This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, August 31, 2011
Tuesday, August 30, 2011
ရေနှင့်လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်နေသော တရုတ်က ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်းယူမည်ကို အိမ်နီးချင်းနိုင်ငံများစိုးရိမ်နေ
တရုတ်နိုင်ငံဒေသတော်တော်များများတွင်
ရေနှင့် လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်လျက်ရှိနေခဲ့ရာ
တိဗက်တွင်မြစ်ဖျားခံပြီး တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများဆီသို့
စီးဝင်နေသော မြစ်ကြီးများမှာ တရုတ် နိုင်ငံအတွက် အားကျစရာဖြစ်နေသည်။
ထိုအချက် ကိုမြင်ကြသော အိမ်နီးချင်းနိုင်ငံများက တရုတ်နိုင်ငံ သည်
ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်း၍ ယူတော့မည်ကို စိုးရိမ်နေကြလေသည်။
တရုတ်အာဏာပိုင်များသည် တိဗက်ဒေသတွင်း ရှိ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်းမှ ရေများကို တရုတ်နိုင်ငံ မြောက်ပိုင်းသို့ လွှဲပြောင်းယူရန် လေ့လာမှုများ ဆောင် ရွက်နေကြောင်း သတင်းများထွက်လာခဲ့ရာ နစ်နာကြ ရမည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏အကျိုးကို တရုတ်နိုင်ငံမှ စိတ်တွင်အစဉ်ထားရှိလျက် ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောကြား ခဲ့ရသည်။
နယ်ခြားဖြတ်ကျော်ရေသယံဇာတများ အားအသုံးပြုရန်ရှိလျှင် တရုတ်နိုင်ငံအနေ ဖြင့် တာဝန်သိစိတ်ကို စောင့်ထိန်းကြောင်း ပြောကြားသွားသည်။ တောင်နှင့် အရှေ့ တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံ၏ ရေသယံဇာတအသစ်များ အကြီးအကျယ် လိုအပ်နေမှုအပေါ် စိုးရိမ်မကင်းဖြစ်နေကြ ပြီး တရုတ်နှင့်ဆက်ဆံရေးတင်းမာနေကြ သော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့အတွက် ပို၍ဆိုးသည်ဟု သိရသည်။
မြေမျက်နှာပြင်အထက် မီတာ၄၅၀၀ ရှိသော တိဘက်ကုန်းပြင်မြင့်သည် အာရှ တိုက်၏ အကြီးမားဆုံးရေသိုလှောင်ရာနေ ရာအဖြစ် သတင်းကြီးပြီး စတုရန်းကီလို မီတာ၂ဒသမ၅သန်းကျယ်ပြန့်သော ထိုကုန်း ပြင်မြင့်သည် တရုတ်နိုင်ငံအကျယ်အ၀န်း၏ လေးပုံတစ်ပုံရှိပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံနယ်မြေများလည်း ပါဝင်နေသည်။ (yangon media Groupမှ)
တရုတ်အာဏာပိုင်များသည် တိဗက်ဒေသတွင်း ရှိ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်းမှ ရေများကို တရုတ်နိုင်ငံ မြောက်ပိုင်းသို့ လွှဲပြောင်းယူရန် လေ့လာမှုများ ဆောင် ရွက်နေကြောင်း သတင်းများထွက်လာခဲ့ရာ နစ်နာကြ ရမည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏အကျိုးကို တရုတ်နိုင်ငံမှ စိတ်တွင်အစဉ်ထားရှိလျက် ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောကြား ခဲ့ရသည်။
နယ်ခြားဖြတ်ကျော်ရေသယံဇာတများ အားအသုံးပြုရန်ရှိလျှင် တရုတ်နိုင်ငံအနေ ဖြင့် တာဝန်သိစိတ်ကို စောင့်ထိန်းကြောင်း ပြောကြားသွားသည်။ တောင်နှင့် အရှေ့ တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံ၏ ရေသယံဇာတအသစ်များ အကြီးအကျယ် လိုအပ်နေမှုအပေါ် စိုးရိမ်မကင်းဖြစ်နေကြ ပြီး တရုတ်နှင့်ဆက်ဆံရေးတင်းမာနေကြ သော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့အတွက် ပို၍ဆိုးသည်ဟု သိရသည်။
မြေမျက်နှာပြင်အထက် မီတာ၄၅၀၀ ရှိသော တိဘက်ကုန်းပြင်မြင့်သည် အာရှ တိုက်၏ အကြီးမားဆုံးရေသိုလှောင်ရာနေ ရာအဖြစ် သတင်းကြီးပြီး စတုရန်းကီလို မီတာ၂ဒသမ၅သန်းကျယ်ပြန့်သော ထိုကုန်း ပြင်မြင့်သည် တရုတ်နိုင်ငံအကျယ်အ၀န်း၏ လေးပုံတစ်ပုံရှိပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံနယ်မြေများလည်း ပါဝင်နေသည်။ (yangon media Groupမှ)
Saturday, August 27, 2011
ပျက်အစဉ် ပြင်ခဏ “လူလ”
လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့ စကားတခွန်းကြားဖူးတယ်။
ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့...
အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။ ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။
တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာတပည့် ဝေစားမျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်းများသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်။ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကျသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။
သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သာသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။
ဂဠာန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ်တားဆီးရေး လို့ ယေဘုယျမှတ်ပါ။ အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။
ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်းများစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။
စဉ်းစားတယ်ဆိုတာက .... ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊
(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။
ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။
ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။
ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥကဌ အတွင်းရေးမှူး စတဲ့ အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများအဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစုဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက်တက်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာ အဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ခေတ်မူကား ရပ်ရွာဥကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဒ်ထိုးပြီး ရယူသတဲ့....။ ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။ ခက်ရပါ၏။...
အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။
ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။
ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို တိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား (တပည့်သားမြေးဖြစ်သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည်ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......
စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ....
( ၂၅၊ ၀၈၊ ၁၁ )
Type the rest of your post here.
အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။ ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။
တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာတပည့် ဝေစားမျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်းများသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်။ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကျသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။
သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သာသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။
ဂဠာန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ်တားဆီးရေး လို့ ယေဘုယျမှတ်ပါ။ အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။
ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်းများစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။
စဉ်းစားတယ်ဆိုတာက .... ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊
(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။
ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။
ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။
ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥကဌ အတွင်းရေးမှူး စတဲ့ အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများအဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစုဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက်တက်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာ အဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ခေတ်မူကား ရပ်ရွာဥကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဒ်ထိုးပြီး ရယူသတဲ့....။ ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။ ခက်ရပါ၏။...
အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။
ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။
ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို တိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား (တပည့်သားမြေးဖြစ်သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည်ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......
စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။
လူလ
ရွှင်လန်းချမ်းမြေ့ပါစေ....
( ၂၅၊ ၀၈၊ ၁၁ )
Type the rest of your post here.
အကျဉ်းထောင်က အလင်းရောင်(တင်မိုး)
ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့- အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ။
သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံမဟုတ်ပါ။
အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံးသွေးမို့
အရေးတော်ပုံရဲ့ သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ။
မြန်မာ့စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီဦးဝင်းတင်တဲ့
ဂန္တဝင်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့ မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ။
ပြည်သူကို သူကချစ်
သူ့ကိုလဲ ပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင်
မီးရှုးတန်ဆောင်အစစ်ပါ။
အကျဉ်းထောင်က၊ အလင်းရောင်ပြနေတဲ့
အာက သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်းဦးခိုက်၊ ကန်တော့လိုက်ပါရဲ့
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေဆရာ။
တင်မိုး
(၃၁၊၁၂၊၂ဝဝ၄)
အမှောင်လမ်းပါပဲ
ဒါပေမဲ့- အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ။
သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံမဟုတ်ပါ။
အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံးသွေးမို့
အရေးတော်ပုံရဲ့ သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ။
မြန်မာ့စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီဦးဝင်းတင်တဲ့
ဂန္တဝင်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့ မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ။
ပြည်သူကို သူကချစ်
သူ့ကိုလဲ ပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင်
မီးရှုးတန်ဆောင်အစစ်ပါ။
အကျဉ်းထောင်က၊ အလင်းရောင်ပြနေတဲ့
အာက သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်းဦးခိုက်၊ ကန်တော့လိုက်ပါရဲ့
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေဆရာ။
တင်မိုး
(၃၁၊၁၂၊၂ဝဝ၄)
Thursday, August 25, 2011
Wednesday, August 24, 2011
ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ(သို့မဟုတ်)မိုးကောင်းသပိတ်တိုက်ပွဲ အပိုင်း(၂)
ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ
(သို့မဟုတ်)
မိုးကောင်းသပိတ်တိုက်ပွဲ
အပိုင်း(၂)
ရာစု
ကားတစီးနဲ့ လူ သုံးယောက်
မနေ့က ဆန္ဒပြရာမှာ ဇောနဲ့ ဘယ်လောက်ထိ အော်လိုက်မိသည်မသိပါ၊
ကျနော် အိပ်ယာကထလိုက်တော့ တကိုယ်လုံးအရိုက်ခံထားရသလို နာနေပါတယ်။ စကားပြောတော့ လည်း
ထွက်လာတဲ့ အသံက အဆိုတော် ဇော်ဝင်းထွဋ်လိုလို အဆိုတော်ရဲသွင်လိုလိုနဲ့ အသံက ကွဲရှရှ
ဖြစ်နေပါတယ်။ စီးပွားရေး သမားနဲ့ ဆေးသမားများတဲ့ ကျနော်တို့ မြို့ ဘယ်တော့မှ ဆန္ဒပြမှုတွေ
မရှိနိုင်ဘူးလို့ ထင်ထားတဲ့မြို့ အခုတော့ လူတွေရဲ့ထင်မြင်ချက်ကို ကျနော်တို့ ပြောင်းပြန်လှန်ပစ်လိုက်ကြပြီ
ဘာတွေဖြစ်လာမယ် ဆိုတာ ရင်ခုန်စွာနဲ့ စောင့်နေချိန်ပေါ့။ အခြေအနေ စုံစမ်းရန် ထုံးစံအတိုင်း
စိမ်းဝါ လ္ဘက်ရည်ဆိုင်လေးကို ကျနော်ထွက်လာခဲ့ပါတယ်၊ ကျနော့် ဆီးကြိုနေ သူကတော့ ကျနော့်
သူငယ်ချင်း သန်းဝင်း(ဖက်တီး)နဲ့ အောင်နိုင်သူ (ကျောင်းအုပ်ဆရာကြီးသားအငယ်) ပေါ့၊ ရောက်တာနဲ့
“ဘယ်လိုလဲ မင်းတို့တော်တော်မောသွား လားတဲ့” “တကိုယ်လုံးကိုနာနေတာပဲကွာ” လို့ပြောတော့ မနေ့က “မင်းရုပ်ဖျက်ထားလဲ ဘိုးတော် (ဆရာကြီး) သိတယ်တဲ့
ဘယ်သူတွေပါလဲဆိုတာ ထောက်လှမ်းရေးတော့ စုံစမ်းနေတယ်တဲ့ သတိတော့ထားတဲ့” သတိပေးတော့ ကျနော်နဲနဲတော့စိုးရိမ်သွားပါ တယ်
ကျနော်လည်း ကျနော့်ရဲ့ ကြောက်စိတ်ကို ဖျောက်တဲ့ အနေနဲ့ “မင်းတို့က မနေ့က ဘယ်ရောက်နေကြတာလဲ”
လို့အတည်ပေါက်နဲ့ မေးလိုက်တော့၊ အောင်နိုင်သူက “မင်းကိုမြင်တာနဲ့ ငါတို့ ဒီ လ္ဘက်ရည်ဆိုင်နောက်မှာ
လာပုန်းနေတာ” “တော်တော်အားကိုးရတဲ့ သူငယ်ချင်းတွေ” လို့ပြောပြီး တဖက်ဝိုင်းမှာထိုင်နေတဲ့
ကျနော့်တို့အသိ ရှေ့နေကြီးကို ကျနော်သွားမေးကြည့်လိုက်ပါတယ် “ဆန္ဒပြတယ်ဆိုတာဘယ်ဥပဒေနဲ့ငြိလဲ”
လို့မေးကြည့်လိုက်ပါတယ် “ပြည်သူပိုင်ပစ္စည်းမဖျက်ဆီးရင် ဘယ်ဥပဒေမှ မငြိစွန်းဘူး ဘယ်ဥပဒေနဲ့မှ
ဖမ်းလို့မရဘူး”လို့ပြောတော့ ကျနော်
လူထုဖက်ကိုရပ်တည်လာကြသော မိုးကောင်း ပြည်သူ့စစ်များ
နဲနဲအားတက်သွားပါတယ် ကျနော်ပြန်ထွက်လာခဲ့တယ်၊ ကျနော် ခါတိုင်းလို့
