Monday, January 19, 2009

၂ဝဝ၈ ခုနှစ်တွင် ဂျပန်သို့ဝင်လာသည့် နိုင်ငံခြားသားစာရင်းထုတ်ပြန်


ဂျပန်တရားရေးဝန်ကြီးဌာနမှ ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံခြား သားများ ဂျပန်နိုင်ငံသို့ ဘယ်နှစ်ဦးဝင်ရောက်လာသည်ဆို အချက်အလက်ကို သတင်းသမားများသိစေရန်အတွက် ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါစာရင်းအရ ၂ဝဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်းသို့ နေရာဒေသအသီးသီးမှဝင်ရောက်လာသည့် နိုင်ငံခြားသားပေါင်း ၉၁၅ သောင်းရှိပြီး၊ ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၅,၈ဝဝ အောက် လျော့နည်းသွားကြောင်း ဆိုသည်။
နိုင်ငံခြားသားများ ဂျပန်နိုင်ငံသို့ဝင်လာသည့် ၉၁၅ သောင်းတွင် ဂျပန်မှထွက်သွားပြီး ပြန်ဝင်လာသူ ၁၄၄ သောင်းရှိပြီး ကျောင်းဗီဇာ၊ အလုပ်ဗီဇာနှင့် တရားဝင်နေထိုင်ခွင့်ရရှိထားသူများ ပါဝင်ကြောင်းလည်းဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့တကြိမ်တခါမှ မရောက်ဖူးပဲ အသစ်ဝင်လာသူ ၇၇၁ သောင်းရှိပြီး၊ အဆိုပါစာရင်းမှာ ၂ဝဝ၇ ခုနှစ်ဝင်လာသည့်စာရင်းဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၉,ဝဝဝ ဦးရေလျော့နည်းသွားခဲ့သည်။
ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားအသစ်ဝင်ရောက်နေမှုမှာ နှစ်စဉ်တိုးတက်ခဲ့သော်လည်း၊ ၂ဝဝ၃ ခုနှစ်က တကြိမ်လျော့ကျသွားခဲ့ဘူးပြီး၊ ၂ဝဝ၈ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
ယခုလိုလျော့ကျခဲ့ခြင်းပေါ် ပညာရှင်များက တကမ္ဘာလုံးနဲ့ဆိုင်သည့် စီးပွားရေးထိုးကျမှုကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အသစ်ဝင်လာသည့်ဦးရေ တိုးတက်နေရာမှ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း၌ သိသိသာသာကျဆင်းသွားကြောင်း သုံးသပ်ခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်တွင် ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သူ ၁၅၉၉ သောင်းဦးရေရှိပြီး ၂ဝဝ၇ ခုနှစ်ထက်စာလျင် ၁၃၁ သောင်း ဦးရေလျော့နည်းသွားသည်။
ဂျပန်လူမျိုးများ နိုင်ငံခြားထွက်သည့်နှုန်းလျော့နည်းမှုမှာလည်း ဂျပန်နိုင်ငံ၏ စီးပွာရေးကျဆင်းမှုကြောင့်နှင့် ၂ဝဝ၇ ခုနှစ်မှစ၍ ဆီဈေးတက်၍ လေယာဉ်လက်မှတ်ခဈေးကြီးလာခြင်းတို့ကြောင့် ပြည်ပအလည်ထွက်သူကျဆင်းရကြောင်းလည်း ပညာရှင်များက သုံးသပ်သည်။
ယခုဖော်ပြပါအချက်အလက်များသည် အကြမ်းဖျင်းထုတ်ပြန်ကြေငြာချက်ဖြစ်ပြီး၊ အသေးစိပ်စာရင်းကို ယခုနှစ် မတ်လတွင်ထုတ်ပြန်မည်ဟုဆိုသည်။
ကိုးကား-
http://www.moj.go.jp/PRESS/090108-1.html

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More