Monday, January 12, 2009

ဒေါက်တာစောမြအောင်ကွယ်လွန်သည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဂျပန်နိုင်ငံတွင်လည်းကျင်းပ




ယခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က လူကြီးရောဂါဖြင့် ဘ၀တပါးသို့ကူးပြောင်းသွားခဲ့သော အသက် ၉၁ နှစ်အရွယ်ရှိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနှင့် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဒေါက်တာစောမြအောင်အတွက်ရည်စူး၍ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားတခုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှဦးစီး၍ ဇန်န၀ါရီလ ၁၁ ရက်နေ့၊ နေ့လယ် ၁း၃၀ နာရီမှ ညနေ ၄း၃၀ အထိ တိုကျိုမြို့၊ မိနာမိအိုးစုခခန်းမတွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအင်အားစုများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။


အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသူများမှ ၀မ်းနည်းစကားပြောကြားခြင်း၊ အမှတ်တရပန်းစည်းများချခြင်းနှင့် ဦးညွတ်အလေးပြုခြင်းများပြုလုပ်ခဲ့ကြကြောင်းလည်းသိရှိရသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More