွင် ဂျပန်နိုင်ငံသို့ပြန်ပို့ခဲ့သည်။(ဘာသာပြန်သူ-မောင်အောင်ဌေး)



0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More