လ္ဘက်ရည်ဆိုင်တွင် ကြာကြာ မထိုင်ရဲတော့ပါ အိမ်ပြန်လာ ပြီး အိမ်တွင်းပုန်း လုပ်နေပါတယ်။
ညနေ ရောက်တော့ ဆရာမျိုးလွင်ကို ကားတစီးနဲ့ အရပ်ဝတ် ဝတ်ထားတဲ့
လူသုံးယောက် လာခေါ်သွားတယ်လို့ သတင်းကြားရပါတော့ တယ်။ ကိုမျိုးလွင် ငှါးနေသောအခန်း နဲ့
ကျနော့် အိမ်ကသိပ်မဝေးလှပါ။ ည(၈)နာရီလောက် ရောက်တော့ ကိုမျိုးလွင် စိတ်တိုပြီး ပြန်ရောက်လာပါတယ်။
ဒီမြို့မှာဆက်နေရင် နိုင်ငံရေး မလုပ်ရဘူးလို့ ဝန်ခံလက်မှတ်ထိုးခဲ့ ရတယ် တဲ့ ။ ဒါဆို
“ကျနော်တို့ဘယ်လို့လုပ်ကြမလဲ” မေးလိုက်တော့ “လုပ်စရာ ရှိတာဆက်လုပ်မယ်လို့” ပြောပါတယ်
ဒါနဲ့ ကျနော်လည်း အိမ်ပြန်လာခဲ့ပါတယ် ။
လူမသိလိုက်တဲ့ စစ်ဆင်ရေး
သြဂုတ်လ(၁၅) ရက် ရောက်တော့ မြစ်ကြီးနားကောလိပ်တွင် ဒုတိယနှစ်
တက်နေတဲ့ ကျနော်ရဲ့ ညီမနှစ်ဝမ်းကွဲတော်စပ်သူ ခင်ညို(ခ)မိတုတ်က (မိတုတ်သည် ၁၉၈၉ ခုတွင် ဖားကန့်ဝှေခါလမ်းတွင် လူထုစည်းရုံးရေးတာဝန်ယူစဉ်ကျဆုံးသွားသူ)
အိမ်နောက် ဖက်မှလှမ်းခေါ်ပြီး သူ့အိမ်မှာကျနော့် ကိုတွေ့ချင်တဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ
ဆရာမတယောက်လဲရောက်နေတယ် နောက်လုပ်မဲ့ အစီအစဉ်ကို တိုင်ပင်ချင်လို့ သူအိမ်ကိုလာဖို့ပြောပါတယ်။
သူ့အိမ်နဲ့ ကျနော်အိမ်က သိပ်မဝေးပါ ၊ ဒါနဲ့ကျနော်လည်း ရေမိုးချိုးပြီး အများအမြင်မှာ
လမ်းသူရဲ ဟုထင်အောင် သနပ်ခါးကိုပါကွက်ကျား ကွက်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကျော်ဟိန်း
လမ်းသူရဲအဖြစ် သရုပ်ဆောင်ထားတဲ့ ကျီးယောင်ဆောင်သောဒေါင်းက နယ်တွေမှာနှစ်ကြော့ပြန် ရုံတင်ပြီးချိန်ပေါ့။
အရောင်တောက်ပနေဆဲဖြစ်နေတဲ့ ကျော်သူပုဆိုး(ရခိုင်ပုဆိုး)အေ ဟာင်း တထည် ကို ကပျာ ကယာဝတ်ပြီးထွက်လာခဲ့ပါတယ်။
လမ်းရောက်မှ သတိထားမိလိုက်တာက ကျနော် အတွင်းခံ ၀တ်မလာမိပါ။ ဘယ်သူ သိတာမှတ်လို့ ဆိုပြီး
ကိုယ့်အတွေးနဲ့ကိုယ် ထွက်လာခဲ့တယ်။ ခင်ညို တို့အိမ်ရောက်တော့ ဧည့်ခန်းတွင် ခင်းထားသော
သင်ပျူဖျာ တွင်ထိုင်နေကြတဲ့ မိန်းကလေး သုံးယောက်ကိုတွေ့ရပါတယ်။ ကိုယ့်နဲ့မရင်းနှီးတဲ့
မိန်းကလေးကို စကားပြောဖို့ ကျနော် နဲနဲတော့ ရှိုးတိုးရှန့်တန့်ဖြစ်နေမိပါ တယ် ဒါနဲ့မိန်းကလေး
သုံးယောက် မျက်နှာချင်းဆိုင်တွင် ကျနော် လည်း ယောင်္ကျားတို့ ရဲ့ အိနြေ္ဒ နဲ့ အညီ ပုဆိုးစ
အောက်ပိုင်း သိမ်းရင်း ကျုံ့ကျုံ့လေး ၀င် ထိုင်လိုက်ပါတယ်။ ဝင်ထိုင်လိုက်တဲ့အချိန်မှာပဲ
“ဗြစ်”ဆိုတဲ့အသံတခု ကြားလိုက်ရတာပါ။ ကျနော့် မျက်နှာမှာ မီးတောင်တခု ပေါက်ကွဲ သည့်အလား
ထူပူသွားပါတယ်။ အခုဖြစ်နေတာကတော့ မီးတောက်ပေါက်ကွဲတာ မဟုတ်ပါ ပုဆိုးပြဲသွားတာ ဖြစ်တယ်။
ကျနော် ထိုင်လိုက်တဲ့ အချိန်မှာ ကျနော့် ရဲ့ အရောင်တောက်ပြီး ဆွေးမြေ့နေတဲ့ ပုဆိုး
က တင်ပါးနေရာမှာ ကွဲထွက်သွားတာပါ။ ပါတ်ဝန်းကျင် ကို အကဲခတ်လိုက်တာ့ သူတို့ သိဟန်မတူ။
ချော်လဲရောထိုင်တော့ကြားဖူးသည် အခုကျနော့်အဖြစ်က ပုဆိုးပြဲရောထိုင်ပေါ့၊ “ ဒါက ငါ့သူငယ်ချင်း တွေပဲ ဘော့တနီက ငါနဲ့တမေဂျာထဲပဲ
သူက မာမာ(ယခုABCသတင်းဌာနချင်းမိုင်) ၊ သူက အေးအေးမြင့်(ဂျစ်တူး) သူကတော့ မူလတန်းပြ ဆရာမ
မီမီခိုင်(ယခု USA)တဲ့ အခု မင်းကိုတွေ့ချင်တာသူပေါ့လို့” ခင်ညို ကပဲ စတင် မိတ်ဆက်ပေးပါတယ်။
သူတို့က နောက်လုပ် မဲ့ အစီအစဉ်ကိုမေးလာတော့ ကျနော်အရမ်းစိတ်ပူနေမိနေပါတယ် ဘာမှ မပြောနိုင်ပါ
၊ စိတ်ပူတာ ထောက်လှမ်းရေး ရောက်လာမှာကြောင့်လဲ မဟုတ်သလို သူတို့ကိုမယုံကြည်လို့လဲ မဟုတ်ပါ
ထိုင်တဲ့နေရာမှာ ပုဆိုးကပြဲသွားတယ် ဖြစ်ချင်တော့ အတွင်းခံဘောင်ဘီက ဝတ်မလာမိဘူး ပုဆိုးဖင်ကွဲကို
သူတို့ မမြင်အောင် ဘယ်လိုပြန်ရမလဲ ဆိုတွေးပြီးစိတ်ပူ နေတာပါ။ (၁၃)ရက်နေ့က သူတို့ သပိတ်ထဲဝင်လာလို့
မရတဲ့အကြောင်း၊ ဒီတခါလုပ်ရင်သူတို့ ပါမယ်ဆိုတဲ့အကြောင်း စသဖြင့် စကားစမည်ပြောကြပါတယ်၊ နောက်ရက်မှာ ဒီကိုပြန်ခဲ့ဖို့ ဆရာမျိုးလွင် ကိုပါခေါ်လာပြီး မိတ်ဆက်ပေးမယ်ပြောတော့
ပြောလက်စ စကားများလဲပြတ်သွားကြပါတယ်။ သူတို့လည်းပြန်ဖို့ထ ကြ ၊ ကျနော် နောက်နံရံကို
အကာအကွယ်ယူထကာ စကားရောဖောရောနဲ့ နောက်ပြန်ဆုပ်ပြီး နောက်တံခါးပေါက်ဆီ နောက်ပြန်လာခဲ့ပါတယ်။
ခင်ညိုအိမ် နောက်ဖက်နားမှာ ရှိနေတဲ့ အိမ်သာ ထဲ အမြန်ဝင်ပြီး ကွဲနေတဲ့ ကျနော့် ပုဆိုးကွဲကို
လှည့်ဝတ် ပြီး ပြန်လာခဲ့ပါတယ် ၊ ထိုအခါကြမှပဲ ရင်ထဲက အပူလုံးကြီးလဲ ကျသွားပါတော့တယ်။
ဒါဟာလည်း အသက်(၂၀) ကျော်သာ ရှိသေးတဲ့ ကျနော့်အတွက်တော့ စစ်ဆင်ရေး တခုကို ဆင်နွဲလိုက်ရသလိုပါပဲ
အခုတော့ ဘယ်သူမှမသိတဲ့ စစ်ဆင်ရေးကို ကျနော် အောင်နိုင်လိုက်ပါပြီ။
ချိတ်မိလိုက်တဲ့ကွင်းဆက်များ
နောက်ရက်မှာ ဆရာမျိုးလွင် နဲ့ သူတို့ နဲ့ တွေ့ကြပါတယ်၊
ကိုမျိုးလွင်ရဲ့ အစီစဉ်နဲ့ ရပ်ကွက်လိုက် အုပ်စုလိုက်ဖွဲ့ အုပ်စုလေးတွေ လျိုဝှက်စွာ
ဖွဲ့ကြပါတယ်။ ဒီတခါတော့ ကျနော်အရမ်း မပင်ပမ်းတောပါ။ လုပ်မဲ့သူတွေပေါ်လာကြပြီ တာဝန်ခွဲဝေမှုတချို့
ပါလုပ်ထားနိုင်ပြီဖြစ်ပါတယ်၊ အုပ်စုတခုတွင်
ခေါင်း ဆောင်တယောက် ထား၍ စနစ်တကျ ဖွဲ့ထားကြပါတယ်၊ ကွင်းဆက်တွေ အားလုံး ချိတ်မိလိုက်ကြပြီပေါ့၊
လာမယ့်(၁၇)ရက်နေ့မှာ အားလုံးပါဝင်လာမဲ့ သပိတ်ဖြစ်လာဖို့စီစဉ်ကြပါတယ်။ ကျနော်က ခေါင်းစည်းတာဝန်ယူ
ထားတာကြောင့် သူငယ်ချင်းတယောက်ရဲ့ အထည်ဆိုင်မှာ အနီရောင်ပိတ်အုပ် တအုပ်ကို အကြွေးယူပြီး
ခေါင်းစည်း တွေကိုဖြတ်နေပါတယ်၊ အလယ်တည့်တည့် တွင် သဘောင်္ဆေး၊ မြေဖြူတို့ကို သုံးပြီး
“သွေး” ဆိုတဲ့ စာလုံးလေးကို ရေးရင်းအလုပ်ရှုပ်နေပါတယ်။ သြဂုတ်လ(၁၆)နေ့ ညအထိ ခြေချင်းလိမ်
နေတဲ့ ထောက်လှမ်းရေးတွေ ကြားက ဆိုင်ရာဆိုင်ရာ အုပ်စု အစည်းအဝေးတွေ ၊ အုပ်စုခေါင်းဆောင်
အစည်းဝေး တွေကို လုပ်ဆောင်နေကြတာဟာ သဲထိပ်ရင်ဖို ဇာတ်ကားတကား ကြည့်နေရ သလို ပါပဲ။ အဲဒီတုန်းက
အစည်း တခုသွားဖို့ ပေးခဲ့တဲ့ စကားဝှက်ကို ကျနော် အခုထိမှတ်မိနေတုန်း ပါ။ သူငယ်ချင်းတယောက်
ကျနော့်ဆီရောက်ပြီး ဒီည အစည်းဝေးရှိတယ် စကားဝှက် က “ဗုဒ္ဒ”
(ဓါတ်ပုံ MGG ၁၉၈၈ )
၁၃ရက်နေ့ သပိတ်စတင်ထွက်တဲ့အချိန်ပါခဲ့တဲ့
အာဇာနည်ကျောင်းသူ သက်သက်ခိုင်
မျက်စိတမှိတ် လျှပ်တပြက်
သြဂုတ်လ(၁၇) ရက်နေ့ တွင် ကျောင်းသား တွေ သပိတ်ပြန်မှောက်မယ်
ဆိုတဲ့သတင်း ထွက်နေပါတယ်၊ ဒီတခါတော့ မြို့ခံလူထုဟာ အကြောက်အရွံ့မရှိ သူတို့အလုပ် သူတို့လုပ်နေကြ
သောကြောင့် မြို့ကလေးမှာ ပုံမှန်စည်းကားနေပါတယ်။ ထောက်လှမ်းရေး တွေကလည်း ကျောင်းသားတွေစုကြမဲ့
စုရပ်လိုက်ရှာနေကြပါတယ်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် မှာ လ္ဘက်ရည်ဆိုင် သုံးဆိုင်ဟာ
တဆိုင်နဲ့တဆိုင် မနီးမဝေးတွင်ရှိနေတဲ့နေရာမှာဖွ င့်ထားကြပါတယ်။ (၁၃) ရက်နေ့ အတွေ့အကြုံအရ စု ရပ်ကို တနေရာထဲမှာ
မထားတော့ပါဘူး ၊ မိုးကောင်းမြို့ ရဲ့ လ္ဘက်ရည် တိုင်းကို စုရပ်အဖြစ်လုပ်လိုက်ကြပါတယ်။
အပြင်ပန်းက ကြည့်လိုက်ရင်တော့ လ္ဘရည်လာသောက်တဲ့ သူတွေပဲပေါ့၊ မနက်(၇)နာရီလောက်ထဲက လက်ဖက်ရည်ဆိုင်တွေမှာ
ကျောင်းသား တော်တော်များများ ရောက်နှင့် နေကြပြီး ထောက်လှမ်းရေးတွေက လဲ ဆိုင်တိုင်းမှာ
သတင်းအစ အန ရဖို့ နားစွင့်နေကြပါတယ်။ ကျနော်တို့ (၈) နာရီ မှာ စထွက်ဖို့ တိုင်ပင်ထားကြတာပါ
ဒါပေမဲ့ စိတ်လှုပ်ရှားနေတဲ့ ကျော်စိုးက (၈) နာရီမထိုးခင် ၁၀ မိနစ်အလိုမှာ လ္ဘက်ရည်ဆိုင်ထဲကနေ ရုတ်တရက်ပြေးထွက်သွားပြီး ကားလမ်းမပေါ်
အရောက်တွင် သူ့တွင် အသင့်ပါလာသော whistle ခရာ ကိုစတင် မှုတ်လိုက်ပါတော့တယ် … ခရာသံကြားသော
အခါ လ္ဘက်ရည်ဆိုင်တွင်ထိုင်နေကြသော ကျောင်းသား များဟာ ကားလမ်းမ ဆီသို့ ရောက်ရှိလာကာ
မိုးပေါ်မှကျ လာသည့်အလား ဆန္ဒပြ ကျောင်းသားသပိတ်ဟာ မျက်စိရှေ့တွင်ပဲ ဘွားကနဲ့ပေါ်ပေါက်လာပါတော့တယ်
။ ရန်ကုန်နဲ့ မျြိ့ကြီးတော်တော်များများမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေ အတွက် ဝမ်းနည်းခြင်း
အထိမ်းအမှတ်အနေနဲ့ ပါလာသောအလံအနက်ကို လေပေါ်သို့လွှင့်တင်လိုက်ကြပြီး သပိတ်……….သပိတ် မှောက်………မှောက် ဆန္ဒ……ဆန္ဒ
ပြ ပြ ဟုကြွေးကြော်သံကို
စတင် အော်လိုက်တော့ လ္ဘက်ရည်အတွင်းမှာ သတင်းထောက်လှမ်းဖို့ ရောက်နေတဲ့ ထောက်လှမ်းရေးတွေ
အံ့အားသင့်သွားကြပါတယ် မျက်စိ တမှိတ် လျှပ်တပြက်အတွင်းမှာ ပဲ တရာနည်းပါး ဖြစ်သွားပါတယ်
။ တခဏအတွင်းမှာ စုစည်းလိုက်တဲ့ ကျောင်းသားတွေရဲ့ အင်အား ကိုကြည့်ရင်း ဘာလုပ်ရမှန်း
မသိဖြစ်သွားကြသော ထောက်လှမ်းရေးများ အံသြငေးမောနေရုံကလွဲ လို့တခြားလုပ်စရာမရှိတော့ပါ။
အိမ်တွင်းနတ်ပါမကျန် ဆန္ဒပြကြပြီ
တခဏအတွင်းမှာ ကျနော်တို့ရဲ့ အင်အားကိုစုစည်းပြီး သတ်မှတ်ထားတဲ့
လမ်းကြောင်းအတိုင်း ချီတက်လာခဲ့ကြပါတယ်၊ ကျနော်ကတော့ ပါလာတဲ့ လွယ်အိတ်ထဲမှ ခေါင်းစည်အနီတွေ
လူတိုင်းစေ့ လိုက်ဝေငှပြီး နဖူးတွင်စည်းလိုက်ပါတယ်၊ လူစည်းကားရာ မနက်ဈေးကြီး လမ်းဆုံတွင်
ရပ်ပြီး ကိုမျိုးလွင်မှ နိုင်ငံရေးတရား ဟောပါတော့တယ် ၊ ထိုအခါကြမှ နေရာ အသီးသီးမှ
သပိတ်စစ်ကြောင်းများ လာရောက်ပူးပေါင်းလာကြပါတယ်။ ကျနော်တို့ ဆန္ဒပြကျောင်းသားများ တချို့
က မျက်နှာဖုံးများကို တတ်ထားကြပါတယ်။ တရားဟောနေတဲ့ ကိုမျိုးလွင် မှ ဗိုလ်အောင်ဆန်း
လွတ်လပ်ရေးခေတ်က လူထုကိုတရားဟောတဲ့လေသံမျိုးနဲ့ “ကျနော်တို့ ကျောင်းသားတွေဟာ တနိုင်ငံလုံးမှာ
ရှိနေကြတဲ့ ပြည်သူလူထုကြီးရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဘို့အတွက် လမ်းပေါ်ထွက်လာကြခြင်းဖြစ်တယ်
ပြည်သူလူထု အတွက် အသက်ကိုပေးဖို့လည်းဝန်မလေးဘူး သေမှာမကြောက်လို့ ပေတရာလျှောက်တာ သပိတ်မှောက်တာဖြစ်တယ်
ဒါကြောင့် မျက်နှာမှာ စည်းထားတဲ့ ပဝါတွေ ကို အားလုံး ဖယ်လိုက်ကြပါ။ ဒီတပါတီအာဏာရှင်အစိုးရကို
ရဲရဲဝင့်ဝင့် ဆန့်ကျင်ကြမယ်”လို့ပြောလိုက်တော့  မျက်နှာမှာစည်းထားတဲ့ ပဝါများကို အားလုံးဖယ်လိုက်ကြပါတယ်၊
ကျနော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ် သပိတ်ရဲ့တပ်ဦးတွင် ပါလီမန်ခေတ်က ကြယ်ငါးပွင့် အလံ၊
ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်အလံ၊ သုံရောင်ခြယ် ကဒေါင်းအလံနဲ့ မဆလအလံကို ဒီနေ့မှာတော့
ပြောင်းပြန်ထောင်လိုက်ကြပါတယ်၊ ဒုတိယနေ့အဖြစ် ပြန်ထွက်လာတော့လည်း ကျနော်မှာ ခွပ်ဒေါင်းအလံမပါခဲ့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့(၂၆)နှစ် လုံးလုံး ခွပ်ဒေါင်းဆိုတဲ့ သင်္ကေတ ကိုသွေးပျက်ကြောက်လန့်ပြီး
သမိုင်းကိုအမှောင်ချခြင်ခံထားခဲ့ ရလို့ ကျနော်တို့ ဟာ သပိတ်မှောက်ကျောင်းသားများ ဖြစ်နေသော်လည်း
သြဂုတ်လ (၁၇)ရက်နေ့အထိ ကျောင်းသားတို့ရဲ့ သင်္ကေတ ခွပ်ဒေါင်းအလံဆိုတာ ကျနော်တို့ မတွေ့ဘူးမမြင်ဘူးကြပါ၊ တပ်ဦးအလံရဲ့ နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့
ပန်းခွေကို မာမာနဲ့ ခင်ညို က ကိုင်ပြီးချီတက်လှည့်လည်ခဲ့ကြပါ တယ်။ ကျောင်းသူကျောင်းသားများနဲ့ဆန္ဒြ ပကြတဲ့သူတွေဟာ မျက်နှာဖုံးများဖုံကွယ်ထားခြင်း မရှိဘဲ
ခေါင်းစည်းအနီများသာစည်းထားသော ကြောင့် ရဲရဲတောက် ဆန္ဒပြ သပိတ်ကြီး ဖြစ်သွားပါတော့တယ်၊
ကျနော့် ဆီတွင် ခေါင်းစည်း များလာတောင်း သောသူများ အရမ်းများလာသောကြောင့် တခုမှပင်
မကျန်တော့ပါ။ တချို့လည်းခေါင်းစည်းမရသော ကြောင့်
(ဓါတ်ပုံ MGG ၁၉၈၈ )
ရွှေသာလျောင်း ဘုရားကြီးဝန်းအတွင်းက မိုးကောင်းသပိတ်စခန်း
စိတ်ကောက်ပြီး ပြန်သွားတဲ့ သူတွေရှိပါတယ်။ တချို့ကတော့
သူတို့ခေါင်းစည်းနဲ့ သူတို့ ယူလာကြတာကိုတွေရပါတယ် ။ လူတထောင်နီးပါဖြစ်သွား သောကြောင့်
စည်းကမ်းရှိကြဖို့ သပိတ်ကို ကျနော်တို့ ထိန်းရပါတယ်။ စင်ပေါ်တက်ပြီး တရားဟောတဲ့သူတွေကလည်း
အရမ်းများလာပါတယ်။ တမြို့လုံးက ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်းရခဲ့ကြပါတယ်၊ ဒါကြောင့်
ကျနော်တို့ တရက်တာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်းကိုရပ်နားဖို့ အတွက် ရွှေသာလျောင်း ဘုရားကြီးသို့ ချီတက်လာခဲ့ပါတော့တယ်၊
ရွှေသာလျောင်းဘုရားကြီးသို့ ရောက်သောအခါ သုံးရောင်ချယ် ကဒေါင်းအလံကို လွှင့်ထူကာ မိုးကောင်း
ကျောင်းသားသပိတ်စခန်း ကို ဖွင့်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ညပိုင်းရောက်တော့ ကျနော်တို့ကို
အားပေးကြတဲ့သူလာကြတာပေါ့ ကျောင်းသား တွေသာဦးဆောင်ရင် သူတို့ကနောက်လိုက်ပြီးသာပဲ ဒီတပါတီအာဏာရှင်အစိုးရကိုတော့
ပြုတ်အောင် တိုက်မှရမယ်လို့ လာပြောကြပါတယ်။ တချို့လာအားပေးတာက ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။
“ဒီမိုကရေစီရမှာတော့သေချာနေပြီ ကျောင်းသားတွေ ရဲရဲတောက် ဆန္ဒပြကြတာ အိမ်တွေမှာ ကိုးကွယ်ထားတဲ့
အိမ်တွင်းနတ်ပါ မကျန်ဘူး သေချာတယ် သေချာတယ်” လို့ကြံကြံဖန်ဖန် လာအားပေးကြပါတယ်။ “ဘာဖြစ်လို့လဲလို့မေးလိုက်တော့”
“အိမ်မှာကိုးကွယ်ထားတဲ့ နတ်အုန်းကိုကာထားတဲ့ လိုက်ကာအနီတွေ မရှိတော့ဘူး မင်းတို့သပိတ်နဲ့ပါသွားပြီ
အဲဒါကြောင့်ပြောတာပါတဲ့” နောက်မှ သိလိုက်ရတာ က ဆန္ဒလိုက်ပြချင်ကြတဲ့ လူငယ်တွေက ခေါင်းစည်းမရှိတော့လို့
သူတို့အိမ်မှာ နတ်အုန်းသီးကို ကာထားတဲ့ လိုက်ကာတွေကို သွားဖြုတ်ပြီး ခေါင်းစည်းလုပ်လိုက်ကြတယ်လို့
သိလိုက်ရပါတယ်။
ဟိုင်နန်ကျွန်းလဲ မိုးကောင်းသပိတ်မှာပါခဲ့တယ်
ကျနော်တို့ ခေါင်းချင်းရိုက်အစည်းဝေးများ ထိုင်ကြပြီး တာဝန်များကိုခွဲကြပြန်ပါတယ်
သပိတ်စခန်းတွင်လုံခြုံရေးတာယူသူ ကယူ ပြည်သူလူထုကို သတင်းအချက်အလက်များ အချိန်မှီပြန်ကြားနိုင်အောင်
ပြန်ကြားရေးအဖွဲ့ စသည်တို့ကို ကျနော်ဖွဲ့ပြီး တာဝန်ခွဲခဲ့ကြပါတယ်။ သပိတ်စခန်းတွင်
ကိုမျိုးလွင်မှ သပိတ်ခေါင်းဆောင်တာဝန်ယှူု၍ နေ့စဉ်ဆန္ဒပြကြရန် အခုကာလ က စည်းရုံးရေးကာလဖြစ် သောကြောင့် လူထုလူတန်းစား
အလွှာအသီးသီးပါဝင်လာဖို့ မိုးကောင်းမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများအထိ လူစုခွဲပြီး
