Thursday, January 15, 2009

မြန်မာဘာသာဖြင့် ဘောလုံးသတင်းဝက်ဘ်ဆိုက်လွှင့်တင်


ပြည်တွင်း/ပြည်ပမှ မြန်မာဘောလုံးဝါသနာရှင်များ အကြိုက်တွေ့စေမည့် ဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုကို Ideal Technologyမှ လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ SoccerMyanmarဟု အမည်ပေးထားသည့် အဆိုပါဝက်ဘ်ဆိုက်အား ဇန်န၀ါရီလ(၁၂)ရက်နေ့တွင် စ၍လွှင့်တင်ခဲ့ပြီး လောလောဆယ်တွင် Beta Versionအဆင့် ဖြစ်သည်။ အချိန်နှင့်တပြေးညီ ကမ္ဘာ့ဘောလုံးသတင်းများကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးထားသလို မြန်မာနိုင်ငံမှ ထိပ်တန်းအားကစား ကလောင်ရှင်ကြီးများ၏ ဆောင်းပါးများ၊ မြန်မာပြည်တွင်းမှ Celebrityများ၏ ဘောလုံးအမြင်များကိုလည်း ဝေေ၀ဆာဆာ ထည့်သွင်းထားသောကြောင့် ပရိသတ်များ အကြိုက်တွေ့မည့် ကဏ္ဍစုံ ဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုဟု ဆိုနိုင်သည်။ Planetမှ Ideal Technologyသို့ ဆက်သွယ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်လေး၏ ရည်ရွယ်ချက်ကို မေးမြန်းခဲ့ရာ မြန်မာ့ဘောလုံး ၀ါသနာရှင်များအတွက် ဘောလုံးနှင့် ပတ်သက်သည့် သတင်းများကို ပြည့်ပြည့်စုံစုံ ဖတ်ရှုစေလိုသည့် ဆန္ဒဖြင့် လွှင့်တင်ပေးထားခြင်းဖြစ်ကြောင်း၊ ၀က်ဘ်ဆိုက်အနေဖြင့် ၀င်ရောက်ကြည့်ရှုသူများထံမှ အခကြေးငွေ ကောက်ခံရန် လုံးဝအစီအစဉ် မရှိကြောင်းနှင့် ၀က်ဘ်ဆိုက် ပုံမှန်လည်ပတ်နိုင်ရေးအတွက် ကြော်ငြာလုပ်ငန်းရှင်များနှင့် စပွန်ဆာများကို ဖိတ်ခေါ်သွားရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ဘောလုံးသတင်းများကို အင်တာနက်တွင် မြန်မာဘာသာဖြင့် အခမဲ့ ဖတ်ရှုလိုပါက http://soccermyanmar.comတွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။(ကိုးကား-ပုလဲနက်သတင်းမှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More