Tuesday, August 30, 2011

ရေနှင့်လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်နေသော တရုတ်က ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်းယူမည်ကို အိမ်နီးချင်းနိုင်ငံများစိုးရိမ်နေ



တရုတ်နိုင်ငံဒေသတော်တော်များများတွင် ရေနှင့် လျှပ်စစ်ဓာတ်အား ဆိုးရွားစွာလိုအပ်လျက်ရှိနေခဲ့ရာ တိဗက်တွင်မြစ်ဖျားခံပြီး တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများဆီသို့ စီးဝင်နေသော မြစ်ကြီးများမှာ တရုတ် နိုင်ငံအတွက် အားကျစရာဖြစ်နေသည်။ ထိုအချက် ကိုမြင်ကြသော အိမ်နီးချင်းနိုင်ငံများက တရုတ်နိုင်ငံ သည် ရေကိုအလုံးအရင်းဖြင့် လမ်းကြောင်းပြောင်း၍ ယူတော့မည်ကို စိုးရိမ်နေကြလေသည်။
တရုတ်အာဏာပိုင်များသည် တိဗက်ဒေသတွင်း ရှိ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်းမှ ရေများကို တရုတ်နိုင်ငံ မြောက်ပိုင်းသို့ လွှဲပြောင်းယူရန် လေ့လာမှုများ ဆောင် ရွက်နေကြောင်း သတင်းများထွက်လာခဲ့ရာ နစ်နာကြ ရမည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏အကျိုးကို တရုတ်နိုင်ငံမှ စိတ်တွင်အစဉ်ထားရှိလျက် ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောကြား ခဲ့ရသည်။
နယ်ခြားဖြတ်ကျော်ရေသယံဇာတများ အားအသုံးပြုရန်ရှိလျှင် တရုတ်နိုင်ငံအနေ ဖြင့် တာဝန်သိစိတ်ကို စောင့်ထိန်းကြောင်း ပြောကြားသွားသည်။ တောင်နှင့် အရှေ့ တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံ၏ ရေသယံဇာတအသစ်များ အကြီးအကျယ် လိုအပ်နေမှုအပေါ် စိုးရိမ်မကင်းဖြစ်နေကြ ပြီး တရုတ်နှင့်ဆက်ဆံရေးတင်းမာနေကြ သော အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့အတွက် ပို၍ဆိုးသည်ဟု သိရသည်။
မြေမျက်နှာပြင်အထက် မီတာ၄၅၀၀ ရှိသော တိဘက်ကုန်းပြင်မြင့်သည် အာရှ တိုက်၏ အကြီးမားဆုံးရေသိုလှောင်ရာနေ ရာအဖြစ် သတင်းကြီးပြီး စတုရန်းကီလို မီတာ၂ဒသမ၅သန်းကျယ်ပြန့်သော ထိုကုန်း ပြင်မြင့်သည် တရုတ်နိုင်ငံအကျယ်အ၀န်း၏ လေးပုံတစ်ပုံရှိပြီး အိန္ဒိယ၊ နီပေါနှင့် ဘူတန် နိုင်ငံနယ်မြေများလည်း ပါဝင်နေသည်။ (yangon media Groupမှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More