စည်းရုံးရေးဆင်းကြရပြန်ပါတယ် ။ ကျနော်ရယ်၊ စံရွှေမြင့်ရယ် ကိုသန်းထူးအေး က မိုးကောင်းမြို့နဲ့
၎မိုင်၅ ခန့်ဝေးသော ကျနော်တို့ မြို့နယ်တွင် စပါးအထွက်အနှုန်းအရမ်းကောင်းတဲ့ ရေရှင်နယ်ဖက်
ရွာစဉ်တလျောက်ကို စည်းရုံးရေဆင်းကြ ရပါတယ်။ ဒီမိုကရေစီစံနစ်ကို တိုင်းပြည်မှာကျင့်သုံးရင်
လယ်သမားတွေဘ၀ ဒီထက်မက မြင့်မားလာနိုင်တယ်။ လွတ်လပ်စွာ စိုက်ပျိုးခွင့် လွတ်လပ်စွာ ရောင်းဝယ်
ဖောက်ကား ခွင့်များရှိကြောင်း သိသလောက် တတ်သလောက် ရှင်းပြကြပါတယ်။ ဒေသခံတောင်သူတွေကို
လိုက်လံစည်းရုံးရာတွင် တာဝန်ကျ စစ်တပ်က စာသင်ကျောင်းကို အသုံးပြုခွင့်မပေးသောကြောင့်
(ဓါတ်ပုံ MGG ၁၉၈၈ ) လူထုလူတန်းစားအလွှာအသီးသီးပါဝင် လာတဲ့ မိုးကောင်းအထွေထွေသပိတ်
တအိမ်တက်ဆင်း စည်းရုံးကြပါတယ်။ ဒါကြောင့် ကျနော်တို့သပိတ်
ကျောင်းသားများနဲ့ ဒေသခံတွေ ပိုမိုရင်းနှီးလာပါတယ်၊ အောက်ခြေစစ်သားများကလည်း ကျနော်တို့မြင်ရင်
သူတို့ထောက်ခံကြောင်း ဒီမိုကရေစီကို သူတို့ စစ်သားတွေလည်း လိုချင်ကြောင်း မသိမသာလှမ်းပြောကြပါတယ်။
ကျေးလက်ရှိ တောင်သူလယ်သမားများ ကလည်း ကျောင်းသားတွေဦးဆောင်မှု နောက်က သူတို့ လိုက်မယ်
ကျောင်းသားသပိတ်နဲ့ ပူပေါင်းကြမယ်လို့ သဘောတူကြပါတယ်။ ဒါကြောင့် အထွေထွေ သပိတ်နေ့များ တွင် ချီတက်ဆန္ဒဖော်ထုတ်ကြရန်
၁ ညအိပ် ၂ ရက် လိုက်လံ စည်းရုံးပြီး ကျနော်တို့ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ သပိတ်စခန်းပြန်ရောက်တော့
တခြား ကျေးရွာတွေဆီ စည်းရုံးရေး ဆင်းကြတဲ့ အဖွဲ့တွေလည်း ပြန်ရောက်လာကြပါတယ်။ ညပိုင်းရောက်တော့
လူထုကို စည်းရုံးရေးဆင်းရေးဆင်းကြတဲ့ သူ့အတွေ့အကြုံ ကိုယ်အတွေ့ကြုံတွေကို ပြန်ပြောဖြစ်ကြပါတယ်၊
ကျနော့်ကလည်း ကျနော်တို့သွားစည်းရုံးတဲ့ ရွားတရွာဆို စစ်တပ်ကိုကြောက်လို့ ကျနော်တို့
ပြောမယ့်စကားကိုလာနားထောင်မဲ့သူ မရှိဘူး တယောက်ပဲလာနားထောင်းတဲ့အကြောင်း ၊ အဲဒီတယောက်ကို
ကိုသန်းထူးအေးက တရားဟောလိုက်တာ အဲဒီရွာကသူတော့ မသိဘူး ကျနော်ကတော့ အိပ်ပျော်သွားတယ်ပြောတော့
ဝိုင်းရယ်ကြပါတယ်။ ခင်ညို ကလည်းသူတို့ အတွေ့အကြုံကိုပြောပြပါတယ်။ သူတို့စည်းရုံးရေးဆင်းတဲ့ရွာမှာ
ကျော်စိုးက မာန်ပါပါနဲ့တက်ပြောတာ မြန်မာပြည်က “မဆလ အစိုးရ ရောင်းစားထားတဲ့အထဲ ဟိုင်နန်ကျွန်းလည်းပါသွားပြီ
ဟိုင်နန်ကျွန်းကိုလည်း ရအောင်ပြန်ယူရမယ်”လို့ မစည်မဆိုင် လူထုကိုမိန်းခွန်းချွေလိုက်တော့
အားလုံးက မသိမသာဆင်းခိုင်းပြီး တခြားအကြောင်းတွေ စကားလမ်းကြောင်းလွှဲခဲ့ ရတဲ့အကြောင်းတွေပြန်ပြောတော့
ရယ်ခဲ့ ရတဲ့အဖြစ်တွေကို ကျနော် သတိရမိပြန်ပါတယ်။ ဒီလိုနဲ့ သြဂုတ်လ(၂၂) မှာကျနော်တို့
မိုးကောင်းမြို့တွင် တောင်သူလယ်သမား အလုပ်သမား ဆရာဝန် ရှေ့နေများ လူထုလူတန်းစားအလွှာအသီးသီး ပါဝင်တဲ့
မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဆန့်ကျင်တဲ့ လူအင်အားသောင်းနဲ့ချီသော အထွေထွေသပိတ်ကြီး
ပေါ်ပေါက်လာပါ တော့တယ်။ (ဆက်ရန်ရှိသေးသည်)
Tuesday, August 23, 2011
မြန်မာပြည်မှပေးစာ(အားလပ်ရက်-၂)
(၂၀၁၁ သြဂုတ်လ ၂၂ နေ့ထုတ် မိုင်အိနိချိ နေ့စဉ်သတင်းစာပါ Letter from Burma: Holiday (2) ကို မြန်မာပြန်ဆိုပါသည် )
မောင်မောင်လှကြိုင်
မောင်မောင်လှကြိုင်
စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။
ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။
ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများနောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။
ပုဂံရဲ့ကြည်နူးဘွယ်အချစ်ဇာတ်ကြောင်းများနဲ့ အံ့မခန်းဘွယ်ရာများကို ပညာရှင်များ၊ အထူးပြုလေ့လာသူများနဲ့ ထသွားထ လာဧည့်သည်များက ရေးသားခဲ့ကြပါတယ်။ ခြုံနွယ်သစ်ပင်များလွှမ်းတဲ့လွင်ပြင်မှာ အရွယ်အစားစုံ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထောင်ပေါင်းများစွာရှိနေပါတယ်။ (ရှေးဟောင်းသုတေသနဌာနက ဗိမာန်အသေးများရဲ့ အကြွင်းများ အပါအဝင် ၃ ထောင်ကျော် စာရင်းပြုစုထားပါတယ်။) အကြီးဆုံးမှ အသေးဆုံးအထိ တခုချင်းစီမှာ ကောင်းကင်ကို ထောင်တက်နေတဲ့ ထိပ်ဦးပိုင်းများ ဆောင်းထားကြပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ရုံထက် ပိုမိုမြင့်တဲ့အရာ တခုကို လွမ်းမောတမ်းတခြင်းရဲ့ ပိသုကာပညာဆိုင်ရာဖော်ပြမှုဖြစ်ပါတယ်။
တိကျတဲ့ပုံတူပွါးကိုရရန် မကြာခဏမခြယ်သတဲ့ပုံမှာ ကျွန်မရဲ့ ပုဂ္ဂလိကစိတ်ခံစားမှုကို အသေးစိတ်မခြယ်မှုန်းပဲ ဆေးရောင် အလင်းအရောင်တောက်ပခြင်းကို ပေါင်းထည့်ပေးနိုင်ပါတယ်။ ညနေဆည်းဆာချိန်မှာ အလားအလာမရှိတဲ့ ရည်ရွယ်ချက် မြို့တော်ကို အတိတ်မှာရော အနာဂတ်မှာမရှိတဲ့ မှေးမှိန်တဲ့လောကမှာ အရိပ်များနက်ရှိုင်းစေမှုဖြင့်ပယ်ဖျက်လိုက်ပါတယ်။
အဆောက်အဦးငယ်များစွာတို့ဟာ ပျက်စီးမှုအဆင့်ဆင့်မှာရှိနေပါတယ်။ အမြဲမတည်ရှိခြင်းနဲ့ ဟောင်းနွမ်း ဆွေးမြေ့ခြင်းနဲ့ အယူမှား အယုံမှားခြင်း အကျေအမွများရဲ့ သရုပ်ဖော်ချက်များအဖြစ်ရပ်တည်နေပါတယ်။
ဗုဒ္ဓဘာသာဒေသတွင်သာမက တန်ခိုးထွားသူများနဲ့ ဝါကြွားလိုသူများ သူတို့ရဲ့အာဏာပိုင်ခြင်းနဲ့ ဂုဏ်ဒြဗ်များကို ဖျက်မရ နိုင်တဲ့ အမှတ်တံဆိပ်များအဖြစ် ကျန်ရစ်အောင်ကြိုးစားခဲ့ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မည်သည့် အစိတ်အပိုင်းမှာမှ မလျော်ကန် တဲ့သင်္ခန်းစာများကိုလဲလှစ်ပြနေပါတယ်။
ပုဂံဟာ ပျောက်ကွယ်သွားတဲ့ဂုဏ်ရောင်၊ ပျောက်ဆုံးသွားတဲ့လူမှုယဉ်ကျေးမှုနဲ့ လူတို့ရဲ့သနားစဘွယ် မာနတရားများကို ဖော်ညွှန်းနှိုးထနေပါတယ်။ အဆုံးမဲ့သဲကန္တာရသဲများတွင် ကြီးမားတဲ့အပိုင်းအစများအဖြစ် လဲလျောင်းနေတဲ့ အိုဇီမဲန်ဒီယား ရဲ့ အေးတိအေးစက်နိုင်တဲ့ သရော်လှောင်ပြောင်ချက်ဖြင့် ကောင်းစွာဖော်ပြပေးနေပါတယ်။ “ကျွန်ုပ်ရဲ့အလုပ်များနဲ့ မြော်လင့်ချက်မဲ့ခြင်းများကိုကြည့်ပါ - အိုဘုရားသခင် - ”
သူတို့ရဲ့ ထင်ရတဲ့ဘာသာရေးယုံကြည်မှုသက်သေအဖြစ် အုတ်များနဲ့အင်္ဂေတသရွတ်များဖြင့် စေတီပုထိုးများ တည်ခဲ့ကြတဲ့ ပုဂံရဲ့ ဘုရင်များ၊ မိဖုယားများ၊ မင်းသားများ၊ နန်းတွင်းသူနန်းတွင်းသား ဘယ်နှစ်ပါးဟာ သံသရာအနှောင်အဖွဲ့က အမှန်တ ကယ်လွတ်မြောက်အောင် ရှေ့ရှုကြပါသလဲ။
တန်ဘိုးကြီးအဆောက်အအုံများတည်ဆောက်ခြင်းဖြင့် ကမ္ဘာမှာ သူတို့ရဲ့ပစ္စည်းတန်ဘိုး သက်သေပြရုံမျှ ဘယ်နှစ်ယောက် စိတ်ပါဝင်စားခဲ့ပါသလဲ။
အဲဒီအလုပ်တွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားအယူအဆလွှမ်းခြုံမှုမှ သူတို့ရဲ့စိတ်များက ကြောက်ရွံ့ဖယ်ရှောင်နေတာ ကြောင့် အသက်ရှင်နေတဲ့သံသရာတလျှောက် သူတို့ရဲ့သက်တောင့်သက်သာရှိနေမှုကို အာမခံတဲ့ အာမခံပေါ်လီစီအဖြစ် ဘယ်နှစ်ယောက် ကြည့်မြင်ခဲ့ပါသလဲ။
ပုဂံကိုအုပ်စိုးခဲ့တဲ့ မင်းများရဲ့စာရင်းဟာ အမှန်တကယ်ရှည်လျားလှပါတယ်။ ဒါပေမင့် မင်းတပါးတည်းကသာ ကျွန်မရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ ကျွန်မကလေးဘဝမှာ သမိုင်းစာအုပ်များက ကျန်စစ်သားမင်းဟာ မြန်မာနိုင်ငံကို ပထမဆုံးစည်း ရုံးသိမ်းသွင်းခဲ့တဲ့ဘုရင်အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့သားတော်တပါးဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမင့် ပညာရှင်များရဲ့သုတေသနကတော့ သူတို့နှစ်ဦးဟာ သွေးမတော်စပ်ကြောင်းဖော်ပြကြပါတယ်။
ကျန်စစ်သားမင်းဟာ သာမန်ပုဂ္ဂိုလ်တဦးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမင့် ထူးခြားတဲ့ပါရမီရှင် ဖြစ်ပါတယ်။ သူဟာ သတ္တိဗျတ္တိနဲ့ရဲရင့်သူပါ။ တော်ဝင်တပ်မတော်ရဲ့စစ်သေနာပတိဖြစ်လာကာ ထင်ရှားတဲ့ သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။
ဘုရင်အိုကြီးက သူ့ကိုအာခံတော်လှန်နိုင်ခြေရှိတဲ့သူလို့ မနာလိုမရှုစိမ့်ဖြစ်တာခံရပုံရပါတယ်။ ဘုရင်အနော်ရထာ နတ်ရွာစံ ပြီးနောက် ပျော့ညံ့အရည်အချင်းမရှိတဲ့သားတော်က အရိုက်အရာဆက်ခံခဲ့ပါတယ်။ သူ့ရဲ့သက်တမ်းဟာ အလွန် တိုတောင်းလှပါတယ်။ အနော်ရထာရဲ့အရိုက်အရာခံဘို့ ကျန်စစ်သားမင်းသားရဲ့ထီးနန်းသိမ်းဘိသိက်ခံရေးကို စိန်ခေါ်မဲ့သူ မရှိကြောင်းယူဆရပါတယ်။
ကျန်စစ်သားမင်းဟာ ဉာဏ်ပညာကြီးမားတဲ့၊ စွမ်းရည်ပြည့်တဲ့ အကြင်နာဂရုဏာတရားကြီးမားတဲ့ မင်းတပါးအဖြစ် သက်သေခံပါတယ်။ သူတည်ထားခဲ့တဲ့ အာနန္ဒာဘုရားဟာလဲ သူ့ရဲ့ဆွဲဆောင်မှု ပင်ကိုယ်စရိုက်ကို ရောင်ပြန်ဟပ်နေစေ ပါတယ်။ အလင်းအမှောင်နှစ်ခုစလုံး အားကောင်းအောင် ကျက်သရေရှိရှိ အချိုးကျ တည်ဖွဲ့ထားလို့ လှပတဲ့အဆောက် အအုံအဖြစ် သဘောထားယူဆရပါတယ်။ အာနန္ဒာစေတီကိုဖူးမျှော်ရတာဟာ ရှားပါးတဲ့ဘုရင်တပါးကို ကန်တော့ရသလို စေတီအတွင်းရှိ ထူးခြားတဲ့ဗုဒ္ဓရုပ်ပွားတော်များဟာ ဘာသာရေးအမွေအဖြစ်ကိုယ်စားပြုထားတာပါလားလို့ လေးလေးနက် နက် ချင့်ချိန်စဉ်းစားမိစေပါတယ်။
ဟိုတယ်မြေပေါ်မှာ ကျွန်ုပ်တို့ကို ရင်သပ်ရှုမောဘွယ် အံ့သြခြင်းအဖြစ်နဲ့ ကျန်စစ်သားမင်းကြီးကို ရည်စူး တည်ထားကိုး ကွယ်တဲ့ စေတီနှစ်ဆူကို ဖူးမျှော်ခွင့်ရစေခဲ့ပါတယ်။ တကယ်တမ်းကို မထင်မရှား လူသိမများတဲ့စေတီများဖြစ်ပါတယ်။ တဆူကတော့ ကျန်စစ်သားမင်းကြီးအုပ်ချုပ်စချိန်မှာ သူရဲ့ရန်သူများအပေါ် အောင်မြင်ခြင်းအတွက် ဂုဏ်ပြုရည်စူး တည် ထားတာလို့ ကျွန်မတို့ကိုပြောပြပါတယ်။ အခြားတဆူကတော့ စစ်ဝါဒီတယောက်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ကျူးလွန်ခဲ့မှုများမှ ကြေရာကြေကြောင်းအတွက် သူ နတ်ရွာစံခါနီးမှာ တည်ထားပေးထား တာလို့ ဆိုပါတယ်။
စားသောက်ဆောင်အနီး ဥယျဉ်ထဲမှာတော့ သင့်တင့်တဲ့အရွယ် အဆောက်အအုံများရှိပါတယ်။ အဲဒိနေရာများမှာ ညနေ တိုင်း ရိုးရာစောင်းဂီတသံများဖြင့်တီးခတ်ဖျော်ဖြေကြပါတယ်။ သီးသန့်ဘုရားရှစ်ခိုးဆောင်များ အနံ့အသက်များရရှိပါတယ်။ ယင်းတို့တွင် ဆိတ်ငြိမ်ညနေဆည်းဆာမှာ ဆီးမီးဖယာင်းတိုင်များ ထွန်းညှိပူဖော်ကြရတာ ကြီးမားထင်ရှားတဲ့ ဘုရား ကြီးများမှာ ဘုရားရှိခိုးပူဇော်ရမှုနဲ့ ခြာနားတဲ့ခံစားမှုကိုရရှိပါတယ်။
ကျွန်မရဲ့သားနဲ့ကျွန်မတို့ဟာ အဆောက်အဦးဟောင်းများကို ကတိုက်ကရိုက်လျှောက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ကြ ပြီး၊ ဟိုတယ်ပရဝဏ်တွင်းရှိ အာနန္ဒဘုရားနဲ့ကျန်စစ်သားမင်းကြီးရဲ့ စေတီငယ်များအပြင် အခြားစေတီနှစ်ဆူဖြစ်တဲ့ သဗ္ဗညုနဲ့ မနုဟာဘုရားများကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။ မနုဟာစေတီကတော့ အကျဉ်းခံ မွန်ဘုရင် မနုဟာမင်း တည်ထားခဲ့တယ်လို့ အများကယေဘူယျယူဆထားတာမို့ တမူ ထူးခြားလျက်ရှိနေပါတယ်။ ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ သြဂုတ်လ ၂၂
Sunday, August 21, 2011
ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ် (နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ)
ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ နိုးကြားသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ
လူပုတ်ဂိုလ်များကို ကျန်းမာရွှင်လန်း စေကြောင်း ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံပြောကြားလိုက်တဲ့
မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့
ကျနော်တို့ စဉ်းစားပေးရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင်
မဟုတ်ပဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာနိုင်ငံရေး
သမားတွေ အဖွဲ့အစည်းတွေကြား “ ပြန်မယ်.. မပြန်ဘူး.. စောင့်ကြည့်မယ်.. စဉ်းစားဦးမယ်..
တိုင်ပင်ဦးမယ်.. ယုံကြည်တယ်.. မယုံကြည်ဘူး ” စသဖြင့် သဘောထား အမျိုးမျိုးကွဲပြားခဲ့သလို
တဦးအပေါ်တဦး အယုံအကြည်တွေကင်းမဲ့ကြ… နားလည်မှုတွေလွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်
ဒီတချက်တည်းနဲ့တင် ကျနော်တို့ လုပ်ရပ်အတော်လေး အောင်မြင်တာမို့ ၀မ်းမြောက်မိပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှ လုပ်ပေးတာ မဟုတ်သေးပဲနဲ့တောင် အတော်ကြီးကို သွေးကွဲကုန်လို့
ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ သဘောထားကြီးပါတယ် ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တာမို့
ထပ်ဆင့်ကျေနပ်မိပါတယ်။
ကျနော် ဒီစကားပြောတဲ့အခါ
ပစ်မှတ်က အများကြီးကို ထိပါတယ်။ ကျနော်တို့က “စေတနာကောင်းနဲ့ ခွင့်လွှတ်နိုင်တာတွေကို
ခွင့်လွှတ်ပေးမယ် ပြန်လာခဲ့ပါ” ဆိုရဲ့သားနဲ့ မပြန်လာရင်လည်း ကျနော်တို့ သဘောထားကြီးတာကို
ပြနိုင်တာမို့ အောင်မြင်ပါတယ်။ အဲ.. ကျနော်ပြောတာ အဟုတ်ထင်ပြီး ပြန်လာရင်တော့.. “ကိုယ့်ထိုက်နဲ့ကိုယ့်ကံ”
“အမိုက်နင့်ပြင် ရှိဦးမလား”လို့သာ သဘောထားခဲ့ကြဖို့ လိုပါတယ်။
ဘာပဲဖြစ်ဖြစ်
ကျနော်ပြောလိုက်တဲ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာ ပြန်လာမယ့်သူများအတွက် ပိုပြီးဝမ်းသာနိုင်အောင်
ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ့်အစီအစဉ်များကိုလည်း တဆက်တည်း ပြောကြားပေးပါ့မယ်။ ပြည်ပက
ပြန်လာသူတွေအတွက် ကျနော်တို့ ထောင်တွေကို တိုးချဲ့ဆောက်လုပ်ပေးပါ့မယ်။ ယခင်က အင်းစိန်ထောင်၊
သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ သရက်ထောင် စသဖြင့် နိုင်ငံအနှံ့ ထောင်တွေပဲ
ရှိခဲ့ပါတယ်။ ယခု နိုင်ငံတကာထောင်တွေအဖြစ် အမေရိကန်ပြန်များအတွက် “အမေရိကန် ထောင်”၊
သြစတေးလျပြန်များအတွက် “သြစတေးလျထောင်” ၊ ဂျပန်က ပြန်လာသူတွေအတွက် “ဂျပန်ထောင်”၊ ထိုင်းက
ပြန်လာသူတွေအတွက် “ယိုးဒယားထောင်”..ကိုးရီးယားထော င်၊ မလေးရှားထောင် စသဖြင့် သီးသီးသန့်သန့်
စီစဉ်ပေးမှာဖြစ်ပါတယ်။
ဒါတင်ပဲလား
သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်ထဲမှာ နိုင်ငံအလိုက် အထူးအစီအစဉ်ရှိပါတယ်။
