This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, August 29, 2010
အလွမ်းများနှင့်ဧရာဝတီဇာတ်ကား ကြည့်ရှုအားပေးသူများပြား
ဧရာဝတီဒေသတွင် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ရသည့် အခြေအနေအမှန်နှင့်အဖြစ် အပျက်များကို ဂျပန်ရှိအနုပညာရှင်များက စုစည်းကြိုးစားရိုက်ကူးထား သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ယနေ့(သြဂုတ်လ ၂၉ ရက် တနင်္ဂနွေနေ့)ပြသရာ လာရောက်ကြည့်ရှုသူများပြားကြောင်း တွေ့ရှိရသည်။ပထမဆုံးစပြသည့်ပွဲတွင် မြန်မာပရိတ်သတ်ထက် ဂျပန်ပရိတ်သတ်များပြားလျက်ရှိပြီး တိုကျိုနှင့်ဝေးလံသည့် အိုဆာကာဒေသမှ ဂျပန်များပင် ရှင်ကန်းဆန်(ကျည်ဆန်ရထား)စီးပြီး လာရောက်အားပေးကြည့်ရှုကြောင်း သိရသည်။View allGet your ownမည်သည့်အဖွဲ့အစည်းများမှ အကူအညီမယူဘဲ ကိုယ်ပိုင်ငွေကြေး ယန်းတစ်ရာ့ဆယ့်နှစ်သိန်းကျော်(ဒေါ်လာတစ်သောင်းနှစ်ထောင်)ခန့်ကို စိုက်ထုတ်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မုန်းတိုင်းသင့်ပြည်သူတို့၏ ဘဝကိုစာနာသောစိတ်ဖြင့်...
ဂျပန်ရှိ မြန်မာသံရုံးမှ ဆန္ဒမဲပေးခြင်းလျှောက်လွှာများကို လူရွေး၍ပေးပို့နေ

မကြာမှီအချိန်တွင် ကျင်းပရန်ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား ဆန္ဒမဲပေးခြင်းဆိုင်ရာ လျှောက်လွှာများကို ဂျပန်နိုင်ငံရှိ မြန်မာစစ်အခွန်ရုံးမှ လူရွေး၍ တိတ်တဆိတ်ပေးပို့နေကြောင်းသိရှိရသည်။လျှောက်လွှာစာရွက်များကို သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန် ကောင်စံလွင် လက်မှတ်ဖြင့် သြဂုတ်လ ၂၀ ရက် နေ့စွဲတပ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားတချို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး၊ ၎င်းလျှောက်လွှာထဲတွင် မဲဆန္ဒပေးလိုသူ၏ ကိုယ်ရေးအချက်အလက်များကို...
Sunday, August 22, 2010
ရွေးကောက်ပွဲကို ဆန့်ကျင်သူများ မိမိတို့၏ သဘောဆန္ဒကို ထုတ်ဖေါ်နိုင်ပါသည်

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။ ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။...
ပြည်တွင်းဂျာနယ်ဈေးကွက်အတွင်း နိုင်ငံရေးဦးစားပေးဂျာနယ်များထက် အားကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအားကောင်း

၂၀၁၀ ပြည့်နှစ် ဂျာနယ်ဈေးကွက်အတွင်း ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုး ထွက်ရှိနေသည့် အနက် နိုင်ငံရေး ဦးစားပေး ဂျာနယ်များထက် အာကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအား ကောင်းနေလျက်ရှိသည်။ ထို့ပြင် ယခုလပိုင်းများအတွင်း၌ ဂျာနယ်အသစ်များ ထွက်ရှိလာခဲ့သော်လည်း ဂျာနယ်သစ်များ၏ အနေအထားမှာ အားယူနေရဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဦးစားပေးသော ဂျာနယ်များ၏ ရောင်းအားမှာလည်း သိသာစွာ တိုးတက်မှု မရှိကြောင်း သိရပါသည်။လက်ရှိအချိန်တွင် ပြည်တွင်း ဂျာနယ်ဈေးကွက်အတွင်း၌...
နအဖရွေးကောက်ပွဲကို နိုင်ငံတကာလှုပ်ရှားမှုပုံစံမျိုးကန့်ကွက်ဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုအဖွဲ့အစည်းများဆွေးနွေး
မကြာမှီကာလအတွင်း ကျင်းပရန်ပြင်ဆင်ထားသည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို Global Action ခေါ်ယူ၍ ထိရောက်သောနည်းလမ်းများဖြင့် ကန့်ကွက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရသည်။ယနေ့ သြဂုတ်လ ၂၁ ရက်(စနေနေ့)ပြုသော ဆွေးနွေးညှိနှိုင်းပွဲကို တာကာဒါနိုဘာဘာရပ် ကွက်တွင် တည်ထောင်ဖွင့်လှစ်ထားသော ညီညွတ်သောတိုင်းရင်းများအဖွဲ့အစည်း(ဂျပန်) ရုံးခန်းတွင် ညနေ ၃ နာရီမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသော...
Saturday, August 21, 2010
Japan urges Myanmar to release Suu Kyi
နအဖရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောဆိုSaturday 21st August, 03:17 AM JST TOKYO — Japan has urged Myanmar to release political prisoners including pro-democracy leader Aung San Suu Kyi and conduct its general election slated for Nov. 7 in an open, free and fair manner, Foreign Minister Katsuya Okada said Friday. The minister told a press conference that the Japanese government conveyed Thursday its concern over the November poll, which will be held for the first time in two decades, through Myanmar’s ambassador to Japan. ‘‘If Myanmar holds the general election without releasing political prisoners including Ms. Suu Kyi, it would not be a free,...
Wednesday, August 18, 2010
မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော်အားမတရားဖမ်းဆီးမှုအတွက် ဂျပန်ရောက်ရခိုင်တိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြ
ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်နေ့တွင် နအဖ အာဏာပိုင်များက အတင်းဓမ္မအာဏာသုံးကာ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ဦးပညာစာရအားဖမ်းဆီးချုပ်နှောင်ပြီး ဝိနည်းတော်နှင့်မညီပဲ လူဝတ်လဲစေကာ နှိပ်စက်ကလူပြုနေခြင်း၊ ရခိုင်လူမျိုးတို့၏ဘိုးဘွားပိုင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်များကို နအဖ အာဏာပိုင်များက အာဏာအားကိုးဖြင့်သိမ်းယူသွားခြင်း၊ ယဉ်ကျေးမှုကိုပပျောက်စေပြီး အနာဂတ်ရခိုင်မျိုးနွယ်ကို ပျက်သုန်းစေမည့် Cultural Genocide ကိုကျူးလွန်လိုက်သည့် နအဖအားဆန့်ကျင်ခြင်းကိုယနေ့...
Monday, August 16, 2010
ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်...(ရွှေမြိုင်အောင်)

