Monday, April 7, 2008

လူထုမိခင်



ဗဟိန်း၊ အောင်ဆန်း ရင်ဘောင်တန်းခဲ့

‘ငြိမ်းချမ်း’သမီး၊ ‘လှ’ဇနီး

ခင်ပွန်းထောင်ကျ

သားထောင်ကျလည်း

လုံးဝမပျော့

အားမလျော့တာ အမေမာ…။


ခင်ပွန်းလည်းဆုံး

သားလည်းဆုံးခဲ့

လုံးဝမပျော့

မာန်မလျော့တာ အမေမာ…။


ကိုယ်တိုင်ထောင်ကျ

နှိပ်ကွပ်ကျလည်း

မခ‘စစ်’အောက်

ဒူးမထောက်တာ အမေမာ…။


ဖက်ဆစ်ဆန့်ကျင် စစ်ဆန့်ကျင်တဲ့

ဒီလင်ဒီသား၊ ဒီမိသားစု

စွန့်လွှတ်မှုဖြင့်

လူထုအားမာန် တံခွန်ထူ

ဖက်ဆစ်စစ်သား ဗိုလ်ချုပ်များကို

သားမတော်သူ၊ လူကျော်မိခင်

ဂျိုးဖြူမိခင် ဒေါင်းမိခင်ကို

ဦးတင်ကဗျာ ပူဇော်ပါအံ့

မေမာငြိမ်းချမ်းပါစေသော်….

ပြေရွာကိန်းခန်းသာစေသော်။

မောင်စွမ်းရည်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More