ဥပမာ မလေးရှား အတွက် အဖွဲ့ဝင်တွေ ဖေါဖေါသီသီထုတ်ခွင့်ပေးပါ့မယ်။ ဂျပန်က သံရုံးရှေ့နေ့စဉ်လာအော်သူတွေ
ဝါသနာမပျက် အဆင်ပြေစေဖို့ နေ့စဉ် မိနစ် ၃၀ စိတ်တိုင်းကျ အော်ခွင့်အစီအစဉ်၊ အမေရိကန်က
လူတွေအတွက် ဖိနပ်ပေါက် အားကစားကွင်း၊ ယိုးဒယားပြန်တွေအတွက် အရက်ဆိုင်နဲ့ လက်ဝှေ့ကွင်း
စသဖြင့် ထောင်တွင်းမှာ စီစဉ်ပေးမှာဖြစ်ပါတယ်။
ဒါတင်ပဲလား
သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ဂျာနယ်ထုတ်တာ ၀ါသနာပါတဲ့သူတွေအတွက် ထောင်တွင်း
ဂျာနယ်၊ ထောင်တွင်းနံရံကပ်စာစောင်တွေနဲ့ ထောင်တွင်းမီဒီယာသမားများ၊ ထောင်တွင်းဘလော့ကာများ၊
ထောင်တွင်းစီဘောက်သမားများ၊ ကိုယ့်ဘက်တော်သားအချင်းချင်း အားပါးတရ အပြင်းအထန်
ပြစ်ပြစ် နှစ်နှစ်၊ ပိုးဆိုးပက်ဆက် သွားပုတ်လေလွင့် ရေးသား နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား
သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်တွင်းမှာ အမ်ဂျီအိုတွေ မအိုတအိုတွေလည်း
ထားပေးမှာဖြစ်ပါ တယ်။ ငွေကြေးလည်း အလှူခံခွင့်၊ ပရောဂျက်ရေးခွင့်၊ ပရိုပိုဇယ်ရေးခွင့်တွေပေးပြီး
အန်ဂျီ မအိုတအိုတွေထံ တင်ပြခွင့်ပေးထားမှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ ရှိခြင်းအားဖြင့်၊
ငွေကြေးတွေ ကိုင်တွယ်အသုံးပြုခြင်းအားဖြင့် သူတို့အချင်းချင်း ဘာမှလုပ်စရာမလိုပဲ ကွဲကြ
ပြကြ ဆော်ကြ နှက်ကြနဲ့ အလွန်ကို ပျော်စရာကောင်းလှတာကို ကျနော်တို့ အမြဲမြင်တွေ့ခဲ့ရလို့
ဖြစ်ပါတယ်။ ငွေစာရင်းတွေကို ရှင်းမရ။ ငွေစာရင်း ရှင်းတမ်းတောင်းရင် မာန်ဖီကြ၊ “အလှူငွေကောက်ရင်
ငါတို့အဖွဲ့နဲ့ ငါနဲ့တော့မထည့်နိုင်ပေမယ့် အဖွဲ့ဝင်သစ်လေးတွေဆီက ကောင်ပေးမယ်”ဆိုပြီး
ထမိန်ရည်ပူလွှဲကြာတာမျိုးလည်း အင်မတန်မှ ကြည်နူးစရာကောင်းလှတာကိုးခင်ဗျ။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ပြည်ပက ပြန်လာသူတွေကို
ရံပုံငွေပွဲတွေ လုပ်ခွင့်လည်း ပြုမှာဖြစ်ပါတယ်။ ဒါလည်း ဆိုခဲ့သလို ကွဲစေပြဲစေတဲ့နည်းလမ်းတခုကိုး ခင်ဗျ။
အနှစ် ၂၀ကျော် ကျနော်တို့ကို ပြည်ပက ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်တာ ဒီလို အချက်တွေလည်းပါတာမို့
ပြည်တွင်းမှာလည်း သူတို့ကို ဒါတွေ ဆက်လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး
နံနက်စာ၊ နေ့လည်စာတွေအပြင် ညစာကိုလည်း အရက်ဝိုင်းတွေဘာတွေ ဖန်တီးပေးထားမှာဖြစ်ပါတယ်။ထောင် တွင်း
သက်သာဆိုင်၊ ထောင်တွင်းကာရာအိုကေ အနှိပ်ခန်း စသဖြင့် ထားရှိပေးမှာဖြစ်ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ်
စိတ်တိုင်းကျ မူးယစ်ပျော်ပါးပြီး နိုင်ငံရေးဆွေးနွေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ကျနော်တို့
အစိုးရသစ်ရဲ့ စေတနာတွေပေါ့ခင်ဗျာ။ အပြင်ကနေ တိုင်းပြည်ကောင်းအောင် ဘာလုပ်မယ် ညာလုပ်မယ်ပြောနေမယ့်အစား
လက်တွေ့ကျကျ လုပ်နိုင်အောင် ပြည်ပက ပြန်လာသူတွေကို လမ်းတံတားဆောက်တာတွေ၊ အုတ်သယ်ခဲသယ်
ခွင့်တွေကို ပြည့်ပြည့်၀၀ပေးပြီး နိုင်ငံတော်သစ်ကို တည်ဆောက်စေမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ တိုက်ပွဲပျော်များအတွက်ကတော့
ပြန်လာရင် တပ်မတော်အတွက် ပေါ်တာလိုက်ခွင့်၊ အသေခံ လူသားမိုင်းရှင်းသမားအဖြစ် မိုင်းနင်းခွင့်လည်း
ပေးမှာဖြစ်ပါတယ်။ ယခု ပြောနေတာတွေက ကျနော် တကယ်ကို စေတနာထားပြီး ဆောင်ရွက်ပေးမှာတွေဖြစ်ပါတယ်။
ဒါကြောင့် ပြန်လာမယ်ဆိုရင် အားမနာတမ်း အသက်ကို ဖတ်နဲ့ထုပ်ပြီး ပြန်လာနိုင်ပါပြီဆိုတဲ့အကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။
ချစ်ခင်စွာဖြင့်
ဒါတင်ပဲလား သမ်မဒကျီး
သတ်ပုံများကို ရေးထားသည့်အတိုင်းဖတ်ကြပေးကြပါ ရန်။
Thursday, August 18, 2011
~ ငှက်တကောင်၏ ခြေရာ ~
“ သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်) ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။
တလောကက မိတ်ဆွေ တယောက်ပြောပြတဲ့ ငှက်ကြီး ခြေရာတချို့ကို သိလိုက်ရတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စများကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂သောင်းကျော်နဲ့ ဝယ်လိုက်တယ်လို့ ပြောတယ်၊ နောက် မောင်မောင်ကျော်က တခြားတယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်လို့ ဆိုတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့် သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။
ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။
ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့ သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ “ သား ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့် အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။
… အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
“ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။
ကမာနီလာ
တောင်းပန်ပါတယ်၊ မိတ်တွေက “ငှက်” အတွက် အမှတ်တရ ကို တောင်းထားတာ လွန်ခဲ့တဲ့ (၁၀) ရက်လောက်ကပါ။ စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက “ငှက်” အတွက် လုပ်ဖြစ်တဲ့ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။
Sunday, August 14, 2011
မျက်ရည်မြစ်
ဒီရက်ပိုင်း အတွင်း စာပေဟောပြောပွဲတွေမှာ
ဆရာတွေပြောတဲ့ အသံဖိုင်လေးတွေကို အားလပ်ချိန်လေးတွေမှာ နားထောင်ဖြစ်မိတယ်။ ကျနော်နားထောင်လိုက်ရတဲ့
စာပေဟောပြောပွဲများမှ ရရှိလိုက်တဲ့ အတွေးအမြင်များကို စာသားအဖြစ် တင်ပြလိုတဲ့ဆန္ဒနဲ့
ဒီစာစုလေးကို ရေးချမိသွားတာပါ ။
"ဖိုးတောင်သူဘွဲ့"
(၁)
လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်၊
တဲ တဖက် ဆွဲဖျက်ကာ အလျှင် လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထဲ့လို့လှုံ။
(၂)
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
(၃)
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း....။
အချုပ်တန်းဆရာဖေရဲ့..."ဖိုးတော
တဒင်္ဂစာ အေးချမ်းမှုလေးကို မခံနိုင်လို့ ကိုယ်နေထိုင်ရာ တဲကို ဖျက်ပြီး မီးလှုံလိုက်တဲ့ အခါ နောက်နေ့တွေ အတွက် နေစရာ မရှိမှာကို မိုက်မဲလှတဲ့ ဖိုးတောင်သူကြီး မီမလှုံခင်က မစဉ်းမိခဲ့ဘူး ။
အဲဒီလို ရည်ရှည်ကို မတွေးဘဲ လတ်တလော
ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုကြတဲ့ အင်မတန်မှ ညံ့ဖျင်းတဲ့ ဖိုးစော်ကဲလို
တောင်သူကြီးလို လူစားမျိုးတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်
။
ဒီကဗျာလေးထဲက အဖျက်ခံလိုက်ရတဲ့ တဲနေရာလေးဟာ မိသားစု တခု ၊ ရပ်ကွက်တခု ၊ မြို့နယ် တခု ၊နိုင်ငံတနိုင်ငံ နဲ့သက်ဆိုင်တဲ့ နေရာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီကဗျာလေးထဲက
တဲလေးလို မီးရှို့ခံလိုက်ရတဲ့ တဲတွေ ဘယ်လောက်များ နေပြီလည်း သေချာတွေးကြည့်ရင်
ပိုမို သိသာ ထင်ရှားလာမှာပါ…။ အဲဒီလို ကိုယ်နေတဲ့ အသိုက်အမြုံကိုဖျက်စီးလိုက်တဲ့ ဦးနှောက်မရှိတဲ့
လူတွေ ကျနော်တို့ တိုင်းပြည်မှ ဘယ်လောက်တောင် များနေပြီလဲ။ ဝေးဝေးသွားပြီး စဉ်းစား စရာ
မလိုပါဘူး ။ မြန်မာနိုင်ငံရဲ့ အထင်ကရ သတို့သမီးကိုမှ တရုတ်ကိုရွေးပြီးဆက်သဖို့ ကြံရွယ်နေပုံသာ ပြေးမြင်လိုက်ပါတော့လို့
ကျနော် ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန် မတွေးမပြတော့ဘဲ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ ။
“တို့တိုင်းပြည်”
(ဆရာဇော်ဂျီ)
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။
ကျနော်တို့ တိုင်းပြည် တိုင်းတပါး နယ်ချဲ့ လက်အောက် ကို ကျရောက်ခဲ့စဉ် ကာလက ဆရာဇော်ဂျီက နယ်ချဲ့လက်အောက်က မလွတ်မြောက်ရင် ဒီကဗျာလေးထဲကလို မြန်မာနိုင်ငံသားတွေ ဒုက္ခခံစားရမှာကို စိုးကြောက်ပြီး သတိပေးကာ ရေးသားခဲ့တာကို မှတ်သားနာယူ ကြကာ အားလုံးဝိုင်းဝန်း ကြိုးစားခဲ့ကြလို့ နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ကြတယ်…။
ဒါပေမယ့် ကံခေလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ
အတွက် အာဇာည်တွေ သွေးမြေခဲ့ရတဲ့ နေ့ကစလို့ ကိုယ့်လူမျိုးအချင်းချင်းက လက်နက်အားကိုးပြီး
ဖက်ဆစ်ဘီလူးတွေလို ပြန်လည်အုပ်ချုပ် အနိုင်ကျင့်တာကို ခံနေခဲ့ရတာ ယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးပါဘူး။ ကိုယ့်တိုင်းပြည်က သယံဇာတ များနဲ့
တိုင်းတပါး နိုင်ငံများက မီးတွေ ထိန်ထိန်လင်းနေတာကို အမှောင်ထဲကထိုင်ကြည့်နေကြရတုန်းပါဘဲ…..။
ကိုယ့်ပိုင်တဲ့ သယံဇတများနဲ့ တိုင်းတပါးက ၀င့်ကြွားနေကြချိန်မှာ ကျနော်တို့ တိုင်းပြည်က လူအများကတော့ နေစရာ အိမ်လေးတလုံးတောင် ဖြစ်မြောက်အောင် မပိုင်ဆိုင်ကြတော့ဘဲစားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရင်းက အနာဂတ် အတွက် မျှော်မှန်းချက်ဆိုတာ တောင် မတွေးနိုင်ကြတော့ပါဘူး။ အဖိနှိပ်ခံဘ၀တွေနဲ့ ကြာတော့ နင်းပြားဘ၀တွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရတယ်။ ဆရာဇော်ဂျီ တွေးကြောက်ခဲ့ရတဲ့ ကိစ္စကြီးက တိုင်းတပါးနယ်ချဲ့လက်အောက်မှာ မကြုံတွေ့ရဘဲ ကိုယ့်လူမျိုးတွေ ပြန်အုပ်ချုပ်တဲ့ ညစ်ထေးယုတ်မာတဲ့ အာဏာရှင် စနစ်ဆိုးအောက်မှာ ကြုံတွေ့ရတာ အသဲနာစရာ ကောင်းလှပါတယ်..။
ကမ္ဘာမကြေ မြန်မာပြည် ဆိုတဲ့
နိုင်ငံတော် သီချင်းလေး ဘယ်အချိန်ထိ သက်ဝင် လုပ်ရှားနေမှာလည်း ဆိုတာ ယနေ့ မြန်မာနိုင်ငံသားတွေရဲ့
ရပ်တည်မှု သဘောထားပေါ်မှာဘဲ မူတည်နေပါတယ်။ ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါလို့
ငယ်စဉ်ကတည်းက ကြားဖူးခဲ့ကြသလို ယုံလည်း ယုံကြည်ခဲ့ကြတာပါဘဲ…။ ဒါဆိုရင် ကိုယ့်အသက်သွေးကြောကို
ကိုယ်ပြန်ဖြတ်တဲ့ လုပ်ရပ်တခုဟာ လုပ်သူတွေဟာ ဒီကဗျာထဲက ဦးနှောက်မရှိတဲ့ တောင်သူကြီးလိုဘဲ
ကိုယ့်ရဲ့ အသိုက်အမြုံကို ပြန်ဖျက်စီးတဲ့ လုပ်ရပ်ကြီးပါ.။
ဒါပေမယ့် ဒီကိစ္စက ကဗျာထဲကလို တဲတခု မဟုတ်ဘဲ တမျိုးသားလုံး ဒုက္ခဆိုးကြီး ကို ခါးသည်းစွာ ခံစားရတော့မယ့် အရေးကိစ္စကြီး ဖြစ်နေတာတောင် ပေါ့ပေါ့လေး တွေးပြီး ဖြေရှင်းချင်တဲ့ အတွေးပိုင်ရှင်များက ပိုမို မိုက်မဲလွန်းလှပါတယ် ။ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ဖို့ အတွက် အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်ကြီး တခုပါလို့ အတန်တန် သတိပေးနေကြပါလျှက် အာဏာကလွဲလို့ ဘယ်အရာကိုမှ မစဉ်းစားနိုင်တဲ့ လူအများက မြန်မာနိုင်ငံကို စနစ်တကျ ဖျက်စီးလိုက်ဖို့ အရေး ဧရာဝတီ မြစ်ဆုံမှာ ဆည်ကြီး တည်ဆောက်ကာ တရုတ်ကို ထောက်ပံ့ပေးကြတော့မယ်….။ မြန်မာတမျိုးသားလုံးသားလုံး ဒုက္ခနွံထဲကို အတင်းဆွဲချနေတဲ့ ဒင်းတို့ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ရင် နောင်အခါ ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။
ယခင်က အင်းလေးကန်အလှ နဲ့ ယခု ရေခမ်းခြောက်ြ့ပီး တိမ်ကောနေပြီဖြစ်တဲ့ အင်းလေးကန်
အင်းလေးအိုင်ကြီး ရေခန်းမယ်ဆို ပုံပြင်လို့ ထင်ထားခဲ့ကြပေမယ့် တကယ်တန်း ရေတစက်မှ မရှိအောင် ခြောက်ခမ်းသွားခဲ့တာ လက်တွေ့ပါ ။ စည်းမရှိ ကမ်းမရှိ တွေ့သမျှ သစ်ပင် အကုန်ခုတ်ကာ တိုင်းတပါးကို ရောင်းချခြင်းရဲ့ အကျိုးဆက် မြန်မာတနိုင်ငံ နေရာ အနှံ့အပြားမှာ မိုးခေါင်ရေရှားပြီး သောက်စရာ ရေတောင် မရှိတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသလို အခုလည်း အားလုံးရဲ့ အားထားရာ သဘာဝအလှတရားတွေနဲ့ မြန်မာပြည်ဆိုတာကို ပနံ့ရအောင် စွဲဆောင်မူပေးခဲ့တဲ့ မြစ်ဧရာဝတီ၊ နက်ရှိုင်းမူတွေနဲ့ သမိုင်းခေတ်အဆက်ဆက်ကို ထိမ်းသိမ်းစောင့်ရှောက်လာတဲ့ ဧရာဝတီကို တိုင်းတစ်ပါးသားလက်ထဲ ၀ကွက်အပ်လို့ ပျက်သုန်းရတော့မယ့်အဖြစ်ကို ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ကြီးပြင်းလာကြတဲ့ ကျွန်တော်တို့အားလုံး ဘယ်လိုမှ မျက်စီစုံမှိတ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ ဧရာဝတီကို မှီခိုအားထား အသက်ရှင်နေကြရတဲ့ ဘ၀တွေ၊ ပြည်နယ်နဲ့ ပြည်မဆိုတာကို တစ်သွေးတည်း တစ်သားတည်း တစ်ထပ်တည်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေ အဲဒီကျေးဇူးတရားက ကြီးမားလှပါတယ်။
သေချာတာ တခုကတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီး ဧရာဝတီ ကွယ်ပျောက်သွားရင်တော့ မြန်မာလူမျိုးဆိုတာလည်း မကြာခင် ကွယ်ပျောက်သွားမှာ အမှန်ပါဘဲ ဆိုတာ ပညာရှင်များက တကယ့်ကို လေးလေးနက်နက် သတိပေးနေတာကို ကျနော်တို့အားလုံး ပေါ့ပေါ့ဆဆလေး တွေးပြီး လက်ခံလိုက်ရင် သမိုင်းမှာ ကျနော်တို့အားလုံး တရားခံတွေ ဖြစ်သွားကြမှာ ဖြစ်သလို နောင်မျိုးဆက်သစ်တွေရဲ့ လက်ညိုးထိုးရှုံ့ချကဲ့ရဲ့တာကို ခံကြရမှာ မလွဲပါဘဲ....။
ဧရာဝတီမြစ် ကို မှီခိုအားထားပြီး ဘ၀၀မ်းစာရေးအတွက် အသက်ဆက်နေရသူတွေ
အခုလက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့ မြန်မာနိုင်ငံသားတွေဟာ သောက်စရာ ရေတောင် မရှိတဲ့ ဘ၀နဲ့ ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားရင် အသက်ဆုံးရှုံးကာ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာ အမှန်ပါဘဲ ဆိုတာကို သေချာတွေးပြီး အမျိုးသားရေး လုပ်ရှားမှု အသွင်သဏ္ဍန် နဲ့ ဧရာဝတီကို ကာကွယ်ဖို့ ကြိုးစားပေးကြပါလို့ ပြည်တွင်း ၊ ပြည်ပက ပညာရှင်များနှင့် တကွ မြန်မာနိုင်ငံသားအာားလုံးကို လေးစားစွာ မေတ္တာရပ်ခံရင်း ဆရာမောင်စိန်ဝင်း ရွတ်ဆိုခဲ့တဲ့ ကဗျာလေးနဲ့ ဘဲ နိဂုံးချုပ်လိုက်ပြစေ …..။
မြစ်ကော မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့
မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည် သမျှ မြန်မာသွေးရှိ
တတောလုံးပြောင် တတောင်လုံး
လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့
