Sunday, January 4, 2009

ဖိနပ်ပစ် ဂိမ်း ယန်း ၇ သိန်းဖြင့် လေလံပစ် ရောင်းရ

အီရတ် သတင်းထောက်မှ သမ္မတ ဘုရှ်ကို ဖိနပ်ဖြစ် ပစ်ပေါက် ခြင်းကို အခြေခံထားတဲ့ ဂိမ်းတစ်မျိုးက အွန်လိုင်းမှာ ခေတ်စာနေပြီး အဲဒီထဲက တစ်ခုက ၁၅ရက်နေ့မှ ၄ရက်ကြာ အီးဘေး တွင် လေလံပစ်ပွဲ ကျင်းပရာ ပေါင် ၅၂၁၅ (ယန်း ၇သိန်းခန့်) ဖြစ် အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဂိမ်းရေးခဲ့တဲ့သူကို ၁၉ရက်နေ့မှာ ရွိုက်တာ သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံသား အဲလက်စ် ချူး က ရေးခဲ့တဲ့ အွန်လိုင်ဂိမ်း sockandawe.com ဟာ သထင်းထောက်တွေ့ဆုံပွဲမှာ လာတဲ့ သမ္မတ ဘုရှ်ကို ဖိနပ်ဖြင့် ပစ်ပြီး စက္ကန့်သုံးဆယ်အတွင်း ဘယ်နှစ်ခု ထိလဲ ကို ပြိုင်ရတာဖြစ်ပါတယ်။ သန်းနဲ့ချီသော လူအများလာ ကြတဲ့ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သွားကြောင်းလဲ ပြောကြားခဲ့ပါတယ်။

ဂိမ်းအတွက် ဆာဗာကို ၃ရက်ကြာသာတင်ခဲ့ရတယ်လို့ဆိုပါတယ်၊ တနင်္လာနေ့မှာ အကြံထုတ်၊ အင်္ဂါနေ့မှာ ဆိုဒ်ပေါ်တင်၊ ဗုဒ္ဓဟူးနေ့မှာ နာမည်ကြီး၊ နောက်နေ့မှာ ရောင်းစားခဲ့ပုံပေါ်ပါတယ်။

ဂိမ်းရေးသူအဆိုအရ ဝယ်ခဲ့သူဟာ အင်္ဂလန်မှ အင်တာနက် မီဒီယာ ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း၊ ဂိမ်းမှ ရငွေကို အလုပ်တွင်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
http://jp.reuters.com/article/oddlyEnoughNews/idJPJAPAN-35562020081221


ဒေါင်းမာန်ဟုန်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More