''ပူနောင် ပူနောင် ဂျိမ်းဂျိမ် ဝါကာ ဝါ့ကာ ဟေး ဟေး'' သီချင်းက လေးနဲ့ ၄ နှစ်တကြိမ်ကျင်းပ နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးလည်း ပြီးသွားခဲ့ပါပြီ။ ဒီသီချင်းကို ရွှေမြိုင်အောင်စကြားစဉ်က မြန်မာ့ နတ်ဆိုင်းကို ကော်ပီကူးထားသလိုထင်မိတာကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကို မူပိုင်ခွင့်အတွက် အဆိုတော်ရှက်ကီရာကို တရားစွဲလျော်ကြေးတောင်းဖို့ အကြံပေးရင်ကောင်းမယ်လို့တွေးနေတုန်း 'ဂိုးဒင်း ဆောင်း'ဆိုတဲ့ ကင်မရွန်း အဆိုတော်အဖွဲ့ရဲ့ 'ဇန်ဂျီ လဲဝါ'သီချင်းကို တစိတ်တပိုင်းကော်ပီကူးထားတယ်...
ချောင်းကြည့်သူရဲ့ အမှား-အမှတ် ၂၅(ကိုကြီးပေါ်)

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်။ မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင်...
Thursday, August 12, 2010
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်ရောက်မြန်မာများတောင်းဆိုဆန္ဒပြ
တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကိုဆောင်ရွက်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုမှ မတရားအမှုဆင်ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ဆက်လက်ထိန်းသိမ်းထားသည်မှာ ယနေ့သြဂုတ်လ(၁၁)ရက်နေ့တွင် (၁)နှစ်ပြည့်ြ့ပီ ဖြစ်သောကြောင့် တိုကျိုမြို့၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းများပူးပေါင်းကာ ရှီနာဂါဝရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင် တောင်းဆိုဆန္ဒပြပွဲတခု...
Monday, August 9, 2010
ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် ဂျပန်ရောက်တိုင်းရင်းသားများဆန္ဒပြတောင်းဆို
View allGet your ownကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ်(၉၃)နှစ် အဖြစ် မတရားအကျဉ်းကျခံနေရသည့် သျှမ်းတိုင်းရင်းခေါင်းဆောင်ဦးခွန်ထွန်းဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲကို ရှီဘူယရပ်ကွက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SND- Japan)နှင့်သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND-Japan)တို့မှဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။မွန်းလွဲ(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့သော အဆိုပါတောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှလည်း လာရောက်ပူးပေါင်းခဲ့ကြပါသည်။ အခမ်းအနားမှုးအဖြစ် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)...
Sunday, August 8, 2010
၂၂ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြမှု
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒကို ရှစ်လေးလုံးနှစ်ပါတ်လည်နေ့တွင် အပြင်းအထန်ကန့်ကွက်သတင်း-သန့်မျိုးထွေး၊ မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)နအဖစစ်အာဏာရှင်များစိတ်ကြိုက်ရေးဆွဲအတည်ပြု ပြဋ္ဌားန်းထားသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲကို ရှစ်လေးလုံးနှစ်ပါတ်လည်နေ့တွင် ဂျပန်ရောက် ဒီမိုကရေစီလိုလားသူ မြန်မာများက လမ်းလျှောက်ချီတက်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ၂၀၁၀ ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် ရှစ်လေးလုံးနှစ်ပါတ်လည်နေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ Gotanda ပန်းခြံတွင် နေ့လည်(၁)နာရီမှစတင်စုရုံး၍ ချီတက်ဆန္ဒပြကြခြင်းဖြစ်ပြီး အဆိုပါဆန္ဒပြပွဲတွင် နှစ်ပါတ်လည်နေ့နှင့်တိုက်ဆိုင်စွာ မကြာမှီနအဖမှကျင်းပတော့မည့် ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေကို အပြင်းအထန်ကန့်ကွက်လိုက်ကြခြင်းဖြစ်သည်။View...