နောင်အရှည် မမျှော်
မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ်လေး...။
ဗမာ့သွေး
ဒီဆောင်းပါးကို ညီငယ် " ဗမာ့သွေး " က " တဒင်္ဂစာ အတွက် ဘ၀များစွာ ဖျက်ကြသူများ " အမည်ဖြင့် ရေးသားခဲ့တာပါ။ ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာ ဧရာဝတီ မြစ်နဒီရဲ့ လှိုင်းပုတ်သံတွေ က နားစည်မှာ ခပ်တိုးတိုးလေး ကြားနေရတယ်။ လှိုင်းပုတ်သံတွေကို သေချာနားထောင်ကြည့်လိုက်တော့ ဧရာဝတီက ငိုရှိုက်နေတယ်၊ သူမရဲ့ ကျေးဇူးတရားတွေက ကျွန်တော်တို့ မြန်မာပြည်မှာ မွေးပြီး ကြီးပြင်းလာကြတဲ့ လူတွေအားလုံးအပေါ် အသားအရောင်၊ အဆင့်အတန်း၊ လူမျိုးဘာသာ လုံးဝမရွေး အားလုံးအပေါ်မှာ တင်ရှိနေတယ်။ ဧရာဝတီဟာ ကျွန်တော်တို့အားလုံးရဲ့ မိခင်ပါ။ မိခင်နဲ့ နှလုံးသားချင်းနီးစပ်သူတိုင်း သူမရဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ကြားသလို စာဖတ်သူ မြန်မာနိုင်ငံသား ညီအကိုမောင်နှမတွေ အားလုံးလည်း ကြားကြ ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို " မျက်ရည်မြစ် " လို့ အမည်ပေးလိုက်တာပါ။
ကမာနီလာ
Sunday, August 7, 2011
အမာထည်ပြီးရင် အပျော့ထည်လာမည်
ဒီနေ့အချိန်အခါဟာ အကျပ်အတည်းကာလ
လွန်မြောက်ပြီး (၂)နာရီကျော်ကျော်နေလုံး ဖြစ်နေပေပြီ။ လူ့လောကကြီးဆိုတာ
အမြဲတန်းကံကောင်းတယ်ဆိုတာ မရှိပါဘူး။ ရာသီတွေကလဲ နွေးမိုဆောင်းလည်နေသလို
လူလောကကြီးထဲမှာ လူတွေအနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းနေရပါတယ်။ ဒီတော့
ဘယ်အရာကိုဘဲ တည်ဆောက်ဆောက် အခြေခံ( Principle =fundamental truth or
proposition)တွေကို အခြေခံပေါ်က စဉ်းစားပြီး
လုပ်ဆောင်ရပါတယ်၊ အခြေခံတွေ လွတ်သွားရင် အောင်မြင်ဖို့ အကြောင်းအရင်းတွေ
နည်းလာတတ်ပါတယ်။
ကျွန်တော်ပြောနေတဲ့ အခြေခံ(၃)လိုင်း အရေးကြီးဆုံးပါ။ နိုင်ငံ့အတွက်
တကယ်အလုပ်မယ်ဆိုရင် ဒီ(၃)ချက်ကို လွတ်လို့မရပါ။ လွတ်တာနဲ့ အောင်မြင်မှုရလဒ်က
ကပြောင်းကပြန်ဖြစ်ကုန်တတ်ပါတယ်။
(၁) လူမှု့ရေးလုပ်ရင် လူသားတွေကို ကူညီတဲ့အလုပ် လုပ်ရတာဖြစ်လို့
(လူသားမှန်သမျှ အယုတ်အလှ အမြတ်မရွေး ဆင်းရဲချမ်းသာမရွေး ပညာတတ်ပညာမဲ့မရွေး
လူသားတိုင်း လူလိုသဘောထားပြီး ကူညီရပါမယ်) လူမှု့ရေးအလုပ်လုပ်ပြီး
လူသားတွေကို ခွဲခြားနေရင် လူမှု့ရေးလုပ်ငန်း ဘယ်လောက်ကြီးကြီးကျယ်ကျယ်လုပ်လု ပ် တနေ့ နာမည်ပျက် ကျဆုံးသွားတော့မှာ အသေအချာပါဘဲ။
(၂) နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံသားတွေအတွက်
စနစ်တခုတည်ဆောက်တာဖြစ်လို့ နိုင်ငံရေးပါတီထောင်ပြီး စနစ်တခုကို
ကိုယ်ကိုယ်တိုင်ကျင့်ကြံ ပြည်သူကို စည်းရုံးရပါတယ်။ လူမှု့ရေးသမားများတွေလို
လူသားမှန်သမျှ အသင်းအဖွဲ့ထဲ ဇွတ်ဝင်ဇွတ်ထည့်လို့မရပါ၊ နိုင်ငံနဲ့
ပြည်သူတွေအတွက် စနစ်ကိုတည်ဆောက်တာဖြစ်လို့ ယုံကြည်ချက်ခိုင်မာသူတွေစုစည်ြး ပီး
ပြည်သူတွေကိုစည်းရုံး စနစ်တခုတည်ဆောက်နိုင်အောင် ကျင့်ကြံရပါတယ်။
(၃) တော်လှန်ရေးဆိုတာကတော့ သိကြတဲ့အတိုင်း ပြည်သူ့အုံ့ကြွမှု့နဲ့ လက်နက်ကိုင်လမ်းစဉ် (ဒီ-၂ချက်)ဘဲ ရှိပါတယ်။
အထက်ပါ(၃ချက် principle )တွေကို အခြေခံထားပြီး လုပ်ရပါတယ်၊ ဒီတော့
လူမှု့ရေးလုပ်ချင်ရင် (နံပါတ်-၁)ဘောင် အခြေခံကို ကျော်လုပ်လို့မရပါ။
ကျော်ရင် မအောင်မြင်တော့ပါ၊ နိုင်ငံရေးလုပ်ချင်ရင်လဲ (နံပါတ်-၂)ဘောင်ကို
ကျော်လို့မရပါ၊ လူတိုင်းပါတီထဲဆွဲသွင်းရင် ပျက်ပြီသာမှတ်ပေတော့(လူဆိုတာ
အတ္တတွေရှိတာကိုး တဘက်က(နေရာ-အာဏာ-ငွေ) အခွင့်အရေးတွေက ရှိတာကိုး၊
မယုံကြည်ဘဲ ပါလာတဲ့သူတွေက ဒီအတွက်လာကြတာဘဲ။
ဒီတော့
ပျက်တာအဆန်းတကျယ်မရှိဘးပေါ့၊ အချောင်သမားတွေက ဒါတွေ သဲခြေကြိုက်ပေါ့- နောက်
နိုင်ငံရေးပါတီတွေရဲ့အလုပ်ကလဲ ရှင်းရှင်းလေးပါ ပြည်သူကို
စနစ်တခုကျင့်ကြံနိုင်အောင်စည်း ရုံးလမ်းပြရတဲ့အလုပ်
ဒီနိုင်ငံရေးပါတီရဲ့အလုပ်ကို မလုပ်ရင် ( principle )ဘောင်ကျော်ပြီး
ပျက်မှာဘဲ၊ တော်လှန်ရေးဆိုပြီး တော်လှန်ရေးဆိုတဲ့
(နံပါတ်-၃)လိုင်းကို မလုပ်ရင် သေးပြီးပျောက်သွားမှာဘဲ။ အမှန်က
ခေါင်းစဉ်အောက်က ဘောင်တွေမကျော်ဘဲ တစိုက်မတ်မတ်လုပ်မှ အောင်မြင်မှာပါ။
ယောင်နေရင်တော့ (၂-ဘ၀)လောက်တော့ အသာလေးနေရမှာဘဲ၊ (၁-ဘ၀)လောက်နဲ့တော့
ပျင်းတယ်ပြောမှာဘဲ။
ဒီတော့ (ဒီနေ့အချိန်အခါဟာ အကျပ်အတည်းကာလ လွန်မြောက်ပြီး (၂)နာရီကျော်ကျော်နေလုံး ဖြစ်နေပေပြီ။)ပြောချင်တာက ဘာလဲဆိုရင် အကျဘက်ရောက်နေပြီပြောတာပါ။
(၅နာရီ)နေလုံးတော့ မဟုတ်သေးဘူး။ အမှန်က နိုင်ငံရေးလုပ်ချင်ရင် ပြည်သူကို
စည်းရုံးရမှာ ပြည်သူကို မစည်းရုံးရင် မစည်းလုံးနိုင်ရင် လုံးပါးပါးပြီပေါ့၊
ပြည်သူကမှ နိုင်ငံရေးသမားဖြစ်ခွင့်ရှိတာ
ပြည်ပကလူတွေက နိုင်ငံရေးသမားဖြစ်ခွင့် ဘယ်ရှိတော့မလဲ၊ ပွဲပြီးမှပြန်
ထပ်ဝင်သုတ်ရင် နောက်တခေါက် ထပ်ပြေးရအုန်းရအုန်းမယ်မှတ်ပါ။
(နေရာ-အာဏာ-ငွေ)အတွက် မရလို့ မခံဘဲပြေးတဲ့သူတွေ များတာကိုး၊ စနစ်ကို
သွားပြောရင် (စစ်အစိုးရ)လို လာမပြောနဲ့ ပြောမှာဘဲ၊ ပင်လယ်ထဲကရေတွေက
အငန်တွေများပါတယ်၊ ရေချိုက ဘယ်ရှာလို့ရပါမလဲ။
အန်အယ်လ်ဒီ တက်နေ၀န်းကနေ (၂)နာရီကျော်ကျော် နေလုံးဖြစ်သွားရတာက
ဦးသန်းရွှေဂွင်ထဲ တလှမ်းချင်း တထစ်ချင်း တရွေ့ရွေ့
ဝင်သွားလို့ ဖြစ်သွားတာပါ၊ ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ပြီး
နိုင်ငံရေးပါတီအလုပ်လုပ်ပြီး ပြည်သူကို စည်းရုံးနေရင်
ဦးသန်းရွှေရိုက်သွင်းတဲ့ဂွင်ထဲ ၀င်စရာမလိုပါ၊ ခုတော့ ၀င်မိပြီ။
ဦးစောမောင်ထံက အာဏာသိမ်းတယ်၊ တပ်မတော်က ဦးဆောင်မှု့အခန်းက
ပါရမယ် မူချတယ်၊ အခြေခံဥပဒေ စိတ်ကြိုက်ဆွဲတယ်၊ အန်အယ်လ်ဒီလုပ်ရမဲ့အလုပ်တွေ
ဝင်ယူတယ် တဖြည်းဖြည်း အန်အယ်လ်ဒီနောက်ဆုတ်ပေးရတယ်၊ နောက်
အခြေခံဥပဒေစိတ်ကြိုက်ဆွဲပြီး (၂၀၀၈)မှာ အတည်ပြုတယ် ပြည်သူ့က ထောက်ခံတာ
ဘာတတ်နိုင်မှာလဲ (၂၀၁၀)ရွေးကောက်ပွဲမှာတော့
ရွှေဂုံတိုင်ကြေညာချက်ကြည့်ပြီး
ဥပဒေထုတ်ကန့်သတ်လိုက်တာ ရွေးကောက်ပွဲမှာ ၀င်လုံးလို့မရအောင်
လုပ်ပြစ်လိုက်တော့ အန်အယ်လ်ဒီက ဘေးကို ကိုယ့်စားရိတ်နဲ့ကိုယ်
နားလိုက်ရတော့တာပေါ့။ အမှန်က (၂၀၁၀)ရွေးကောက်ပွဲမှာ ၀င်လုံးနိုင်ရင်
ပြောပိုင်ခွင့်ဆိုပိုင်ခွင့် ပြည်သူစည်းရုံးပိုင်ခွင့်
အထိုက်အလျှောက်ရနေမှာဘဲ နောက်တပွဲ နိုင်ငံရေးပါတီလုပ်ငန်းစဉ်တွေ အတိုင်း
ပြည်သူကိုစည်းရုံး
ပြည်သူ့အားကောင်းလာလို့ အမတ်ထက်ဝက်လောက်ပြန်ရရင် (၂၀၀၈ အခြေခံဥပဒေ)ကို
ပြင်နိုင်တယ်။ ခုတော့ ဘုရားထီးတင်ပွဲလဲမမှီတော့ပါ။ အန်အယ်လ်ဒီကို
နိုင်ငံရေးပါတီအဖြစ် (ပြည်သူတွေပါဝင်ပတ်သက်တဲ့ အုံ့ကြွမှု့)မဖြစ်မခြင်း
ရှင်သန်ခွင့် ဘယ်တော့မှရတော့မည်မဟုတ်ပါ၊ (ဒါမို့ တဘ၀လောက်နဲ့
ပျင်းတယ်ပြောတာပေါ့ ၂-ဘ၀လောက် အသာလေးဘဲ) ကျွန်တော် ဂျပန်လာတော့
(ဘဘဦးအောင်ရွှေနဲ့
ဘဘဦးတင်ဦး)ကို ကန်တော့ခဲ့ပါတယ်၊ အန်တီကိုတော့
စာရေးပေးခဲ့ပါတယ်၊ ဘဘဦးတင်ဦး ကတော့ ဆုတွေအရှည်ကြီးပေးပါတယ်၊
ကျွန်တော်ကပြောတာ တခုထဲဘဲ (ဘဘတို့ ဒီဘ၀တွေ့တော့မယ် မထင်လို့
လာကန်တော့တာပါ)လို့ ပြောလိုက်တော့ ဘဘဦးတင်ဦးက တွေ့ရမှာပါလို့
မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ပြန်ပြောပါတယ်။ ထားပါတော့ဗျာ(၂-ဘ၀)လောက်တော့
အသာလေးကြာသွားမှာပါ။
ခုတော့ ဦးသန်းရွှေက နှစ်ပေါင်းများစွာ ဒဏ်ပြန်ထောက်လှမ်းရေးတွေသုံးပြီး
အလွန်သစ္စာရှိပြီဆိုတာသိမှ ဦးသိန်းစိန်ကို အာဏာအမွေပေးခဲ့တာပါ၊
ဘယ်ကန်ရဲမလဲ။ နံပါတ်(၃)လို့ ပြောနေတဲ့ အပြောကရွှေမန်းကတော့ စကားကျွံသွားလို့
လွှတ်တော်လောက်ကိုင်ရတာပါ (ကျွံ တဲ့စကားက) သူသာ နိုင်ငံကို ဦးဆောင်ရရင် ဒီနေ့အခြေအနေနဲ့ ကောင်းအောင်လုပ်နိုင်တယ်လို့ ပြောလို့
ဦးသန်းရွှေက နေရာမပေးတာလို့ ကြားရပါတယ်၊ ဦးစောမောင်တုန်းကေ တာ့ ဦးနေ၀င်းဆီ နေ့တိုင်းသွားရတာ ထုတ်ပြောသွားပါတယ်။ အန်အယ်လ်ဒီကို ပါတီအဖြစ်ဘယ်တော့မှ ရှင်သန်ခွင့်ပေးတော့မှာ မဟုတ်ပါ။
(၁) ကြံ့ခိုင်ရေးကို ယှဉ်နိုင်တာ အန်အယ်လ်ဒီဖြစ်တဲ့အတွက် ပြည်သူ့ရဲ့ဆန္ဒကို ယူလို့မရအောင် ရှင်သန်ခွင့်ရတော့မည်မဟုတ်။
(၂) အန်တီဒေါ်အောင်ဆန်းစုကြည်ကိုတော့ အမာထည်နဲ့မကိုင်ဘဲ
(ပြည်ထဲရေးဝန်ကြီး ဦးကိုကို)က အမိန့်ကြေညာချက်ထုတ်ပြီးမှ
အပျော့ထည်ပြောင်းသုံး ကိုင်တော့မှာပါ။ အန်တီက အင်မတန်ရိုးသားပါတယ်၊ သူက
တိုင်းပြည်ကို အကောင်းဘက်က ရိုးရိုးကြည့်ပြီး ရိုးရိုးသားသားကောင်းအောင်
လုပ်ချင်တာပါ၊ ဒီနေ့ နိုင်ငံရေးက လှေကြီးထိုးရိုးရိုးနဲ့
သွားလို့ရတာမဟုတ်ပါ။
အမှန်တွေလုပ် အမှန်တွေပြောနေရင် ဘေးထိုင်ရတယ်ဆိုတဲ့အတိုင်းပါဘဲ။
အမှန်တရားနဲ့သွားမဲ့သူတွေက အမှန်တရားခေတ်ရောက်မှ လုပ်လို့ ကိုင်လို့
သွားလို့ရတာပါ။ ခု အန်တီက (မ)ရင်း (မ)ရင်းနဲ့ မနိုင်ဝန် ဖြစ်လာပါပြီ၊
ဦးသိန်းစိန်ဘက်ကကြည့်ရင် ရှင်းပါတယ် အမွေကိုထိန်းရမှာဘဲ။ မထိန်းနိုင်ရင် (ကုဋ္ဋေ-၈၀သူဌေးသား)ဖြစ်သွားမှာေ ပါ့။
ဒီတော့ နှစ်(၁၀၀)ကျော်ချထားတဲ့ အကျဉ်းသားတွေကို (၁)နှစ်လျှော့ပြတာ
ကြည့်တော့ဗျာ၊ သူ့တိုကတော့ ဒီမိုကရေစီကို ခုမှသွားတာဆိုတော့ (စစ်ကျောရေးမှ
ရေစက်ချ စစ်သလို) ဒီမိုကရေစီကို တစက်ခြင်းပေးရင် ကံကောင်းတယ်မှတ်ရမှာဘဲ။
အပျော့ထည်သုံးပြရမှာဆိုတော့
ပြယုဂ်က ရုပ်ပြလုပ်ပြနေမှာပါ။ အရင် (န၀တ)က အမာထည်(military
mechinism)နဲ့သွားနေတာ ရပ်လို့မှမရတာ ရပ်လိုက်ရင် လိုက်ပါစီးနင်းနေတဲ့သူတွေ
ဂျွမ်းထိုးမှေက်ခုန်အကုန်ပြုတ် ကျမှာ သူတို့ကိုယ်တိုင်လဲ ရပ်လို့မရပါ။
ဒီတော့ သွားနိုင်သလောက် သံပတ်ကုန်အောင်သွားနေမှာဘဲ။ ခုလဲ (န၀တ military
mechanism)လောက် သွားလို့မရပေမဲ့ ရပ်အောင်လုပ်လို့မရပါ။ ရပ်ချင်ရင် လည်နေတဲ့ခွေးသွားစိတ်တွေကြားထဲ
လူသားတွေအပြုံလိုက်ခုမှ ရပ်လို့ရမှာပါ။ ခုတော့
ဘောင်ပြောင်းထားတော့ သူတို့သွားမဲ့လမ်းက အမာထည်သုံးလို့ မရတော့ပါ၊
အပျော့ထည်သုံးပါတော့မည်၊ အန်တီအနေနဲ့လဲ ရဲဘော်ရဲဘက်တွေနဲ့ တဘက်ဖြစ်မသွားအောင်တမျိုး လက်ရှိအစိုးရနဲ့ ပြေလည်ဘို့တမျိုး ဒီဆန့်ကျင်ဘက်တွေကို စုစည်းနိုင်အောင်လုပ်ရတော့မှာပါ ။
တဘက်ဘက်ကို စောင်းသွားလို့မရတော့ပါ။ ထင်ပါတယ်
ဦးသိန်းစိန်တို့ဘက်က အပေါ်စီးက ရနေပြီဆိုတော့ (၉ကြိမ်)လောက်တွေ့ပြပြီး
နောက် မတွေ့ဘဲ နေလိုက်လဲရတာဘဲ၊ ဘာမှ သူတို့အတွက် အဆန်းတကျယ် အပန်းမကြီးပါ။
ဦးသိန်းစိန်တို့ဘက်က နှစ်ပေါင်း(၂၀)ကျော် စားထားဝါးထားပြီးပြီဆိုတော့
တော်ဘို့ကောင်းတဲ့အချိန်ပါဘဲ၊ သူတို့ဘက်က သွားနေတဲ့ဘီးတွေ ရပ်တတ်ရင်
သူရဲကောင်းဖြစ်မဲ့အချိန်တွေပါ။ ဦးစောမောင်လို
နေ့တိုင်းသွားတွေ့နေရရင်တော့ စိတ်ကောင်းမွေးချင်တယ်ဆိုလဲ
မွေးလို့ရမယ်မဟုတ်ပါ။ ဒီတော့ ပြယုဂ်တွေက မကောင်းပါ၊ ဘာတခုမှ ပြည်သူလိုအင်
မပြပါ၊ (ပထမ)အရေးကြီးဆုံးက နိုင်ငံရေးတိုးတက်မှုကို နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်လာမှုနဲ့ တိုင်းတာ ရမှာဖြစ်ပါတယ်၊ ဒါက နိုင်ငံရေးရေချိန်
တိုင်းတာနည်းပါ၊ ယခုတော့ ရည်ရှည်အတွက် အပျော့ထည့်သုံးတော့မှာကို
မြင်တွေ့နေရပါတယ်။
ဒီနေ့အခြေအနေအရ အမာထည်ထက် အပျော့ထည်က ပုံဖမ်းရခက်ပါတယ်၊
အန်တီအနေနဲ့ ကိုယ့်ဘက်နဲ့ သူ့ဘက်ပြေလည်ဖို့ လှလှပပ ကစားတတ်မှ ရပါမည်။
ဘာလို့လဲဆိုရင် အန်အယ်လ်ဒီကို နိုင်ငံရေးပါတီအဖြစ်ရှင်သန်ခွင့် မရရင် အန်တီဘယ်လောက်တော်တော် ဘယ်လောက်ကောင်းကောင်း မြန်မာ့နိုင်ငံရေးက ဘာမှအဓိပ္ပါယ် မရှိတော့ပါ။ အရင်အမာထည်ခေတ်က (နအဖ)မတရားတာပြောနေလောက်နဲ့
အလုပ်ပြလို့ရပါတယ်၊ ခု အပျော့ထည်က မကိုင်တတ်ရင် ကိုယ့်ဘက် သူဘက် ဘက်ပေါင်းစုံက ကွဲသွားနိုင်ပါတယ်။ ဦးသန်းရွှေ ဂွင်ထဲ ဆက်တိုက်ဝင်မသွားအောင် အင်မတန်သတိထားရပါတော့မယ်။ ။
ဌေးဇော်(အင်းဝ)
ငွေရတုအောင်ပွဲ (၂)နှစ်အလို(ဌေးဇော်-အင်းဝ)
ငွေရတုအောင်ပွဲ (၂)နှစ်အလို
တချို့က နေရာရူး
တချို့က အာဏာရူး
တချို့က ဥစ္စာရူး
တချို့က ပညာရှင်ရူး
တချို့က ဆရာကြီးရူး
တချို့က လုပ်စားရူး
တချို့က ရမ်းအော်ရူး
တချို့က ရမ်းပြောရူး
တချို့က အာလိမ်ရူး
တချို့က အစိုးရရူး
တချို့က ၀န်ကြီးချုပ်ရူး
တချို့က အဖွဲ့ထောင်စားရူး
တချို့က အန်ဂျီအိုရူး
တချို့က တော်လှန်ရေးရူး
တချို့က နိုင်ငံရေးရူး
တချို့က တတိယနိုင်ငံရူး
တချို့က အရက်သမားရူး
တချို့က လူသတ်သမားရူး
တချို့က ရမ်းဆဲရူး
တချို့က ရမ်းပြောရူး
တချို့က ဘလောက်ဂါရူး
တချို့က ဘာသာရေးရူး
တချို့က လူလိမ်ရူး
တချို့က အချောင်နှိုက်ရူး
တချို့က အချိန်စောင့်ရူး
တချို့က ဗလာရူး
ဒီအရူးပေါင်းစုံတွေရဲ့ တော်လှန်ရေးဆိုတာကြီး
ငွေရတုအောင်ပွဲ (၂)နှစ်လိုတော့တယ်။ ။
Saturday, August 6, 2011
23 နှစ် ရှစ်လေးလုံးသွေးကြွေးများ
ရာသီစက်ဝန်း ဖြစ်ရပ်မျိုးစုံ အဖုံဖုံ ကို
မောင်ကျောင်းသားတို့  ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့၏။
ကျောက်စာပေစာ ပရပိုက်က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်လေပြီ။
ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ် က
ကျောင်းသားရဲဘော် အများစုမှာ
သွေးကြွေးတွေကိုဆွေးနွေးချင်လို့ 
ရိုးရိုးသားသား ကြိုးစာပြီးတောင်းဆို
အာဏာရှင်စနစ်ဖြုတ်ချရေးက
အရေးကြီးတာမို့  မဆလ အား
လူထုအားဖြင့် ကြိုးဝိုင်းထဲမှာ
ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ယူခဲ့ကြတယ်။စစ်ဖိ
လက်မမြှောက် ကြောက်စိတ်မပြေ
ကိုမင်းကိုနိုင် ကိုကိုကြီး တို့  ဒို့ ကျောင်းသားတွေ
ဟိန်းထ ထိန်းမရ မွေးလာခဲ့ကြတယ်။
သွေးနီနီရဲ ပြည်သူများ အလောင်းတွေပလူပျံ
ဦးနှောက် အလီလီခုန်ထွက် ပုံပျက်လှတဲ့ အနိဌာရုံ
ငရဲပြည်ထက်ဆိုးဝါး ဒို့ လိုတာက လူ့ အခွင့်အရေး
ဦးစားပေးတာ ဒီမိုကရေစီ ညီညီညာညာ ဟစ်ကြွေးနေတာ
စစ်အာဏာရှင်စနစ် ဖြုတ်ချရေး။
တချို့  က ရှစ်လေးလုံးကို အနုပညာဖြင့် ဂုဏ်ပြုမှတ်တမ်းရေးကြ
အခု ၂၃နှစ်ပြည့်ပြီ...
