Sunday, January 18, 2009

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား ၅ သိန်းနည်းပါး အလုပ်လုပ်ကိုင် နေလျှက်ရှိ


တိုကျိုတွင် အလုပ်လုပ်နေသူ ၁၁၈၄၈၈ ယောက်အပါအဝင် ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားအလုပ် သမားပေါင်း ၄၈၆၃၉၈ ယောက်ရှိကြောင်း ပြီးခဲ့သည့် ၂ဝဝ၈ အောက်တိုဘာလကုန်ထိ ကောက်ယူခဲ့သည့် စစ်တမ်းများအရ သိရတယ်လို့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၆ ရက် သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ်က စေတနာ့ဝန်ထမ်းများ၏ စစ်တမ်းကောက်ယူချက်အရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂၂၃ဝဝဝ ရှိခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ပြုပြင်ပြဌာန်းခဲ့သော အလုပ်သမားအဆင့်တိုးခြင်းဥပဒေအရ အလုပ်ရှင်များက မိမိထံတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို သက်ဆိုင်ရာသို့ စာရင်းပေးခဲ့ကြပါတယ်။ သည်စာရင်းအရ အခုလက်ရှိနိုင်ငံခြားသားအလုပ်သမားဦးရေမှာ ၂ဝဝ၆ ခုနှစ်ကထက် ၂ ဒဿမ ၂ ဆ ပိုများပြားလျှက်ရှိကြောင်းတွေ့ရပါတယ်။
နိုင်ငံခြားသားအလုပ်သမားအများစုဟာ တိုကျိုမြို့မှာလုပ်ကိုင်လျှက်ရှိပြီး၊ ဒုတိယအများဆုံး Aichi အုပ်ချုပ်မှုနယ်မြေတွင် ၆ဝ၃၂၆ ယောက်၊ တတိယအများဆုံး Shizuoka အုပ်ချုပ်မှုနယ်မြေတွင် ၃၁၄၅၃ ယောက်၊ ‚နောက် စတုတ္ထအများဆုံး Kanagawa အုပ်ချုပ်မှုနယ်မြေတွင် ၂၇၄၇၃ ယောက် အသီးသီးနေထိုင်လုပ်ကိုင်လျှက် ရှိပါတယ်။
နိုင်ငံခြားသား အလုပ်သမားများ၏ ၄၃ ဒဿမ ၃ ရာခိုင်နှုန်းဟာ တရုတ်လူမျိုးများဖြစ်ပြီး၊ ဒုတိယအနေဖြင့် ဘရာဇီးလ်လူမျိုးများက ၂ဝ ဒဿမ ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်လူမျိုးများက ၈ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးဖြစ်ပါတယ်။
ကုန်ထုတ်လုပ်သည့်စက်ရုံများတွင် ၃၉ ဒဿမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ၁၉ ဒဿမ ၇ ရာခိုင်နှုန်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်အပိုင်းမှာ ၁ဝ ဒဿမ ၄ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ အသီးသီး လုပ်ကိုင်လျှက်ရှိပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More