Sunday, March 9, 2008

ခေတ်ဆိုးနဲ့ကဗျာဆရာ



မောင်စွမ်းရည်

ညီအကို မသိတသိကာလ
သိတောင်မှ မသိယောင်ဆောင်ရ။
မသိတောင် သိယောင်ဆောင်မှ။
အယောင်ဆောင်တွေ များမှများ
အမှောင်ခေတ်ကြီး ပေတကား…။

ဟန်ဆောင်ပြီး သံယောင်လိုက်ရ
အကြိုက်ဆောင် အမိုက်မှောင်ကျချိန်
အလိမ္မာ မှိန်ရတာက သဘာဝ။
အချိန်သဘောက လိမ်ပြောရသတဲ့…။
မုသားမပါ လင်္ကာမချောတဲ့…။

ဟုတ်ကဲ့လားကွာ-
လင်္ကာချောအောင်၊ ပြောရတဲ့မုသားဟာ
မုသားစဉ်စစ်၊ မုသားဖြစ်သမို့
မုသား ညစ်က၊ မုသားဖြစ်လိမ့်
‘ကဗျာစဉ်စစ်’ မဖြစ်နိုင်
‘ကဗျာ ဆရာသစ်’၊ ဖြစ်ချင်ဖြစ်မယ်
ဖြစ်ခြင်းဖြစ်ရင် ‘မြက်ခင်းသစ်’ခေါ် စားကျက်မှာ။

မြက်ခင်းသစ်မှာ ကောင်းဘွိုင်သစ်က
နွားပါးစပ် ကြိမ်ခြင်းစွပ်
သေနတ်ခါးထိုး၊ ကြာပွတ်မိုးလျက်။

မောင်စွမ်းရည်
ဖေဖော်ဝါရီလ ၁၆၊ ၂၀၀၅

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More