ရက်တစ်ရာ အစိုးရ တဲ့ ဘာမှမပြောင်းလဲ
ပြောင်းလဲတာက ပြည်သူမွဲ
အစိုးရက မစစ် မရမကအတင်းဖြစ်
တစတစ လည်ပင်းညှစ် ညှစ်လို့ အားမရ
...အသားက အစ ...အရိုးအဆုံး
အကုန်လုံးသိမ်းကျုံး လူလုံးမလှ အပူလုံးကြွ
သတ်လိုက်ကြ ထောင်ထဲထည့်ကြ ဒါလားအစိုးရ။
မိုးကောင်း သပိတ်တိုက်ပွဲ နိဒါန်း
မနက် (၆)နာရီလောက် အိပ်ယာက ထ ကွန်ပြူတာဖွင့်
လိုက်တာနဲ့ ကျနော့် g-talk ပွင့်လာပါတယ် ဒါနဲ့ g-talk မှာ ဘယ်သူတွေများ တက်နေပြီလဲလို့
ကြည့်လိုက်တော့ သူငယ်ချင်း တယောက်ပေါ့ သူ့ရဲ့ g-talk Custom message မှာ တင်ထားတာကတော့ ၈၈၈၈ ကာလ နီးလာပြီတဲ့ ဒီအခါမှာ ကျနော်လည်း သတိထား
မိလိုက်တယ် သြော် သြဂုတ်လတောင် ရောက်နေပြီပဲလို့ စဉ်းစားရင်း ကျနော်ရဲ့ အတွေးတချို့က
၁၉၈၈ ကာလအချိန် ဆိုတာလေးကို ပြန်ရောက် သွားပါတော့တယ်။
အိမ်အောက်မြစိမ်း မိုးကောင်းကိန်း
ကျနော် နေထိုင်ခဲ့တဲ့ မြို့ကလေးအကြောင်းကို
နဲနဲတော့ မိတ်ဆက်ပေးချင်ပါတယ်။ စတုတ္ထ မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ အင်္ဂါနေ့ နံနက်
အရုဏ်တက်ချိန်မှာ မြို့ဟောင်း စော်ဘွားကြီး၏ သား “စပ်မောင်ဆိုဝ်” က နန့်ရင်းချောင်း နှင့် နန့်ကောင်းချောင်း ဆုံရာနေရာတွင် မိုးကောင်းမြို့ ကို စတင်
တည်ထောင်ခဲ့ပါတယ်။ နန့်ကောင်းချောင်း နှင့်
နန့်ရင်းချောင်းတို့ ပေါင်းဆုံပြီး အနောက်မှ
အရှေ့သို့ ကွေ့ဝိုက်စီးဆင်းနေသော မိုးကောင်းချောင်းကို အမှီပြု တည်ထားတဲ့ မြို့လေးတမြို့
ဖြစ်သလို အရှေ့ဘက်နှင့် မြောက်ဘက် တို့တွင် ကချင်ပြည်နယ်၏ သဘာဝ အလှဖြစ်သည့် စိမ်းလန်းစိုပြေသော
တောင်ရိုး တောင်တန်း များ၏ အလှကို ရှုမငြီးဖွယ် မြင်တွေ့နိုင်ပါတယ်။ မိုးကောင်းမြို့ကို
တည်သော ကောဇာ သက္ကရာဇ် ၁၁၅၃ ခုနှစ်ကို မှတ်သားရ လွယ်စေရန် “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း”
ဟု စပ်ဆိုမှတ်သား ထားခဲ့ပါတယ်။
ကျောက်စိမ်းထွက်ရာ
ဖားကန့်၊ တောမှော်၊ လုံးခင်း စတဲ့ ရတနာမြေကို သွားရာလမ်း စခန်းထောက် အဖြစ် နားခိုရာ
မြို့လေးတမြို့ ဖြစ်သလို ရတနာမြေမှ ကျောက်စိမ်းများကို ရောင်းဝယ် ဖောက်ကားတဲ့ မြို့ကလေး
လည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့မှ လာရောက် နေထိုင်၍ စီးပွားရှာကြတဲ့ စီးပွားရေးမြို့
ကလေးလည်း ဖြစ်ပါတယ်။ ဒီမြို့က လူတွေဟာ စီးပွားရေး အတော်အသင့် ချောင်းလည်ကြသူများ ဖြစ်ပါတယ်။
(အခု မဟုတ်ဘူးနော် ဟိုတုန်းက ပြောတာ) ပိုက်ဆံမရှိလျှင် ဖားကန့် (သို့) တောမှော်ဖက်
တက်သွားလိုက်ကြ တူးလို့ရလာတဲ့ ကျောက်စိမ်းတွေကို ရောင်းချလို့ ရတဲ့ငွေလေးနဲ့ တနှစ်လောက်
ထိုင်စားလိုက် ကုန်ရင် ဖားကန့် ပြန်သွားလိုက်နဲ့
အပူအပင် သိပ်မရှိကြဘူး သဘာဝ တရားက ပေးထားတဲ့ ရတနာမြေကို မှီခို စားသောက် နေကြတဲ့
သူတွေပေါ့။ အဲဒီထဲမှာ ကျနော်လည်း ပါတာပေါ့ သုံးစရာ ပိုက်ဆံမရှိလျင် အမေ့ဆီက တောင်း
အကိုတွေ ဆီကတောင်း ဘယ်သူမှ မရှိလျင် အမေ့ သေတ္တာထဲ သွားနှိုက်လိုက်တာပဲ ဘာပြဿနာမှ မရှိဘူး။
ဒါကြောင့် ကျနော့်ဘဝ ကျနော့် အနာဂါတ် အတွက် ဘာမှ လေးလေးနက်နက် မစဉ်းစားခဲ့မိဘူး ကျောင်းသွားလိုက်
သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဘာမှ အလေးအနက်
မစဉ်းစားတဲ့ လူငယ် တယောက်ပေါ့။ ကျောင်းခန်းထဲမှာ ပညာကို လိုလိုလားလား သင်ယူတာ တခါမှ
မရှိခဲ့ဘူးပါဘူး ။ တခါတော့ အင်္ဂလိပ်စာ ဆရာက အရှေ့မှာ စာသင်နေတုန်း ကျနော်က နောက်မှာ
တံမျက်စည်းကို ဂီတာ လုပ်တီးနေလို့ ဆရာက ဒေါသတကြီးနဲ့ `မင်း … စာမသင်ချင် ထွက်သွား ဆန်ကုန်
မြေလေး” လို့တောင် အပြော ခံရဘူးပါတယ်။ အဲဒီ အချိန်တုန်းက ကျနော်ဟာ တကယ် ဆန်ကုန်မြေလေး
ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော့်ရဲ့ စဉ်းစားချက် ဟာ ဆယ်တန်းအောင်ရင် တက္ကသိုလ် တက်ပြီး
ပိုက်ဆံ ဖြုန်းမယ်၊ အလေလိုက်မယ် ပဲ စဉ်းစားနိုင်ခဲ့တယ်။
တောသားမြို့ရောက်
ကျနော် ဆယ်တန်း
စာမေးပွဲပြီးတော့ ဖားကန့်ဖက် (တောမှော်) မှာကျောက်တူးဖို့ သူငယ်ချင်း သိန်းထိုက်နဲ့
သွားခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ ငွေရရင် ရန်ကုန်ကို သူငယ်ချင်းတွေနဲ့ စုပြီး သွားလည်ဖို့ပါ
ငွေဆိုတာ ကတော့ ကျနော်တို့ ဒေသမှာတော့ သိပ်မရှားဘူးလို့ ပြောရပါမယ်။ ကျောင်းသားဘဝမှာ
တောင် ငွေရှာရတာ သိပ်ခက်ခက်ခဲခဲ မရှိခဲ့ပါဘူး။
ဒါနဲ့ ရန်ကုန်ကို ကျနော်တို့ သူငယ်ချင်း (၂)ယောက်နဲ့ အတူ ကျနော့် အကို အပါအဝင်
စုစုပေါင်း (၄) ယောက် အလည်တခေါက် ရွှေမြို့တော်ကို ရောက်သွားခဲ့ကြတယ်။ ရန်ကုန်ကို ကျနော်တို့
ရောက်တဲ့ အချိန်က ၁၉၈၈ ခုနှစ် မေလကုန်ပိုင်း လောက်မှာပါ။ ရန်ကုန်မှာ ပါလာတဲ့ ပိုက်ဆံကို
လိုက်ဖြုန်းရင်း တောသား လေးယောက် လျှောက်လည်ကြတာပေါ့ဗျာ မရောက်တဲ့ နေရာမရှိ ရလေအောင် အစုံပဲ။ အင်းစိန်ဖက်က
အမျိုးတွေဆီ သွားရင်း ရန်ကုန် စက်မှုတက္ကသိုလ် ကို ဖြတ်ပြီး သွားရပါတယ် R.I.T ကျောင်းရှေ့
ရောက်တော့ ကျနော့်ဦးလေး က မိတ်ဆက်ပေးပါတယ် “ ဒါ R.I.T ကျောင်းပဲကွ ပြဿနာတွေ ဖြစ်လို့
ကျောင်းတွေ ပိတ်ထားလိုက်ပြီ ” လို့ ပြောလိုက်တဲ့ အချိန်မှာပဲ ကျနော်တို့ အုပ်စုထဲက
သိန်းထိုက် က“ ရဲဘော်ဖုန်းမော် မင်းကို ငါတို့ အလေးပြုပါတယ်” လို့ မဆီမဆိုင် ထ အော်တယ်။
မတ်လတုန်းက စက်မှု တက္ကသိုလ်မှာ ကျောင်းသား နဲ့ အစိုးရ ပြဿနာဖြစ်တယ် ဆိုတာတော့ ရေးရေးကြားဖူးတယ်
ဘာဖြစ်တယ် ဆိုတာ သေသေခြာခြာ ကျနော် မသိပါဘူး။ ဒါနဲ့ ကျနော်က လှမ်းမေးလိုက်တယ် “ရဲဘော်
ဖုန်းမော်ဆိုတာ ဘယ်သူလဲ” လို့။ ကျနော့် သူငယ်ချင်း သိန်းထိုက်က R.I.T ကျောင်းသား
ကိုဖုန်းမော် အကြောင်းကို မိတ်ဆက်ပေးတယ်။ ကျနော့် သူငယ်ချင်း သိန်းထိုက် ဆိုတာ စာဖတ်
ဝါသနာပါသူပါ စာအုပ်ဆို ဘာ စာအုပ်ဖြစ်ဖြစ် တွေ့ရင် ဖတ်လေ့ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ
သူဖတ်ထားတဲ့ စာအုပ်တွေ အကြောင်းကို အာဘောင်အာရင်း သန်သန် ပြောတတ်သူပေါ့ ။ သိန်းထိုက်က
ကိုဖုန်းမော် အကြောင်းကို ပြောပြတော့ ကျနော့် ဦးလေးကလည်း “ ဟုတ်တယ် အခု သတင်းတွေ ထွက်နေတယ် ကျောင်းပြန်ဖွင့်တာနဲ့
ကျောင်းသားတွေ ကလဲ ဆန္ဒပြမယ်တဲ့ ရန်ကုန်မှာ ကျောင်းလာတက်ကြတဲ့ တချို့ ကျောင်းသားတွေဆို
ချို့ချို့တဲ့တဲ့ နဲ့ ကျောင်းလာ တက်ရတာ အခုလိုဖြစ်တော့ သူတို့ဖက်ကလည်း ခံပြင်းမှာပေါ့
.. “ မင်းတို့လည်း လည်လို့ ဝရင် ပြန်ကြတော့ကွာ ရန်ကုန်မှာ အခြေအနေ သိပ်မကောင်းဘူး ”
လို့ပြောတယ်။ အဲဒီ စကားကို ကျနော် ကြားလိုက်တော့
စိတ်ထဲမှာ တမျိုးကြီး ခံစားလိုက်ရတယ်။ ဘယ်လို ခံစားမှုမျိုးမှန်း ကျနော် တိတိပပ မပြောတတ်ဘူး။
ဒါနဲ့ပဲ ရန်ကုန်မှာ နှစ်ရက်လောက် နေပြီး ကချင်ပြည်နယ် မိုးကောင်းကို ပြန်ခဲ့ကြပါတယ်။
ကျနော်တို့ မိုးကောင်းကို ပြန်ရောက်ပြီး သိပ်မကြာမှီ
ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်ပြီ ဆယ်တန်းအောင် စာရင်းလည်း ထွက်ပြီ ကျနော် စာမေးပွဲ
ဖြေတုန်းက အင်္ဂလိပ် တဘာသာကို အောင်မှတ်ရအောင် မဖြေနိုင်ခဲ့ဘူး ဒါကြောင့် အောင်စာရင်း
ထွက်တော့ သူများတွေလို ရင်ခုန်စရာလည်း မလို ထင်ထားသည့် အတိုင်းကျသည် သူငယ်ချင်းတွေတော့
အောင်ကြတယ်။ ရန်ကုန်က ပြန်လာပြီး နောက်ပိုင်း လေးလေးနက်နက် စဉ်းစားတတ် လာတယ် ကျောင်းဆွေးဆွေး လူဆွေးဆွေးနဲ့ နေလာခဲ့တာ အသက်လည်း
(၂ဝ)ရှိပြီ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝနဲ့ မဖြတ်
သန်းချင်တော့ပါ။ ဒါကြောင့် လာမဲ့နှစ်တော့ အမှတ်ကောင်းကောင်း ရအောင်ဖြေပြီး ရန်ကုန်မှာ
ကျောင်းသွား တက်နိုင်အောင် လုပ်မယ်ဆိုပြီး အားနည်းတဲ့ အင်္ဂလိပ် ဘာသာကို ကျူရှင်ယူပြီး
စာကိုပဲ နှစ်စထဲက ဖိလုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
ဝိုင်းကျူရှင်
ဒီအချိန် ကျနော်တို့မြို့ကို
နယ်လှည့်ပြီး ကျူရှင် လိုက်ဖွင့်စားနေတဲ့ ဆရာကောင်းသန့် ဆိုသူ ရောက်လာ ပါတယ်။ သူငယ်ချင်း
တချို့က ဆွယ်တော့ ကျနော်လည်း သူ့ ကျူရှင် သွားတက် လိုက်တယ်ပေါ့။ နောက်တပါတ် လောက်မှာ
ကျူရှင် ဆရာကောင်းသန့်က သူနဲ့တွဲသင်မဲ့ ဆရာမျိုးလွင် ဆိုသူ ခပ်ငယ်ငယ် ဆရာတယောက်နဲ့
မိတ်ဆက် ပေးပါတယ်။ တလ လောက်အကြာမှာ ဆရာကောင်းသန့် က ကျနော်တို့ဆီက ကျူရှင်လခတွေ ကြိုယူပြီး
ထွက်ပြေးသွားပါလေ ရော ။ အဲဒီ ကျူရှင်မှာ ကျနော်တို့ ကျောင်းသား/သူ (၁၅)ယောက် ရယ် ဆရာမျိုးလွင်ရယ်ပဲ
ကျန်ခဲ့တယ်။ ကျူရှင် အတွက် ငှါးထားတဲ့ အခန်းခ ကလည်း မပေးရသေး ကျန်ခဲ့တဲ့ ဆရာမျိုးလွင် စားရေးသောက်ရေး ကအစ ကျနော်တို့
ကျောင်းသား/သူအတွက် ပူပင်စရာ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ဒီကျူရှင်လေးကို ရပ်တန့် မသွားရအောင်
အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရတဲ့ ဝိုင်းကျူရှင်လေး ဖြစ်သွားပါတော့တယ်။ ကျနော်တို့နဲ့
ဆရာမျိုးလွင် ဆက်ဆံရေးက ဆရာတပည့် ဆိုတာထက် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး ရဲဘော်ရဲဘက် ဆက်ဆံရေးမျိုး
ဖြစ်လာပါတယ် ။ စာသင်ရင်းနဲ့ အကြောင်း တိုက်ဆိုင်လာရင် သူတို့ ဧရာတီတိုင်း ဒေးဒရဲမြို့က
နိုင်ငံရေး သမားတွေ သောက်တဲ့ လ္ဘက်ရည်ဆိုင် အကြောင်းတွေ ထောင်ထဲ ရောက်သွားတဲ့ သူ့ရဲ့
လုပ်ဖော်ကိုင်ဖက် အကြောင်းတွေ ပြောလာပါတယ်။ ကျနော်လည်း ဆရာမျိုးလွင်နဲ့ သူငယ်ချင်းလို
ဖြစ်သွားပြီး အားတဲ့ အချိန်တိုင်းမှာ သူ့အခန်းကို သွားပြီး ရောက်တတ်ရာရာ စကားတွေ ပြောနေတတ်ပါတယ်
။
ကျနော်နဲ့ ဘီဘီစီ
ကျနော်တို့အိမ်မှာ
National အမျိုးအစား ရေဒီယို ကက်ဆက်တလုံး ရှိပါတယ်။ ရေဒီယို နားထောင်တဲ့ အလေ့ အထ ကျနော့်တွင်
မရှိပါ။ သို့သော်လည်း ရေဒီယိုမှ လာနေသော အသံများ ကတော့ ကျနော့်နားထဲ ရောက် ရောက်လာ
တတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် အဖေမှာ ရေဒီိယို လိုင်းပေါင်းစုံကို အမြဲဖွင့်
နားထောင် တတ်သောကြောင့် ဖြစ်ပါတယ်။ ကျနော့်အဖေ အများဆုံး နားထောင်သော လိုင်းမှာ ဘီဘီစီနဲ့
ဗမာပြည် ကွန်မြူနစ် ပါတီလိုင်း ဖြစ်ပါတယ်။ နောက် အဖေဆုံးသွား ပေမဲ့လည်း ရေဒီယိုကို
ဖွင့်ထားတဲ့ အကျင့် တခုတော့ ရလာပါတယ် အစတုန်း ကတော့ ရေဒီယိုမှ လာနေသော သတင်းများကို
အလေးအနက် မထားခဲ့ပါဘူး ။ နောက်ပိုင်း မြို့ကြီးတွေမှာ ကျောင်းသားများ ကွက်ကြားကွက်ကြား
ဆန္ဒပြတဲ့ သတင်းတွေကို စိတ်ဝင်တစား အာရုံစိုက် လာခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ခရစ်စတိုဖါဂါးနက်
ရဲ့ သတင်း ပေးပို့ချက်တွေကို မလွတ်တန်း နားထောင်လာပါတယ်။ ၈ရက် ၈လ ၁၉၈၈ မှာ တနိုင်ငံလုံး
အတိုင်းအတာ ဆောင်တဲ့ ကျောင်းသား ဆန္ဒပြမှုတွေ ပြုလုပ်မယ်လို့ ရန်ကုန် ကျောင်းသား ခေါင်းဆောင်
တယောက်က ဘီဘီစီ ကနေ အမေးအဖြေ လုပ်သွားတဲ့ သတင်းတွေကို ကြားတော့ ကျနော့်စိတ်ထဲ မရိုးမရွ
ဖြစ်ပြီး ဘာလုပ်ရမှန်းလဲ မသိ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့
တွေ့ရင်တော့ နားထောင်ခဲ့သမျှ သတင်းတွေကို ဖောက်သည် ပြန်ချရတာကို အရသာ တွေ့လာပါတယ်။ ကျနော့် သူငယ်ချင်းတွေ ကလည်း ရန်ကုန်မှာ ဖြစ်နေသော
ကျောင်းသား အရေးအခင်း အကြောင်းတွေကို တိုးတိုးတိတ်တိတ် ပြောလာကြပါတယ်။ ဒါကို အခွင့်ကောင်း
ယူကာ ကျနော်က သူငယ်ချင်းတွေကို မေးလိုက်ပါတယ် “ငါတို့မြို့မှာ ကျောင်းသား သပိတ်တွေ
ဖြစ်လာရင် မင်းတို့ ပါမလားလို့” မေးလိုက်တော့ သူငယ်ချင်း တယောက်က “မဖြစ်နိုင်ပါဘူးကွာ
ဘယ်သူ ဦးဆောင်မှာလဲ ဦးဆောင်တဲ့ သူမှမရှိတာ ငါတို့မြို့က စီးပွားရေးကိုပဲ စိတ်ဝင်စားကြတာ”
တဲ့ ကျနော်က အတည်ပေါက်နဲ့ “ရန်ကုန်က ကျောင်းသားတွေ လာဦးဆောင်မှာပေါ့ ” ကျနော် အထင်ကို
အတည်ပေါက်နဲ့ ပြောချလိုက်တော့ သူငယ်ချင်း တယောက်က “ဟ အဲဒါဆို ပါရမှာပေါ့ ငါတို့လည်း
ကျောင်းသားတွေပဲ ” အဲဒါဆို ရန်ကုန် ကျောင်းသားတွေကို
စောင့်ကြတာပေါ့ ” လို့ပြီပြောပြီး လက်ဖက်ရည်ဆိုင် ကနေ ကျနော်တို့ လမ်းခွဲ လိုက်ကြပါတယ်။
ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်
ရှစ်လပိုင်းထဲကို
ဝင်လာပြီ ကျတော်တို့ကို ဦးဆောင်မဲ့ ရန်ကုန် ကျောင်းသားဆိုတာ တွေက မျှော်သာမျှော် ပေါ်
မလာ ဖြစ်နေပါတယ်။ ဘယ်သူတွေ လာ ဦးဆောင်မယ် ဆိုတာကို စဉ်းစားလို့မရ ဘယ်လိုလုပ်မယ် ဆိုတာလဲ
မသိ ဖြစ်နေချိန်မှာ ကျနော့ သူငယ်ချင်းသိန်းထိုက် အိမ်ကို ပေါက်ချလာပါတယ်။ သူနဲ့ ကျနော်နဲ့
ကျောင်းက မတူဘူး သူက (၈)တန်းအောင်တော့ အထက(၁) ကိုပြောင်းသွားတယ် ကျနော် ကတော့ အထက(၂)
မှာ ကျောင်းဆွေး လူဆွေးပေါ့။ အထက (၁) လပါတ် စာမေးပွဲက ရှစ်ရက်နေ့မှာ ဖြေရမယ် သူ စာမကျက်ရသေးဘူး
ဘယ်လိုလုပ် ရမလဲလို့ လာငြီးပါတယ်။ ဒါနဲ့ ကျနော်က ဒါတိုက်ဆိုင်တာပဲ (၈)ရက်နေ့မှာ တနိုင်ငံလုံး
ဆန္ဒပြမယ် မင်းလည်း ဆန္ဒပြလိုက် ဒါဆို စာမေးပွဲလဲ ပျက်ပြီ မင်းလဲ သပိတ်ခေါင်းဆောင် ဖြစ်ပြီလို့
သာသာထိုးထိုး ကျနော်ပြော လိုက်ပါတယ်။ သူက စိုးရိမ်စိတ်နဲ့ ငါက လပါတ်မဖြေချင်တာ အဲဒီလို
လုပ်လို့တော့ မဖြစ်ဘူးလို့ ပြောပါတယ်။ ကျနော်က အတင်း တိုက်တွန်းတော့ သူလုပ်မယ်လို့
သဘောတူလိုက်ပြီး ကျနော်တို့ ကျောင်းမှာကပ်ဖို့ တိုက်တွန်းစာတွေ ရေးကြပါတယ်။ (၈)ရက်နေ့
ကျရင် အထက(၁) ကို သိန်းထိုက် ဦးဆောင်ပြီး ထွက်လာ သူတို့ကျောင်းက သပိတ်မှောက် ကျောင်းသားတွေ
ရောက်လာရင် ကျနော်က အထက(၂) က ဦးဆောင်ထွက်
မယ်ဆိုပြီး ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်၊ ဂျာမဏီ၊ အီတလီ ဝင်ရိုးတန်း နိုင်ငံတွေ ကမ္ဘာကြီးကို
ခွဲဝေသိမ်းပိုက် မည့်အလား အစီအစဉ်တွေကို ချလိုက်ကြပါတယ်။ သြဂုတ်လ (၇)ရက်နေ့ ညမှာ သူရေးထားတဲ့
စာကို ကျနော်တို့ကျောင်း အထက (၂)မှာ ကပ် ကျနော်ရေးသော စာလိုလို ကဗျာလိုလို စာရွက်ကို
သူတို့ အထက(၁)မှာ ကပ်လိုက်ကြပါတယ်။ အဓိပ္ပါယ် ကတော့ လက်ရေး မမှတ်မိအောင်လို့ပါ (၈)ရက်နေ့
ကျောင်းမသွားခင်မှာ ကျနော်တို့မြို့ စော်ဘွားတိုက် စားသောက်ဆိုင်ကို လာဖို့ သိန်းထိုက်က
ချိန်းလိုက်ပါတယ်။ ကျောင်းမသွားခင် စားသောက်ဆိုင်ကို ဝင်လိုက်တော့ သိန်းထိုက်နဲ့ သူငယ်ချင်း
ဇော်ရာ တို့ ရောက်နှင့်နေပြီး ဝက်ခေါင်းသုပ်နဲ့ မီးတောက် (ကချင်အရက်) သောက်နေကြသည်ကို
တွေ့ပါတယ်။ အစီစဉ် မစခင် ရဲဆေးတင်တာတဲ့။ မနက်ပိုင်းမှ
စ၍ ကျနော်တို့ မြို့ပြင်မှာ တပ်စွဲထားတဲ့ ခလရ(၇၄) ဖက်က သေနတ်သံ လက်နက်ကြီးသံများ တိုက်တိုက်ဆိုင်ဆိုင်
ကြားနေရပါတယ်။ သိန်းထိုက်ကို ကျနော် သိပ်စိတ်မချလို့ သူ့ကျောင်းဖက်မှ ပတ်၍ကြည့်ရန်
လိုက်သွားပါတယ်။ သိန်းထိုက် တယောက် လမ်းမှာ ကျောင်းသို့ သွားနေသော ကျောင်းသူ ကျောင်းသားများ၊
ဆရာ ဆရာမများကို ကျောင်းကို မသွားကြဖို့ တိုက်ပုံ တကားကားနဲ့ သောက်ထားတဲ့ အရက်အရှိန်ကြောင့်
အော်နေသည်ကို တွေ့လိုက်ရတယ်။ ကျနော် တော်တော် စိတ်ဓါတ်ကျသွားတယ် ကျနော်တို့ ကျောင်းရောက်တော့
ကပ်ထားတဲ့စာကို ၈ နာရီလောက်မှာ အမှတ်(၈) ထောက်လှမ်းရေးက လာခွာသွားပြီတဲ့ ကျောင်းသူ
တချို့ပြောနေသံကို ကြားရတယ်။ ကျနော်နဲ့ သူငယ်ချင်း တချို့လည်း အထက(၁) က သိန်းထိုက်
ဦးဆောင်ချီတက်လာမဲ့ ကျောင်းသားတန်းကြီးကို စောင့်မျှော်နေကြပါ တယ်။ တနာရီလည်း ပေါ်မလာ
နှစ်နာရီလည်း ပေါ်မလာ ဒီလိုနဲ့ နေ့လည် ကျောင်းဆင်းချိန် ရောက်တော့ ကျနော် သူတို့ကျောင်းဖက်ကို
ထွက်ခဲ့ပါတယ်။ BOC (ဓါတ်ဆီဆိုင်) ရှေ့ရောက်တော့ စစ်သားတွေ စောင့်နေတာကို တွေ့လိုက်ရပါတယ်။
ဒါနဲ့ ကျောင်းဖက်ကို လှမ်းကြည့်လိုက်တော့ ကျောင်းသား၊ ကျောင်းသူတွေကို နေ့လည် ကျောင်းဆင်းချိန်မှာ
မပြန်ခိုင်းပဲ တားထားသည်ကို တွေ့လိုက်ရပါတယ်။ ဒီအချိန် ကားလမ်းနဲ့ ရထားလမ်း အဖြတ်မှာ
ရထားတစီး ရပ်ထားသည်ကိုလည်း တွေ့ရပါတယ်။ ပါတ်ဝန်းကျင်ကို စပ်စုကြည့်တော့ မြောက်ပိုင်းတိုင်း
စစ်ဋ္ဌာနချုပ် တိုင်းမှူးကျော်ဘ စီးလာတဲ့ ရထား မထွက်သေးလို့ ကျောင်းသားတွေကို တားထားခြင်းလို့
သိရပါတယ်။ ဆယ်မိနစ်လောက် ကြာတော့ ကျနော်၏ မင်းသား မောင်သိန်းထိုက် ပိတ်ထားသော ကျောင်းတံခါးဝမှာ
ဆရာတယောက်နဲ့ စကားများနေတယ် တိုက်ပုံကို ဝတ်ပြီး ပါးစပ်တခုလုံး ရဲပဒေါင်း ခတ်အောင်
ကွမ်းတွေကို ဝါးထားတယ်။ ဆရာကို သူပြောနေတာ ကတော့ “ ကျနော်တို့
အိမ်ပြန်ချင်ပြီး ဒီလက်နက်ကိုင်တွေ ဘာဖြစ်လို့ ကျနော်တို့ ကျောင်းသားတွေကို ဝိုင်းထားကြတာလဲ
အခု ဖယ်ပေးပါ။ ကားမတ်စ် က ပြောဘူးတယ် စာသင်ကျောင်း ဆိုတာ ကလေးတွေရဲ့ ကစားကွင်းတဲ့ အခုဟာက
အကျဉ်းထောင်ကြီးနဲ့ တူနေပြီ “ ဟု သူဖတ်ထားတဲ့ စာအုပ်တွေထဲက စကားလုံးတွေကို ဟန်ပါပါ
ရွတ်ပြကာ အတင်းတိုးထွက် လာခဲ့ပါတယ်။ ကျနော် ရှိရာဖက်သို့ ဦးတည်လာပြီး ကျနော်တို့နား
ရောက်တဲ့အခါ လမ်းသွားလမ်းလာ တွေကို ပိတ်ထားတဲ့ BOC ဂိတ်ကို ကန်ဖွင့်လိုက်သည်။ စောင့်နေသည့်
စစ်သားကတော့ ဘာမှမလုပ်ပါ။ ပြီးတော့ သွားကြ သွားကြ လွတ်လပ်စွာ သွားလာခွင့် ရှိတယ် ဆိုပြီး
ကျနော့် အနားရောက်လာ ပါတော့တယ်။ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ကွာ တိုင်းမှူး ရောက်နေတယ်တဲ့
သွားမယ် ဆိုပြီးကျနော့် စက်ဘီးမှာ တက်လိုက် လာပါတယ်။ ဟုတ်ပါတယ် (၈) ရက် (၈)လ (၁၉၈၈)
ခုနှစ်မှာ ကျနော်တို့ မြို့မှာ စောစောစီးစီး K.I.A မှ လာပစ်သော သေနတ်သံ ကြားရပါတယ်။
နောက် တိုင်းမှူး ကျော်ဘ ရောက်နေလို့ စစ်တပ်က လုံခြုံရေး တိုးယူထားပါတယ်။ တိုက်ဆိုင်မှုတွေကြောင့် ကျနော်တို့ရဲ့ မဟာစီမံချက်ကြီး
အထမမြှောက် ဖြစ်သွား ရပါတော့တယ်။ အဲဒီ ညနေမှာ သိန်းထိုက်ကို ရုံးခန်းမှာ ထောက်လှမ်းရေးနဲ့
ဆရာများ ခေါ်ယူ စစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။ သူ့ကိုဖမ်းရင် ပြဿနာ ပိုမိုကြီးလာ နိုင်တယ်လို့
ယူဆပြီး သူ့အမ ကျောင်းဆရာမရဲ့ အာမခံချက်နဲ့ သူ့ကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ကျနော်တို့
မြို့မှာ သြဂုတ်လ (၉) ရက် နေ့မှာစ၍ ကျောင်းတွေ ပိတ်ထား လိုက်ပါတယ်။ ကျနော့် သူငယ်ချင်း
သိန်းထိုက်ရဲ့ ဆုတောင်းတော့ ပြည့်တယ်လို့ ဆိုရမှာပေါ့။
ကောလဟာလများ
တနိုင်ငံလုံး
ကျောင်းသားတွေ ဆန္ဒပြ နေကြပြီလို့ ကျနော်တို့ မြို့မှာ ကောလဟာလ သတင်းတွေ ပျံ့နေပါတယ်။
“ မြို့နယ်က ကောင်းလို့ ဒီမြို့မှာ ဘယ်တော့မှ မဖြစ်ရဘူး” “ကျောက်ပြင် သနပ်ခါးတုန်းတွေ
ထမိန်တွေကို တခြား ကျောင်းသားတွေ ပို့တယ်” စသော ကောလဟာလ သတင်းတွေ ပြန့်လွှင့် နေပါတော့တယ်။
သြဂုတ်လ(၉) ရက်နေ့မှာ ဘူတာကိုသွားတော့ မြစ်ကြီးနား မြို့မရပ်မှာ နေတဲ့ ကျနော်တို့ ကျောင်းအုပ်
ဆရာကြီးရဲ့သား ဝင်းကျော်သူ ကို မြစ်ကြီးနား-မန္တလေး အစုန်ရထားပေါ်မှာ တွေ့လိုက်ရတယ် ဒါနဲ့
မြစ်ကြီးနား အခြေအနေ သွားမေးကြည့်တော့ သူတော့ မန္တလေး လစ်တော့မယ်တဲ့ မြစ်ကြီးနား မှာတော့
မနေ့က ဆန္ဒပြတယ် ရဲက ပစ်လို့ ဇော်နန် ဆိုတဲ့ ကျောင်းသားတယောက် သေတယ် (၁၀)ရက် နေ့မှာ
ဇော်နန် အလောင်းကို ထမ်းပြီး ဆန္ဒပြမယ်၊ မြစ်ကြီးနားမှာ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေကြား
တင်းမာမှုတွေ ကြီးထွားနေတယ်၊ အခြေအနေ မကောင်းဘူး ဆိုပြီး ပြောသွားပါတယ်။ တနိုင်ငံလုံး
ကျောင်းတွေကိုတော့ (၁၀)ရက် နေ့မှာ စတင်ပိတ်ဖို့ (၉)ရက် နေ့မှာ ရေဒီယို မှကြေငြာ၍ ပိတ်လိုက်ပါတော့တယ်။
မှိုင်းရာပြည့် ကွင်းက ကြွေးကြော်သံ
ကျနော်တို့အိမ်တွင်
ဧည့်သည် သုံးလေးယောက်က အမြဲလို ရှိနေတတ်ပါတယ်။ အမေနဲ့ အကိုတို့က သူတို့ ဝယ်လာတဲ့ ကျောက်စိမ်းတွေကို
မိုးကောင်းမှာ ဈေးမကိုက်လျှင် (အမြတ်မရရင်) မန္တလေးသို့ ဆင်းရောင်း တတ်ပါတယ်။ အဲလို
သွားရောင်းတဲ့အခါ ကျောက်စိမ်းတွေကို သယ်ပေးမဲ့သူ (carry) ကို ဋ္ဌါးရပါတယ်။ တရားမဝင်
ရောင်းဝယ်နေကြတာ ဖြစ်လို့ တနေရာနဲ့ တနေရာ သယ်ယူတဲ့ အခါ အဖမ်းအဆီး ခံရတတ်ပါတယ်။ အစော
ပိုင်းတော့ အရပ်သား carry တွေ ဋ္ဌါးပါတယ်။ အဖမ်းအဆီးတွေ များလာတော့ နောက်ပိုင်းမှာ စစ်တပ်ထဲက
စစ်သားတွေကို carry အဖြစ် ဋ္ဌါးပါတယ်။ အဖေက စစ်မှုထမ်းဟောင်း ဆိုတော့ စစ်သားတွေနဲ့လည်း
ကျနော် တို့အိမ်က ရင်းနှီးပါတယ်။ အောက်ခြေ စစ်သားတွေရဲ့ ဘဝကိုလည်း ကျနော်တို့ မိသားစုက
ကောင်းကောင်း နားလည်ပါတယ်။ စစ်သားဆိုတဲ့ နေရာမှာ လက်ရှိ တာဝန် ထမ်းနေသူရော စစ်တပ်မှ
ထွက်ပြီးသား သူတွေလည်း ပါပါတယ်။ (၁၀)ရက် နေ့ရောက်တော့ မန္တလေးမှ ပြန်လာသော စစ်မှုထမ်းဟောင်း ဦးတင်ဝင်း
က ကျနော့်ကို စာရွက်အပိုင်းလေး လာပေးပါတယ်။ ကျနော် ကြည့်လိုက်တော့ မန္တလေး မှိုင်းရာပြည့်
ကွင်းမှာဝေတဲ့ လူထု သပိတ်ကြီး စတင်ဖို့ ခရိုင်မြို့နယ် တော်တော်များများ စုမိနေပြီ
မကြာခင် တနိုင်ငံလုံး ဆောင်တဲ့ သပိတ်ကြီး စတင်တော့မည် သပိတ်ကို အောက်ပါ ကြွေးကြော်သံ
အတိုင်း တညီတညွတ်ထဲ သပိတ်မှောက်ကြရန်။
သပိတ် …. သပိတ်…… မှောက်မှောက်
မီးဒုတ်….မီးဒုတ် ရှို့ …..ရှို့
ကုန်ဈေးနှုန်း
အမှန်တကယ် ကျဆင်ရေး ဒို့အရေး…..ဒို့အရေး
ကျောင်းသားသမဂ္ဂ
ပြန်လည်း ဖွဲ့စည်းရေး ဒို့အရေး…..ဒို့အရေး
စိန်လွင် အစိုးရ
ဖြုတ်ချရေး ဒို့အရေး…..ဒို့အရေး
ဒီမိုကရေစီ ရရှိရေး ဒို့အရေး…..ဒို့အရေး
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
ဆိုတဲ့ စာကို
တွေ့လိုက်တော့ ကျေးဇူးပဲ ဦးတင်ဝင်း ဆိုပြီး စာရွက်ကို ကျနော် ယူလိုက်တော့ ဦးတင်ဝင်းက
“မင်း အမေ ဆူနေပါအုံးမယ် ကွာ” ကျနော် ဘာမှ
ပြန်မပြောတော့ဘဲ ကာဗွန် (မှင်ခံစာရွက်) ခံပြီး အရွက် ငါးဆယ်ခန့် ကူးလိုက်ပါတယ်။ ကျောင်းမှ
ရင်းနှီးသော သူငယ်ချင်း တချို့ကိုတွေ့ပြီး ကြွေးကြော်သံ စာရွက် များကို ထပ်ဆင့်ပွားကူးပြီး
လိုက်ဝေငှရန် ပေးလိုက်ပါတယ်။
လူတိုင်းသိတဲ့ လျှို့ဝှက်ချက်
သြဂုတ်လ (၁၂)ရက်
နေ့မှာ မနက် အိပ်ယာမှထ ကတည်းက အညိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးဟာ(၁၁) နာရီခွဲ လောက်မှ
စဲလာပါတယ်။ သိန်းထိုက် ကလည်း ကျနော့်အိမ်ဖက်ကို မရောက်လာတော့ပါ။ ကျနော်တို့ မြို့မှာ
တကယ်ပဲ ဆန္ဒပြမဲ့ ကျောင်းသားတွေ မရှိတော့ဘူးလား၊ သူငယ်ချင်း တယောက် ပြောသလို စီးပွားရေးကိုပဲ
စိတ်ဝင်စားကြတာလား၊ ဘယ်သူမှ ဦးဆောင်မဲ့သူ မရှိကြတော့ဘူးလား၊ စသဖြင့် ခံပြင်းစိတ်တွေနဲ့
အတွေး နယ်ချဲ့နေမိပါတယ်။ ထိုအချိန်တွင် သိန်းထိုက်တို့ ကျောင်းက သူငယ်ချင်းတယောက် တင်ထွေး
ဆိုသူ ကျနော့် အိမ်ကိုမေးပြီး ပေါက်ချလာပါတယ်၊ သပိတ်မှောက်မယ်လို့ လာပြောပါတယ် မနက်ဖြန် ထွက်ရအောင် မင်းမှာ လူ ဘယ်နှစ်ယောက် ရှိလဲတဲ့ ကျနော်က (၂၀)လောက် ရှိတယ်ပြောတော့ သူ့ဆီမှာ အယောက်
(၅၀)လောက်ကို ပြောထားပြီးပြီ အလံလည်း ရှိတယ်လို့ ပြောလာပါတယ်။ ငါဆီမှာ ကြွေးကြော်သံတော့
ရှိပြီ ဒါဆို မနက်ဖြန် ရွှေသာလျောင်း ဘုရားကြီးမှာ စုပြီး ထွက်မယ်လို့ ကျနော်တို့ အကြမ်းဖျင်း
တိုင်ပင် လိုက်ကြတယ်။ ညဖက်မှာ တခြားသူတွေနဲ့ အသေးစိတ် ပြန်ဆွေးနွေးမည့် နေရာကိုပြောပြီး တင်ထွေး လည်း
ထွက်သွားပါတယ်။ ကျနော်လည်း သူငယ်ချင်းတွေကို လိုက်ပြော ကြွေးကြော်သံတွေ ထပ်ပြီးကူးနဲ့
တနေကုန် အလုပ်ရှုပ် နေတဲ့ ကျနော့်ကို အမေ က ရိပ်မိလာတယ်၊ မသွားဖို့ မလုပ်ဖို့ပြောတော့
ဟုတ်ကဲ့ လို့ပဲ ခေါင်းညိတ် လိုက်တယ်၊ ညနေရောက်တော့ သိန်းထိုက် ရောက်လာပါတယ် သူနဲ့အတူ
ဆရာကိုမျိုးလွင် ဆီကို သွားပြီး မနက်ဖြန် ကျနော်တို့ စတော့မယ်လို့ ပြောလိုက်တော့ သူ
ပြူးတူးပျာတာ ဖြစ်သွားပါတယ် “ အရမ်းလုပ်လို့
မရဘူး စနစ်တကျ မလုပ်ရင် အားလုံး အဖမ်းခံကြရမယ်” လို့ပြောပါတယ်။ ညဆုံရပ် နေရာကို ကိုမျိုးလွင်ကို
ပြောပြပြီး ပြန်လာခဲ့ပါတယ်။ အခြေအနေ သိရအောင် (၆)နာရီခွဲ လောက်မှာ မြို့ထဲကို လမ်းထွက်
လျှောက်တော့ ကျနော်တို့ သိုသိုသိပ်သိပ် စီစဉ်ထားသော ဆန္ဒပြမယ် ဆိုတဲ့ သတင်းက တမြို့လုံးကို
ပျံ့နေပါတော့တယ်။ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပေါ့။ ညရောက်နေတော့ ရေဒီယိုက ဦးစိန်လွင်
နုတ်ထွက် သွားပြီဆိုတဲ့ သတင်းကြားတော့ ဆန္ဒပြဖို့ ဆက်လုပ်ရမလား မလုပ်ရဘူးလား ကျနော်
မဝေခွဲတတ် ဖြစ်နေပါတယ်။ နောက်နေ့ မနက် ကျနော်အိပ်နေတာ အမေက တွေ့တော့ “ ကဲ--သပိတ်ခေါင်း
ဆောင်ကြီး မထသေးဘူးလား” လို့ စ သလိုလိုနဲ့ ကျနော် ဘာလုပ်မယ်ဆိုတာ သိချင်တဲ့ပုံနဲ့ စကား
လာပြောပါတယ်။ ကျနော်က “ အမေ ကလည်း စိန်လွင် အစိုးရ ပြုတ်ကျသွားပြီ လုပ်စရာ မလိုတော့ဘူး”
လို့ ပြန်ပြောလိုက်တော့ အမေက စိတ်အေးသွားပြီး သူ့အလုပ်သူ ပြန်လုပ် နေတာပေါ့။ ကျနော်လဲ
လက်ဖက်ရည် သွားသောက် လိုက်အုံးမယ် ဆိုပြီး ပိုက်ဆံတောင်း ထွက်လာခဲ့ ပါတယ်။ စက်ဘီးနဲ့
ပတ်ကြည့်တော့ ကျနော်တို့ စုရပ် ရွှေသာလျောင်း ဘုရားကြီးမှာ ဆန္ဒပြမဲ့ ကျောင်းသားတွေ မတွေ့ရပဲ
ကျနော် ထင်မှတ် မထားတဲ့ လက်နက် အပြည့်အစုံနဲ့ စစ်သားတွေကို တွေ့ရပါတော့တယ်။
ထောက်လှမ်းရေးကို လှည့်စားခြင်း
မိုးကောင်းမြို့
ရွှေသာလျောင်း ဘုရားကြီးရဲ့ လမ်းတဖက်တွင် လက်ဖက်ရည်ဆိုင်များ တန်းစီနေသည်။ ကျနော်တို့
လူတွေ ကြည့်လိုက်တော့ လက်ဖက်ရည် ဆိုင်တွေမှာ မနက်စာကို စားသုံးရင်း အခြေအနေကို စောင့်ကြည့်
နေကြပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ ကျူရှင်ဆရာ ကိုမျိုးလွင်ကို တွေ့ရပါတယ်။ ကိုမျိုးလွင်က
ကျနော့်ကို ခေါင်းတချက် ဆတ်ပြီး အခြေအနေကို မေးပါတယ်၊ ကျနော်လည်း လက်ကာပြပြီး ထွက်လာခဲ့ပါတယ်၊
ပါတီယူနစ် ရုံးရှေ့က စိမ်းဝါ လက်ဖက်ရည်ဆိုင် အနီးမှာ မြစ်ကြီးနား ကောလိပ်မှာ တက်နေတဲ့
ကျော်စိုး(ကျဆုံး) နဲ့ တွေ့တော့ သူက “ မင်း အစီအစဉ်ကိုဖျက် လိုက်တော့တဲ့” ကျနော် ဘာလုပ်ရမယ် မသိတော့ပဲ ထိုင်တွေဝေ နေမိတယ်။ အဲဒီအချိန်မှာ စံရွှေမြင့် ဆိုတဲ့ သူငယ်ချင်း တယောက်
ရောက်လာပြီး ကျနော့်ကို ဘာမပြော ညာမပြော ပိတ်ဟောက်ပါတော့တယ်။ “မင်းကွာ လူတွေကို ခေါ်တုန်းက ခေါ်ထားပြီး ဘာလုပ်နေတာလဲတဲ့
“ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ် “ဘာလုပ်
ရမှန်းမသိလို့ ထိုင်းနေတာ” “ဒါဆို ငါ့နောက်လိုက်ခဲ့”
ဘယ်ကိုလိုက်မှာလဲလို့ မေးလိုက်တော့ “ဒေဝကျောင်း ကို” လို့ပြန်ပြောတယ် နောက် သူရှင်းပြတာက လ္ဘက်ရည်ဆိုင်မှာ သူက သုဿန်ကျောင်း (ဘုန်းကြီးကျောင်း)မှာ
လူစုမယ်လို့ အများကြားအောင် ပြောလိုက်တော့ ထောက်လှမ်းရေး တွေက အဲဒီကို ရောက်ကုန်ပြီ
ဒါကြောင့် သူနဲ့ ဆန်းထွန်းတို့ နေထိုင်ရာ ဒေဝဘုန်းကြီးကျောင်းမှာ
ဆုံကြရန် ဆန်းထွန်း က လူစုထားတယ် ဆိုတော့ ကျနော် ထလိုက် သွားခဲ့ပါတယ်။
ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား
ကျနော်ရောက်တော့
ငါးယောက် လောက်သာရှိသေးသည် နောက်တော့ တယောက်စ နှစ်ယောက်စ လာ ရောက်ကြရင်း လူ(၂၀)လောက်
ဖြစ်လာတယ်။ ကျနော် လူလိုက်စု ကထဲက ကျောင်းသူတွေကို လိုက် မစည်းရုံးပါ ဒါပေမဲ့ ကျနော့်တို့
အတန်းထဲမှ ကျောင်းသူလေးယောက် ရောက်လာပါတယ်။ သူတို့ ရောက်လာတော့ နင်တို့ ဘာဖြစ်လို့
လာကြတာလဲ အန္တရယ်များတယ်လို့ ပြောတော့ ကိုကြီးတို့တောင် လုပ်သေးတာ ညီမလေးတို့လဲ ပါရမယ်
ကျောင်းသူ/သားတွေရဲ့ အရေး အားလုံးနဲ့ ဆိုင်တယ် ပါရမှာပဲတဲ့ ကျနော့်ကို ပြန်ရန်တွေ့ကြတယ်။
သူတို့နဲ့ ကျနော်က မောင်နှမတွေလို ရင်းနှီးကြသော သူများ ဖြစ်ကြတယ်။ ဒါကြောင့် ကျနော့်ကို
အတန်းထဲမှာလဲ ကိုကြီးဟု ခေါ်ကြတယ်။ ဒီလိုနဲ့ (၂၀)ယောက်တော့ ကျော်လာပြီ။ လူ(၂၀)လောက်
ဆိုရင်တော့ အဖမ်းခံရဖို့ များတယ် ကျနော်တို့မြို့က အမြဲတမ်း စစ်အုပ်ချုပ်ရေး မာရှယ်လော
ပုဒ်မ (၁၄၄) ထုတ်ထားတဲ့မြို့ လူနည်းရင်တော့ ပစ်လည်း သတ်နိုင်တယ်။ ကျနော် အမျိုးမျိုး
တွေးနေမိတယ်။ အဲဒီအချိန်မှာ နောက်ထပ် (၄)ယောက် ဝင်လာသည် တင်ထွေး က “အဲဒါ ကိုအောင်ကြီးပဲ
(ယခု RCSS ဗဟိုကော်မတီဝင် ဗိုလ်မှူးအောင်မောင်) သူက မန္တလေး တက္ကသိုလ်မှာ ကျောင်းတက်နေတာလို့
ပြောတော့ ကျနော် နဲနဲ အားတက်လာပါတယ် ။ ကျနော်တို့ ဦးဆောင် ဆန္ဒပြမဲ့ ကျောင်းသားတွေ
ပြန်ကြည့်လိုက်တော့ တချို့ (၈)တန်း (၉)တန်း (၁၀)တန်း ကျောင်းသားတွေ ရှားရှားပါးပါး
တက္ကသိုလ်ကျောင်းသား တယောက်သာ ပါခဲ့တယ်။ အားလုံး လူစစ်ကြည့်လိုက်တော့ ယောင်္ကျားလေး က
(၂၃)ယောက် မိန်းကလေးက (၄)ယောက် စုစုပေါင်းမှ (၂၇) ယောက် အဖမ်းတော့ ခံရနိုင်သည်။ ရန်ကုန်
နဲ့ တခြားမြို့ကြီးများမှ ကျောင်းသားတွေ တချို့ အသက်တောင် စွန့်သွားကြပြီ တာဝန်ကျေ
သွားကြပြီ ကျနော်တို့ လက်ပိုက် ကြည့်နေလို့ မရတော့။
မ.ဆ.လ အလံနဲ့ သူခိုးဓါးပြများ
ရောက်လာကြတဲ့
သူတွေအားလုံး တိုင်ပင်လိုက်ကြပါတယ်။ လူတော့နည်းတယ် မတတ်နိုင် ထွက်မှဖြစ် တော့မယ် ။
ဒါကြောင့် ကျနော်တို့ ချီတက်ရာလမ်းတွင် တွေ့တဲ့သူ မှန်သမျှ အကုန်းဆွဲရန် သဘောတူ လိုက်ကြပါတယ်။
ကျနော်တို့ အားလုံးထွက်ကြမယ် ဘာမှ မကြောက်ကြနဲ့ လမ်းမှာ တွေ့တဲ့သူမှန်သမျှ အကုန် ဆွဲထည့်
ပြောလိုက်သည် ဆိုရင်ပဲ အားလုံးက တပြိုင်နက်တည်း ပါလာသော ပဝါများ သင်္ဃန်း အစုတ်များဖြင့်
မျက်နှာများတွင် စည်းလိုက် ကြပါတော့တယ်။ တချို့လည်း ပါလာသော နုတ်ခမ်းနီများ မိတ်ကပ်များဖြင့်
ရုပ်ကို မမှတ်မိအောင်ဖျက် လိုက်ကြပါတယ်။ ထွက်မဲ့သူတွေကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ
အစိုးရကို ဆန္ဒပြမဲ့ ကျောင်းသားများနဲ့ မတူ ရုပ်ရှင်ထဲက သူခိုး၊ ဓါးပြ တွေလိုဖြစ်သွားပြီး
ကိုယ့်အချင်းချင်ပင် သေသေချာချာ မမှတ်မိတော့ ။ အလံ တာဝန်ယူထားတဲ့ တင်ထွေးကို အလံထုတ်တော့လို့ ပြောလိုက်တော့ ကျနော် ထင်ထားတဲ့ ကြယ်ငါးပွင့် အလံမဟုတ်ဘဲ
ကျနော်တို့ ဆန့်ကျင် သပိတ်မှောက်မဲ့ ကြယ်(၁၄)ပွင့် အလံ ဖြစ်နေတာကို သွားတွေ့ လိုက်ပါတယ်။
“ဘယ်လို လုပ်မလဲ ဒါ မ.ဆ.လ အလံကြီး” လို့ ပြောတော့ “ဘာမှမဖြစ်ဘူး ဒီအလံနဲ့ ပဲထွက်မယ်” လို့တယောက်က လှမ်းပြောလိုက်တယ်။
အလံကိုတော့ (၈)တန်း ကျောင်းသား ဇော်လင်းက ကိုင်ပြီး အရှေ့ထွက် လိုက်ပါတယ်။ ကျနော် လိုက်ဝေထားသော
ကြွေးကြော်သံမှာ စိန်လွင် အစိုးရ နေရာမှာ စိန်လွင် အစိုးရပြုတ်ကျသွားပြီ ဖြစ်တဲ့အတွက်
တပါတီ အာဏာရှင်စနစ် ဖြုတ်ချရေးလို့ အစားထိုးကာ ပြင်လိုက်ကြတယ် ။ မိုးကောင်းမြို့ ဒေဝ
ဘုန်းကြီးကျောင်းဝတွင် ထွက်ရန် စီလိုက်ကြပါတယ်။ ကျနော် တို့အာလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊
ကြောက်ရွံ့မှု၊ ခံပြင်းမှုတွေ ရောပြွန်း နေလိမ့်မယ်လို့ ကျနော် ယုံကြည်မိပါတယ်။ ကြွေးကြော်သံကို တိုင်လိုက်သည် ဆိုရင်ပဲ ကျနော်တို့
(၂၇)ယောက်၏ အသံသည် လူပေါင်း ရာထောင်ချီ အော်သည့်အလား မိုးကောင်းမြို့ တမြို့လုံးကို
ပဲ့တင် ထပ်သွားပါတော့တယ်။
စစ်တပ်နဲ့ ထိပ်တိုက် တွေ့ကြပြီ
သပိတ် သပိတ်
မှောက်မှောက် မီးဒုတ် မီးဒုတ် ရှို့ ရှို့ လို့ ကျနော်တို့ရဲ့ ကြွေးကြော်သံကို အော်လိုက်သည်နှင့်
တပြိုင်နက်တည် တမြို့လုံးမှာရှိတဲ့ ဈေးဆိုင်တွေ၊
လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင်တွေပါ မကျန် အကုန်ပိတ်သွား သည်ကို တွေ့မြင် လိုက်ရပါတယ်။
လမ်းသွား လမ်းလာတွေလည်း မတွေ့ရတော့ပါ အိမ်တွေကို ကြည့်လိုက်တော့ တံခါးတွေပိတ်ပြီး တချို့က
ချောင်းကြည့် နေကြတာကို တွေ့ရပါတယ်။ မိုးကောင်း တမြို့လုံး သုဿန် တစပြင် ကဲ့သို့ တိတ်ဆိတ်
ငြိမ်သက်သွားတော့တယ်။ ကြွေးကြော်သံကို တိုင်ပြီး
ချီတက်ခဲ့ရာ ချီတက်ရာ လမ်းကြောင်းတွင် ကျနော်တို့ ဆွဲထည့်ရမည့်သူ ခွေးတကောင် ကြောင်တမြီးမှ
မတွေ့ မြို့တပတ် ရသွားသော်လည်း ဝင်လာ သူမရှိ။ နောက်မှ ကျနော် သိလိုက်သည်က ကျနော်တို့ရဲ့
မီးဒုတ် မီးဒုတ် ရှို့ရှို့ လို့တိုင်လိုက်တဲ့
ကြွေးကြော်သံကြောင့် လူတွေအားလုံး ကြောက်လန့် ကုန်ကြတယ်လို့ သိလိုက် ရပါတယ်။ ကျနော်တို့
အထက(၂) ကျောင်းဖက်ကို ဆက်ချီ တက်လာခဲ့ပြီး ကျောင်းက မြို့ထဲဖက် ပြန်အဝင်မှာ လက်နက်
အပြည့်အစုံနဲ့ စစ်ကားတစီး ကျနော်တို့ ချီတက်လာရာ လမ်းကို ပိတ်ရပ် လိုက်ပါတော့တယ်။ ကားပေါ်မှ
စစ်သားများ ဆင်းလာပြီး ပစောက် ပုံစံ နေရာယူလိုက်ကြကို တွေ့လိုက်ရပါတယ်။ သူတို့ ပါလာတဲ့
G.3 သေနတ် အသစ်စက်စက် များကို (ဖြောင်းးးဖြောင်းးးဖြောင်း) မောင်းတင်လိုက်သော အသံများကြောင့်
ကျနော့်ရဲ့ နှလုံးခုန်နှုန်းမှာ မီးရထားအစင်း တရာ ခုတ်မောင်းသွားသည့် အလား တဒိတ်ဒိတ်နဲ့
ရင်ခုန်သံ မြန်နေပါတော့တယ်။ ကျနော်တို့ သပိတ် စစ်ကြောင်းသည်လည်း ခေတ္တမျှ ရပ်ဆိုင်းသွားပါတယ်။
အရေးကြုံရင် ပြာယာခပ်တတ်သော ကျနော့် အကျင့်ကြောင့် ကျနော် ဘာမှ မလုပ်တတ်တော့ပါ အားလုံးကိုတော့
ဘယ်သူမှ ထွက်မပြေးနဲ့ မကြောက်ကြနဲ့ လို့တော့ အော်နေမိပါတယ်။ အမှန်တော့ ကျနော် ကြောက်သောကြောင့်
အော်နေခြင်းသာ ဖြစ်ပါတယ်။ ကျနော့် အနားကို မင်းသူ ရောက်လာပြီး “တပ်မတော်သည်” လို့ တိုင်လိုက်တော့ ကျနော်လည်း အလိုက်သင့်
“ဒို့တပ်မတော်” လို့ လိုက်အော် လိုက်ပါတယ်။
နောက်တော့ ကျနော်နဲ့ မင်းသူ က တိုင် လိုက်တော့ ကျန်တဲ့သူတွေက လိုက်ကြပါတယ် “တပ်မတော်သည်
………… ဒို့တပ်မတော်” ဆိုပြီး သုံးလေးခေါက် သံပြိုင်ဟစ်အော်ပြီး စစ်တပ်ကို စည်းရုံး လိုက်တော့
စစ်တပ်က ချိန်ထားတဲ့ သေနတ်ပြောင်းတွေ အောက်ကို ချသွားပါတယ်။ ကျနော်တို့လည်း စစ်သားတွေကို အော်ပြော လိုက်တယ်။
ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေခြင်း ဖြစ်တယ် သွားခွင့်ပြုပါလို့ ပြောလိုက်တော့ သူတို့ဖက်က တုံ့ပြန်ပြောဆိုသံ မကြားရပါဘူး ။ ဒါကြောင့်
စစ်သားတွေ ကြားကပဲ ကျနော်တို့ သပိတ်စစ်ကြောင်းကို ဖြတ်ပြီး ဆက်ထွက် လာခဲ့တယ်။ လမ်းတလျောက်တွင်
လက်နက်ကိုင် ပြည်သူ့စစ်တွေက ရပ်ကွက် လုံခြုံရေး ယူထားကြတာကို တွေ့လိုက်ရပါတယ်။ ထိုအချိန်က
ကျနော်တို့မြို့မှာ မာရှယ်လော စစ်ဥပဒေ ပုဒ်မ- ၁၄၄ ထုတ်ထားပါတယ်။ ကျနော်တို့နောက်မှ စစ်ကားတစီးနဲ့ အသံချဲ့စက်နဲ့
လိုက်အော်နေသော ပါတီ၊ ကောင်စီ က ကားတစီး လိုက်နေသည်ကို တွေ့ရပါတယ်။ မြို့နှစ်ပတ် ပြည့်ခါနီးတွင် “ပါတီ၊ ကောင်စီ တိုက်ဆောက် ပြည်သူတွေက ဗိုက်မှောက်”
ဆိုတဲ့ အသံတွေကို ကြားလိုက် ရတော့ အသံလာရာကို
ကျနော်တို့အားလုံး ကြည့်လိုက်မိပါတယ် ကိုရင်လေးပါး ကျနော်တို့ သပိတ်နဲ့ လာရောက် ပူးပေါင်း
အင်အား ဖြည့်လိုက်ပြီ်။ ထို ကိုရင်လေးပါးကို ဦးဆောင်ခဲ့ သူမှာ ကိုရင် ဝတ်နေသော အောင်ကို
(Rambo-4 တွင် န.အ.ဖ ဒုဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူ) ဖြစ်ပါတယ်။ လာရောက် ပူးပေါင်းလာသော
ကိုရင်လေးပါးမှာ ရဲဒင်းငယ် တခု ပါလာသဖြင့် ကိုရင်တွေဆီမှာ လူကိုသေစေနိုင်တဲ့ လက်နက်တွေ
ပါနေပါတယ်လို့ လက်နက် အပြည့်အစုံနဲ့ စစ်ကားမှ လှမ်းအော်ပါတယ်။ ကျနော်တို့ဟာ ငြိမ်ချမ်းစွာ
ဆန္ဒပြတာ ဖြစ်တယ် ဒါကြောင့် ဒီ ရဲဒင်းကိုလည်း ကျနော်တို့ မယူသွားဘူး ဆိုပြီး ရဲဒင်းငယ်ကို
ကားလမ်းတွင် ချထားပေးခဲ့ပြီး ကျနော်တို့ ဆက်ထွက်လာခဲ့ကြတယ်။ သို့သော်လည်း စစ်ကားက ကပ်လိုက်
နေသောကြောင့် ကျနော်တို့နဲ့ လာရောက် ပူးပေါင်းလိုသူများ ဝင်မလာရဲ ဖြစ်နေကြပါတယ်။ ဒါကြောင့်
ကျနော် လူ(၃၀)ကျော်သာ ပါတဲ့ သပိတ်စစ်ကြောင်းကို
စစ်ကား မဝင်နိုင်တဲ့ လမ်းကြောင်းကို ပြောင်းလိုက်ကြပါတယ်။ သံလမ်းရဲ့ အရှေ့ဖက်
လမ်းကျဉ်းအတိုင်း ဝင်သွားလိုက်ပြီး ပြန်ထွက်လာတဲ့ အခါမှာ လူတရာလောက် ဖြစ်သွားတယ်။ မျက်နှာဖုံးတပ်ပြီး
စကားပြောဖို့ စောင့်နေတဲ့ ကျနော်တို့ ကျူရှင်ဆရာ ကိုမျိုးလွင်ကိုလည်း တွေ့လိုက်ရတယ်။
လမ်းမကြီးဖက် ဆက်ထွက်လာတော့ သံလမ်း အနောက်ဖက်မှာ လူ ၁၅၀ လောက် လက်ခုပ်တီး အားပေးရင်
ကျနော်တို့ရဲ့ သပိတ် စစ်ကြောင်းကို ကြိုဆိုနေကြတာကို တွေ့လိုက်ရပါတယ်။ လူတွေ များလာတော့
လမ်းဆုံ၊ လမ်းခွတွင် ကျူရှင်ဆရာ ကိုမျိုးလွင် တရားဟောတော့ လူတွေ တက်တက်ကြွကြွ ရဲရဲတင်းတင်း
ထောက်ခံလာကြပြီး လက်ခုပ်သြဘာ များနဲ့ အားပေးကြပါတယ်။ အဲဒီအခါမှာ ကျနော့်စိတ်ထဲတွင်
ပူပင် ကြောင့်ကြမှု တဝက်လျော့ကျ သွားပါတော့တယ်။
မိုးကောင်း ၈ လေးလုံး နိဒါန်း
လမ်းဆုံလမ်းခွ
လူစည်းကားတဲ့ နေရာတိုင်းမှာ ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက် တိုက်ပွဲဝင်ရသ လဲ
ဆိုတာကို ဆရာမျိုးလွင်က ရှင်းပြပြီး နိုင်ငံရေး တရားဟော ပါတော့တယ်။ ထိုအခါကြမှ လူထုက
ကျနော်တို့ ကို စားစရာ သောက်များ လာရောက် ပေးကမ်းကြပါတယ်။ ပြည်သူ လူထုများမှလဲ သူတို့
မကျေနပ်ချက်တွေ၊ ခံစားချက်တွေကို ရင်ဖွင့်ပြောဆို လာကြပါတယ်။ ညနေရောက်တော့ လူစည်းကားတဲ့
ရုပ်ရှင်ရုံ လမ်းဆုံမှာ လူထုကို တရားဟောပြီး နားထောင်နေကြတဲ့ လူထုကြားထဲကို ကျောင်းသားများ
ဝင်ရောက်ပြီး ပြည်သူ့ ရင်ကို ခိုလုံကာ လူစုခွဲလိုက် ကြပါတော့တယ်။ ကချင်ပြည်နယ် မိုးကောင်းမြို့ရဲ့
ပထမဦးဆုံး ကျောင်းသား သပိတ်တိုက်ပွဲ ကို ၁၃ရက် သြဂုတ်လ ၁၉၈၈ ခုနှစ်မှာ အစနိဒါန်း ချီခဲ့ကြပါတယ်။
စစ်အာဏာရှင်
ဖြုတ်ချရေး တိုက်ပွဲတိုင်းမှာ ကျောင်းသားဆိုတာ တက်ကြွတဲ့ စိတ်ဓါတ်တွေ စွန့်လွတ် အနစ်ခံမှုတွေကို
အခြေတည်ပြီး လူမျိုး၊ ဘာသာ၊ မခွဲခြားပဲ ညီညီညွတ်ညွတ် တိုက်ပွဲ ဝင်ခဲ့ကြသည်ကို ကျနော်
မျက်ဝါးထင်ထင် မြင်တွေ့ရပါပြီ။ ( မိုးကောင်းရဲ့
၈လေးလုံး ဒုတိယပိုင်းကို ဆက်လက် ရေးသားပါအုံးမည်။ )